ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ့္တာ၀န္ခ်ိန္မွာမွ လူနာေတြ ဆံုးပါးတာနဲ႔ ၾကံဳရစိုးလို႔ လူနာေတြကို အဆိပ္ခတ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံက သူနာျပဳတစ္ေယာက္ကို အခုဆို သက္ဆိုင္ရာက ဖမ္းဆီးထိန္းသိမ္းလိုက္ပါျပီ။

Ayumi Kuboki လို႔ ေခၚတဲ့ အသက္ (၃၁) ႏွစ္အရြယ္ ဒီမ်ိဳးသမီးဟာ Oguchi ေဆးရုံမွာ အသက္အရြယ္ အိုမင္ေနတဲ့ လူနာေတြကို ၄င္းတို႔ရဲ႕ ေဆးသြင္းတဲ့ ပိုက္ကတစ္ဆင့္ ပိုးသတ္ေဆးေတြ ထိုးသြင္းခဲ့တယ္လို႔ ဆိုၾကပါတယ္။ ဒီ ျဖစ္စဥ္ဟာ (၂၀၁၆) ခုႏွစ္က ျဖစ္ပြားခဲ့တာပါ။

Kyodo News
လူနာေတြကို ျမန္ျမန္ ဘ၀ေျပာင္းသြားႏိုင္ဖို႔နဲ႔ ျဖစ္ရင္လည္း တျခား သူေတြရဲ႕ ဂ်ဴတီမွာသာျဖစ္ေစလိုတဲ့ ဆႏၵရွိေၾကာင္း၊ ဒါမွသာ လူနာရွင္ေတြကို အေရးတၾကီး အသိေပးစရာ မလိုေတာ့မွာျဖစ္ေၾကာင္း သူမရဲ႕ ထြက္ဆိုခ်က္ေတြကို ရဲေတြက ေဖာ္ျပပါတယ္။

Oguchi ေဆးရုံက သူနာျပဳေတြဟာ သူတို႔ရဲ႕ တာ၀န္ခ်ိန္ေတြမွာ လူနာဆံုးပါးသြားခဲ့ရင္ က်န္ရစ္တဲ့ မိသားစုေတြကို အေရးေပၚ သတင္ေပးရပါတယ္။

“ကၽြန္မဂ်ဴတီမွာ တစ္ခုခုျဖစ္တာနဲ႔ ကၽြန္မပဲ တာ၀န္ခံရမွာ” ဆိုတဲ့ အေၾကာင္းျပခ်က္ေတြကိုလည္း သူမက ေျပာျပခဲ့ပါတယ္။

Asahi Shimbun

(၂၀၁၆) ခုႏွစ္ စက္တင္ဘာလက အသက္ (၈၈) အရြယ္ သက္ၾကီးလူနာ Nobuo Yamaki ရဲ႕ ေသဆံုးမႈမတိုင္ ေဆးသြင္းတဲ့ အိတ္ထဲမွာ အျမွဳပ္တခ်ိဳ႕ထေနတာကို တျခား သူနာျပဳတစ္ေယာက္ေတြ႔ရွိခဲ့တာကေနဒီအမႈဟာ ေပၚေပါက္ခဲ့တာပါ။

ဒါကို ေဆးစစ္ၾကည့္တဲ့ အခါမွာေတာ့ လူနာရဲ႕ ေသြးေၾကာထဲမွာ ပိုးသတ္ေဆး ပမာဏဟာ အလြန္မ်ားေနတာကို ေတြ႔ခဲ့ျပီး အဆိပ္ခတ္ခံရတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ဒါမ်ိဳး လကၡဏာကို ေသဆံုးသြားတဲ့ လူနာနဲ႔ အခန္းေဖာ္လည္းျဖစ္၊ အရြယ္တူလည္းျဖစ္တဲ့ Sozo Nishikawa ရဲ႕ ေသြးထဲမွာလည္း ေတြ႔ရတဲ့ေနာက္မွာ ရဲေတြက ေဆးရုံးမွာ စံုစမ္းစစ္ေဆးမႈေတြကို စတင္ခဲ့ၾကတယ္လို႔သိရတယ္။

အမည္မေဖာ္ျပထားျခင္းမရွိတဲ့ တျခား (၈၉) ႏွစ္အရြယ္ အမ်ိဳးလူနာနဲ႔ (၇၈) ႏွစ္အရြယ္ အမ်ိဳးသမီးလူနာတို႔ရဲ႕ ခႏၶာအတြင္းမွာလည္း ဒါမ်ိဳး ပိုးသတ္ေဆးရဲ႕ ဓာတ္ကို ေတြ႕ခဲ့ရပါတယ္။

ဒါနဲ႔ပဲ ရွာေဖြစစ္ေဆးၾကတဲ့အခါ မသံုးရေသးတဲ့ အေၾကာေဆးသြင္းတဲ့အိတ္ (၁၀) လံုးကို ပိုးသတ္ေဆးနဲ႔ အတူ သူနာျပဳနားေနေဆာင္မွာ ရဲမ်ားက ရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။ ေဆးအိတ္ေတြရဲ႕ ရာဘာအဆို႔မွာ အိတ္ေပါက္ရာေတြရွိေနတာကို ေတြ႔ရတာေၾကာင့္ ပိုးသတ္ေဆးေတြ ထိုုးထည့္တာကို အတည္ျပဳႏိုင္ခဲ့ၾကတယ္။ အဲ့ဒီေနာက္ (၄)လႊာမွာ တာ၀န္က်တဲ့ သူျပဳတိုင္းရဲ႕ ယူနီေဖာင္ေတြကို စစ္ေဆးခဲ့ၾကရာ Kuboki ၀တ္ခဲ့တဲ့ ယူနီေဖာင္တစ္ခုတည္းရဲ႕ အက်ႌအိတ္ကပ္တစ္၀ိုက္မွာသာ ဒီ ပိုးသတ္ေဆး လကၡဏာကို ေတြ႔ခဲ့ရတာပါ။

Google Street View
ထိန္းသိမ္းခဲ့ျပီးတဲ့ေနာက္မွာ သူမဟာ လူနာ အေယာက္ (၂၀) ေက်ာ္ေလာက္အတြက္ ၾကံစည္ထားေၾကာင္းနဲ႔ အျပင္းဖ်ားနာေနတဲ့ လူနာေတြကိုသာ ပစ္မွတ္ထားေၾကာင္း ထြက္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ေသဆံုးသြားတဲ့ လူနာတစ္ခ်ိဳ႕က အဲ့ဒီအခ်ိန္မွာ ဖ်ားနာေနတာကို မေတြ႔ရတဲ့အတြက္ေၾကာင့္ ရဲေတြမွာလည္း ထိုထြက္ဆိုခ်က္အေပၚ သံသယေတြရွိေနဆဲပါ။

Kuboki ဟာ (၂၀၀၈) ခုႏွစ္ သူနာျပဳ စာေမးပြဲ ေအာင္ျမင္ခဲ့ျပီး Oguchi ေဆးရုံမွာေတာ့ (၂၀၁၅) ခုႏွစ္ကမွ စျပီး အလုပ္၀င္ခဲ့တာပါ။ သူမဟာ သိပ္ ျငိမ္ဆိမ္တဲ့သူျဖစ္ျပီး အရည္အခ်င္းရွိတဲ့ သူနာျပဳ တစ္ေယာက္ဆိုတာလည္း သိရတယ္။

ဒီအမႈေတြမတုိုင္ခင္ ေဆးရုံရဲ႕ ေလးလႊာမွာ သူနာျပဳ ၀တ္စံုတစ္ခ်ိဳ႕ဟာ စုတ္ျဖဲခံထားရျပီး ေသာက္ စရာတစ္ခ်ိဳ႕မွာလည္း ျပည္ပ ျဒပ္ပစၥည္းေတြ ေဖာက္ထည့္ထားတာကို ေတြ႔ေတြ႔ေနခဲ့ ၾကပါတယ္။ ဒါေတြဟာ (၂၀၁၆) ၾသဂုတ္လမွာ ျဖစ္ပြားခဲ့တဲ့ ပထမဆံုး ေသဆံုးမႈေနာက္မွာ လံုး၀ေပ်ာက္ကြယ္ခဲ့တယ္လို႔ သိရတယ္။

(၂၀၁၈)ဇြန္လထဲမွာေတာ့ Kuboki ကို ေဆးရုံက တာ၀န္ရပ္စဲလိုက္ျပီး ဒီေသဆံုးမႈေတြနဲ႔ ပတ္သက္လို႔လည္း စစ္ေဆးခံရတယ္။ အဲ့ဒီေနာက္ ဇူလိုင္လ (၇) ရက္ေန႔မွာ တရား၀င္ထိန္းသိမ္းခဲ့ျပီး အခုထိ ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္ျခင္း မခံရေသးဘူးလို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daily Mail
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ့်တာဝန်ချိန်မှာမှ လူနာတွေ ဆုံးပါးတာနဲ့ ကြုံရစိုးလို့ လူနာတွေကို အဆိပ်ခတ်ခဲ့တဲ့ ဂျပန်နိုင်ငံက သူနာပြုတစ်ယောက်ကို အခုဆို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ။

Ayumi Kuboki လို့ ခေါ်တဲ့ အသက် (၃၁) နှစ်အရွယ် ဒီမျိုးသမီးဟာ Oguchi ဆေးရုံမှာ အသက်အရွယ် အိုမင်နေတဲ့ လူနာတွေကို ၄င်းတို့ရဲ့ ဆေးသွင်းတဲ့ ပိုက်ကတစ်ဆင့် ပိုးသတ်ဆေးတွေ ထိုးသွင်းခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီ ဖြစ်စဉ်ဟာ (၂၀၁၆) ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

Kyodo News
လူနာတွေကို မြန်မြန် ဘဝပြောင်းသွားနိုင်ဖို့နဲ့ ဖြစ်ရင်လည်း တခြား သူတွေရဲ့ ဂျူတီမှာသာဖြစ်စေလိုတဲ့ ဆန္ဒရှိကြောင်း၊ ဒါမှသာ လူနာရှင်တွေကို အရေးတကြီး အသိပေးစရာ မလိုတော့မှာဖြစ်ကြောင်း သူမရဲ့ ထွက်ဆိုချက်တွေကို ရဲတွေက ဖော်ပြပါတယ်။

Oguchi ဆေးရုံက သူနာပြုတွေဟာ သူတို့ရဲ့ တာဝန်ချိန်တွေမှာ လူနာဆုံးပါးသွားခဲ့ရင် ကျန်ရစ်တဲ့ မိသားစုတွေကို အရေးပေါ် သတင်ပေးရပါတယ်။

“ကျွန်မဂျူတီမှာ တစ်ခုခုဖြစ်တာနဲ့ ကျွန်မပဲ တာဝန်ခံရမှာ” ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း သူမက ပြောပြခဲ့ပါတယ်။

Asahi Shimbun

(၂၀၁၆) ခုနှစ် စက်တင်ဘာလက အသက် (၈၈) အရွယ် သက်ကြီးလူနာ Nobuo Yamaki ရဲ့ သေဆုံးမှုမတိုင် ဆေးသွင်းတဲ့ အိတ်ထဲမှာ အမြှုပ်တချို့ထနေတာကို တခြား သူနာပြုတစ်ယောက်တွေ့ရှိခဲ့တာကနေဒီအမှုဟာ ပေါ်ပေါက်ခဲ့တာပါ။

ဒါကို ဆေးစစ်ကြည့်တဲ့ အခါမှာတော့ လူနာရဲ့ သွေးကြောထဲမှာ ပိုးသတ်ဆေး ပမာဏဟာ အလွန်များနေတာကို တွေ့ခဲ့ပြီး အဆိပ်ခတ်ခံရတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါမျိုး လက္ခဏာကို သေဆုံးသွားတဲ့ လူနာနဲ့ အခန်းဖော်လည်းဖြစ်၊ အရွယ်တူလည်းဖြစ်တဲ့ Sozo Nishikawa ရဲ့ သွေးထဲမှာလည်း တွေ့ရတဲ့နောက်မှာ ရဲတွေက ဆေးရုံးမှာ စုံစမ်းစစ်ဆေးမှုတွေကို စတင်ခဲ့ကြတယ်လို့သိရတယ်။

အမည်မဖော်ပြထားခြင်းမရှိတဲ့ တခြား (၈၉) နှစ်အရွယ် အမျိုးလူနာနဲ့ (၇၈) နှစ်အရွယ် အမျိုးသမီးလူနာတို့ရဲ့ ခန္ဓာအတွင်းမှာလည်း ဒါမျိုး ပိုးသတ်ဆေးရဲ့ ဓာတ်ကို တွေ့ခဲ့ရပါတယ်။

ဒါနဲ့ပဲ ရှာဖွေစစ်ဆေးကြတဲ့အခါ မသုံးရသေးတဲ့ အကြောဆေးသွင်းတဲ့အိတ် (၁၀) လုံးကို ပိုးသတ်ဆေးနဲ့ အတူ သူနာပြုနားနေဆောင်မှာ ရဲများက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဆေးအိတ်တွေရဲ့ ရာဘာအဆို့မှာ အိတ်ပေါက်ရာတွေရှိနေတာကို တွေ့ရတာကြောင့် ပိုးသတ်ဆေးတွေ ထိုုးထည့်တာကို အတည်ပြုနိုင်ခဲ့ကြတယ်။ အဲ့ဒီနောက် (၄)လွှာမှာ တာဝန်ကျတဲ့ သူပြုတိုင်းရဲ့ ယူနီဖောင်တွေကို စစ်ဆေးခဲ့ကြရာ Kuboki ၀တ်ခဲ့တဲ့ ယူနီဖောင်တစ်ခုတည်းရဲ့ အကျႌအိတ်ကပ်တစ်ဝိုက်မှာသာ ဒီ ပိုးသတ်ဆေး လက္ခဏာကို တွေ့ခဲ့ရတာပါ။

Google Street View
ထိန်းသိမ်းခဲ့ပြီးတဲ့နောက်မှာ သူမဟာ လူနာ အယောက် (၂၀) ကျော်လောက်အတွက် ကြံစည်ထားကြောင်းနဲ့ အပြင်းဖျားနာနေတဲ့ လူနာတွေကိုသာ ပစ်မှတ်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ လူနာတစ်ချို့က အဲ့ဒီအချိန်မှာ ဖျားနာနေတာကို မတွေ့ရတဲ့အတွက်ကြောင့် ရဲတွေမှာလည်း ထိုထွက်ဆိုချက်အပေါ် သံသယတွေရှိနေဆဲပါ။

Kuboki ဟာ (၂၀၀၈) ခုနှစ် သူနာပြု စာမေးပွဲ အောင်မြင်ခဲ့ပြီး Oguchi ဆေးရုံမှာတော့ (၂၀၁၅) ခုနှစ်ကမှ စပြီး အလုပ်ဝင်ခဲ့တာပါ။ သူမဟာ သိပ် ငြိမ်ဆိမ်တဲ့သူဖြစ်ပြီး အရည်အချင်းရှိတဲ့ သူနာပြု တစ်ယောက်ဆိုတာလည်း သိရတယ်။

ဒီအမှုတွေမတိုုင်ခင် ဆေးရုံရဲ့ လေးလွှာမှာ သူနာပြု ၀တ်စုံတစ်ချို့ဟာ စုတ်ဖြဲခံထားရပြီး သောက် စရာတစ်ချို့မှာလည်း ပြည်ပ ဒြပ်ပစ္စည်းတွေ ဖောက်ထည့်ထားတာကို တွေ့တွေ့နေခဲ့ ကြပါတယ်။ ဒါတွေဟာ (၂၀၁၆) သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ပထမဆုံး သေဆုံးမှုနောက်မှာ လုံးဝပျောက်ကွယ်ခဲ့တယ်လို့ သိရတယ်။

(၂၀၁၈)ဇွန်လထဲမှာတော့ Kuboki ကို ဆေးရုံက တာဝန်ရပ်စဲလိုက်ပြီး ဒီသေဆုံးမှုတွေနဲ့ ပတ်သက်လို့လည်း စစ်ဆေးခံရတယ်။ အဲ့ဒီနောက် ဇူလိုင်လ (၇) ရက်နေ့မှာ တရားဝင်ထိန်းသိမ်းခဲ့ပြီး အခုထိ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခြင်း မခံရသေးဘူးလို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Daily Mail
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top