န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန္းမားေက်းရြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ မူးယစ္ေဆးဝါး သံုးစြဲသူကို ဖမ္းဆီးၿပီး ၿခိမ္းေျခာက္ေငြေတာင္းခဲ့တဲ့ ရဲတပ္သားတဦးကို နန္းမားေက်းရြာ အုပ္ခ်ဳပ္ေရးမႉး၊ ျပည္သူ႔စစ္နဲ႔ အရပ္သားေတြက ဇူလိုင္ ၁၁ ရက္ မြန္းလြဲပိုင္းက ဖမ္းဆီးရမိထားတယ္လို႔ နန္းမားအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၁၈ ရက္က နန္းမားေက်းရြာ ေအာင္မဂၤလာရပ္ေနသူ ဦးသိန္းဝင္းဟာ လယ္ကန္သင္းေဘာင္ေဖာ္ေနရာမွ ဇနီးျဖစ္သူ ေဒၚျမႏြယ္ထံသို႔ ဖုန္းဆက္ၿပီး သူငယ္ခ်င္းေတြ ေရာက္ေနတဲ့အတြက္ ေငြက်ပ္ ၅ သိန္းယူၿပီး လာေရာက္ဖို႔ ေခၚဆိုခဲ့ပါတယ္။

ေဒၚျမႏြယ္က ေငြယူၿပီးလာပို႔တဲ့အခါ ခင္ပြန္းျဖစ္သူကို ဘိန္းဆီ(ခပ္ဖံု)ဗူးနဲ႔ လက္ထိပ္ခတ္လွ်က္သား ေတြ႔ရွိၿပီး ေမးျမန္းတဲ့အခါ ရဲတပ္သားေအာင္ဆန္းလတ္နဲ႔ ရဲတပ္သားသိန္းထိုက္တို႔က အမႈမဖြင့္ေစခ်င္ရင္ ေငြက်ပ္ ၁ဝ သိန္းေပးရမယ္၊  မေပးရင္ေထာင္ ၁၂ ႏွစ္က်ႏိုင္တယ္လို႔ ၿခိမ္းေျခာက္ ေငြေတာင္းခဲ့တယ္လို႔ ေဒၚျမႏြယ္က ေျပာပါတယ္။

ေဒၚျမႏြယ္ကပါလာတဲ့ေငြ ၅ သိန္းကိုေပးၿပီး က်န္ေငြကိုမေပးတဲ့အတြက္ အႀကိမ္ႀကိမ္ ဖုန္းဆက္ေတာင္းခဲ့လို႔ လက္က်န္ေငြကို ဇူလိုင္ ၁၁ ရက္ မြန္းလြဲ ၂ နာရီအခ်ိန္က နန္းမားေက်းရြာနဲ႔ အလယ္ေတာေက်းရြာ အၾကားရွိ ဇရပ္မွာ ေငြေပးေနစဥ္ နန္းမား အရပ္သားေတြနဲ႔ အဖြဲ႔က ရဲတပ္သားကို ဖမ္းဆီးခဲ့တာပါ။

အဆိုပါ ရဲတပ္သား ႏွစ္ဦးအနက္ နန္းမားရဲစခန္းက နယ္ထိန္း ရဲတပ္သား သိန္းထိုက္ တဦးကိုသာဖမ္းမိခဲ့ၿပီး ကားနဲ႔အေဝးကေစာင့္ေနတဲ့ နမၼတီးက ရဲတပ္သား ေအာင္ဆန္းလတ္ ကေတာ့ လြတ္သြားတယ္လို႔ နန္းမားျပည္သူ႔စစ္ ကိုေသာင္းဉာဏ္က ေျပာပါတယ္။

ဒီအမႈဟာ ရဲဝန္ထမ္းျဖစ္လို႔ ရဲစည္းကမ္းဥပေဒအရ အေရးယူေဆာင္ရြက္မယ္၊ နမၼတီးက ရဲကိုေတာ့ ဖမ္းဆီးရမိျခင္းမရွိေသးဘူးလို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးရဲေအာင္က ဒီဗြီဘီကိုေျပာပါတယ္။

နန္းမားေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ေဌးက “ရဲလုပ္ၿပီး ကာကြယ္ရမယ့္အစား သူတို႔က နန္းမားသားေတြကို ၿခိမ္းေျခာက္ေသးတယ္။ ေငြညႇစ္တယ္။ သူတို႔ကို ဘယ္လို အားကိုးမလဲ။ ၿပီးေတာ့ သူကိုယ္တိုင္က နန္းမားႀကီးေက်းရြာသား။ အရမ္း ရွက္စရာ ေကာင္းတယ္။ သူတို႔ေၾကာင့္မို႔ နန္းမားသားေတြ မူးယစ္ေက်းက်ြန္ျဖစ္ကုန္ၿပီ။ ထိန္းလို႔ကို မရေတာ့ဘူး” လို႔ ေျပာပါတယ္။

နန္းမားေက်းရြာမွာ မူးယစ္ေဆးဝါးေရာင္းခ်ေနသူေတြက ရဲေတြကို လစဥ္ က်ပ္ ၂၅ သိန္းေပးေနရတယ္၊ ရဲနဲ႔ ပူးေပါင္းဖမ္းရင္ ဘယ္ေတာ့မွမမိဘဲ ရဲမပါဘဲဖမ္းမွ မိတယ္လို႔ ရြာသားေတြက ေျပာတယ္လုိ႔လည္း ဆိုပါတယ္။

နန္းမားရြာမွာ မူးယစ္ေဆးဝါးေတြကို နန္းမားျပည္သူ႔စစ္အဖြဲ႔က အမ်ားဆံုးဖမ္းဆီးႏိုင္ခဲ့ၿပီး အရင္က မူးယစ္ရာဇာထြန္းထြန္းကို ဖမ္းဆီးစဥ္ကလည္း တရားခံကိုဖမ္းမမိဘဲ က်ည္ဆန္နဲ႔ ဆက္စပ္ပစၥည္းေတြကိုသာ ဖမ္းမိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb
# Unicode Version ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မူးယစ်ဆေးဝါး သုံးစွဲသူကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေတောင်းခဲ့တဲ့ ရဲတပ်သားတဦးကို နန်းမားကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နဲ့ အရပ်သားတွေက ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိထားတယ်လို့ နန်းမားအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က နန်းမားကျေးရွာ အောင်မင်္ဂလာရပ်နေသူ ဦးသိန်းဝင်းဟာ လယ်ကန်သင်းဘောင်ဖော်နေရာမှ ဇနီးဖြစ်သူ ဒေါ်မြနွယ်ထံသို့ ဖုန်းဆက်ပြီး သူငယ်ချင်းတွေ ရောက်နေတဲ့အတွက် ငွေကျပ် ၅ သိန်းယူပြီး လာရောက်ဖို့ ခေါ်ဆိုခဲ့ပါတယ်။

ဒေါ်မြနွယ်က ငွေယူပြီးလာပို့တဲ့အခါ ခင်ပွန်းဖြစ်သူကို ဘိန်းဆီ(ခပ်ဖုံ)ဗူးနဲ့ လက်ထိပ်ခတ်လျှက်သား တွေ့ရှိပြီး မေးမြန်းတဲ့အခါ ရဲတပ်သားအောင်ဆန်းလတ်နဲ့ ရဲတပ်သားသိန်းထိုက်တို့က အမှုမဖွင့်စေချင်ရင် ငွေကျပ် ၁ဝ သိန်းပေးရမယ်၊  မပေးရင်ထောင် ၁၂ နှစ်ကျနိုင်တယ်လို့ ခြိမ်းခြောက် ငွေတောင်းခဲ့တယ်လို့ ဒေါ်မြနွယ်က ပြောပါတယ်။

ဒေါ်မြနွယ်ကပါလာတဲ့ငွေ ၅ သိန်းကိုပေးပြီး ကျန်ငွေကိုမပေးတဲ့အတွက် အကြိမ်ကြိမ် ဖုန်းဆက်တောင်းခဲ့လို့ လက်ကျန်ငွေကို ဇူလိုင် ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန်က နန်းမားကျေးရွာနဲ့ အလယ်တောကျေးရွာ အကြားရှိ ဇရပ်မှာ ငွေပေးနေစဉ် နန်းမား အရပ်သားတွေနဲ့ အဖွဲ့က ရဲတပ်သားကို ဖမ်းဆီးခဲ့တာပါ။

အဆိုပါ ရဲတပ်သား နှစ်ဦးအနက် နန်းမားရဲစခန်းက နယ်ထိန်း ရဲတပ်သား သိန်းထိုက် တဦးကိုသာဖမ်းမိခဲ့ပြီး ကားနဲ့အဝေးကစောင့်နေတဲ့ နမ္မတီးက ရဲတပ်သား အောင်ဆန်းလတ် ကတော့ လွတ်သွားတယ်လို့ နန်းမားပြည်သူ့စစ် ကိုသောင်းဉာဏ်က ပြောပါတယ်။

ဒီအမှုဟာ ရဲဝန်ထမ်းဖြစ်လို့ ရဲစည်းကမ်းဥပဒေအရ အရေးယူဆောင်ရွက်မယ်၊ နမ္မတီးက ရဲကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲအောင်က ဒီဗွီဘီကိုပြောပါတယ်။

နန်းမားကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးက “ရဲလုပ်ပြီး ကာကွယ်ရမယ့်အစား သူတို့က နန်းမားသားတွေကို ခြိမ်းခြောက်သေးတယ်။ ငွေညှစ်တယ်။ သူတို့ကို ဘယ်လို အားကိုးမလဲ။ ပြီးတော့ သူကိုယ်တိုင်က နန်းမားကြီးကျေးရွာသား။ အရမ်း ရှက်စရာ ကောင်းတယ်။ သူတို့ကြောင့်မို့ နန်းမားသားတွေ မူးယစ်ကျေးကျွန်ဖြစ်ကုန်ပြီ။ ထိန်းလို့ကို မရတော့ဘူး” လို့ ပြောပါတယ်။

နန်းမားကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းချနေသူတွေက ရဲတွေကို လစဉ် ကျပ် ၂၅ သိန်းပေးနေရတယ်၊ ရဲနဲ့ ပူးပေါင်းဖမ်းရင် ဘယ်တော့မှမမိဘဲ ရဲမပါဘဲဖမ်းမှ မိတယ်လို့ ရွာသားတွေက ပြောတယ်လို့လည်း ဆိုပါတယ်။

နန်းမားရွာမှာ မူးယစ်ဆေးဝါးတွေကို နန်းမားပြည်သူ့စစ်အဖွဲ့က အများဆုံးဖမ်းဆီးနိုင်ခဲ့ပြီး အရင်က မူးယစ်ရာဇာထွန်းထွန်းကို ဖမ်းဆီးစဉ်ကလည်း တရားခံကိုဖမ်းမမိဘဲ ကျည်ဆန်နဲ့ ဆက်စပ်ပစ္စည်းတွေကိုသာ ဖမ်းမိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top