ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာႏိုင္ငံ အေနနဲ႔ အင္တန္မွ အႏၲရာယ္မ်ားၿပီး ေသခ်ာေရရာမႈ မရွိလွတဲ့ အနာဂတ္လမ္းေၾကာင္းေပၚကိုယခုအခ်ိန္ကတည္းက ေရာက္ရွိေနၿပီျဖစ္တယ္လို႔
သမိုင္းပညာရွင္ ေဒါက္တာ သန႔္ျမင့္ဦးက သတိေပးလိုက္ပါတယ္။

မူဝါဒေရးရာမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕ကေနဦးေဆာင္ျပဳလုပ္တဲ့ ေယာမင္းႀကီးဇရပ္ စကားဝိုင္းေဆြးေႏြးပြဲအတြက္ သူရဲ႕ ေဆြးေႏြးေျပာဆိုခ်က္မွာအခုလို သတိေပးလိုက္တာ ျဖစ္ပါတယ္။

အတိတ္မွာစြဲလမ္းေနသူမ်ား
သဘာဝပတ္ဝန္းက်င္ သယံဇာတကို အလြန္အမင္းအားထားေနမႈနဲ႔ ပတ္ဝန္းက်င္ႏိုင္ငံက ႀကီးထြားလာမႈ ၊ျပည္တြင္းမွာ ပဋိပကၡေတြရွိေနမႈ၊ ဆင္းရဲခ်မ္းသာ
ကြာဟမႈ ၊ ကမာၻလုံးဆိုင္ရာ အေျပာင္းအလဲေတြအေပၚရင္ဆိုင္ဖို႔အတြက္လုံေလာက္တဲ့ ျပင္ဆင္မႈေတြ ျမန္မာမွာအဆင္သင့္ရွိမေနမႈ တို႔အေပၚ သူက အေျချပဳ ေထာက္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ျမန္မာေတြအဖို႔ အတိတ္က ယုံမွတ္မွားခ်က္ေတြနဲ႔ ႂကြယ္ဝခ်မ္းသာမႈ ၊ အတိတ္က မိမိဘာသာ ဖူလုံမႈ သုံးမကုန္တဲ့သယံဇာတေတြဆိုတဲ့ ကိစၥေတြအေပၚ စြဲလမ္းေနတာကိုေက်ာ္လြန္သင့္ေနၿပီျဖစ္ပါတယ္ လို႔ ေဒါက္တာ သန႔္ျမင့္ဦးက ေျပာပါတယ္။

အနာဂတ္အတြက္ျပင္ဆင္ရမည္

ရာသီဥတုေဖာက္ျပန္ေျပာင္းလဲရင္ လူေတြဘယ္မွာေနၾကမလဲ ?၊ တ႐ုတ္က အကုန္လႊမ္းမိုးသြားမလား?၊ထိုင္းႏိုင္ငံလို ၿမိဳ႕ႀကီးေတြျဖစ္လာမလား? ၊ ၿမိဳ႕ငယ္
႐ြာငယ္ေလးေတြ ဆက္က်န္ဦးမွာလား ? လို႔ အနာဂတ္ကာလအတြက္ ဘယ္လိုျပင္ဆင္ထားၾကသလဲ ?ဆိုတာကိုသူက ေမးခြန္းထုတ္ပါတယ္။

ဥပမာအားျဖင့္ … အေရအတြက္ေထာင္ခ်ီတဲ့ စီးပြားေရးလုပ္ငန္းအေသးစားေတြကတဆင့္ သန္းနဲ႔ခ်ီတဲ့ တ႐ုတ္ႏိုင္ငံသားေတြနဲ႔ အျခားႏိုင္ငံသားခရီးသြား ဧည့္သည္ေတြကို ဧည့္ခံေနတဲ့ မႏၲေလးဟာ … … လူနည္းစုကထိန္းခ်ဳပ္ထားတဲ့ စက္မႈလုပ္ငန္း အနည္းငယ္နဲ႔ယူနန္ကိုျပည္ပ ပို႔ကုန္ေတြတင္ပို႔ဖို႔စိတ္ကူးယဥ္ေနတဲ့မႏၲေလးၿမိဳ႕ႏႈိင္းယွဥ္ရင္ လုံး၀ ကြဲျပားေနတာ ေတြ႕ရမွာပါလို႔ေဒါက္တာ သန႔္ျမင့္ဦးက ေျပာပါတယ္။

တ႐ုတ္ကိုဘယ္လိုရင္ဆိုင္မလဲ
၂၀၁၁ က စခဲ့တဲ့ ကူးေျပာင္းေရးကာလ ေနာက္ပိုင္း အထူးသျဖင့္၂၀၁၅ ခုႏွစ္ ေနာက္ပိုင္းႏွစ္ေတြအတြင္း ႏိုင္ငံတကာဆက္ဆံေရးမွာ အေနာက္ႏိုင္ငံေတြ၊ ေဒသတြင္း ႏိုင္ငံေတြနဲ႔ဆက္ဆံေရး ပ်က္ျပားကုန္ၿပီးတ႐ုတ္လိုႏိုင္ငံကိုသာအားထားရမယ့္အေျခအေနေတြ ျဖစ္ေနမႈ ေၾကာင့္ တ႐ုတ္ရဲ႕မဟာဗ်ဴဟာ စီမံခ်က္ေတြအေပၚ ျမန္မာအစိုးရရဲ႕သုံးသပ္ျပင္ဆင္ႏိုင္မႈေတြကိုေဆြးေႏြးပြဲ တက္ေရာက္လာတဲ့ေလ့လာသူေတြကေတာ့ သံသယေတြနဲ႔ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

လတ္တေလာအတြင္းမွာပဲ ျမန္မာအစိုးရ တာဝန္ရွိသူေတြထံကေနတ႐ုတ္ႏိုင္ငံက … တ႐ုတ္ျမန္မာ စီးပြားေရး လမ္း မမွာ အဓိက လမ္းေၾကာင္းျဖစ္တဲ့ ကူမင္း – မႏၲေလး ရထားလမ္းစီမံကိန္းအတြက္ သေဘာတူညီမႈကို မၾကာခင္ရယူနိင္ေတာ့မယ္ဆိုၿပီး ႏိုင္ငံတကာ မီဒီယာအခ်ိဳ႕မွာ ေျပာဆိုထားတာပါတယ္။

ပြင့္လင္းျမင္သာမႈမရွိတဲ့စီမံကိန္းေတြ

ေဟာင္ေကာင္တကၠသိုလ္မွာ ႏိုင္ငံေရးနဲ႔ လူထုေရးရာစီမံခန႔္ခြဲမႈ ဘာသာရပ္နဲ႔ ျမန္မာ့အေရးကို ဆက္စပ္ေနတဲ့ပါရဘြဲ႕ေက်ာင္းသူ ဒက္ဘီခ်န္းကေတာ့ အေမရိကန္ေဒၚလာ ဘီလီယံ ၂၀ ေလာက္ ကုန္က်မဲ့ စီမံကိန္းရဲ႕ အေပၚေမးခြန္းထုတ္ ေျပာဆိုပါတယ္။

အခုလို မႏၲေလး ကူမင္းရထားလမ္းစတင္ေတာ့မယ္ဆိုတာကူမင္းေက်ာက္ျဖဴရထားလမ္းရဲ႕ အစိတ္အပိုင္းျဖစ္တယ္လို႔ယုံၾကည္ပါတယ္။ အႀကီးမားဆုံး စိန္ေခၚမႈကတာ့ ကုန္က်ေငြအနည္းဆုံး ေဒၚလာဘီလီယံ ၂၀ ေလာက္ရွိမဲ့ စီမံကိန္းအတြက္ ဘယ္လို အတိုးႏႈန္းေတြ ေပးဆပ္ရမလဲဆိုတဲ့ကိစၥေတြပါပဲ။ အဲဒီကိစၥေတြအတြက္ သတင္းအခ်က္အလက္ရရွိႏိုင္မႈကလည္း မရွိသေလာက္ နည္းပါးလွသလို ပြင့္လင္းျမင္သာမႈအတြက္လည္း ေမးခြန္းထုတ္စရာျဖစ္ေနတယ္လို႔ဒက္ဘီခ်န္းက ေထာက္ျပပါတယ္။

ျပည္သူေတြအတြက္စဥ္းစားရဲ႕လား
ေက်ာက္ျဖဴ- ကူမင္းရထားလမ္းက ယခင္အစိုးရလက္ထက္က လူထုကန႔္ကြက္မႈေတြ ရွိလို႔ စီမံကိန္း ရပ္ထားခဲ့တာလည္းျဖစ္ပါတယ္။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြအတြက္ ရည္႐ြယ္တယ္ဆိုေပမယ့္လည္း ျပည္သူအမ်ားစုအတြက္ တကယ္အက်ိဳးျဖစ္ပါ့မလားဆိုတာ ထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။

လူထုကန႔္ကြက္လို႔ ရပ္ထားတဲ့ စီမံကိန္းကို သေဘာဆႏၵမရယူဘဲ ျပန္လုပ္မယ္ ေျပာလာတာဟာ မဲေပးခဲ့တဲ့ျပည္သူေတြအတြက္ထည့္သြင္း စဥ္းစားရဲ႕လားဆိုတာေမးစရာျဖစ္လာတယ္လို႔ ဒက္ဘီခ်န္းက ဆိုပါတယ္။

ဆင္းရဲခ်မ္းသာကြာဟတဲ့အတိုင္းသြားမလား
ကမာၻလုံးဆိုင္ရာေျပာင္းလဲမႈေတြနဲ႔ အေျပာင္းအလဲေတြအတြက္ အဆင္သင့္ရင္ဆိုင္ဖို႔ ျမန္မာက ဘယ္ေနရာမွာမွရွိမေနပါဘူးလို႔လည္း ေဒါက္တာ သန႔္ျမင့္ဦးက ေျပာပါတယ္။

ေဒါက္တာ သန႔္ျမင့္ဦးကေတာ့ ျမန္မာအေနနဲ႔ စီးပြားေရးအရတန္းတူညီမွ်မႈကို ဦးစားေပးမလား ဒါမွမဟုတ္ …..အခုပုံစံဆင္းရဲခ်မ္းသာ အႀကီးအက်ယ္ကြဟေနတဲ့အတိုင္း လက္ခံေနထိုင္ၾကမွာလားဆိုတဲ့အခ်က္က မျဖစ္မေနစဥ္းစားရမယ့္အခ်က္လို႔ ဆိုပါတယ္။

ေရွးျမန္မာေတြမွာအိုင္ဒီယာရွိခဲ့တယ္လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ ေလာက္က ျမန္မာေတြရဲ႕လယ္သမားေတြက စုေပါင္းၿပီး ပထမဆုံးၿမိဳ႕ျပႏိုင္ငံေတြထူေထာင္ခဲ့ၾကသလို ပိုက်ယ္ျပန႔္တဲ့ ကမာၻနဲ႔ ဆက္သြယ္ခဲ့ၾကတဲ့အတြက္ ဘာသာ ၊ အစိုးရစနစ္ ၊ အနပညာ ၊ သိပၸံနဲ႔ပတ္သက္တဲ့ အိုင္ဒီယာေတြကို တင္သြင္းလာႏိုင္ခဲ့ၿပီး
လူအဖြဲ႕အစည္း ဖြံ႕ၿဖိဳးေစခဲ့ကာ ေနာက္ႏွစ္ ၁၀၀၀ ေလာက္အၾကာမွာ ပုဂံလို အလယ္ေခတ္သမိုင္းမွာ အထင္ႀကီးခန႔္ညားဖြယ္ မင္းႏိုင္ငံ ေပၚေပါက္လာခဲ့တယ္လို႔ သူကႏႈိင္းယွဥ္ျပခဲ့ပါတယ္။

ႏိုင္ငံပါေပ်ာက္ကြယ္သြားႏိုင္တယ္

ေရွးအတိတ္ ေၾကးေခတ္ ႏွစ္ေထာင္ခ်ီ ၾကာၿပီျဖစ္တဲ့ပုဂံေခတ္တုန္းကျမန္မာေတြလို ေတြေဝဆိုင္းငံ့မေနဘဲျပင္ပ ဗဟုသုေတြကိုသုံးသပ္ၿပီး ပိုၿပီးႀကီးက်ယ္စြာ၊
ဖန္တီးမႈရွိစြာ ေတြးေခၚၾကဖို႔လိုၿပီး ဒီလိုမွမဟုတ္ရင္ေတာ့ႏိုင္ငံက ေပ်ာက္ကြယ္ေကာင္း ေပ်ာက္ကြယ္သြားႏိုင္တယ္လို႔ ေဒါက္တာ သန႔္ျမင့္ဦးက သတိေပးပါတယ္။

သဘာဝပတ္ဝန္းက်င္ သယံဇာတအေပၚမွာပဲ မွီခိုေနမႈ ၊တ႐ုတ္ရဲ႕ ႀကီးထြားလာမႈအေပၚ ဘာေတြျပင္ဆင္ထားသလဲစတဲ့ အခ်က္ေတြကို သူ႔ရဲ႕ ေထာက္ျပမႈက ေဆြးေႏြးသူေတြအတြက္ပါမက အျခား ပြဲလာတက္သူေတြအတြက္ပါ ထည့္သြင္းစဥ္းစားစရာေတြ ျဖစ္ေစခဲ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC

#Unicode Version#
မြန်မာနိုင်ငံ အနေနဲ့ အင်တန်မှ အန္တရာယ်များပြီး သေချာရေရာမှု မရှိလှတဲ့ အနာဂတ်လမ်းကြောင်းပေါ်ကိုယခုအချိန်ကတည်းက ရောက်ရှိနေပြီဖြစ်တယ်လို့
သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သတိပေးလိုက်ပါတယ်။

မူဝါဒရေးရာမဟာဗျူဟာ လေ့လာရေးအဖွဲ့ကနေဦးဆောင်ပြုလုပ်တဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲအတွက် သူရဲ့ ဆွေးနွေးပြောဆိုချက်မှာအခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။

အတိတ်မှာစွဲလမ်းနေသူများ
သဘာဝပတ်ဝန်းကျင် သယံဇာတကို အလွန်အမင်းအားထားနေမှုနဲ့ ပတ်ဝန်းကျင်နိုင်ငံက ကြီးထွားလာမှု ၊ပြည်တွင်းမှာ ပဋိပက္ခတွေရှိနေမှု၊ ဆင်းရဲချမ်းသာ
ကွာဟမှု ၊ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲတွေအပေါ်ရင်ဆိုင်ဖို့အတွက်လုံလောက်တဲ့ ပြင်ဆင်မှုတွေ မြန်မာမှာအဆင်သင့်ရှိမနေမှု တို့အပေါ် သူက အခြေပြု ထောက်ပြခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာတွေအဖို့ အတိတ်က ယုံမှတ်မှားချက်တွေနဲ့ ကြွယ်ဝချမ်းသာမှု ၊ အတိတ်က မိမိဘာသာ ဖူလုံမှု သုံးမကုန်တဲ့သယံဇာတတွေဆိုတဲ့ ကိစ္စတွေအပေါ် စွဲလမ်းနေတာကိုကျော်လွန်သင့်နေပြီဖြစ်ပါတယ် လို့ ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

အနာဂတ်အတွက်ပြင်ဆင်ရမည်

ရာသီဥတုဖောက်ပြန်ပြောင်းလဲရင် လူတွေဘယ်မှာနေကြမလဲ ?၊ တရုတ်က အကုန်လွှမ်းမိုးသွားမလား?၊ထိုင်းနိုင်ငံလို မြို့ကြီးတွေဖြစ်လာမလား? ၊ မြို့ငယ်
ရွာငယ်လေးတွေ ဆက်ကျန်ဦးမှာလား ? လို့ အနာဂတ်ကာလအတွက် ဘယ်လိုပြင်ဆင်ထားကြသလဲ ?ဆိုတာကိုသူက မေးခွန်းထုတ်ပါတယ်။

ဥပမာအားဖြင့် … အရေအတွက်ထောင်ချီတဲ့ စီးပွားရေးလုပ်ငန်းအသေးစားတွေကတဆင့် သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေနဲ့ အခြားနိုင်ငံသားခရီးသွား ဧည့်သည်တွေကို ဧည့်ခံနေတဲ့ မန္တလေးဟာ … … လူနည်းစုကထိန်းချုပ်ထားတဲ့ စက်မှုလုပ်ငန်း အနည်းငယ်နဲ့ယူနန်ကိုပြည်ပ ပို့ကုန်တွေတင်ပို့ဖို့စိတ်ကူးယဉ်နေတဲ့မန္တလေးမြို့နှိုင်းယှဉ်ရင် လုံး၀ ကွဲပြားနေတာ တွေ့ရမှာပါလို့ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

တရုတ်ကိုဘယ်လိုရင်ဆိုင်မလဲ
၂၀၁၁ က စခဲ့တဲ့ ကူးပြောင်းရေးကာလ နောက်ပိုင်း အထူးသဖြင့်၂၀၁၅ ခုနှစ် နောက်ပိုင်းနှစ်တွေအတွင်း နိုင်ငံတကာဆက်ဆံရေးမှာ အနောက်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေနဲ့ဆက်ဆံရေး ပျက်ပြားကုန်ပြီးတရုတ်လိုနိုင်ငံကိုသာအားထားရမယ့်အခြေအနေတွေ ဖြစ်နေမှု ကြောင့် တရုတ်ရဲ့မဟာဗျူဟာ စီမံချက်တွေအပေါ် မြန်မာအစိုးရရဲ့သုံးသပ်ပြင်ဆင်နိုင်မှုတွေကိုဆွေးနွေးပွဲ တက်ရောက်လာတဲ့လေ့လာသူတွေကတော့ သံသယတွေနဲ့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

လတ်တလောအတွင်းမှာပဲ မြန်မာအစိုးရ တာဝန်ရှိသူတွေထံကနေတရုတ်နိုင်ငံက … တရုတ်မြန်မာ စီးပွားရေး လမ်း မမှာ အဓိက လမ်းကြောင်းဖြစ်တဲ့ ကူမင်း – မန္တလေး ရထားလမ်းစီမံကိန်းအတွက် သဘောတူညီမှုကို မကြာခင်ရယူနိင်တော့မယ်ဆိုပြီး နိုင်ငံတကာ မီဒီယာအချို့မှာ ပြောဆိုထားတာပါတယ်။

ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံကိန်းတွေ

ဟောင်ကောင်တက္ကသိုလ်မှာ နိုင်ငံရေးနဲ့ လူထုရေးရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မြန်မာ့အရေးကို ဆက်စပ်နေတဲ့ပါရဘွဲ့ကျောင်းသူ ဒက်ဘီချန်းကတော့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျမဲ့ စီမံကိန်းရဲ့ အပေါ်မေးခွန်းထုတ် ပြောဆိုပါတယ်။

အခုလို မန္တလေး ကူမင်းရထားလမ်းစတင်တော့မယ်ဆိုတာကူမင်းကျောက်ဖြူရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ယုံကြည်ပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတာ့ ကုန်ကျငွေအနည်းဆုံး ဒေါ်လာဘီလီယံ ၂၀ လောက်ရှိမဲ့ စီမံကိန်းအတွက် ဘယ်လို အတိုးနှုန်းတွေ ပေးဆပ်ရမလဲဆိုတဲ့ကိစ္စတွေပါပဲ။ အဲဒီကိစ္စတွေအတွက် သတင်းအချက်အလက်ရရှိနိုင်မှုကလည်း မရှိသလောက် နည်းပါးလှသလို ပွင့်လင်းမြင်သာမှုအတွက်လည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ဒက်ဘီချန်းက ထောက်ပြပါတယ်။

ပြည်သူတွေအတွက်စဉ်းစားရဲ့လား
ကျောက်ဖြူ- ကူမင်းရထားလမ်းက ယခင်အစိုးရလက်ထက်က လူထုကန့်ကွက်မှုတွေ ရှိလို့ စီမံကိန်း ရပ်ထားခဲ့တာလည်းဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ရည်ရွယ်တယ်ဆိုပေမယ့်လည်း ပြည်သူအများစုအတွက် တကယ်အကျိုးဖြစ်ပါ့မလားဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

လူထုကန့်ကွက်လို့ ရပ်ထားတဲ့ စီမံကိန်းကို သဘောဆန္ဒမရယူဘဲ ပြန်လုပ်မယ် ပြောလာတာဟာ မဲပေးခဲ့တဲ့ပြည်သူတွေအတွက်ထည့်သွင်း စဉ်းစားရဲ့လားဆိုတာမေးစရာဖြစ်လာတယ်လို့ ဒက်ဘီချန်းက ဆိုပါတယ်။

ဆင်းရဲချမ်းသာကွာဟတဲ့အတိုင်းသွားမလား
ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုတွေနဲ့ အပြောင်းအလဲတွေအတွက် အဆင်သင့်ရင်ဆိုင်ဖို့ မြန်မာက ဘယ်နေရာမှာမှရှိမနေပါဘူးလို့လည်း ဒေါက်တာ သန့်မြင့်ဦးက ပြောပါတယ်။

ဒေါက်တာ သန့်မြင့်ဦးကတော့ မြန်မာအနေနဲ့ စီးပွားရေးအရတန်းတူညီမျှမှုကို ဦးစားပေးမလား ဒါမှမဟုတ် …..အခုပုံစံဆင်းရဲချမ်းသာ အကြီးအကျယ်ကွဟနေတဲ့အတိုင်း လက်ခံနေထိုင်ကြမှာလားဆိုတဲ့အချက်က မဖြစ်မနေစဉ်းစားရမယ့်အချက်လို့ ဆိုပါတယ်။

ရှေးမြန်မာတွေမှာအိုင်ဒီယာရှိခဲ့တယ်လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က မြန်မာတွေရဲ့လယ်သမားတွေက စုပေါင်းပြီး ပထမဆုံးမြို့ပြနိုင်ငံတွေထူထောင်ခဲ့ကြသလို ပိုကျယ်ပြန့်တဲ့ ကမ္ဘာနဲ့ ဆက်သွယ်ခဲ့ကြတဲ့အတွက် ဘာသာ ၊ အစိုးရစနစ် ၊ အနပညာ ၊ သိပ္ပံနဲ့ပတ်သက်တဲ့ အိုင်ဒီယာတွေကို တင်သွင်းလာနိုင်ခဲ့ပြီး
လူအဖွဲ့အစည်း ဖွံ့ဖြိုးစေခဲ့ကာ နောက်နှစ် ၁၀၀၀ လောက်အကြာမှာ ပုဂံလို အလယ်ခေတ်သမိုင်းမှာ အထင်ကြီးခန့်ညားဖွယ် မင်းနိုင်ငံ ပေါ်ပေါက်လာခဲ့တယ်လို့ သူကနှိုင်းယှဉ်ပြခဲ့ပါတယ်။

နိုင်ငံပါပျောက်ကွယ်သွားနိုင်တယ်

ရှေးအတိတ် ကြေးခေတ် နှစ်ထောင်ချီ ကြာပြီဖြစ်တဲ့ပုဂံခေတ်တုန်းကမြန်မာတွေလို တွေဝေဆိုင်းငံ့မနေဘဲပြင်ပ ဗဟုသုတွေကိုသုံးသပ်ပြီး ပိုပြီးကြီးကျယ်စွာ၊
ဖန်တီးမှုရှိစွာ တွေးခေါ်ကြဖို့လိုပြီး ဒီလိုမှမဟုတ်ရင်တော့နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်လို့ ဒေါက်တာ သန့်မြင့်ဦးက သတိပေးပါတယ်။

သဘာဝပတ်ဝန်းကျင် သယံဇာတအပေါ်မှာပဲ မှီခိုနေမှု ၊တရုတ်ရဲ့ ကြီးထွားလာမှုအပေါ် ဘာတွေပြင်ဆင်ထားသလဲစတဲ့ အချက်တွေကို သူ့ရဲ့ ထောက်ပြမှုက ဆွေးနွေးသူတွေအတွက်ပါမက အခြား ပွဲလာတက်သူတွေအတွက်ပါ ထည့်သွင်းစဉ်းစားစရာတွေ ဖြစ်စေခဲ့တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top