×

ဂ်ာရာဝါလူ႐ုိင္းေတြဟာ အိႏၵိယသမုဒၵရာထဲက သစ္ပင္ေတာေတာင္ထူထပ္တဲ့ အန္ဒမန္ကၽြန္းေပၚမွာ ေနထုိင္ၾကပါတယ္။ လက္ရွိအခ်ိန္မွာ ဂ်ာရာဝါလူ႐ုိင္းဦးေရဟာ (၄၀၀)ခန္႔သာ က်န္ရွိေတာ့ၿပီး၊ သဘာဝပတ္ဝန္းက်င္ဆုိင္ရာ ပညာရွင္ေတြက ဂ်ာရာဝါလူမ်ိဳးေတြ မ်ိဳးသုဥ္းေပ်ာက္ကြယ္သြားမွာကို စုိးရိမ္ေနပါတယ္။

တကယ္ေတာ့ အန္ဒမန္ကၽြန္းဟာ ဂ်ာရာဝါလူ႐ိုင္းေတြရဲ႕ အပုိင္ျဖစ္ၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၅၅၀၀၀)ေက်ာ္ကတည္းက သူတုိ႔တစ္ေတြ အစျပဳေနထုိင္လာခဲ့တာပါ။ အန္ဒမန္ကၽြန္းဟာ အိႏၵိယႏုိင္ငံေရပုိင္နက္အတြင္းမွာ တည္ရွိၿပီး အခုဆုိရင္ အဲဒီကၽြန္းေပၚကို စီးပြားေရးလုပ္ငန္းရွင္ေတြက ေဟာ္တယ္ေတြ စတင္တည္ေဆာက္ေနၿပီျဖစ္ကာ ကၽြန္းမႀကီးအလယ္ကေန လမ္းေဖာက္ဖုိ႔လည္း အူေၾကာင္းေပးထားၿပီလုိ႔ သိရပါတယ္။

အဆုိပါ ကၽြန္းေပၚကုိ ေရာက္ရွိနယ္ခ်ဲ႕လာတဲ့ လူယဥ္ေက်းကိုလုိနီေတြက ဂ်ာရာဝါေတြကို ဥပေဒမဲ့သတ္ျဖတ္တာေတြ၊ ကၽြန္းမႀကီးေပၚကေန ေမာင္းႏွင္ဖုိ႔ ႀကိဳးစားေနတာေတြကို ေဒသခံဂ်ာရာဝါလူ႐ုိင္းေတြမွာ ခံစားေနရၿပီး တစ္ခ်ိဳ႕က သူတုိ႔ကုိ တိရစာၦန္႐ုံထဲကို ေရာက္ေနတဲ့ တိရစာၦန္ေတြအလား ျပဳမူဆက္ဆံၾကတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ေခတ္မီလက္နက္ ကုိင္စြဲထားတဲ့ အမဲလိုက္မုဆုိးေတြဟာ အဖြဲ႕ေတြနဲ႔လာေရာက္ၿပီး ကၽြန္းေပၚမွာရွိတဲ့ ဂ်ာရာဝါလူမ်ိဳးေတြရဲ႕အစားအစာ အမဲေကာင္ေတြကုိ မတရားလုယူေနၾကတာေတြလည္း မၾကာခဏ ႀကဳံေနရလုိ႔ ေရရွည္မွာ ဂ်ာရာဝါလူ႐ုိင္းေတြ ၾကာၾကာေတာင့္ခံႏုိင္ပါ့မလား စုိးရိမ္စရာပါ။

အခုဆုိရင္ ကၽြန္းေပၚမွာ ယခင္က ေပါေပါမ်ားမ်ားျဖစ္ခဲ့တဲ့ ေတာဝက္၊ ဖြတ္၊ လိပ္ အစရွိတဲ့သတၱဝါေတြဟာ စည္းမဲ့ကမ္းမဲ့မုဆုိးေတြေၾကာင့္ အေတာ္ေလး ရွားပါးေနၿပီျဖစ္ပါတယ္။ ဂ်ာရာဝါေတြဟာ သစ္သီး၊ ပ်ားရည္တုိ႔ကိုလည္း ႏွစ္သက္ၾကသလုိ၊ သူတုိ႔ရဲ႕ကိုယ္ပုိင္ခံယူခ်က္ေတြအရ ကၽြန္းမႀကီးေပၚမွာရွိတဲ့ သတၱဝါမ်ိဳးစိတ္ (၃၅၀)ေက်ာ္ကိုလည္း ခ်ိဳးၿခံေခၽြတာကာ စနစ္တက် စားသုံးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

အခုေတာ့ သူတုိ႔တစ္ေတြဟာ စားေသာက္ေနထုိင္ေရးမွာ ယဥ္ေက်းတဲ့ လူ႕အဖြဲ႕အစည္းရဲ႕ ေႏွာက္ယွက္ျခင္းကို ခံေနရၿပီ ျဖစ္ပါတယ္။ ဒီလုိနဲ႔ ဂ်ရာဝါလူ႐ုိင္းေတြဟာ အျခားလူ႐ုိင္းေတြလုိပဲ ကမာၻေျမေပၚကေန ေမွးမွိန္ေပ်ာက္ကြယ္သြားေလမလားဆုိတာေတာ့ သမုိင္းကပဲ အေျဖေပးသြားပါလိမ့္မယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျာရာဝါလူရိုင်းတွေဟာ အိန္ဒိယသမုဒ္ဒရာထဲက သစ်ပင်တောတောင်ထူထပ်တဲ့ အန်ဒမန်ကျွန်းပေါ်မှာ နေထိုင်ကြပါတယ်။ လက်ရှိအချိန်မှာ ဂျာရာဝါလူရိုင်းဦးရေဟာ (၄၀၀)ခန့်သာ ကျန်ရှိတော့ပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေက ဂျာရာဝါလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားမှာကို စိုးရိမ်နေပါတယ်။

တကယ်တော့ အန်ဒမန်ကျွန်းဟာ ဂျာရာဝါလူရိုင်းတွေရဲ့ အပိုင်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၅၀၀၀)ကျော်ကတည်းက သူတို့တစ်တွေ အစပြုနေထိုင်လာခဲ့တာပါ။ အန်ဒမန်ကျွန်းဟာ အိန္ဒိယနိုင်ငံရေပိုင်နက်အတွင်းမှာ တည်ရှိပြီး အခုဆိုရင် အဲဒီကျွန်းပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေက ဟော်တယ်တွေ စတင်တည်ဆောက်နေပြီဖြစ်ကာ ကျွန်းမကြီးအလယ်ကနေ လမ်းဖောက်ဖို့လည်း အူကြောင်းပေးထားပြီလို့ သိရပါတယ်။

အဆိုပါ ကျွန်းပေါ်ကို ရောက်ရှိနယ်ချဲ့လာတဲ့ လူယဉ်ကျေးကိုလိုနီတွေက ဂျာရာဝါတွေကို ဥပဒေမဲ့သတ်ဖြတ်တာတွေ၊ ကျွန်းမကြီးပေါ်ကနေ မောင်းနှင်ဖို့ ကြိုးစားနေတာတွေကို ဒေသခံဂျာရာဝါလူရိုင်းတွေမှာ ခံစားနေရပြီး တစ်ချို့က သူတို့ကို တိရစ္ဆာန်ရုံထဲကို ရောက်နေတဲ့ တိရစ္ဆာန်တွေအလား ပြုမူဆက်ဆံကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခေတ်မီလက်နက် ကိုင်စွဲထားတဲ့ အမဲလိုက်မုဆိုးတွေဟာ အဖွဲ့တွေနဲ့လာရောက်ပြီး ကျွန်းပေါ်မှာရှိတဲ့ ဂျာရာဝါလူမျိုးတွေရဲ့အစားအစာ အမဲကောင်တွေကို မတရားလုယူနေကြတာတွေလည်း မကြာခဏ ကြုံနေရလို့ ရေရှည်မှာ ဂျာရာဝါလူရိုင်းတွေ ကြာကြာတောင့်ခံနိုင်ပါ့မလား စိုးရိမ်စရာပါ။

အခုဆိုရင် ကျွန်းပေါ်မှာ ယခင်က ပေါပေါများများဖြစ်ခဲ့တဲ့ တောဝက်၊ ဖွတ်၊ လိပ် အစရှိတဲ့သတ္တဝါတွေဟာ စည်းမဲ့ကမ်းမဲ့မုဆိုးတွေကြောင့် အတော်လေး ရှားပါးနေပြီဖြစ်ပါတယ်။ ဂျာရာဝါတွေဟာ သစ်သီး၊ ပျားရည်တို့ကိုလည်း နှစ်သက်ကြသလို၊ သူတို့ရဲ့ကိုယ်ပိုင်ခံယူချက်တွေအရ ကျွန်းမကြီးပေါ်မှာရှိတဲ့ သတ္တဝါမျိုးစိတ် (၃၅၀)ကျော်ကိုလည်း ချိုးခြံချွေတာကာ စနစ်တကျ စားသုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုတော့ သူတို့တစ်တွေဟာ စားသောက်နေထိုင်ရေးမှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ နှောက်ယှက်ခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျရာဝါလူရိုင်းတွေဟာ အခြားလူရိုင်းတွေလိုပဲ ကမ္ဘာမြေပေါ်ကနေ မှေးမှိန်ပျောက်ကွယ်သွားလေမလားဆိုတာတော့ သမိုင်းကပဲ အဖြေပေးသွားပါလိမ့်မယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top