ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

လက္ရွိမွာ ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕သြားၿပီျဖစ္တဲ့ တုိက္စစ္မွဴး ေရာ္နယ္ဒုိကေတာ့ ကမာၻ႕အေကာင္းဆုံး ကစားသမားဆုိတဲ့ေနရာအတြက္ မက္္ဆီနဲ႔ တစ္ခ်ိန္လုံး ၿပိဳင္ဆုိင္ေနခဲ့ရသူပါ။ ေရာ္နယ္ဒုိဟာ မက္ဆီလုိ ေဘာလုံးနဲ႔ပတ္သက္တဲ့ ပါရမီ ပါလာတာထက္ သူ႕ရဲ႕ျပင္းထန္တဲ့ေလ့က်င့္မႈေတြေၾကာင့္သာ အေကာင္းဆုံးေျခစြမ္းကုိ ရေနတာလုိ႔ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက သုံးသပ္ခဲ့ၾကပါတယ္။ ေရာ္နယ္ဒုိအေနနဲ႔ ဟန္ေဆာင္လွဲခ်တာေတြ၊ မင္းသားတစ္ေယာက္လုိ အမူအရာလုပ္တာေတြ ရွိေပမယ့္ ပရိသတ္ေတြကေတာ့ သူတုိ႔အားေပးတဲ့ ကစားသမားကုိ အျပစ္မျမင္ခဲ့ၾကပါဘူး။

ေရာ္နယ္ဒုိအေနနဲ႔ သူ႕ရဲ႕ေဘာလုံးကစားပုံကေနသာ ပရိသတ္ရဲ႕ေမတၱာကုိ ရယူတာမဟုတ္ပဲ ေဘာလုံးရဲ႕ျပင္ပမွာရွိတဲ့ လူမႈေရးလုပ္ငန္းေတြကေနလည္း ပရိသတ္ရဲ႕ေမတၱာကုိ မ်ားစြာ ရရွိခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ ပရိသတ္ေတြသူ႕ကုိေမ့မသြားေအာင္ ျပဳလုပ္ခဲ့တဲ့ ကိစၥေပါင္းမ်ားစြာရွိေနၿပီး ေမတၱာကုိအရင္းခံလုိ႔ ျပဳလုပ္ခဲ့တဲ့ ဒီလုပ္ရပ္ေတြက သူ႕ကုိ တစ္သက္လုံးသတိရေစဖုိ႔ ရည္ရြြယ္ခဲ့သလားဆုိတာေတာ့ မေသခ်ာပါဘူး။

(၁)။ ေရႊဖိနပ္ဆု

(၂၀၁၁) ခုႏွစ္တုန္းက ဥေရာပရဲ႕ေရႊဖိနပ္ဆုကုိ ရရွိိခဲ့တဲ့ ေရာ္နယ္ဒုိဟာ သူ႕ရဲ႕ဆုကုိ ေပါင္ (၁.၂) သန္းနဲ႔ ေရာင္းခ်ပစ္ခဲ့ပါတယ္။ ၀င္ေငြေတြ ဒီေလာက္ေကာင္းေနတဲ့ ေဘာလုံးသမားတစ္ေယာက္က ဒီဆုကုိ ေရာင္းစရာလုိလုိ႔လားလုိ႔ ေမးခြန္းေတြရွိၾကေပမယ့္ ေရာ္နယ္ဒုိက အဲဒီပုိက္ဆံေတြကုိ ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ ကေလးငယ္ေတြအတြက္ ေက်ာင္းေဆာက္ေပးတဲ့ေနရာမွာ အသုံးျပဳခဲ့တာပါ။

(၂)။ Ballon d’Or ဆု

ေရာ္နယ္ဒုိဟာ (၂၀၁၃) ခုႏွစ္မွာ ရရွိခဲ့တဲ့ သူ႕ရဲ႕ တန္ဖုိးရွိတဲ့ Ballon d’Or ဆုကုိ ထပ္ၿပီးေရာင္းခ်ပစ္ခဲ့ပါတယ္။ အဲဒီဆုကုိေရာင္းခ်ခဲ့တဲ့အတြက္ ေပါင္ (၅) သိန္းေက်ာ္ရရွိခဲ့ၿပီး အဲဒီပုိက္ဆံေတြအားလုံးကုိ Make-A-Wish ဆုိတဲ့ ပရဟိတေဖာင္ေဒးရွင္းတစ္ခုကုိ လွဴဒါန္းခဲ့တာပါ။ အဲဒီေဖာင္ေဒးရွင္းက ကေလးငယ္ေတြအတြက္ အကူအညီေပးေနတဲ့ ေဖာင္ေဒးရွင္းျဖစ္ၿပီး ေရာ္နယ္ဒုိက မၾကာခဏဆုိသလုိ အဲဒီအဖြဲ႕ဆီ လွဴဒါန္းေလ့ရွိပါတယ္။

(၃)။ သံတမန္တစ္ေယာက္

ေရာ္နယ္ဒုိဟာ ကေလးငယ္ေတြကုိ ကူညီေပးတဲ့ေနရာမွာ နာမည္ႀကီးအဖြဲ႕ေတြျဖစ္ၾကတဲ့ Save The Children ၊ Unicef နဲ႔ World Vision တုိ႔ရဲ႕ သံတမန္ရာထူးကုိ လက္ခံထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူဟာ အဲဒီအဖြဲ႕အစည္းေတြ ဦးေဆာင္တဲ့ လႈပ္ရွားမႈေတြမွာ ပါ၀င္ေလ့ရွိၿပီး ကေလးငယ္ေတြနဲ႔ မၾကာခဏ သြားေရာက္ေတြ႕ဆုံသူလည္းျဖစ္ပါတယ္။

(၄)။ ဆုေၾကးေငြေတြ

ေရာ္နယ္ဒိုဟာ ကြင္းတြင္းေအာင္ျမင္မႈေတြကေန ရရွိတဲ့ ဆုေၾကးေငြေတြကုိလည္း ကေလးငယ္ေတြအတြက္ လွဴဒါန္းတတ္သူပါ။ (၂၀၁၃) ခုႏွစ္တုန္းက သူကအတြက္ရရွိခဲ့တဲ့ ဆုေၾကးေငြ ယူရုိ တစ္သိန္းစလုံးကုိ ႏုိင္ငံတကာၾကက္ေျခနီအဖြဲ႕ဆီ လွဴဒါန္းခဲ့ပါတယ္။ သူဟာ (၂၀၁၄) ခုႏွစ္တုန္းကလည္း ရီးယဲလ္အသင္းဆီက ရရွိခဲ့တဲ့ ဆုေၾကးေငြ ေပါင္ (၄၅၀,၀၀၀) ကုိ အကုန္လွဴဒါန္းပစ္ခဲ့သလုိ အဲဒီပုိက္ဆံေတြကုိ သူ သံတမန္လုပ္ေပးေနတဲ့ အဖြဲ႕အစည္းေတြဆီ လွဴခဲ့ပါတယ္။

(၅)။ ေသြးလွဴရွင္တစ္ေယာက္

အသက္ (၃၃) ႏွစ္ရွိၿပီျဖစ္ေပမယ့္ ေရာ္နယ္ဒုိမွာ အျခားေဘာလုံးသမားေတြလုိ တက္တူးေတြ ရွိမေနပါဘူး။ အေၾကာင္းရင္းကေတာ့ ေရာ္နယ္ဒုိဟာ ပုံမွန္ေသြးလွဴေနၾက လူတစ္ေယာက္ျဖစ္ၿပီး တက္တူးေတြေၾကာင့္ ေသြးလွဴဒါန္းမႈရပ္လုိက္ရမွာကုိ စုိးရိမ္ခဲ့သူပါ။

(၆)။ သန္းခ်ီတဲ့အလွဴေငြေတြ

(၂၀၁၅) ခုႏွစ္၊ နီေပါႏုိင္ငံမွာ ျပင္းထန္တဲ့ ငလွ်င္ဒဏ္ကုိ ခံခဲ့ရတုန္းက ေရာ္နယ္ဒုိဟာ သန္းခ်ီတဲ့သူ႕ရဲ႕ပုိက္ဆံေတြကုိ လွဴဒါန္းခဲ့ပါတယ္။ လူ (၉၀၀၀) ေလာက္ ေသဆုံးခဲ့တဲ့ အဲဒီျဖစ္ရပ္မွာ ေရာ္နယ္ဒုိက ေပါင္ (၅) သန္းလွဴခဲ့ၿပီး အဲဒီေနရာက ကေလးေတြကုိ ကူညီေပးေနတဲ့ Save The Children အဖြဲ႕ရဲ႕ ပရဟိတလုပ္ငန္းေတြအတြက္ လွဴဒါန္းခဲ့ပါတယ္။

(၇)။ ကင္ဆာကာကြယ္ေရး

ေရာ္နယ္ဒုိရဲ႕မိခင္ ေအဗီရုိ ဟာ (၂၀၀၇) ခုႏွစ္တုန္းက ရင္သားကင္ဆာ ျဖစ္ပြားခဲ့ၿပီး ျပန္လည္သက္သာလာခဲ့သူပါ။ ေရာ္နယ္ဒုိက သူ႕ရဲ႕မိခင္ကုိ ျပန္ေကာင္းေအာင္ ကုသေပးခဲ့တဲ့ ေပၚတူဂီက ကင္ဆာကုသေရးစင္တာကုိ ေက်းဇူးတင္တဲ့အေနနဲ႔ ေပါင္ (၁၂၀,၀၀၀) လွဴဒါန္းခဲ့ပါတယ္။

(၈)။ မိဘမဲ့ကေလးငယ္ေတြကုိ ေစာင့္ေရွာက္သူ

လက္ဘႏြန္မွာ အေသခံဗုံးခြဲသူတစ္ေယာက္ေၾကာင့္ မိဘေတြေသဆုံးသြားခဲ့တဲ့ မိဘမဲ့ကေလးငယ္တစ္ေယာက္ကုိ ေရာ္နယ္ဒုိက ရီးယဲလ္အသင္းဆီ လာေရာက္လည္ပတ္ႏုိင္ဖုိ႔ စီစဥ္ေပးခဲ့ပါတယ္။ ရီးယဲလ္အသင္းကုိ အားေပးတဲ့ ကေလးေလး ဟုိင္ဒါဟာ ေရာ္နယ္ဒုိရဲ႕အစီအစဥ္နဲ႔ ဘာေနဗ်ဴးကုိေရာက္ရွိလာခဲ့ၿပီး အဲဒီဗီဒီယုိဖုိင္ကုိ ၾကည့္ရႈသူတုိင္းက ေရာ္နယ္ဒုိကုိ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၾကပါတယ္။

(၉)။ ကြင္းထဲ၀င္လာသူေတြ

ေရာ္နယ္ဒုိဟာ ပြဲကစားေနခ်ိန္အတြင္း ကြင္းထဲကုိ၀င္ေရာက္လာတဲ့ ပရိသတ္ေတြကုိ လုံၿခဳံေရးေတြအတြက္ ဖမ္းဆီးေပးတာမ်ိဳး၊ ေဒါသထြက္တာမ်ိဳး ဘယ္တုန္းကမွ လုပ္ေလ့မရွိတဲ့သူပါ။ သူဟာ သူ႕ဆီကုိေျပးလာတဲ့ပရိသတ္ေတြကုိ လုံၿခဳံေရးေတြလက္ထဲကေန ကာကြယ္ေပးတတ္ၿပီး ကြင္းအျပင္ကုိ သူကုိယ္တုိင္ ေခၚသြားေပးတတ္သူပါ။ အဲဒီအျပင္ ပရိသတ္နဲ႔အတူ ဓာတ္ပုံရုိက္တာ၊ လက္မွတ္ထုိးေပးတာေတြကုိလည္း တတ္ႏုိင္သေလာက္ မျငင္းပဲ လုပ္ေပးတတ္သူျဖစ္ပါတယ္။

(၁၀)။ သူငယ္ခ်င္းေကာင္းပီသတဲ့သူ

ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ျဖစ္သူ ေဂ်ာ့ခ်္မန္းဒက္စ္တစ္ေယာက္ (၂၀၁၅) ခုႏွစ္မွာ မဂၤလာေဆာင္စဥ္က ေရာ္နယ္ဒုိက သူ႕ရဲ႕သတုိ႔သားအရန္လုပ္ေပးခဲ့ရပါတယ္။ ေရာ္နယ္ဒုိက ေဂ်ာ့ခ်္မန္းဒက္စ္ကုိ မဂၤလာလက္ဖြဲ႕အျဖစ္ ဂရိကၽြန္းတစ္ကၽြန္းကုိ လက္ေဆာင္ေပးခဲ့ၿပီး အဲဒီကၽြန္းရဲ႕တန္ဖုိးက အနည္းဆုံး ေပါင္ သန္း (၄၀) ေလာက္တန္တာပါ။
Source : TheSun
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#
လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတဲ့နေရာအတွက် မက်ဆီနဲ့ တစ်ချိန်လုံး ပြိုင်ဆိုင်နေခဲ့ရသူပါ။ ရော်နယ်ဒိုဟာ မက်ဆီလို ဘောလုံးနဲ့ပတ်သက်တဲ့ ပါရမီ ပါလာတာထက် သူ့ရဲ့ပြင်းထန်တဲ့လေ့ကျင့်မှုတွေကြောင့်သာ အကောင်းဆုံးခြေစွမ်းကို ရနေတာလို့ ပရိသတ်တော်တော်များများက သုံးသပ်ခဲ့ကြပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဟန်ဆောင်လှဲချတာတွေ၊ မင်းသားတစ်ယောက်လို အမူအရာလုပ်တာတွေ ရှိပေမယ့် ပရိသတ်တွေကတော့ သူတို့အားပေးတဲ့ ကစားသမားကို အပြစ်မမြင်ခဲ့ကြပါဘူး။

ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ဘောလုံးကစားပုံကနေသာ ပရိသတ်ရဲ့မေတ္တာကို ရယူတာမဟုတ်ပဲ ဘောလုံးရဲ့ပြင်ပမှာရှိတဲ့ လူမှုရေးလုပ်ငန်းတွေကနေလည်း ပရိသတ်ရဲ့မေတ္တာကို များစွာ ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပရိသတ်တွေသူ့ကိုမေ့မသွားအောင် ပြုလုပ်ခဲ့တဲ့ ကိစ္စပေါင်းများစွာရှိနေပြီး မေတ္တာကိုအရင်းခံလို့ ပြုလုပ်ခဲ့တဲ့ ဒီလုပ်ရပ်တွေက သူ့ကို တစ်သက်လုံးသတိရစေဖို့ ရည်ရွယ်ခဲ့သလားဆိုတာတော့ မသေချာပါဘူး။

(၁)။ ရွှေဖိနပ်ဆု

(၂၀၁၁) ခုနှစ်တုန်းက ဥရောပရဲ့ရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့ဆုကို ပေါင် (၁.၂) သန်းနဲ့ ရောင်းချပစ်ခဲ့ပါတယ်။ ဝင်ငွေတွေ ဒီလောက်ကောင်းနေတဲ့ ဘောလုံးသမားတစ်ယောက်က ဒီဆုကို ရောင်းစရာလိုလို့လားလို့ မေးခွန်းတွေရှိကြပေမယ့် ရော်နယ်ဒိုက အဲဒီပိုက်ဆံတွေကို ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ကလေးငယ်တွေအတွက် ကျောင်းဆောက်ပေးတဲ့နေရာမှာ အသုံးပြုခဲ့တာပါ။

(၂)။ Ballon d’Or ဆု

ရော်နယ်ဒိုဟာ (၂၀၁၃) ခုနှစ်မှာ ရရှိခဲ့တဲ့ သူ့ရဲ့ တန်ဖိုးရှိတဲ့ Ballon d’Or ဆုကို ထပ်ပြီးရောင်းချပစ်ခဲ့ပါတယ်။ အဲဒီဆုကိုရောင်းချခဲ့တဲ့အတွက် ပေါင် (၅) သိန်းကျော်ရရှိခဲ့ပြီး အဲဒီပိုက်ဆံတွေအားလုံးကို Make-A-Wish ဆိုတဲ့ ပရဟိတဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းခဲ့တာပါ။ အဲဒီဖောင်ဒေးရှင်းက ကလေးငယ်တွေအတွက် အကူအညီပေးနေတဲ့ ဖောင်ဒေးရှင်းဖြစ်ပြီး ရော်နယ်ဒိုက မကြာခဏဆိုသလို အဲဒီအဖွဲ့ဆီ လှူဒါန်းလေ့ရှိပါတယ်။

(၃)။ သံတမန်တစ်ယောက်

ရော်နယ်ဒိုဟာ ကလေးငယ်တွေကို ကူညီပေးတဲ့နေရာမှာ နာမည်ကြီးအဖွဲ့တွေဖြစ်ကြတဲ့ Save The Children ၊ Unicef နဲ့ World Vision တို့ရဲ့ သံတမန်ရာထူးကို လက်ခံထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အဲဒီအဖွဲ့အစည်းတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လေ့ရှိပြီး ကလေးငယ်တွေနဲ့ မကြာခဏ သွားရောက်တွေ့ဆုံသူလည်းဖြစ်ပါတယ်။

(၄)။ ဆုကြေးငွေတွေ

ရော်နယ်ဒိုဟာ ကွင်းတွင်းအောင်မြင်မှုတွေကနေ ရရှိတဲ့ ဆုကြေးငွေတွေကိုလည်း ကလေးငယ်တွေအတွက် လှူဒါန်းတတ်သူပါ။ (၂၀၁၃) ခုနှစ်တုန်းက သူကအတွက်ရရှိခဲ့တဲ့ ဆုကြေးငွေ ယူရို တစ်သိန်းစလုံးကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ဆီ လှူဒါန်းခဲ့ပါတယ်။ သူဟာ (၂၀၁၄) ခုနှစ်တုန်းကလည်း ရီးယဲလ်အသင်းဆီက ရရှိခဲ့တဲ့ ဆုကြေးငွေ ပေါင် (၄၅၀,၀၀၀) ကို အကုန်လှူဒါန်းပစ်ခဲ့သလို အဲဒီပိုက်ဆံတွေကို သူ သံတမန်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေဆီ လှူခဲ့ပါတယ်။

(၅)။ သွေးလှူရှင်တစ်ယောက်

အသက် (၃၃) နှစ်ရှိပြီဖြစ်ပေမယ့် ရော်နယ်ဒိုမှာ အခြားဘောလုံးသမားတွေလို တက်တူးတွေ ရှိမနေပါဘူး။ အကြောင်းရင်းကတော့ ရော်နယ်ဒိုဟာ ပုံမှန်သွေးလှူနေကြ လူတစ်ယောက်ဖြစ်ပြီး တက်တူးတွေကြောင့် သွေးလှူဒါန်းမှုရပ်လိုက်ရမှာကို စိုးရိမ်ခဲ့သူပါ။

(၆)။ သန်းချီတဲ့အလှူငွေတွေ

(၂၀၁၅) ခုနှစ်၊ နီပေါနိုင်ငံမှာ ပြင်းထန်တဲ့ ငလျှင်ဒဏ်ကို ခံခဲ့ရတုန်းက ရော်နယ်ဒိုဟာ သန်းချီတဲ့သူ့ရဲ့ပိုက်ဆံတွေကို လှူဒါန်းခဲ့ပါတယ်။ လူ (၉၀၀၀) လောက် သေဆုံးခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ ရော်နယ်ဒိုက ပေါင် (၅) သန်းလှူခဲ့ပြီး အဲဒီနေရာက ကလေးတွေကို ကူညီပေးနေတဲ့ Save The Children အဖွဲ့ရဲ့ ပရဟိတလုပ်ငန်းတွေအတွက် လှူဒါန်းခဲ့ပါတယ်။

(၇)။ ကင်ဆာကာကွယ်ရေး

ရော်နယ်ဒိုရဲ့မိခင် အေဗီရို ဟာ (၂၀၀၇) ခုနှစ်တုန်းက ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး ပြန်လည်သက်သာလာခဲ့သူပါ။ ရော်နယ်ဒိုက သူ့ရဲ့မိခင်ကို ပြန်ကောင်းအောင် ကုသပေးခဲ့တဲ့ ပေါ်တူဂီက ကင်ဆာကုသရေးစင်တာကို ကျေးဇူးတင်တဲ့အနေနဲ့ ပေါင် (၁၂၀,၀၀၀) လှူဒါန်းခဲ့ပါတယ်။

(၈)။ မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်သူ

လက်ဘနွန်မှာ အသေခံဗုံးခွဲသူတစ်ယောက်ကြောင့် မိဘတွေသေဆုံးသွားခဲ့တဲ့ မိဘမဲ့ကလေးငယ်တစ်ယောက်ကို ရော်နယ်ဒိုက ရီးယဲလ်အသင်းဆီ လာရောက်လည်ပတ်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ရီးယဲလ်အသင်းကို အားပေးတဲ့ ကလေးလေး ဟိုင်ဒါဟာ ရော်နယ်ဒိုရဲ့အစီအစဉ်နဲ့ ဘာနေဗျူးကိုရောက်ရှိလာခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်းက ရော်နယ်ဒိုကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

(၉)။ ကွင်းထဲဝင်လာသူတွေ

ရော်နယ်ဒိုဟာ ပွဲကစားနေချိန်အတွင်း ကွင်းထဲကိုဝင်ရောက်လာတဲ့ ပရိသတ်တွေကို လုံခြုံရေးတွေအတွက် ဖမ်းဆီးပေးတာမျိုး၊ ဒေါသထွက်တာမျိုး ဘယ်တုန်းကမှ လုပ်လေ့မရှိတဲ့သူပါ။ သူဟာ သူ့ဆီကိုပြေးလာတဲ့ပရိသတ်တွေကို လုံခြုံရေးတွေလက်ထဲကနေ ကာကွယ်ပေးတတ်ပြီး ကွင်းအပြင်ကို သူကိုယ်တိုင် ခေါ်သွားပေးတတ်သူပါ။ အဲဒီအပြင် ပရိသတ်နဲ့အတူ ဓာတ်ပုံရိုက်တာ၊ လက်မှတ်ထိုးပေးတာတွေကိုလည်း တတ်နိုင်သလောက် မငြင်းပဲ လုပ်ပေးတတ်သူဖြစ်ပါတယ်။

(၁၀)။ သူငယ်ချင်းကောင်းပီသတဲ့သူ

ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်းဒက်စ်တစ်ယောက် (၂၀၁၅) ခုနှစ်မှာ မင်္ဂလာဆောင်စဉ်က ရော်နယ်ဒိုက သူ့ရဲ့သတို့သားအရန်လုပ်ပေးခဲ့ရပါတယ်။ ရော်နယ်ဒိုက ဂျော့ချ်မန်းဒက်စ်ကို မင်္ဂလာလက်ဖွဲ့အဖြစ် ဂရိကျွန်းတစ်ကျွန်းကို လက်ဆောင်ပေးခဲ့ပြီး အဲဒီကျွန်းရဲ့တန်ဖိုးက အနည်းဆုံး ပေါင် သန်း (၄၀) လောက်တန်တာပါ။
Source : TheSun

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top