မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဂ်ပန္ႏုိင္ငံ ေနရာေဒသေတြမွာ မုိးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ ေရႀကီးေျမၿပဳိမႈမ်ားအတြင္း ေသဆုံးသူအေရအတြက္ ၁၉၉ ဦးအထိ ျမင့္တက္လာခဲ့ၿပီး ေပ်ာက္ဆုံးေနသူ ဒါဇင္နဲ႕ခ်ီ႐ွိေနေသးေၾကာင္း အစိုးရေျပာခြင့္ရပုဂၢဳိလ္က ယေန႕ (ဇူလုိင္ ၁၂ ရက္) ေျပာပါတယ္။

ယခုျဖစ္ရပ္ဟာ ဂ်ပန္မွာ ႏွစ္ေပါင္း ၃၀ အတြင္း မုိး႐ြာသြန္းမႈေၾကာင့္ အဆုိး႐ြားဆုံး ေဘးအႏၱရာယ္ ႀကဳံေတြ႕ခဲ့ရမႈျဖစ္ၿပီး ႐ွာေဖြကယ္ဆယ္ေရး ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္းလည္း ေျပာခြင့္ရပုဂၢဳိလ္ ယုိ႐ွီဟီဒီဆူဂါက ဆုိပါတယ္။

ဂ်ပန္ဝန္ႀကီး်ခ်ဳပ္ ႐ွင္ဇုိအေဘး ေရႀကီးေျမၿပဳိမႈမ်ား အဆုိးဆုံးျဖစ္ခဲ့တဲ့ ေနရာေဒသေတြကုိ ယမန္ေန႕ (ဇူလုိင္ ၁၁ ရက္) မွာ သြားေရာက္ၾကည့္႐ႈခဲ့ၿပီး ေသာၾကာေန႕ (ဇူလုိင္ ၁၃ ရက္) မွာလည္း မုိးသည္းထန္မႈေၾကာင့္ ေရႀကီးေျမၿပဳိမႈ အဆုိးဆုံးႀကဳံခဲ့ရတဲ့ ေနာက္ထပ္ ေနရာေတြကုိ သြားေရာက္ၾကည့္႐ႈမယ္လုိ႕ သိရပါတယ္။

ေရႀကီးေျမၿပဳိမႈေၾကာင့္ လူအမ်ားအျပား ေသဆုံးမႈေတြ႐ွိလာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အေဘးက ႏုိင္ငံ ၄ ခုသုိ႕ သြားေရာက္ရန္စီစဥ္ထားတဲ့ ၎ရဲ႕ခရီးစဥ္ေတြကုိ ဖ်က္သိမ္းခဲ့ပါတယ္။

လက္႐ွိမွာ မုိးသည္းထန္စြာ စံခ်ိန္တင္႐ြာသြန္းခဲ့ၿပီးေနာက္ သီတင္းတစ္ပတ္ၾကာခဲ့ၿပီးျဖစ္ရာ ေရႀကီးေျမၿပဳိမႈမ်ားအတြင္း ေပ်ာက္ဆုံးေနသူေတြကုိ အသက္႐ွင္လ်က္ ႐ွာေဖြေတြ႕႐ွိရန္ ေမွ်ာ္လင့္ခ်က္ေမွးမွိန္လာေၾကာင္းလည္း သိရပါတယ္။

ဂ်ပန္မွာ မုိးသည္းထန္ၿပီး ေရႀကီးေျမၿပဳိမႈေတြေၾကာင့္ လူဦးေရ ၁၀,၀၀၀ ကုိ ၎တုိ႕ေနအိမ္မ်ားမွ ေ႐ႊ႕ေျပာင္းေစခဲ့ၿပီး ကယ္ဆယ္ေရးစခန္းေတြမွာ ေနထုိင္လ်က္႐ွိပါတယ္။ ဂ်ပန္အစုိးရက ေရေဘးသင့္ျပည္သူေတြကုိ အေရးေပၚ ေထာက္ပံ့မႈမ်ားျဖင့္ ကူညီေပးၿပီး ေနအိမ္သုိ႕ျပန္ႏုိင္ရန္ စီစဥ္ေပးမယ္လို႕ ကတိျပဳ ေျပာၾကားထားပါတယ္။

"ကၽြန္ေတာ္တုိ႕ တတ္ႏုိင္သမွ် အားလုံး ေဆာင္႐ြက္ေပးသြားမွာပါ၊ ဒါေၾကာင့္ ေရေဘးသင့္ခဲ့တဲ့ ျပည္သူေတြအေနနဲ႕ ကယ္ဆယ္ေရးစခန္းေတြမွာ သက္ေသာင့္သက္သာမ႐ွိတဲ့ အေျခအေနနဲ႕ ဆက္ေနရသြားရမွာ မဟုတ္ပါဘူး" လုိ႕ ဝန္ႀကီးခ်ဳပ္အေဘးက ေျပာခဲ့ပါတယ္။

မုိးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီးေနာက္ ေရႀကီးေျမၿပဳိမႈ ျဖစ္ပြားတဲ့ေနရာေတြမွာ မီးသတ္သမားမ်ား၊ ကယ္ဆယ္ေရးဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕နဲ႕ စစ္တပ္အပါအဝင္ အင္အား ၇၃,၀၀၀ က ကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရပါတယ္။

ဂ်ပန္ႏုိင္ငံမွာ မုိးသည္းထန္စြာ ႐ြာသြန္းမႈနဲ႕ဆက္စပ္ၿပီး အဆုိး႐ြားဆုံး သဘာဝေဘးအႏၱရာယ္ကုိ ၂၀၁၄ ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္ ႀကဳံေတြ႕ခဲ့ရဖူးပါတယ္။ ထုိစဥ္က ဟီ႐ုိ႐ွီးမားေဒသမွ မုိးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီးေနာက္ ေျမၿပဳိမႈေတြ ျဖစ္ပြားခဲ့ရာ လူ ၇၄ ဦး ေသဆုံးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဂျပန်နိုင်ငံ နေရာဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုများအတွင်း သေဆုံးသူအရေအတွက် ၁၉၉ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ဒါဇင်နဲ့ချီရှိနေသေးကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇူလိုင် ၁၂ ရက်) ပြောပါတယ်။

ယခုဖြစ်ရပ်ဟာ ဂျပန်မှာ နှစ်ပေါင်း ၃၀ အတွင်း မိုးရွာသွန်းမှုကြောင့် အဆိုးရွားဆုံး ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရမှုဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါက ဆိုပါတယ်။

ဂျပန်ဝန်ကြီးျချုပ် ရှင်ဇိုအဘေး ရေကြီးမြေပြိုမှုများ အဆိုးဆုံးဖြစ်ခဲ့တဲ့ နေရာဒေသတွေကို ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မှာ သွားရောက်ကြည့်ရှုခဲ့ပြီး သောကြာနေ့ (ဇူလိုင် ၁၃ ရက်) မှာလည်း မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှု အဆိုးဆုံးကြုံခဲ့ရတဲ့ နောက်ထပ် နေရာတွေကို သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

ရေကြီးမြေပြိုမှုကြောင့် လူအများအပြား သေဆုံးမှုတွေရှိလာခဲ့ပြီးနောက် ဝန်ကြီးချုပ်အဘေးက နိုင်ငံ ၄ ခုသို့ သွားရောက်ရန်စီစဉ်ထားတဲ့ ၎င်းရဲ့ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

လက်ရှိမှာ မိုးသည်းထန်စွာ စံချိန်တင်ရွာသွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ်ကြာခဲ့ပြီးဖြစ်ရာ ရေကြီးမြေပြိုမှုများအတွင်း ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက်မှေးမှိန်လာကြောင်းလည်း သိရပါတယ်။

ဂျပန်မှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူဦးရေ ၁၀,၀၀၀ ကို ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းစေခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်လျက်ရှိပါတယ်။ ဂျပန်အစိုးရက ရေဘေးသင့်ပြည်သူတွေကို အရေးပေါ် ထောက်ပံ့မှုများဖြင့် ကူညီပေးပြီး နေအိမ်သို့ပြန်နိုင်ရန် စီစဉ်ပေးမယ်လို့ ကတိပြု ပြောကြားထားပါတယ်။

"ကျွန်တော်တို့ တတ်နိုင်သမျှ အားလုံး ဆောင်ရွက်ပေးသွားမှာပါ၊ ဒါကြောင့် ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ သက်သောင့်သက်သာမရှိတဲ့ အခြေအနေနဲ့ ဆက်နေရသွားရမှာ မဟုတ်ပါဘူး" လို့ ဝန်ကြီးချုပ်အဘေးက ပြောခဲ့ပါတယ်။


မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးမြေပြိုမှု ဖြစ်ပွားတဲ့နေရာတွေမှာ မီးသတ်သမားများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်အပါအဝင် အင်အား ၇၃,၀၀၀ က ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ဆက်စပ်ပြီး အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကို ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ထိုစဉ်က ဟီရိုရှီးမားဒေသမှ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၇၄ ဦး သေဆုံးခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top