န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ႈိးၿမိဳ႕ အမွတ္(၁၂)ရပ္ကြက္ရွိ NISSAN ကားဝပ္ေရွာ့ပိုင္ရွင္ ဦးၾကည္လင္းႏွင့္ သားျဖစ္သူ ကိုမ်ဳိးမင္းသန္႔တုိ႔ကဆုိလာစနစ္သုံး အေပ်ာ္တမ္း ႏွစ္ေယာက္စီးေမာ္ေတာ္ယာဥ္တစ္စီးကိုလား႐ိႈးနည္းပညာတကၠသိုလ္ေက်ာင္းမွ သီဟကို၊စိုင္းမင္းဆက္၊မိုင္းသန္းေမာင္၊သူရိန္မိုး၊ ႏိုင္လင္းေအာင္၊စိုင္းမင္းျပည့္စံု၊ဆန္းထြန္း၊VI BE စက္မႈအင္ဂ်င္နီယာေက်ာင္းသားအဖြဲ႔တို႔ ပူေပါင္းပါဝင္တီထြင္ ထုတ္လုပ္ရာ ေအာင္ျမင္ေၾကာင္း သိရသည္။

အဆုိပါ ေမာ္ေတာ္ယာဥ္ကုိ ပုရြက္ဆိတ္ဟု အမ်ဳိးအစား သတ္မွတ္ၿပီး ေမာ္ေတာ္ယာဥ္ အရြယ္အစားမွာ အလ်ား ၇ ေပ၊ အနံ ၂ ေပ ဆုိလာျပား ႏွစ္ခ်ပ္ႏွင့္ ဘက္ထရီငါးလုံး ရွိ၍ ရီမုဒ္ကြန္ထ႐ုိးစနစ္ျဖင့္ စက္ႏႈိးကာ ၇ မုိင္အထိ ေမာင္းႏွင္ႏုိင္ေၾကာင္း သိရသည္။

”ကြၽန္ေတာ္တုိ႔ ဒီေမာ္ေတာ္ယာဥ္ကိုစတင္ျပဳလုပ္တာ ၃ ပတ္အခ်ိန္ယူၿပီး ေဆာင္ရြက္ခဲ့ပါတယ္။ ပစၥည္းတန္ဖုိးနဲ႔ လက္ခအပါအဝင္ စုစုေပါင္း ၂၅ သိန္းခန္႔ကုန္က်ပါတယ္။ ကြၽန္ေတာ္တုိ႔ၿမိဳ႕တစ္ပတ္ကို စမ္းသပ္ေမာင္းႏွင္တဲ့အခါ ေအာင္ျမင္ပါတယ္။ ေလာေလာဆယ္ေတာ့ ကားအမ်ဳိးအစားကို ပုရြက္ဆိတ္လုိ႔ အမည္ေပးထားပါတယ္။

အေပ်ာ္တမ္း ႏွစ္ေယာက္စီးယာဥ္ကို စမ္းသပ္ထုတ္တာပါ”ဟု ဆုိလာစနစ္ ေမာ္ေတာ္ယာဥ္စြန္႔ဦးတီထြင္ ထုတ္လုပ္သူ ကိုမ်ဳိးမင္းသန္႔ကေျပာသည္။ယခုလုိ ဆုိလာစနစ္ ေမာ္ေတာ္ယာဥ္ကုိ ျပည္တြင္း၌ စြန္႔ဦးတီထြင္ ေအာင္ျမင္စြာ ထုတ္လုပ္ႏုိင္ပါက စက္သုံးဆီေလွ်ာ့ခ်ျခင္းျဖင့္ အေထာက္အကူ ျပဳႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပဥၥမ မ႑ိုင္
# Unicode Version ျဖင့္ ဖတ္ပါ #
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ NISSAN ကားဝပ်ရှော့ပိုင်ရှင် ဦးကြည်လင်းနှင့် သားဖြစ်သူ ကိုမျိုးမင်းသန့်တို့ကဆိုလာစနစ်သုံး အပျော်တမ်း နှစ်ယောက်စီးမော်တော်ယာဉ်တစ်စီးကိုလားရှိုးနည်းပညာတက္ကသိုလ်ကျောင်းမှ သီဟကို၊စိုင်းမင်းဆက်၊မိုင်းသန်းမောင်၊သူရိန်မိုး၊ နိုင်လင်းအောင်၊စိုင်းမင်းပြည့်စုံ၊ဆန်းထွန်း၊VI BE စက်မှုအင်ဂျင်နီယာကျောင်းသားအဖွဲ့တို့ ပူပေါင်းပါဝင်တီထွင် ထုတ်လုပ်ရာ အောင်မြင်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်ကို ပုရွက်ဆိတ်ဟု အမျိုးအစား သတ်မှတ်ပြီး မော်တော်ယာဉ် အရွယ်အစားမှာ အလျား ၇ ပေ၊ အနံ ၂ ပေ ဆိုလာပြား နှစ်ချပ်နှင့် ဘက်ထရီငါးလုံး ရှိ၍ ရီမုဒ်ကွန်ထရိုးစနစ်ဖြင့် စက်နှိုးကာ ၇ မိုင်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။

”ကျွန်တော်တို့ ဒီမော်တော်ယာဉ်ကိုစတင်ပြုလုပ်တာ ၃ ပတ်အချိန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပစ္စည်းတန်ဖိုးနဲ့ လက်ခအပါအဝင် စုစုပေါင်း ၂၅ သိန်းခန့်ကုန်ကျပါတယ်။ ကျွန်တော်တို့မြို့တစ်ပတ်ကို စမ်းသပ်မောင်းနှင်တဲ့အခါ အောင်မြင်ပါတယ်။ လောလောဆယ်တော့ ကားအမျိုးအစားကို ပုရွက်ဆိတ်လို့ အမည်ပေးထားပါတယ်။

အပျော်တမ်း နှစ်ယောက်စီးယာဉ်ကို စမ်းသပ်ထုတ်တာပါ”ဟု ဆိုလာစနစ် မော်တော်ယာဉ်စွန့်ဦးတီထွင် ထုတ်လုပ်သူ ကိုမျိုးမင်းသန့်ကပြောသည်။ယခုလို ဆိုလာစနစ် မော်တော်ယာဉ်ကို ပြည်တွင်း၌ စွန့်ဦးတီထွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက စက်သုံးဆီလျှော့ချခြင်းဖြင့် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပဉ္စမ မဏ္ဍိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top