မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေ၀ဖန္မႈေတြမ်ားစြာခံေနရတဲ့ နည္းျပဦးမ်ိဳးလိႈင္၀င္းရဲ႕ ျမန္မာယူ-၁၉အသင္းဟာ ယက္ကန္ယက္ကန္နဲ႔ အာဆီယံယူ-၁၉ခ်န္ပီယံရွစ္ ဆီမီးဖိုင္နယ္အဆင့္ကိုေတာ့ ေရာက္ရိွခဲ့ပါၿပီ။ျမန္မာယူ-၁၉ဟာအုပ္စုပြဲစဥ္အစမွာ တီေမာနဲ႔(၂ ဂိုးစီသေရက်ခဲ့လို႔ ေ၀ဖန္သံေတြဆူညံသြားခဲ့ပါတယ္။ ဒါေပမယ့္ ကေမ႓ာဒီးယားကို(၄)ဂိုး(၁)ဂိုး၊ ဘရူနိုင္းကို(၇)ဂိုး(၁)ဂိုးနဲ႔ အနိုင္ယူကာအုပ္စုတက္ေရး ေမ်ွာ္္လင့္ခ်က္ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ မေလးရွားကိုရွႈံးခဲ့တာေၾကာင့္ အုပ္စုတက္ေရးေမ်ွာ္လင့္ခ်က္တို႔ ေပ်ာက္ဆံုးသြားမလိုျဖစ္သြားခဲ့ရပါတယ္။

ဒါေပမယ့္တစ္ျခားပြဲစဥ္တစ္ပြဲျဖစ္တဲ့ တီေမာနဲ႔ကေမၻာဒီးယားပြဲမွာ ကေမၻာဒီးယားကတီေမာကုိ အနိုင္ရခဲ့တာေၾကာင့့္္ ကံေကာင္းေထာက္မစြာျမန္မာတို႔ ဆီမီးတက္ခြင့္ရခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာအုပ္စုဒုတိယရတဲ့ ျမန္မာအသင္းဟာ တစ္ဖက္အုပ္စုကပထမရတဲ့ထိုင္းအသင္းန႔ဲ ေတြ႕ဆံုေနပါတယ္။ ထိုင္းအသင္းဟာၿပိဳ္င္ပြဲ၀င္အသင္းေတြထဲမွာ အေတာင့္တင္းဆံုးျဖစ္ၿပီး ဒီၿပိဳင္ပြဲမွာခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့အိမ္ရွင္အင္ဒိုနီးရွားကိုေတာင္ သူ႔ကြင္းသူ႔ပရိသတ္ေရွ႕မွာ အနိုင္ကစားထားခဲ့တာပါ။ ျမန္မာအသင္းအတြက္ထိုင္းဟာ ဒီအဆင့္မွာအနိုင္ယူဖို႔ခက္ခဲလြန္းတဲ့ ၿပိဳင္ဘက္ဆိုလည္းမမွားပါဘူး။

ျမန္မာအသင္းဟာဆီမီးကိုတက္လာေပမယ့္ အားနည္းခ်က္ေတြရိွေနဆဲပါ။အမ်ားဆံုးေထာက္ျပခံရတဲ့ အားနညး္ခ်က္ကေတာ့ ပြဲတိုင္းဂိုးေပးေနရတဲ့ ေနာက္တန္းျဖစ္ပါတယ္။ တိုက္စစ္ကဂိုးေတြရေနေပမယ့္ ေနာက္တန္းကလည္း ပြဲတိုင္းဂိုးေပးထားရပါတယ္ ထိုင္းအသင္းလိုတိုက္စစ္ေကာင္းတ့ဲ အသင္းနဲ႔ေတြ႕ဆံုရာမွာေတာ့ ျမန္မာအသင္းအေနနဲ႔ အဆိုပါအားနည္းခ်က္ကို ျပင္ဖို႔လိုအပ္ေနပါတယ္။ နည္းျပဦးမ်ိဳးလိႈင္၀င္းဟာ ဒီၿပိဳင္ပြဲကိုဦးၾကည္လြင္ ေ႐ြးခ်ယ္ထားတ့ဲ ျမန္မာယူ-၂၁ကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားေခၚယူလာခဲ့ပါတယ္။

၀င္းနိုင္ထြန္း၊ ျမတ္ေကာင္းခန္႔တိုလို႔ ျမန္မာေနရွင္နယ္လိဂ္ရဲ႕ နာမည္ႀကီးကစားသမားေတြ ပါ၀င္ေနတာမလို႔႔ ျမန္မာယူ-၁၉ကို ဒီၿပိဳင္ပြဲမွာပရိသတ္ေတြက ခ်န္ပီယံအျဖစ္ ျမင္လိုေနၾကပါတယ္။ ျမန္မာယူ-၁၉ဟာနည္းျပ အေျပာင္းအလဲအလြန္မ်ားတဲ့ အသင္းျဖစ္ၿပီး နည္းျပဦးမ်ိဳးလိႈင္၀င္းဟာလည္းယူ -၁၉အသင္းကို တာ၀န္ယူတာမၾကာေသးပါဘူး။သူ႔အေနနဲ႔ျမန္မာယူ ၁၉ကို တာ၀န္ယူနိုင္တ့ဲ နည္းျပတစ္ဦးအျဖစ္ သက္ေသျပဖို႔ထိုင္းနဲ႔ပြဲမွာ သက္ေသျပဖို႔လိုေနပါတယ္ ဒီေန႔ညသံုးနာရီမွာ ထိုင္းနဲ႔ဆီမီးဖိုင္နယ္မွာ ဘယ္လိုရလဒ္ေတြထြက္လာမလဲဆိုတာကုိ ဆက္လက္ေစာင့္ၾကည့္သြားၾကပါစို႔….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Herry (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဝေဖန်မှုတွေများစွာခံနေရတဲ့ နည်းပြဦးမျိုးလှိုင်ဝင်းရဲ့ မြန်မာယူ-၁၉အသင်းဟာ ယက်ကန်ယက်ကန်နဲ့ အာဆီယံယူ-၁၉ချန်ပီယံရှစ် ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ရောက်ရှိခဲ့ပါပြီ။မြန်မာယူ-၁၉ဟာအုပ်စုပွဲစဉ်အစမှာ တီမောနဲ့(၂ ဂိုးစီသရေကျခဲ့လို့ ဝေဖန်သံတွေဆူညံသွားခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားကို(၄)ဂိုး(၁)ဂိုး၊ ဘရူနိုင်းကို(၇)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူကာအုပ်စုတက်ရေး မျှော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မလေးရှားကိုရှှုံးခဲ့တာကြောင့် အုပ်စုတက်ရေးမျှော်လင့်ချက်တို့ ပျောက်ဆုံးသွားမလိုဖြစ်သွားခဲ့ရပါတယ်။

ဒါပေမယ့်တစ်ခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ တီမောနဲ့ကမ္ဘောဒီးယားပွဲမှာ ကမ္ဘောဒီးယားကတီမောကို အနိုင်ရခဲ့တာကြောင့့်် ကံကောင်းထောက်မစွာမြန်မာတို့ ဆီမီးတက်ခွင့်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာအုပ်စုဒုတိယရတဲ့ မြန်မာအသင်းဟာ တစ်ဖက်အုပ်စုကပထမရတဲ့ထိုင်းအသင်းနဲ့ တွေ့ဆုံနေပါတယ်။ ထိုင်းအသင်းဟာပြိုင်ပွဲဝင်အသင်းတွေထဲမှာ အတောင့်တင်းဆုံးဖြစ်ပြီး ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အိမ်ရှင်အင်ဒိုနီးရှားကိုတောင် သူ့ကွင်းသူ့ပရိသတ်ရှေ့မှာ အနိုင်ကစားထားခဲ့တာပါ။ မြန်မာအသင်းအတွက်ထိုင်းဟာ ဒီအဆင့်မှာအနိုင်ယူဖို့ခက်ခဲလွန်းတဲ့ ပြိုင်ဘက်ဆိုလည်းမမှားပါဘူး။

မြန်မာအသင်းဟာဆီမီးကိုတက်လာပေမယ့် အားနည်းချက်တွေရှိနေဆဲပါ။အများဆုံးထောက်ပြခံရတဲ့ အားနည်းချက်ကတော့ ပွဲတိုင်းဂိုးပေးနေရတဲ့ နောက်တန်းဖြစ်ပါတယ်။ တိုက်စစ်ကဂိုးတွေရနေပေမယ့် နောက်တန်းကလည်း ပွဲတိုင်းဂိုးပေးထားရပါတယ် ထိုင်းအသင်းလိုတိုက်စစ်ကောင်းတဲ့ အသင်းနဲ့တွေ့ဆုံရာမှာတော့ မြန်မာအသင်းအနေနဲ့ အဆိုပါအားနည်းချက်ကို ပြင်ဖို့လိုအပ်နေပါတယ်။ နည်းပြဦးမျိုးလှိုင်ဝင်းဟာ ဒီပြိုင်ပွဲကိုဦးကြည်လွင် ရွေးချယ်ထားတဲ့ မြန်မာယူ-၂၁ကစားသမားတွေ တော်တော်များများခေါ်ယူလာခဲ့ပါတယ်။

ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်တိုလို့ မြန်မာနေရှင်နယ်လိဂ်ရဲ့ နာမည်ကြီးကစားသမားတွေ ပါဝင်နေတာမလို့ မြန်မာယူ-၁၉ကို ဒီပြိုင်ပွဲမှာပရိသတ်တွေက ချန်ပီယံအဖြစ် မြင်လိုနေကြပါတယ်။ မြန်မာယူ-၁၉ဟာနည်းပြ အပြောင်းအလဲအလွန်များတဲ့ အသင်းဖြစ်ပြီး နည်းပြဦးမျိုးလှိုင်ဝင်းဟာလည်းယူ -၁၉အသင်းကို တာဝန်ယူတာမကြာသေးပါဘူး။သူ့အနေနဲ့မြန်မာယူ ၁၉ကို တာဝန်ယူနိုင်တဲ့ နည်းပြတစ်ဦးအဖြစ် သက်သေပြဖို့ထိုင်းနဲ့ပွဲမှာ သက်သေပြဖို့လိုနေပါတယ် ဒီနေ့ညသုံးနာရီမှာ ထိုင်းနဲ့ဆီမီးဖိုင်နယ်မှာ ဘယ်လိုရလဒ်တွေထွက်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်သွားကြပါစို့….

ဖိုးသူတော် (www.phothutaw.com)
Credit: Herry (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top