×

အိမ္တစ္အိမ္၊ မိသားစုတစ္ခုမွာ ဘယ္လိုလူမ်ဳိးေတြေၾကာင့္ ဒုကၡေရာက္သြားေစႏုိင္သလဲ ဆုိတာ သဘာဝက်က် ေလ့လာသိရွိႏုိင္မယ့္ နည္းလမ္းပါ

အိမ္တစ္အိမ္ ၊ မိသားစု တစ္စုမွာ အကုသုိလ္ကံ ဝင္လာေတာ့မယ္ဆုိရင္…

အဲဒီ့အိမ္ အဲဒီ့မိသားစုရဲ႕…

    (၁) ဥာဏ္ပညာအားအနည္းဆုံး ပုဂၢိဳလ္
    (၂) သီလ အားအနည္းဆုံး ပုဂၢိဳလ္
    (၃) သတိအား အနည္းဆုံး ပုဂၢိဳလ္တုိ႔ဆီကေန အကုသိုလ္ကံက ၀င္လာႏုိင္ခြင့္ အရွိဆုံးလုိ႔ ယူဆမိပါတယ္။

ဥာဏ္ပညာ အားနည္းတဲ့ ပုဂၢိဳလ္

အဲသည့္ပုဂၢိဳလ္မ်ဳိးက အေကာင္းမွန္းလည္း မသိ၊ အဆုိးမွန္းလည္းမသိ သူက မသိျခင္းေတြမ်ားသူပါ။ ဆုိေတာ့ ေကာင္းဆုိးမွန္မွားမွ မခြဲျခားနုိင္သည့္အတြက္ အကုသုိလ္ကံက ႏွိပ္စက္ႏုိင္ဖို႔ အလြန္ လြယ္ပါတယ္။

ျမတ္မယ္ဆုိလုိ႔ ရွယ္ယာထည့္လုိက္မိတာ အခုေတာ့ ကုန္ပါၿပီ၊  ေရႊေတြ ပြားေပးမယ္ဆုိလုိ႔ ဘုိးေတာ္ကုိ ယုံမွတ္ၿပီး ရွိသမွ်ေလး အပ္မိခဲ့ပါတယ္ မြဲပါၿပီရွင္႔ .. စသည္ျဖင့္ အလြန္ ပ်က္ဆီးလြယ္တဲ့ အကုသုိလ္ကံ ႏွိပ္စက္လြယ္လွပါသဗ်ား။

သီလ အားနည္းလွသည့္ပုဂၢိဳလ္က်ေတာ့ ေစာင့္ထိမ္းျခင္း ယိုယြင္းႏုိင္တာမို႔

အရက္အမူးလြန္ၿပီး မွားသြားခဲ့တာပါတုိ႔ ၊ သူမ်ား မယား ျပစ္မွားမိသြားတယ္တုိ႔…..
မယူသင့္တာ ယူမိ …ခုိးမိ….လိမ္မိ….ဘုန္းမိ…စသည္ျဖင္ လုပ္မိရာက ေထာင္နန္းစံရ၊ ပ်က္ဆီးရ ဘဝ ေရတိမ္နစ္ ရလြယ္ပါတယ္။

ဒါေၾကာင့္ သီလ အားနည္းလွသည့္ ပုဂၢိဳလ္မ်ဳိး အိမ္မွာ ရွိခဲ့ရင္ အကုသုိလ္ကံက တံခါး ေခါက္သည့္အခါ သူ႔တံခါးကုိ အရင္ဆုံး ေခါက္ပါလိမ့္မယ္။ က်န္တဲ့မိသားစုေတြ၊ သူနဲ႔ ပတ္သက္သမွ်ေတြလည္း ဆင္းရဲျခင္း က်ေရာက္ေတာ့တာပါပဲ။

သတိအားနည္းၾကသူမ်ားက်ေတာ့ …

ဥာဏ္ပညာလည္းရွိ၊ သီလလညး္ ျမဲေနပါေစဦး။ သတိ အားနည္း ခၽြတ္ေခ်ာ္တတ္ေတာ့…

အိမ္တံခါး ခ်က္ခ်ဖုိ႔ ေမ့ေနမိတာ ခုေတာ့ သူခုိးမ သြားပါပေကာလား..။ အမွတ္တမဲ့နဲ႔ က်က်န္ခဲ့တာျဖစ္မယ္ အေရးႀကီးတဲ့ ဖုိင္ေတြ အကုန္ပါသြားၿပီ၊ ျပႆနာေတာ့ တက္ပါၿပီ စသည္ျဖင့္ သတိတရား ခၽြတ္ေခ်ာ္မႈေၾကာင့္ မဆုံးရႈံးသင့္တာ ဆုံးရႈံးၿပီး ဘ၀ပ်က္ဆီး နစ္နာရတတ္ပါတယ္။

တစ္ခါက မနွစ္က သၾကၤန္ထင္ပါရဲ႕ မိသားစုတစ္စု အခါတြင္းမွာ ခရီးထြက္ၾကတယ္။ အိမ္ကုိ လူေစာင့္ မထားခဲ့မိေလေတာ့ ေနာက္ပုိင္းက အိမ္ကုိ ေဖာက္သြားတာ ရွိသမွ် အကုန္ကုန္ပါေလေရာလား။ လုပ္ငန္း လည္ပတ္ေငြသား ၊ လက္ဝတ္လက္စား ၊ စာခ်ဳပ္စာတမ္းေတြကအစ အကုန္ကုိပါသြားရွာရဲ႕။

ေျပာရရင္ သတိကင္းမဲ့ျခင္းသည္လည္း အကုသုိလ္ကံက ႏွိပ္စက္ဖ်က္ဆီးလြယ္ေသာ အေၾကာင္းတရားတစ္ခု ျဖစ္ပါတယ္ခင္ဗ်ား။

မိသားစုတစ္စုအေပၚကုိ အကုသုိလ္ကံ က်ေရာက္ေတာ့မယ္ဆုိရင္အထက္ပါ ပုဂၢိဳလ္ေတြသည္ အကုသုိလ္ကံရဲ႕ တံခါးကုိ အပြင့္လြယ္ေစဆုံး ပုဂၢိဳလ္ေတြလုိ႔ ဆုိရပါလိမ့္မယ္ခင္ဗ်ား။

မိသားစုမ်ားအားလုံး အကုသုိလ္ကံအက်ဳိးေပး ႏွိပ္စက္ျခင္းမွ သက္သာရာ ရၾကပါေစ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ကုိစုိးမုိးထြန္း (ေဗဒင္ပညာသုေတသီ)

#Unicode Version#
အိမ်တစ်အိမ်၊ မိသားစုတစ်ခုမှာ ဘယ်လိုလူမျိုးတွေကြောင့် ဒုက္ခရောက်သွားစေနိုင်သလဲ ဆိုတာ သဘာဝကျကျ လေ့လာသိရှိနိုင်မယ့် နည်းလမ်းပါ

အိမ်တစ်အိမ် ၊ မိသားစု တစ်စုမှာ အကုသိုလ်ကံ ဝင်လာတော့မယ်ဆိုရင်…

အဲဒီ့အိမ် အဲဒီ့မိသားစုရဲ့…

    (၁) ဉာဏ်ပညာအားအနည်းဆုံး ပုဂ္ဂိုလ်
    (၂) သီလ အားအနည်းဆုံး ပုဂ္ဂိုလ်
    (၃) သတိအား အနည်းဆုံး ပုဂ္ဂိုလ်တို့ဆီကနေ အကုသိုလ်ကံက ၀င်လာနိုင်ခွင့် အရှိဆုံးလို့ ယူဆမိပါတယ်။

ဉာဏ်ပညာ အားနည်းတဲ့ ပုဂ္ဂိုလ်

အဲသည့်ပုဂ္ဂိုလ်မျိုးက အကောင်းမှန်းလည်း မသိ၊ အဆိုးမှန်းလည်းမသိ သူက မသိခြင်းတွေများသူပါ။ ဆိုတော့ ကောင်းဆိုးမှန်မှားမှ မခွဲခြားနိုင်သည့်အတွက် အကုသိုလ်ကံက နှိပ်စက်နိုင်ဖို့ အလွန် လွယ်ပါတယ်။

မြတ်မယ်ဆိုလို့ ရှယ်ယာထည့်လိုက်မိတာ အခုတော့ ကုန်ပါပြီ၊  ရွှေတွေ ပွားပေးမယ်ဆိုလို့ ဘိုးတော်ကို ယုံမှတ်ပြီး ရှိသမျှလေး အပ်မိခဲ့ပါတယ် မွဲပါပြီရှင့် .. စသည်ဖြင့် အလွန် ပျက်ဆီးလွယ်တဲ့ အကုသိုလ်ကံ နှိပ်စက်လွယ်လှပါသဗျား။

သီလ အားနည်းလှသည့်ပုဂ္ဂိုလ်ကျတော့ စောင့်ထိမ်းခြင်း ယိုယွင်းနိုင်တာမို့

အရက်အမူးလွန်ပြီး မှားသွားခဲ့တာပါတို့ ၊ သူများ မယား ပြစ်မှားမိသွားတယ်တို့…..
မယူသင့်တာ ယူမိ …ခိုးမိ….လိမ်မိ….ဘုန်းမိ…စသည်ဖြင် လုပ်မိရာက ထောင်နန်းစံရ၊ ပျက်ဆီးရ ဘဝ ရေတိမ်နစ် ရလွယ်ပါတယ်။

ဒါကြောင့် သီလ အားနည်းလှသည့် ပုဂ္ဂိုလ်မျိုး အိမ်မှာ ရှိခဲ့ရင် အကုသိုလ်ကံက တံခါး ခေါက်သည့်အခါ သူ့တံခါးကို အရင်ဆုံး ခေါက်ပါလိမ့်မယ်။ ကျန်တဲ့မိသားစုတွေ၊ သူနဲ့ ပတ်သက်သမျှတွေလည်း ဆင်းရဲခြင်း ကျရောက်တော့တာပါပဲ။

သတိအားနည်းကြသူများကျတော့ …

ဉာဏ်ပညာလည်းရှိ၊ သီလလညး် မြဲနေပါစေဦး။ သတိ အားနည်း ချွတ်ချော်တတ်တော့…

အိမ်တံခါး ချက်ချဖို့ မေ့နေမိတာ ခုတော့ သူခိုးမ သွားပါပကောလား..။ အမှတ်တမဲ့နဲ့ ကျကျန်ခဲ့တာဖြစ်မယ် အရေးကြီးတဲ့ ဖိုင်တွေ အကုန်ပါသွားပြီ၊ ပြဿနာတော့ တက်ပါပြီ စသည်ဖြင့် သတိတရား ချွတ်ချော်မှုကြောင့် မဆုံးရှုံးသင့်တာ ဆုံးရှုံးပြီး ဘဝပျက်ဆီး နစ်နာရတတ်ပါတယ်။

တစ်ခါက မနှစ်က သင်္ကြန်ထင်ပါရဲ့ မိသားစုတစ်စု အခါတွင်းမှာ ခရီးထွက်ကြတယ်။ အိမ်ကို လူစောင့် မထားခဲ့မိလေတော့ နောက်ပိုင်းက အိမ်ကို ဖောက်သွားတာ ရှိသမျှ အကုန်ကုန်ပါလေရောလား။ လုပ်ငန်း လည်ပတ်ငွေသား ၊ လက်ဝတ်လက်စား ၊ စာချုပ်စာတမ်းတွေကအစ အကုန်ကိုပါသွားရှာရဲ့။

ပြောရရင် သတိကင်းမဲ့ခြင်းသည်လည်း အကုသိုလ်ကံက နှိပ်စက်ဖျက်ဆီးလွယ်သော အကြောင်းတရားတစ်ခု ဖြစ်ပါတယ်ခင်ဗျား။

မိသားစုတစ်စုအပေါ်ကို အကုသိုလ်ကံ ကျရောက်တော့မယ်ဆိုရင်အထက်ပါ ပုဂ္ဂိုလ်တွေသည် အကုသိုလ်ကံရဲ့ တံခါးကို အပွင့်လွယ်စေဆုံး ပုဂ္ဂိုလ်တွေလို့ ဆိုရပါလိမ့်မယ်ခင်ဗျား။

မိသားစုများအားလုံး အကုသိုလ်ကံအကျိုးပေး နှိပ်စက်ခြင်းမှ သက်သာရာ ရကြပါစေ…။

ဖိုးသူတော် (www.phothutaw.com)
Credit:ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top