မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနရေသာ ျမန္မာ လုပ္သားႏွစ္ဦးအနက္ ေဇာ္လင္း သည္ တစ္လတိုက္ပိတ္ခံထားရ ၿပီး လာမည့္ ၾသဂုတ္အတြင္း ၎တို႔ႏွစ္ဦးကို အယူခံအမိန္႔ခ်ဖြယ္ရွိ သည္ဟု ေဇာ္လင္းက ခန္႔မွန္းေျပာ ၾကားေၾကာင္း ျမန္မာသံ႐ံုးအထူး အဖြဲ႕မွ ကိုမင္းဦးက ေျပာသည္။

ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံ ႐ံုးမွ တာဝန္ရွိသူမ်ားသည္ ဘန္ ေကာက္ၿမိဳ႕ရွိ ဘန္ခြမ္အက်ဥ္း ေထာင္အတြင္း ေသဒဏ္က်ခံေန ရေသာ ျမန္မာလုပ္သား ေဇာ္လင္း ႏွင့္ ဝင္းေဇာ္ထြန္းတို႔ကို ယမန္ ေန႔တြင္ ေထာင္ဝင္စာသြားေရာက္ ေတြ႕ဆံုခဲ့သည္။

မူးယစ္ေဆးဝါးမႈျဖင့္ ေသ ဒဏ္က်ခံေနရေသာ ထုိင္းႏိုင္ငံ သားတစ္ဦးသည္ ေဇာ္လင္းကို ရန္မူေနၿပီး တိုက္ခိုက္ရန္ ႀကိဳးစား လာ၍ ေဇာ္လင္းက အဆိုပါထုိင္း ႏိုင္ငံသားအား ျပန္လည္ခုခံမႈ ေၾကာင့္ ေထာင္အရာရွိမ်ားက ဇူလိုင္ ၄ ရက္ကစ၍ ေဇာ္လင္းကို တစ္လတိတိ တိုက္ပိတ္ထား ေၾကာင္း ကိုမင္းဦးက ရွင္းျပသည္။ ‘‘တိုက္ပိတ္ထားေတာ့ မေန ႏိုင္ဘူးလို႔ ေျပာတယ္။ ကၽြန္ေတာ္ တို႔ေထာင္အရာရွိနဲ႔ေတြ႕ဆံုၿပီး ေတာင္းဆိုေပးခဲ့ပါတယ္။ စည္း ကမ္းအရ တစ္လျပည့္ရင္ေတာ့ ေနထုိင္ပံုေတြၾကည့္ၿပီး အရင္ေန ရာကို ျပန္ထားေပးမယ္လို႔ ေျပာ ပါတယ္’’ဟု ၎က ေျပာသည္။

ထုိ႔အျပင္ ျမန္မာလုပ္သား ႏွစ္ဦးသည္ ေသဒဏ္က်ခံရမည့္ အေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္ ေၾကာက္လန္႔ေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

‘‘ၿပီးခဲ့တဲ့လက သူတို႔ေထာင္ မွာ လူသတ္မႈနဲ႔ တစ္ေယာက္ကို သူတို႔ေရွ႕မွာပဲ ေသဒဏ္အျပစ္ ေပးလိုက္တယ္။ အဲဒါကို ျမင္ေတြ႕ၿပီး သူတို႔က စိုးရိမ္ေနၾကတာေပါ့။ ေနာက္ၿပီး အယူခံတင္ၿပီး တစ္ႏွစ္ျပည့္ရင္ အမိန္႔ခ်တယ္လို႔ သူတို႔ က ခန္႔မွန္းေျပာလိုက္တယ္’’ ဟု ကိုမင္းဦးက ေျပာသည္။

လိပ္ကြၽန္းလူသတ္မႈအတြက္ ေသဒဏ္ ခ်မွတ္ခံထားရေသာ ျမန္မာလုပ္သားႏွစ္ဦး၏ အက်ိဳးေဆာင္ေရွ႕ေနမ်ားျဖစ္သည့္ ထုိင္း ႏိုင္ငံ ေရွ႕ေနေကာင္စီမွ ေရွ႕ေနမ်ားသည္ စာမ်က္ႏွာ ၃၁၈ မ်က္ႏွာ ပါရွိေသာ ေနာက္ဆံုးအယူခံကို ၂၀၁၇ ၾသဂုတ္ ၂၁ ရက္က ထုိင္းႏိုင္ငံ ေကာ့စမြီတရား႐ံုးသို႔ တင္သြင္းထားသည္။ ထုိ႔ေၾကာင့္ လာမည့္ ၾသဂုတ္ ၂၁ ရက္တြင္ အယူခံတင္သြင္းမႈ တစ္ႏွစ္ျပည့္မည္ ျဖစ္သည္။

သို႔ေသာ္ ျမန္မာဘက္က တင္သြင္းသည့္ေနာက္ဆံုးအယူခံ ကို ေခ်ဖ်က္သည့္ အယူခံေလွ်ာက္ လဲခ်က္ကို တရားလိုထုိင္းရဲတပ္ဖြဲ႕ က ၿပီးခဲ့သည့္ မတ္လ ၉ ရက္တြင္ တင္သြင္းခဲ့သည္။ ယခုေနာက္ဆံုး အယူခံ႐ႈံးနိမ့္ပါက ျမန္မာလုပ္ သားႏွစ္ဦးအေနျဖင့္ ထုိင္းဘုရင္ မင္းျမတ္ထံ အသနားခံစာတင္ ရန္သာ က်န္ရွိေတာ့သည္။

ေနာက္ဆံုးအယူခံတြင္ ျမန္ မာအႀကံေပးအဖြဲ႕က ေပးပို႔သည့္ အခ်က္ႏွင့္ ထုိင္းႏိုင္ငံေရွ႕ေနမ်ား ေကာင္စီက ေရြးခ်ယ္ထားသည့္ အခ်က္မ်ား စုေပါင္းတင္ျပထား သည္။ ထိုင္းႏုိင္ငံသို႔ လာေရာက္ လည္ပတ္ေသာ (၂၄)ႏွစ္အရြယ္ ၿဗိတိန္ႏုိင္ငံသား ေဒးဗစ္မီလာႏွင့္ (၂၃)ႏွစ္အရြယ္ ဟန္နာဝစ္သာ ရစ္ခ်္တို႔သည္ ၂၀၁၄ စက္တင္ဘာ ၁၄ ရက္ ညဥ့္သန္းေခါင္တြင္ ထိုင္းႏိုင္ငံေတာင္ပိုင္း ဆူရတ္ဌာနီခ႐ိုင္ လိပ္ကြၽန္း၌ အသတ္ခံရၿပီး ေဇာ္လင္းႏွင့္ ဝင္းေဇာ္ထြန္းတို႔ကို လူသတ္မႈ၊ မုဒိမ္းမႈ၊ လုယက္မႈအပါအဝင္ ပုဒ္မခုနစ္ခုျဖင့္ ေသဒဏ္အျပစ္ေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
# Unicode Version ျဖင့္ ဖတ္ပါ #
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရသော မြန်မာ လုပ်သားနှစ်ဦးအနက် ဇော်လင်း သည် တစ်လတိုက်ပိတ်ခံထားရ ပြီး လာမည့် သြဂုတ်အတွင်း ၎င်းတို့နှစ်ဦးကို အယူခံအမိန့်ချဖွယ်ရှိ သည်ဟု ဇော်လင်းက ခန့်မှန်းပြော ကြားကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ကိုမင်းဦးက ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးမှ တာဝန်ရှိသူများသည် ဘန် ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်း ထောင်အတွင်း သေဒဏ်ကျခံနေ ရသော မြန်မာလုပ်သား ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို ယမန် နေ့တွင် ထောင်ဝင်စာသွားရောက် တွေ့ဆုံခဲ့သည်။

မူးယစ်ဆေးဝါးမှုဖြင့် သေ ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံ သားတစ်ဦးသည် ဇော်လင်းကို ရန်မူနေပြီး တိုက်ခိုက်ရန် ကြိုးစား လာ၍ ဇော်လင်းက အဆိုပါထိုင်း နိုင်ငံသားအား ပြန်လည်ခုခံမှု ကြောင့် ထောင်အရာရှိများက ဇူလိုင် ၄ ရက်ကစ၍ ဇော်လင်းကို တစ်လတိတိ တိုက်ပိတ်ထား ကြောင်း ကိုမင်းဦးက ရှင်းပြသည်။ ‘‘တိုက်ပိတ်ထားတော့ မနေ နိုင်ဘူးလို့ ပြောတယ်။ ကျွန်တော် တို့ထောင်အရာရှိနဲ့တွေ့ဆုံပြီး တောင်းဆိုပေးခဲ့ပါတယ်။ စည်း ကမ်းအရ တစ်လပြည့်ရင်တော့ နေထိုင်ပုံတွေကြည့်ပြီး အရင်နေ ရာကို ပြန်ထားပေးမယ်လို့ ပြော ပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာလုပ်သား နှစ်ဦးသည် သေဒဏ်ကျခံရမည့် အရေးနှင့်ပတ်သက်ပြီး စိုးရိမ် ကြောက်လန့်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ပြီးခဲ့တဲ့လက သူတို့ထောင် မှာ လူသတ်မှုနဲ့ တစ်ယောက်ကို သူတို့ရှေ့မှာပဲ သေဒဏ်အပြစ် ပေးလိုက်တယ်။ အဲဒါကို မြင်တွေ့ပြီး သူတို့က စိုးရိမ်နေကြတာပေါ့။ နောက်ပြီး အယူခံတင်ပြီး တစ်နှစ်ပြည့်ရင် အမိန့်ချတယ်လို့ သူတို့ က ခန့်မှန်းပြောလိုက်တယ်’’ ဟု ကိုမင်းဦးက ပြောသည်။

လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ် ချမှတ်ခံထားရသော မြန်မာလုပ်သားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေများဖြစ်သည့် ထိုင်း နိုင်ငံ ရှေ့နေကောင်စီမှ ရှေ့နေများသည် စာမျက်နှာ ၃၁၈ မျက်နှာ ပါရှိသော နောက်ဆုံးအယူခံကို ၂၀၁၇ သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်းထားသည်။ ထို့ကြောင့် လာမည့် သြဂုတ် ၂၁ ရက်တွင် အယူခံတင်သွင်းမှု တစ်နှစ်ပြည့်မည် ဖြစ်သည်။

သို့သော် မြန်မာဘက်က တင်သွင်းသည့်နောက်ဆုံးအယူခံ ကို ချေဖျက်သည့် အယူခံလျှောက် လဲချက်ကို တရားလိုထိုင်းရဲတပ်ဖွဲ့ က ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် တင်သွင်းခဲ့သည်။ ယခုနောက်ဆုံး အယူခံရှုံးနိမ့်ပါက မြန်မာလုပ် သားနှစ်ဦးအနေဖြင့် ထိုင်းဘုရင် မင်းမြတ်ထံ အသနားခံစာတင် ရန်သာ ကျန်ရှိတော့သည်။

နောက်ဆုံးအယူခံတွင် မြန် မာအကြံပေးအဖွဲ့က ပေးပို့သည့် အချက်နှင့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ရွေးချယ်ထားသည့် အချက်များ စုပေါင်းတင်ပြထား သည်။ ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော (၂၄)နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာနှင့် (၂၃)နှစ်အရွယ် ဟန်နာဝစ်သာ ရစ်ချ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း၌ အသတ်ခံရပြီး ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုအပါအဝင် ပုဒ်မခုနစ်ခုဖြင့် သေဒဏ်အပြစ်ပေးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top