စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ဝမ္းတြင္းၿမိဳ႕နယ္ လိန္ပင္အုပ္စု ေျမာက္ဇခ်မ္းကုန္းေက်း႐ြာ၌ ဇြန္လ ၃၀ ရက္ေန႔က အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း ယင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး႐ံုးထံမွ သိရသည္။

ေသဆံုးသူမွာ လိန္ပင္အုပ္စု ေျမာက္ဇခ်မ္းကုန္းေက်း႐ြာမွ ေဒၚတုတ္ဆိုသူျဖစ္ၿပီး ေနအိမ္ၿခံဝင္းအတြင္းရွိ ႏြားစာတဲဝါးထုပ္တန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးခဲ့ျခင္းျဖစ္ၿပီး ခႏၶာကိုယ္ျပင္ပတြင္ အျခားဒဏ္ရာ မေတြ႔ရေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္၊ မဟုတ္ စံုစမ္းစစ္ေဆးႏိုင္ရန္ ဒုတိယရဲမွဴး ရဲဝင္းက တရားလိုျပဳတိုင္တန္းသျဖင့္ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ (၉/၂၀၁၈) ျဖင့္ အမႈဖြင့္ေပးထားေၾကာင္း ယင္းရဲစခန္းထံမွသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thevoice

#Unicode Version#
ဝမ်းတွင်းမြို့နယ် လိန်ပင်အုပ်စု မြောက်ဇချမ်းကုန်းကျေးရွာ၌ ဇွန်လ ၃၀ ရက်နေ့က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

သေဆုံးသူမှာ လိန်ပင်အုပ်စု မြောက်ဇချမ်းကုန်းကျေးရွာမှ ဒေါ်တုတ်ဆိုသူဖြစ်ပြီး နေအိမ်ခြံဝင်းအတွင်းရှိ နွားစာတဲဝါးထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပတွင် အခြားဒဏ်ရာ မတွေ့ရကြောင်း ရဲမှတ်တမ်းအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ဒုတိယရဲမှူး ရဲဝင်းက တရားလိုပြုတိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈) ဖြင့် အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top