န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မေကြးၿမိဳ႕၊ မေကြးပရဟိတအသင္းႀကီး တည္ေထာင္ျခင္း ၆ ႏွစ္ ျပည့္ေျမာက္ခဲ့သည့္ ၂၀၁၈ ခုႏွစ္မွစတင္၍ ႏွစ္စဥ္ ဇူလိုင္လေရာက္တိုင္း မေကြးၿမိဳ႕နယ္အတြင္းရွိ ျပည္သူလုထု၏ အသက္အိုးအိမ္စည္းစိမ္အား ကိုယ္က်ိဳးမငဲ့ကြက္ပဲ ပရဟိတစိတ္ဓါတ္အျပည့္ျဖင့္ ကူညီလုပ္ကိုင္ေပးနိုင္သည့္ လူပုဂၢိဳလ္(၂)ဦးအား ႏွစ္စဥ္ေရြးခ်ယ္ကာ မေကြးၿမိဳ႕ႀကီးအား ဂုဏ္ျမင့္ေအာင္ စြမ္းေဆာင္နိုင္သူမ်ားအျဖစ္ သတ္မွတ္၍ မေကြးဂုဏ္ရည္ဆုရွင္မ်ားအျဖစ္ ေရြးခ်ယ္ျခင္းျဖစ္သည္။

၂၀၁၇-၂၀၁၈ခုႏွစ္အတြက္ မေကြးၿမိဳ႕၏ ဂုဏ္အားျမင့္တင္ေအာင္ စြမ္းေဆာင္နိုင္သူမ်ားအျဖစ္ မေကြးဂုဏ္ရည္ဆုအား ယာဥ္ထိန္းရဲ တပ္ၾကပ္ႀကီး ခင္ေမာင္စိုး (၄၄ ႏွစ္) ႏွင့္ ယာဥ္ထိန္းရဲေမ တပ္သား ပပဝင္း (၂၈ ႏွစ္) တို႔ကို မေကြးပရဟိတအသင္းႀကီးမွ ေရြးခ်ယ္ခ်ီးျမႇင့္ေၾကာင္း သိရွိရသည္။

'မေကြးဂုဏ္ရည္ ပထမအဆင့္'
**********************************

အမည္ - တတက ခင္ေမာင္စိုး
အသက္ - ၄၄ ႏွစ္
ကိုယ္ပိုင္အမွတ္  - လ/၁၆၈၀၉၅
ယာဥ္ထိန္းျဖစ္သည့္ႏွစ္  - ၅.၀၈.၂၀၀၈
ေနရပ္ - တိုင္းအကူတပ္ဖြဲ႕ဝန္း၊မေကြးၿမိဳ႕။

ယာဥ္ထိန္းရဲတပ္ၾကပ္ႀကီး ဦးခင္ေမာင္စိုးအား မေကြးၿမိဳ႕ခံျပည္သူမ်ားအေနျဖင့္ မသိသူမရွိ
သေလာက္ျဖစ္ပါလိမ့္မည္။ ေနပူ မိုးရြာမေရွာင္ မိမိတာဝန္က်ရာေနရာတြင္ မခိုမကပ္ပဲ အျမဲလမ္းမေပၚတြင္ လမ္းရွင္းေပးေနသျဖင့္ ၿမိဳ႕ခံလူထု၊ ကား၊ ဆိုင္ကယ္စီးနင္းသူမ်ား၏ ေလးစားခ်စ္ခင္မွု႔ကို အျပည့္အဝရရွိထားသည့္ ျပည္သူ႔ဝန္ထမ္းေကာင္း တစ္ဦးအျဖစ္ သတ္မွတ္ပါသျဖင့္ မေကြးဂုဏ္ရည္ဆု ပထမအဆင့္အား ေရြးခ်ယ္ေပးအပ္ရျခင္းျဖစ္
ပါသည္။

'မေကြးဂုဏ္ရည္ ဒုတိယအဆင့္'
**********************************

အမည္ - တသ ပပဝင္း
ကိုယ္ပိုင္အမွတ္ - လ/၂၆၁၁၂၇
အသက္ - ၂၈ ႏွစ္
ယာဥ္ထိန္းျဖစ္သည့္ႏွစ္ - ၃၀.၁၁.၂၀၁၅
ေနရပ္ - တိုင္းအကူတပ္ဖြဲဝန္း၊ မေကြးၿမိဳ႕။

ယာဥ္ထိန္းရဲေမ တပ္သား မပပဝင္း ဟာလည္း အသက္ငယ္ရြယ္ၿပီး လုပ္သက္ႏုေသးေသာ္လည္း မိမိတာဝန္က်ရာ ေက်ာင္းမ်ား၊ ေစ်းမ်ား၊ ရာသီပြဲေတာ္မ်ားတြင္ အေကာင္းဆုံး ယာဥ္လမ္းေၾကာင္းမရွုပ္ေထြးေအာင္ ကူညီေပးနိုင္ခဲ့ပါသည္။

က်န္းမာေရးခ်ိဳ႕တဲ့သူတစ္ဦးျဖစ္ၿပီး ေဆးသြင္း၊ ေဆးေသာက္လုပ္ေနရသည့္တိုင္ေအာင္ ခြင့္မယူဘဲ
မိမိတာဝန္မ်ားကို ေက်ပြန္စြာေဆာင္ရြက္ေနသည္ကို ျမင္ေတြ႕ရသည့္အတြက္ ယခုႏွစ္၏ မေကြးဂုဏ္ရည္ ဒုတိယအဆင့္ အား ေပးအပ္ရန္ေရြးခ်ယ္ရျခင္းျဖစ္ပါသည္။

ဆုေရြးခ်ယ္ခံရသူ(၂)ဦးအား ၁၉.၀၇.၂၀၁၈(အာဇာနည္ေန႔)တြင္ ထိုက္တန္စြာ ဂုဏ္ျပဳသြားမည္ျဖစ္ပါသည္။ ဤအစီအစဥ္အား ေရႊဧရာမိသားစုမွ အဓိကကူညီပံ့ပိုးေပးပါသည္။

ေဖာ္ျပပါအတိုင္း မေကြးပရဟိတအသင္းႀကီးမွ ထုတ္ျပန္ေၾကညာခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုမိုး(မေကြးပရဟိတ)

#Unicode Version#


မကွေးမြို့၊ မကွေးပရဟိတအသင်းကြီး တည်ထောင်ခြင်း ၆ နှစ် ပြည့်မြောက်ခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်၍ နှစ်စဉ် ဇူလိုင်လရောက်တိုင်း မကွေးမြို့နယ်အတွင်းရှိ ပြည်သူလုထု၏ အသက်အိုးအိမ်စည်းစိမ်အား ကိုယ်ကျိုးမငဲ့ကွက်ပဲ ပရဟိတစိတ်ဓါတ်အပြည့်ဖြင့် ကူညီလုပ်ကိုင်ပေးနိုင်သည့် လူပုဂ္ဂိုလ်(၂)ဦးအား နှစ်စဉ်ရွေးချယ်ကာ မကွေးမြို့ကြီးအား ဂုဏ်မြင့်အောင် စွမ်းဆောင်နိုင်သူများအဖြစ် သတ်မှတ်၍ မကွေးဂုဏ်ရည်ဆုရှင်များအဖြစ် ရွေးချယ်ခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ခုနှစ်အတွက် မကွေးမြို့၏ ဂုဏ်အားမြင့်တင်အောင် စွမ်းဆောင်နိုင်သူများအဖြစ် မကွေးဂုဏ်ရည်ဆုအား ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ခင်မောင်စိုး (၄၄ နှစ်) နှင့် ယာဉ်ထိန်းရဲမေ တပ်သား ပပဝင်း (၂၈ နှစ်) တို့ကို မကွေးပရဟိတအသင်းကြီးမှ ရွေးချယ်ချီးမြှင့်ကြောင်း သိရှိရသည်။


'မကွေးဂုဏ်ရည် ပထမအဆင့်'
**********************************


အမည် - တတက ခင်မောင်စိုး
အသက် - ၄၄ နှစ်
ကိုယ်ပိုင်အမှတ်  - လ/၁၆၈၀၉၅
ယာဉ်ထိန်းဖြစ်သည့်နှစ်  - ၅.၀၈.၂၀၀၈
နေရပ် - တိုင်းအကူတပ်ဖွဲ့ဝန်း၊မကွေးမြို့။


ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးခင်မောင်စိုးအား မကွေးမြို့ခံပြည်သူများအနေဖြင့် မသိသူမရှိ
သလောက်ဖြစ်ပါလိမ့်မည်။ နေပူ မိုးရွာမရှောင် မိမိတာဝန်ကျရာနေရာတွင် မခိုမကပ်ပဲ အမြဲလမ်းမပေါ်တွင် လမ်းရှင်းပေးနေသဖြင့် မြို့ခံလူထု၊ ကား၊ ဆိုင်ကယ်စီးနင်းသူများ၏ လေးစားချစ်ခင်မှု့ကို အပြည့်အဝရရှိထားသည့် ပြည်သူ့ဝန်ထမ်းကောင်း တစ်ဦးအဖြစ် သတ်မှတ်ပါသဖြင့် မကွေးဂုဏ်ရည်ဆု ပထမအဆင့်အား ရွေးချယ်ပေးအပ်ရခြင်းဖြစ်
ပါသည်။


'မကွေးဂုဏ်ရည် ဒုတိယအဆင့်'
**********************************

အမည် - တသ ပပဝင်း
ကိုယ်ပိုင်အမှတ် - လ/၂၆၁၁၂၇
အသက် - ၂၈ နှစ်
ယာဉ်ထိန်းဖြစ်သည့်နှစ် - ၃၀.၁၁.၂၀၁၅
နေရပ် - တိုင်းအကူတပ်ဖွဲဝန်း၊ မကွေးမြို့။

ယာဉ်ထိန်းရဲမေ တပ်သား မပပဝင်း ဟာလည်း အသက်ငယ်ရွယ်ပြီး လုပ်သက်နုသေးသော်လည်း မိမိတာဝန်ကျရာ ကျောင်းများ၊ ဈေးများ၊ ရာသီပွဲတော်များတွင် အကောင်းဆုံး ယာဉ်လမ်းကြောင်းမရှုပ်ထွေးအောင် ကူညီပေးနိုင်ခဲ့ပါသည်။

ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်ပြီး ဆေးသွင်း၊ ဆေးသောက်လုပ်နေရသည့်တိုင်အောင် ခွင့်မယူဘဲ
မိမိတာဝန်များကို ကျေပွန်စွာဆောင်ရွက်နေသည်ကို မြင်တွေ့ရသည့်အတွက် ယခုနှစ်၏ မကွေးဂုဏ်ရည် ဒုတိယအဆင့် အား ပေးအပ်ရန်ရွေးချယ်ရခြင်းဖြစ်ပါသည်။

ဆုရွေးချယ်ခံရသူ(၂)ဦးအား ၁၉.၀၇.၂၀၁၈(အာဇာနည်နေ့)တွင် ထိုက်တန်စွာ ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်အား ရွှေဧရာမိသားစုမှ အဓိကကူညီပံ့ပိုးပေးပါသည်။

ဖော်ပြပါအတိုင်း မကွေးပရဟိတအသင်းကြီးမှ ထုတ်ပြန်ကြေညာခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုမိုး(မကွေးပရဟိတ)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top