မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

.... ကလင္ ကလင္ ကလင္ ....

အိပ္ေကာင္းေနမွ ဘယ္က ဖုန္းလဲဟ
ringtone ပိတ္မထား မိတာ ငါ့အမွား
ခါတိုင္း အိပ္ရင္ ပိတ္ထားတယ္
အခုညမွပဲ

(ဟလို)

(ကိုကို)

(ေခးေလး ေျပာ)

(ေရ ခဏ လာခ်ိဳးေပး ပါလား)

ငင့္ ည ၁၁ နာရီ ရိွေနမွ ဘာလဲဟ

(မိုခ်ဳပ္ေနၿပီ မနက္မွခ်ိဳးေတာ့ေလ)

(မရဘူး အခုခ်ိဳးမွ ျဖစ္မွာမို႔)

(အဲဒါဆိုလဲ ကိုယ့္ဟာကိုယ္ပဲ ခ်ိဳးလိုက္ေတာ့ကြာ)

(ကိုကိုေနာ္ ေခးက တစ္ေယာက္ထဲ ေၾကာက္လို႔ပါဆို ဟင့္)

ေခးက ေျပာရင္းနဲ႔ ငိုသံလိုလို ပါလာေတာ့ ...

( အင္း ေအးပါ ကိုလာခဲ့မယ္ေနာ္ )

( အခုခ်က္ခ်င္း ျမန္ျမန္လာေနာ္ အိမ္မွာ သက္ရိွဆိုလို႔ ေခးပဲ ရိွတာ )

အခုေတာ့ ဖုန္း raintone မပိတ္ထားတာ တန္ၿပီေလ
အင္း ဟိုေရာက္ရင္ ဂ်ီး အရင္တိုက္ေပးရမွာလား ဘာအရင္လုပ္ေပးရမွာလဲဟ
အေတြ႔အႀကဳံက မရိွေတာ့ ခက္ၿပီ
အက်ႌ အရင္ ခြၽတ္ရမွာေပါ့ ငါကလဲ ပိန္းလိုက္တာ

ေတြးရင္းေတြးရင္း အေျပး ႏွင္ခဲ့တာ ေခးရဲ႕ အိမ္ကိုေရာက္ေရာ

" လာ ကိုကို "

အေပါက္ဝ နားပဲ ေရာက္ေသးတယ္ ခ်စ္သူက လက္ကို ဆဲြၿပီး အိမ္ အေပၚထပ္ကို ဆြဲေခၚသြားတယ္ေလ
ဟိ ဟိ ... ဒခ်ိ ... ဒခ်ိ ...

" ဟင္ ... အန္တီ "
ေခးရဲ႕ အေဒၚက ဘုရားစင္ေ႐ွ႕မွာ အိပ္ေနတာေလ က်ေတာ္လဲ အသံကို တိုးတိုး ဖြဖြေလး ထားၿပီး

" ေခး ... ေခးေျပာေတာ့ အိမ္မွာ ေခးပဲ ရိွတယ္ဆို "

" အဲ့လို ေျပာမိလို႔လား "

" ခုနက ဖုန္းထဲမွာ ေျပာလိုက္သလားလို႔ "

" ဟာ ... ေခးေျပာတာ အိမ္မွာ သက္ရိွဆိုလို႔ ေခးပဲရိွတာလို႔ ေျပာတာေလ "

"ဟင္ ဒါဆို အန္တီက "

" ေသၿပီေလ "

" ဘာ ..... "

" ဟုတ္တယ္ ရပ္ကြက္ အေၾကာင္း မို႔ဆို ေခး တေယာက္ထဲ အျပင္မ ထြက္ရဲလို႔ "

" ခ ခ ခ ခ ေခး ရ ရ ရ ရ ရ ေရခ်ိဳးခိုင္းတာက က က က က ... "

" တီတီ့ကိုေလ "

" အမေလး !!! "

ေျပးဘီေလ ဘယ္ရမလဲ

" .. ကိုကို ေနအုံးေလ ....
ကိုကို .... ဟာ ...
ေသနာႀကီး ျပန္လာခဲ့ေနာ္ မလာရင္ ေသခန္းျပတ္ပဲ "

အဲ့လိုကေတာ့ ၁၀ ခါ ျပန္ ေသခန္း မကဘူး သံသရာ တစ္ေလွ်ာက္ အျပတ္ခံတယ္ေလ
အခုေတာ့ သေဘာေပါက္ၿပီေလ ေရခ်ိဳးခိုင္းရင္ မသာ မဟုတ္ရင္ အသုဘပဲ ျမင္မိေၾကာင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Loveshorts

#Unicode Version#
 .... ကလင် ကလင် ကလင် ....

အိပ်ကောင်းနေမှ ဘယ်က ဖုန်းလဲဟ
ringtone ပိတ်မထား မိတာ ငါ့အမှား
ခါတိုင်း အိပ်ရင် ပိတ်ထားတယ်
အခုညမှပဲ

(ဟလို)

(ကိုကို)

(ခေးလေး ပြော)

(ရေ ခဏ လာချိုးပေး ပါလား)

ငင့် ည ၁၁ နာရီ ရှိနေမှ ဘာလဲဟ

(မိုချုပ်နေပြီ မနက်မှချိုးတော့လေ)

(မရဘူး အခုချိုးမှ ဖြစ်မှာမို့)

(အဲဒါဆိုလဲ ကိုယ့်ဟာကိုယ်ပဲ ချိုးလိုက်တော့ကွာ)

(ကိုကိုနော် ခေးက တစ်ယောက်ထဲ ကြောက်လို့ပါဆို ဟင့်)

ခေးက ပြောရင်းနဲ့ ငိုသံလိုလို ပါလာတော့ ...

( အင်း အေးပါ ကိုလာခဲ့မယ်နော် )

( အခုချက်ချင်း မြန်မြန်လာနော် အိမ်မှာ သက်ရှိဆိုလို့ ခေးပဲ ရှိတာ )

အခုတော့ ဖုန်း raintone မပိတ်ထားတာ တန်ပြီလေ
အင်း ဟိုရောက်ရင် ဂျီး အရင်တိုက်ပေးရမှာလား ဘာအရင်လုပ်ပေးရမှာလဲဟ
အတွေ့အကြုံက မရှိတော့ ခက်ပြီ
အကျႌ အရင် ချွတ်ရမှာပေါ့ ငါကလဲ ပိန်းလိုက်တာ

တွေးရင်းတွေးရင်း အပြေး နှင်ခဲ့တာ ခေးရဲ့ အိမ်ကိုရောက်ရော

" လာ ကိုကို "

အပေါက်ဝ နားပဲ ရောက်သေးတယ် ချစ်သူက လက်ကို ဆွဲပြီး အိမ် အပေါ်ထပ်ကို ဆွဲခေါ်သွားတယ်လေ
ဟိ ဟိ ... ဒချိ ... ဒချိ ...

" ဟင် ... အန်တီ "
ခေးရဲ့ အဒေါ်က ဘုရားစင်ရှေ့မှာ အိပ်နေတာလေ ကျတော်လဲ အသံကို တိုးတိုး ဖွဖွလေး ထားပြီး

" ခေး ... ခေးပြောတော့ အိမ်မှာ ခေးပဲ ရှိတယ်ဆို "

" အဲ့လို ပြောမိလို့လား "

" ခုနက ဖုန်းထဲမှာ ပြောလိုက်သလားလို့ "

" ဟာ ... ခေးပြောတာ အိမ်မှာ သက်ရှိဆိုလို့ ခေးပဲရှိတာလို့ ပြောတာလေ "

"ဟင် ဒါဆို အန်တီက "

" သေပြီလေ "

" ဘာ ..... "

" ဟုတ်တယ် ရပ်ကွက် အကြောင်း မို့ဆို ခေး တယောက်ထဲ အပြင်မ ထွက်ရဲလို့ "

" ခ ခ ခ ခ ခေး ရ ရ ရ ရ ရ ရေချိုးခိုင်းတာက က က က က ... "

" တီတီ့ကိုလေ "

" အမလေး !!! "

ပြေးဘီလေ ဘယ်ရမလဲ

" .. ကိုကို နေအုံးလေ ....
ကိုကို .... ဟာ ...
သေနာကြီး ပြန်လာခဲ့နော် မလာရင် သေခန်းပြတ်ပဲ "

အဲ့လိုကတော့ ၁၀ ခါ ပြန် သေခန်း မကဘူး သံသရာ တစ်လျှောက် အပြတ်ခံတယ်လေ
အခုတော့ သဘောပေါက်ပြီလေ ရေချိုးခိုင်းရင် မသာ မဟုတ်ရင် အသုဘပဲ မြင်မိကြောင်း

ဖိုးသူတော် (www.phothutaw.com)
Credit:  Loveshorts
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top