မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×




source : Zin Thae Naing

# Unicode Version ဖြင့် ဖတ်ပါ #
ချစ်ဇနီးချောလေး ဇင်သဲနိုင် ၊ သား (၂)ယောက် ၊ သမီး (၁)ယောက် တို့နဲ့အတူ သာယာကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရသူတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းဟာ အနုပညာအလုပ်တွေ လုပ်တာနည်းပါးလာပြီး မိသားစုအတွက် အချိန်ပိုပေးထားသူတစ်ဦးပဲ ဖြစ်ပါတယ်။  ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေးကတော့ အပျိုလေးအတိုင်း ပိန်သွယ်ပြီး ကလေးမျက်နှာကို ပိုင်ဆိုင်ထားရတာကြောင့် သူမကို ဝေဖန်သူတွေက တစ်မျိုးပြီးတစ်မျိုး ဝေဖန်နေခဲ့ကြပါတယ်။

မလိုသူတွေရဲ့ ဝေဖန်စကားသံတွေကို မဇင်သဲနိုင်က “ကိုယ့်အကြောင်းကိုယ်သာအသိဆုံး” တဲ့ အဲ့စကားတောင်ပြောင်းရမလိုလို ကိုယ့်ကိုယ်တိုင်တောင်မသိတဲ့အကြောင်းအရာတွေ အဆန်းတွေနော် ဘာတဲ့မျက်နှာခွဲစိတ်တာငါးကြိမ်တောင်ရှိပြီဆိုတာကတစ်မျိုး မေးမေ့ကို ချွန်အောင်ထည့်ထားတယ်ဆိုတာက တစ်ဖုံ ကလေးတွေမွေး မတရားတွေဝဖီး မေး၂ထပ်ဘဝတုန်းကတော့ အဲ့မေးစေ့ကခဏတော့ မချွန်ဘူးရယ် နောက်ဘာတဲ့ ကလေးလည်းမထိန်းရ အိမ်မှုကိစ္စလည်းမလုပ်ရတော့ ကျော့နေအောင်နေနိုင်တာပေါ့ဆိုပဲ  အော်အော်ရီချင်တာ ကိုယ့်အိမ်မှာတောက်တိုမယ်ရလည်းကိုယ် အိမ်ရှင်မလည်းကိုယ် မေမေချက်မှကောင်းတယ်ဆိုတဲ့ကလေးတွေရယ် ကျွဲကောသီး သရက်သီးတောင်မိန်းမခွာမှစားမယ်ဆိုတဲ့ယောင်္ကျားရယ် ထစ်ခနဲရှိမေမေရေ မေမေကြီးရေ မိန်းမရေ သဲရေ အမလေးခေါ်နည်းမျိုးစုံ ခိုင်းနည်းမျိုးစုံနဲ့ အရစ်တုံးတွေကြားထဲ နေနေရတာမြင်ကြည့်စေချင်တယ်။ (ထမင်းဟင်းချက်ရင်း အဝတ်လျှော်ရတာတွေ စာရင်းတွက်ရင်း ထမင်းစားရတာတွေ တပြိုင်ထဲလုပ်ရတဲ့စကေးတွေကရှိသေးတယ်)

 ဒါတောင်အခုလက်ရှိ အိမ်အကူမမြဲတဲ့ခေတ်ထဲ ကိုယ့်ဆီလူမြဲနေလို့ ဒီလောက်သက်သာတာ အိမ်အကူမရှိပဲ ကလေး၃ယောက်နဲ့ နှစ်ပေါက်အောင်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ပေတေနေဖူးတယ် တစ်ခုတော့ရှိတာပေါ့လေ ကလေးတွေကကြီးလာကြတော့ ကိုယ့်အတွက်တော့ အချိန်ပိုထွက်လာတာတော့ အမှန်ပဲကလေးငယ်နဲ့တုန်းကတော့ ဘာဆိုဘာမှကိုစိတ်မဝင်စားနိုင်ခဲ့တာ ကိုယ့်ကိုယ်ကိုချစ်ဖို့တောင် မေ့နေတဲ့ဘဝ … လူတိုင်းလူတိုင်းကကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အကြောင်းနဲ့ကိုယ်ပါ ကိုယ်သေချာမသိတဲ့ သူများကိုဝေဖန်နေတာများကာယကံရှင်တောင်ဇဝေဇဝါဖြစ်သွားတယ် ” ဆိုပြီးသူမရဲ့လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သူတွေကို တုံ့ပြန်လိုက်တာပါ

source : Zin Thae Naing

ဖိုးသူတော် (www.phothutaw.com)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top