ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ သီဟတင္စိုးအား မုဒိမ္းမႈျဖင့္ တရားလိုျပဳ အမႈဖြင့္တိုင္ၾကားထားေသာ အသက္ ၄၀ ႏွစ္အမ်ိဳးသမီးတစ္ဦးကို မနက္ျဖန္ (ဇူလိုင္လ ၁၆ ရက္)တြင္ ေဆးစစ္ခ်က္ယူမည္ျဖစ္ေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ သုဝဏၰနယ္ေျမရဲစခန္းမွဴး ရဲအုပ္သန္းႏိုင္က ေျပာသည္။

အဆိုပါ ေဆးစစ္ခ်က္ယူမည့္ အသက္ ၄၀ ႏွစ္ ေဒၚခင္မာျမင့္မွာ လြန္ခဲ့သည့္ရွစ္ရက္က သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ႀကီးပြားေရးရပ္ကြက္၊ ျပည္ေထာင္စုရိပ္မြန္အိမ္ယာ၊အာေသာကလမ္းရွိ အကယ္ဒမီ သီဟတင္စိုး၏ေနအိမ္တြင္ တစ္လလွ်င္ လစာေငြ က်ပ္တစ္သိန္းခြဲျဖင့္ အိမ္အကူအလုပ္ ဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး ဇူလိုင္လ ၁၃ ရက္ ည ၈ နာရီခန္႔က သီဟတင္စိုးက ၎ကို သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း တိုင္ခ်က္အရ သိရသည္။

“အမႈတိုင္ၾကားခ်က္ မွန္ မမွန္ကို စစ္ေဆးၿပီးမွပဲ အတိအက် သိႏိုင္လိမ့္မယ္။ ဇူလိုင္လ ၁၄ ရက္ ညပိုင္းမွာ အမ်ိဳးသမီးက ရဲစခန္းလာအမႈဖြင့္တယ္။ ၁၅ ရက္ေန႔က်ေတာ့ တနဂၤေႏြ႐ုံးပိတ္ရက္ ျဖစ္ေနတာေၾကာင့္ သူ႔ကိုေဆးစစ္ခ်က္ မယူႏိုင္ခဲ့ဘူး။ ဒါေၾကာင့္ မနက္ျဖန္ (ဇူလုိင္လ ၁၆ ရက္) မနက္ပိုင္း ရဲစခန္းျပန္လာဖို႔ ေျပာထားၿပီး အဲဒါအခါက်မွပဲ ေဆးစစ္ခ်က္ယူျဖစ္မယ္”ဟု ရဲအရာရွိကေျပာသည္။

သားမယားအျဖစ္ အဓမၼျပဳက်င့္ခံရေၾကာင္း တိုင္ၾကားသည့္ ေဒၚခင္မာျမင့္မွာ မေကြးတိုင္းေဒသႀကီး၊ေရနံေခ်ာင္းၿမိဳ႕ ဘဲနန္းရပ္ကြက္တြင္ေနထိုင္သူျဖစ္ၿပီး ယခုႏွစ္ ဇူလိုင္လ ၅ ရက္ေန႔က သီဟတင္စိုး၏ေနအိမ္တြင္ အိမ္အကူအျဖစ္ ဝင္ေရာက္ လုပ္ကိုင္ခဲ့ေသာ္လည္း ၎၏အဓိကအလုပ္မွာ သီဟတင္စိုး၏ေယာကၡမျဖစ္သူ အသက္ ၇၅ ႏွစ္အမ်ိဳးသမီးကို အနီးကပ္ျပဳစု လုပ္ကိုင္ေပးရေၾကာင္းသိရၿပီး ဇူလိုင္လ ၁၃ ရက္ ည ၈ နာရီက သီဟတင္စိုးက ၎ကို အဓမၼျပဳက်င့္စဥ္ ေအာ္ဟစ္ အကူအညီေတာင္းခဲ့ေသာ္လည္း မိုးသံမ်ားေၾကာင့္ မည္သူမွ မၾကားခဲ့ေၾကာင္း၊ ယင္းေနာက္ သီဟတင္စိုးက အျခားသူမ်ားကို ျပန္ေျပာပါက သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုခဲ့သျဖင့္ ယင္းျဖစ္စဥ္ကို သီဟတင္စိုး၏ဇနီးျဖစ္သူ သ႐ုပ္ေဆာင္ ဇင္မာဦးထံ အသိမေပးခဲ့ဘဲ ဇူလိုင္လ ၁၄ ရက္ နံနက္ပိုင္းတြင္ ေနအိမ္မွလူမ်ား အိမ္ယာမႏိုးခင္ ၎တစ္ဦးတည္း ထြက္လာခဲ့ၿပီး တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္းတြင္ ေနထိုင္သည့္ အေဒၚႏွစ္ဝမ္းကြဲ ေတာ္စပ္သူထံ သြားေရာက္ေနထိုင္ခဲ့ေၾကာင္း တရားလို၏တိုင္ခ်က္အရ ရဲအရာရွိကေျပာသည္။

အဆိုပါ အမႈဖြင့္တိုင္ၾကားမႈႏွင့္ပတ္သက္၍ ဇူလိုင္လ ၁၅ ရက္ မြန္းတည့္ခ်ိန္က သုဝဏၰနယ္ေျမရဲစခန္းမွဴး အပါအဝင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရိွသူမ်ားက သီဟတင္စိုး၏ေနအိမ္အတြင္း ဝင္ေရာက္ကာ စစ္ေဆးေမးျမန္းခဲ႔သည္။

“ကိုသီဟတင္စိုးက သူ႔မိန္းမ မဇင္မာဦးနဲ႔ စကားမ်ားရန္ျဖစ္ၿပီး မေန႔က ေနအိမ္ကေန ထြက္သြားတယ္လို႔ သိရတယ္။ သူ႔ဖုန္းကလဲ စက္ပိတ္ထားတာေၾကာင့္ ေခၚမရဘူး ဒါေၾကာင့္ ရဲအရာရွိက သူတို႔စစ္ေဆးစရာေတြရွိလို႔ ကိုသီဟတင္စိုးနဲ႔ အဆက္အသြယ္ရရင္ ရဲစခန္း လာအစစ္ေဆးခံဖို႔ မွာၾကားသြားတယ္”ဟု ႀကီးပြားေရးရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအးကိုကေျပာသည္။

အကယ္ဒမီ သီဟတင္စိုးကို မုဒိမ္းမႈ ့တရားလိုျပဳ အမႈဖြင့္တိုင္ၾကားထားသူ ေဒၚခင္မာျမင့္ႏွင့္ မီဒီယာမ်ားက ဆက္သြယ္ေမးျမန္းႏိုင္ရန္ သုဝဏၰနယ္ေျမရဲစခန္းတြင္ စုံစမ္းေမးျမန္းခဲ့ေသာ္လည္း တရားလိုျဖစ္သူထံ ဆက္သြယ္ရမည့္လိပ္စာႏွင့္ ဖုန္းနံပါတ္ ၎တို႔တြင္မရွိေၾကာင္း ယင္းရဲစခန္းမွ ရဲအရာရွိကေျဖၾကားခဲ့ၿပီး သီဟတင္စိုး၏ေနအိမ္ရွိ မိသားစုဝင္မ်ားႏွင့္ေတြ႔ဆုံ၍ ယင္းအမႈကိစၥကို ေမးျမန္းရန္ႀကိဳးစားခဲ့ေသာ္လည္း လက္ခံေတြ႔ဆုံျခင္း မရွိခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးအား မုဒိမ်းမှုဖြင့် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသော အသက် ၄၀ နှစ်အမျိုးသမီးတစ်ဦးကို မနက်ဖြန် (ဇူလိုင်လ ၁၆ ရက်)တွင် ဆေးစစ်ချက်ယူမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်က ပြောသည်။

အဆိုပါ ဆေးစစ်ချက်ယူမည့် အသက် ၄၀ နှစ် ဒေါ်ခင်မာမြင့်မှာ လွန်ခဲ့သည့်ရှစ်ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ယာ၊အာသောကလမ်းရှိ အကယ်ဒမီ သီဟတင်စိုး၏နေအိမ်တွင် တစ်လလျှင် လစာငွေ ကျပ်တစ်သိန်းခွဲဖြင့် အိမ်အကူအလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဇူလိုင်လ ၁၃ ရက် ည ၈ နာရီခန့်က သီဟတင်စိုးက ၎င်းကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ချက်အရ သိရသည်။

“အမှုတိုင်ကြားချက် မှန် မမှန်ကို စစ်ဆေးပြီးမှပဲ အတိအကျ သိနိုင်လိမ့်မယ်။ ဇူလိုင်လ ၁၄ ရက် ညပိုင်းမှာ အမျိုးသမီးက ရဲစခန်းလာအမှုဖွင့်တယ်။ ၁၅ ရက်နေ့ကျတော့ တနင်္ဂနွေရုံးပိတ်ရက် ဖြစ်နေတာကြောင့် သူ့ကိုဆေးစစ်ချက် မယူနိုင်ခဲ့ဘူး။ ဒါကြောင့် မနက်ဖြန် (ဇူလိုင်လ ၁၆ ရက်) မနက်ပိုင်း ရဲစခန်းပြန်လာဖို့ ပြောထားပြီး အဲဒါအခါကျမှပဲ ဆေးစစ်ချက်ယူဖြစ်မယ်”ဟု ရဲအရာရှိကပြောသည်။

သားမယားအဖြစ် အဓမ္မပြုကျင့်ခံရကြောင်း တိုင်ကြားသည့် ဒေါ်ခင်မာမြင့်မှာ မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့ ဘဲနန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လ ၅ ရက်နေ့က သီဟတင်စိုး၏နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သော်လည်း ၎င်း၏အဓိကအလုပ်မှာ သီဟတင်စိုး၏ယောက္ခမဖြစ်သူ အသက် ရ၅ နှစ်အမျိုးသမီးကို အနီးကပ်ပြုစု လုပ်ကိုင်ပေးရကြောင်းသိရပြီး ဇူလိုင်လ ၁၃ ရက် ည ၈ နာရီက သီဟတင်စိုးက ၎င်းကို အဓမ္မပြုကျင့်စဉ် အော်ဟစ် အကူအညီတောင်းခဲ့သော်လည်း မိုးသံများကြောင့် မည်သူမှ မကြားခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက အခြားသူများကို ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ယင်းဖြစ်စဉ်ကို သီဟတင်စိုး၏ဇနီးဖြစ်သူ သရုပ်ဆောင် ဇင်မာဦးထံ အသိမပေးခဲ့ဘဲ ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းတွင် နေအိမ်မှလူများ အိမ်ယာမနိုးခင် ၎င်းတစ်ဦးတည်း ထွက်လာခဲ့ပြီး တာမွေမြို့နယ် ကျောက်မြောင်းတွင် နေထိုင်သည့် အဒေါ်နှစ်ဝမ်းကွဲ တော်စပ်သူထံ သွားရောက်နေထိုင်ခဲ့ကြောင်း တရားလို၏တိုင်ချက်အရ ရဲအရာရှိကပြောသည်။

အဆိုပါ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်၍ ဇူလိုင်လ ၁၅ ရက် မွန်းတည့်ချိန်က သုဝဏ္ဏနယ်မြေရဲစခန်းမှူး အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သီဟတင်စိုး၏နေအိမ်အတွင်း ဝင်ရောက်ကာ စစ်ဆေးမေးမြန်းခဲ့သည်။

“ကိုသီဟတင်စိုးက သူ့မိန်းမ မဇင်မာဦးနဲ့ စကားများရန်ဖြစ်ပြီး မနေ့က နေအိမ်ကနေ ထွက်သွားတယ်လို့ သိရတယ်။ သူ့ဖုန်းကလဲ စက်ပိတ်ထားတာကြောင့် ခေါ်မရဘူး ဒါကြောင့် ရဲအရာရှိက သူတို့စစ်ဆေးစရာတွေရှိလို့ ကိုသီဟတင်စိုးနဲ့ အဆက်အသွယ်ရရင် ရဲစခန်း လာအစစ်ဆေးခံဖို့ မှာကြားသွားတယ်”ဟု ကြီးပွားရေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးကိုကပြောသည်။

အကယ်ဒမီ သီဟတင်စိုးကို မုဒိမ်းမှု ့တရားလိုပြု အမှုဖွင့်တိုင်ကြားထားသူ ဒေါ်ခင်မာမြင့်နှင့် မီဒီယာများက ဆက်သွယ်မေးမြန်းနိုင်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် စုံစမ်းမေးမြန်းခဲ့သော်လည်း တရားလိုဖြစ်သူထံ ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပါတ် ၎င်းတို့တွင်မရှိကြောင်း ယင်းရဲစခန်းမှ ရဲအရာရှိကဖြေကြားခဲ့ပြီး သီဟတင်စိုး၏နေအိမ်ရှိ မိသားစုဝင်များနှင့်တွေ့ဆုံ၍ ယင်းအမှုကိစ္စကို မေးမြန်းရန်ကြိုးစားခဲ့သော်လည်း လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပေ။


ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top