န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×




Credit: Ayesay
# Unicode Version ဖြင့် ဖတ်ပါ #
ဒီကန်ဟာ ငှက်တွေ ကို ထိတ်လန့်စရာ ကျောက်ရုပ်တွေ ဖြစ်သွားစေပါတယ်။ ပုံမှာဖော်ပြထားတဲ့ ငှက်တွေကို ကန်ရဲ့ ဘေးပတ်ပတ်လည်မှာ တွေ့ရှိနိုင်ပါတယ်။ ဒီအကောင်လေးတွေဟာ ကျောက်တုံးလိုမာကျောနေတဲ့အတွက် လက်ရာမြောက်ထုလုပ်ထားတဲ့ ပန်းပုရုပ်တွေလို့ တောင်ထင်ရပါတယ်။

ဒီရေကန်အမည်က Lake Natron ဖြစ်ပြီး အာဖရိကတိုက်၊ တန်ဇေးနီးယားနိုင်ငံမှာ တည်ရှိပါတယ်။ ကန်ဆိုပေမဲ့ ရေက တိမ်တိမ်လေး ဖြစ်ပါတယ်။ ရေကန်ထဲက ရေဟာ ဆားငန်ရေ ရေပူစမ်းဖြစ်ပြီး တစ်ခါတစ်ရံမှာ 140 ဒီဂရီဖာရင်ဟိုက်လောက်ထိ ပူပါတယ်။

ကန်ဟာ အနီရောင် ဖြစ်နေတဲ့ အပြင် ရေထဲမှာ ဆိုဒီယမ်ကာဘွန်နိတ် (ဆော်ဒါ) တွေအဆမတန်ပျော်ဝင်နေပါတယ်။ ဒါကြောင့် ဒီရေကန်ထဲက အရမ်းပူလောင်နေတဲ့ ရေနဲ့ ထိတွေ့လိုက်မိတဲ့ သတ္တဝါတွေဟာ အပူလောင်ပြီး သေရုံတင်မက ပဲ ကျောက်ရုပ်တွေလို မာတောင့်တောင့် ဖြစ်သွားရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Ayesay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top