န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×


ဇူလိုင္လ ၈ ရက္ေန့တြင္ စိတ္က်န္းမာေရးခ်ိဳ ့တဲ့ေနသည့္ အသက္ ၄၉ ႏွစ္အရြယ္ အမ်ိဳးသားတစ္ီဦးက ကိုယ့္ကိုကိုယ္ ဓာတ္ဆီေလာင္း မီးရွို ့ျပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ၀န္းသိုၿမိဳ႕ ၊ လက္ပံေက်းရြာတြင္ ေန့လယ္ ၁ နာရီခြဲခန့္က ေဘာလုံးကြင္းအနီး၌ ဦးသန္းေဇာ္ ၄၉ ႏွစ္သည္ မိမိကုိယ္ကို ဓာတ္ဆီေလာင္းကာ မီးရွို ့ခဲ့သည္ ။ ျပည္သူမ်ား တိုင္ၾကားခ်က္မ်ားအရ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးကာ ေဆးရုံသို့ပို့ေဆာင္ခဲ့ျပီး ညရနာရီခြဲခန့္တြင္ ရရွိသည့္ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသသြားခဲ့သည္ ။

“သူက စိတ္မူမမွန္တာ ၂ ႏွစ္ေလာက္ရွိၿပီလို႔ သိရတယ္။ မိသားစုရွိတယ္။ မိန္းမနဲ႔ သားသမီးေတြလည္း ရွိတဲ့အျပင္ ညီအစ္ကိုေမာင္ႏွမေတြလည္းရွိေသးတယ္။အခင္းျဖစ္ေနတဲ့အခ်ိန္မွာ သူ႔အနားမွာ ဘယ္သူမွမရွိဘူး။ ဘာလို႔လဲဆိုေတာ့ သူကစိတ္မူမမွန္တဲ့သူဆိုေတာ့ ဒီလိုပဲေလွ်ာက္သြားေနတာေလ။ ဓာတ္ဆီပုလင္းကိုလည္း ဘယ္ကရတယ္ဆိုတာလည္း ကြ်န္ေတာ္တို႔ စံုစမ္းေနတုန္းပါပဲ။ အခင္းျဖစ္ျဖစ္ခ်င္း ေဆးရံုကိုပို႔ေဆာင္ေပးတယ္။ စကားေတြေတာင္ ေျပာႏိုင္ေသးတယ္ဗ်။ဒါေပမဲ့ ည ၇ နာရီခြဲေလာက္မွာ ေသဆံုးသြားတယ္” ဟု အကုန္သိသတင္းဌာနတြင္ ေရးသားေဖာ္ျပထားပါသည္ ။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ျပီး ေသဆုံးသူ ဦးသန္းေဇာ္ ၄၉ ႏွစ္ကို ပ-၇၀/၂၀၁၈ ၊ ေသေၾကာင္းၾကံမႈပုဒ္မ-၃၀၉ ျဖင့္ ဝန္းသိုျမိဳ ့မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 ဇူလိုင်လ ၈ ရက်နေ့တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ီဦးက ကိုယ့်ကိုကိုယ် ဓာတ်ဆီလောင်း မီးရှို့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ ၊ လက်ပံကျေးရွာတွင် နေ့လယ် ၁ နာရီခွဲခန့်က ဘောလုံးကွင်းအနီး၌ ဦးသန်းဇော် ၄၉ နှစ်သည် မိမိကိုယ်ကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့သည် ။ ပြည်သူများ တိုင်ကြားချက်များအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကာ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ညရနာရီခွဲခန့်တွင် ရရှိသည့် မီးလောင်ဒဏ်ရာများဖြင့် သေသွားခဲ့သည် ။

“သူက စိတ်မူမမှန်တာ ၂ နှစ်လောက်ရှိပြီလို့ သိရတယ်။ မိသားစုရှိတယ်။ မိန်းမနဲ့ သားသမီးတွေလည်း ရှိတဲ့အပြင် ညီအစ်ကိုမောင်နှမတွေလည်းရှိသေးတယ်။အခင်းဖြစ်နေတဲ့အချိန်မှာ သူ့အနားမှာ ဘယ်သူမှမရှိဘူး။ ဘာလို့လဲဆိုတော့ သူကစိတ်မူမမှန်တဲ့သူဆိုတော့ ဒီလိုပဲလျှောက်သွားနေတာလေ။ ဓာတ်ဆီပုလင်းကိုလည်း ဘယ်ကရတယ်ဆိုတာလည်း ကျွန်တော်တို့ စုံစမ်းနေတုန်းပါပဲ။ အခင်းဖြစ်ဖြစ်ချင်း ဆေးရုံကိုပို့ဆောင်ပေးတယ်။ စကားတွေတောင် ပြောနိုင်သေးတယ်ဗျ။ဒါပေမဲ့ ည ၇ နာရီခွဲလောက်မှာ သေဆုံးသွားတယ်” ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးသူ ဦးသန်းဇော် ၄၉ နှစ်ကို ပ-၇၀/၂၀၁၈ ၊ သေကြောင်းကြံမှုပုဒ်မ-၃၀၉ ဖြင့် ဝန်းသိုမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top