ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

တခ်ဳိ႕လူေတြမွာ ေမြးကတည္းက အမွတ္အသားေလးေတြ ခႏၶာကိုယ္ေပၚ ပါလာတတ္ၾကပါတယ္။ ဒါဟာ ကေလး သားအိမ္တြင္းရိွေနစဥ္ ျဖစ္ပ်က္ခဲ့တာေတြက အေရျပားေပၚ အက်ဳိးသက္ေရာက္မႈ ရိွႏုိင္တာကို ျပပါတယ္။ အမ်ားစုဟာ အႏၱရာယ္ မရိွေပမယ့္ တခ်ဳိ႕မွာ ငုပ္ေနတဲ့ ျပသနာရဲ႕ သဲလြန္စတစ္ခု ျဖစ္ႏုိင္ပါတယ္။
ဝမ္းတြင္းပါ အမွတ္အသားမွာ ေသြးေၾကာနဲ႔ အသားေရမွာ အေရာင္ျဖစ္ေပၚမႈ ႏွစ္မ်ဳိးရိွပါတယ္။ အေရျပားေပၚ အမည္းကြက္ အမွတ္အသားေတြဟာ အဲ့ဒီအမည္းကြက္ရွိရာ အေရျပားမွာ အမည္းေရာင္ျဒပ္မ်ားေနလုိ႔ ျဖစ္ေလ့ရိွေၾကာင္း ဆရာဝန္ေတြရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ ဒါကို မွဲ႔၊ အမည္းကြက္နဲ႔ မြန္ဂုိလီယန္း အမည္းကြက္လုိ႔ ေခၚျပီး အပ်ဳိေဖာ္ဝင္ခ်ိန္မွာ ေပ်ာက္ကြယ္သြားေလ့ရိွၾကပါတယ္။ က်န္းမာရးျပသနာကို ညႊန္ျပတာ မဟုတ္ေပမယ့္ ပိုၾကီးလာတယ္၊ အေရာင္ေျပာင္းလာတယ္ဆုိပါက ဆရာဝန္နဲ႔ ျပသင့္ပါတယ္။
ကေလးငယ္ ထက္ဝက္နီးပါးဟာ ေမြးရာပါအမွတ္အသားနဲ႔ ေမြးဖြားၾကပါတယ္။ ဒါေပမယ့္ ေမြးဖြားျပီး ၁၈ လအတြင္း ေပ်ာက္ကြယ္သြားေလ့ရိွပါတယ္။
ေမြးကင္းစ ကေလးငယ္ေတြမွာ အေတြ႔မ်ားတဲ့ ေနာက္ အစက္အေျပာက္တစ္ခုက hemangiomas လို႔ေခၚပါတယ္။ အဲဒီဟာေတြက ေသြးေၾကာမ်ား အေရးအေၾကာင္း ထင္ေစတဲ့ ဆဲလ္မ်ားထဲ အသားပို စျဖစ္ေစပါတယ္။  ၂ ႏွစ္ေက်ာ္ေလာက္သာ ရိွတတ္ၾကေပမယ့္ ၁၀% က ၾကာလာတာနဲ႔အမွ် ပိုၾကီးလာျပီး အျမင္အာရုံ၊ အၾကားအာရုံနဲ႔ မွတ္ဥာဏ္ျပသနာေတြ ျဖစ္ေစတတ္ပါတယ္။
ေနာက္ဆုံး အျဖစ္မ်ားတဲ့ ေမြးရာပါအမွတ္အသားက port wine birthmark လုိ႔ သိရပါတယ္။ အေရျပားေပၚ အနီကြက္ေတြလုိ ျဖစ္ေပၚျပီး ဆံျခည္မွ်င္ေသြးေၾကာေတြ မွန္ကန္စြာ မလည္ပတ္တဲ့အခါ ျဖစ္ေပၚပါတယ္။ အနီကြက္ေတြရိွျပီး ၾကြက္သား မၾကံ့ခုိင္ျခင္း သုိ႔မဟုတ္ ေရတိမ္လုိ ေရာဂါလကၡေတြ ခံစားပါက သင့္ေမြးရာပါ အမွတ္အသားဟာ ဆရာဝန္ဆီ သြားျပဖုိ႔ အေၾကာင္းအရင္းတစ္ခု ျဖစ္ႏုိင္ပါတယ္။ မဲွ႔နဲ႔ အမည္းစက္ေတြဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေျပာင္းလဲမႈရိွမရိွ ေသခ်ာစစ္ေဆးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: goodhousekeeping

#Unicode Version#
တချို့လူတွေမှာ မွေးကတည်းက အမှတ်အသားလေးတွေ ခန္ဓာကိုယ်ပေါ် ပါလာတတ်ကြပါတယ်။ ဒါဟာ ကလေး သားအိမ်တွင်းရှိနေစဉ် ဖြစ်ပျက်ခဲ့တာတွေက အရေပြားပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တာကို ပြပါတယ်။ အများစုဟာ အန္တရာယ် မရှိပေမယ့် တချို့မှာ ငုပ်နေတဲ့ ပြသနာရဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်ပါတယ်။
ဝမ်းတွင်းပါ အမှတ်အသားမှာ သွေးကြောနဲ့ အသားရေမှာ အရောင်ဖြစ်ပေါ်မှု နှစ်မျိုးရှိပါတယ်။ အရေပြားပေါ် အမည်းကွက် အမှတ်အသားတွေဟာ အဲ့ဒီအမည်းကွက်ရှိရာ အရေပြားမှာ အမည်းရောင်ဒြပ်များနေလို့ ဖြစ်လေ့ရှိကြောင်း ဆရာဝန်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဒါကို မှဲ့၊ အမည်းကွက်နဲ့ မွန်ဂိုလီယန်း အမည်းကွက်လို့ ခေါ်ပြီး အပျိုဖော်ဝင်ချိန်မှာ ပျောက်ကွယ်သွားလေ့ရှိကြပါတယ်။ ကျန်းမာရးပြသနာကို ညွှန်ပြတာ မဟုတ်ပေမယ့် ပိုကြီးလာတယ်၊ အရောင်ပြောင်းလာတယ်ဆိုပါက ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ကလေးငယ် ထက်ဝက်နီးပါးဟာ မွေးရာပါအမှတ်အသားနဲ့ မွေးဖွားကြပါတယ်။ ဒါပေမယ့် မွေးဖွားပြီး ၁၈ လအတွင်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။
မွေးကင်းစ ကလေးငယ်တွေမှာ အတွေ့များတဲ့ နောက် အစက်အပြောက်တစ်ခုက hemangiomas လို့ခေါ်ပါတယ်။ အဲဒီဟာတွေက သွေးကြောများ အရေးအကြောင်း ထင်စေတဲ့ ဆဲလ်များထဲ အသားပို စဖြစ်စေပါတယ်။  ၂ နှစ်ကျော်လောက်သာ ရှိတတ်ကြပေမယ့် ၁၀% က ကြာလာတာနဲ့အမျှ ပိုကြီးလာပြီး အမြင်အာရုံ၊ အကြားအာရုံနဲ့ မှတ်ဉာဏ်ပြသနာတွေ ဖြစ်စေတတ်ပါတယ်။
နောက်ဆုံး အဖြစ်များတဲ့ မွေးရာပါအမှတ်အသားက port wine birthmark လို့ သိရပါတယ်။ အရေပြားပေါ် အနီကွက်တွေလို ဖြစ်ပေါ်ပြီး ဆံခြည်မျှင်သွေးကြောတွေ မှန်ကန်စွာ မလည်ပတ်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ အနီကွက်တွေရှိပြီး ကြွက်သား မကြံ့ခိုင်ခြင်း သို့မဟုတ် ရေတိမ်လို ရောဂါလက္ခတွေ ခံစားပါက သင့်မွေးရာပါ အမှတ်အသားဟာ ဆရာဝန်ဆီ သွားပြဖို့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မှဲ့နဲ့ အမည်းစက်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုရှိမရှိ သေချာစစ်ဆေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: goodhousekeeping

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top