မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ရာသီဥတု ပူျပင္းတဲ့ေနရာေဒသကလူေတြကေတာ့ မနက္နဲ႔ ညဘက္မွာေရခ်ိဳးေလ့ရွိပါတယ္။ ေရခ်ိဳးတာက ခႏၶာကိုယ္ကို ေအးျမ လန္းဆန္းေစရုံတင္မကဘဲ တျခား က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း ရွိပါတယ္။

မနက္ခင္းမွာ ေရခ်ိဳးေပးရင္

မနက္ခင္းမွာ ေရခ်ိဳးေပးရင္ လူကို ႏိုးၾကားေစၿပီး စိတ္အာရုံစူးစိုက္မႈေတြကို ပုိေကာင္းေစပါတယ္။ အကယ္၍ ကိုယ္က မနက္ပိုင္းေလ့က်င့္ခန္းလုပ္တတ္သူ၊ Gym ေဆာ့တတ္သူဆိုရင္လည္း Gym ေဆာ့ၿပီးေနာက္ ခႏၶာကိုယ္မွာေပက်န္ေနတဲ့ ေခြ်းေတြ၊ အဆီေတြကို ဖယ္ရွားေပးရာလည္း ေရာက္ပါတယ္။

အေရျပားဆရာဝန္ Dr. Joel Schlessinger က ေန႔တစ္ေန႔ကို မစခင္မွာ မ်က္ႏွာသစ္၊ ေရခ်ိဳးေပးတာမ်ိဳး လုပ္ေပးသင့္တယ္လို႔ ဆိုပါတယ္။

ညဘက္မွာ ေရခ်ိဳးေပးရင္

ညဘက္မွာေရခ်ိဳးေပးရင္ ေကာင္းမြန္တဲ့ အိပ္စက္မႈကို ရရွိေစပါတယ္။

အျပင္ဘက္မွာ သြားလာလႈပ္ရွားေနတာေၾကာင့္ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေတြ၊ အလက္ဂ်စ္ျဖစ္ေစတဲ့ အမႈန္ေတြ နဲ႔ တျခား ဖုန္ေတြသဲေတြက ခႏၶာကိုယ္မွာ ကပ္ၿငိလာပါတယ္။ ဒါေတြက အေရျပား က်န္းမာေရးကို ထိခိုက္ေစရုံသာမကဘဲ က်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။

ဒါ့ေၾကာင့္ ညအိပ္ခင္မွာ ေရခ်ိဳးဖို႔က အေရးႀကီးပါတယ္။ ေရခ်ိဳးျခင္းျဖင့္ ခႏၶာကိုယ္ေပၚမွာ ကပ္ၿငိေနတဲ့ မေကာင္းတဲ့ အမႈန္ေတြဓာတ္ေတြကို သန္႔စင္ေအာင္ လုပ္ေဆာင္ေပးႏိုင္ၿပီး ၈ နာရီလံုးလံုး က်န္းမာ သန္႔ရွင္းစြာနဲ႔အိပ္စက္အနားယူႏိုင္မွာျဖစ္ပါတယ္။

အသားအေရ ထိန္းသိမ္းေပးဖို႔အတြက္လည္း ေကာင္းမြန္

ညေနဘက္ အလုပ္ကေန ျပန္ေရာက္ၿပီး ေရခ်ိဳးေပးၿပီးေနာက္ အသားအေရ ထိန္းသိမ္း (Skin Care) လုပ္ေဆာင္ေပးရင္လည္း ပိုၿပီး ထိေရာက္မႈရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myhealthmyanmar

#Unicode Version#
ရာသီဥတု ပူပြင်းတဲ့နေရာဒေသကလူတွေကတော့ မနက်နဲ့ ညဘက်မှာရေချိုးလေ့ရှိပါတယ်။ ရေချိုးတာက ခန္ဓာကိုယ်ကို အေးမြ လန်းဆန်းစေရုံတင်မကဘဲ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

မနက်ခင်းမှာ ရေချိုးပေးရင်

မနက်ခင်းမှာ ရေချိုးပေးရင် လူကို နိုးကြားစေပြီး စိတ်အာရုံစူးစိုက်မှုတွေကို ပိုကောင်းစေပါတယ်။ အကယ်၍ ကိုယ်က မနက်ပိုင်းလေ့ကျင့်ခန်းလုပ်တတ်သူ၊ Gym ဆော့တတ်သူဆိုရင်လည်း Gym ဆော့ပြီးနောက် ခန္ဓာကိုယ်မှာပေကျန်နေတဲ့ ချွေးတွေ၊ အဆီတွေကို ဖယ်ရှားပေးရာလည်း ရောက်ပါတယ်။

အရေပြားဆရာဝန် Dr. Joel Schlessinger က နေ့တစ်နေ့ကို မစခင်မှာ မျက်နှာသစ်၊ ရေချိုးပေးတာမျိုး လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

ညဘက်မှာ ရေချိုးပေးရင်

ညဘက်မှာရေချိုးပေးရင် ကောင်းမွန်တဲ့ အိပ်စက်မှုကို ရရှိစေပါတယ်။

အပြင်ဘက်မှာ သွားလာလှုပ်ရှားနေတာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ အလက်ဂျစ်ဖြစ်စေတဲ့ အမှုန်တွေ နဲ့ တခြား ဖုန်တွေသဲတွေက ခန္ဓာကိုယ်မှာ ကပ်ငြိလာပါတယ်။ ဒါတွေက အရေပြား ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ဒါ့ကြောင့် ညအိပ်ခင်မှာ ရေချိုးဖို့က အရေးကြီးပါတယ်။ ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ မကောင်းတဲ့ အမှုန်တွေဓာတ်တွေကို သန့်စင်အောင် လုပ်ဆောင်ပေးနိုင်ပြီး ၈ နာရီလုံးလုံး ကျန်းမာ သန့်ရှင်းစွာနဲ့အိပ်စက်အနားယူနိုင်မှာဖြစ်ပါတယ်။

အသားအရေ ထိန်းသိမ်းပေးဖို့အတွက်လည်း ကောင်းမွန်

ညနေဘက် အလုပ်ကနေ ပြန်ရောက်ပြီး ရေချိုးပေးပြီးနောက် အသားအရေ ထိန်းသိမ်း (Skin Care) လုပ်ဆောင်ပေးရင်လည်း ပိုပြီး ထိရောက်မှုရှိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myhealthmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top