မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

Paere Jongthong လုိ႔ အမည္ရတဲ့ အသက္ 24 ႏွစ္အရြယ္ ထုိင္းအမ်ိဳးသားကို လူသတ္မႈအတြက္ ဖမ္းဆီးစဥ္မွာ သူ႕ရဲ႕ ေဘာင္းဘီအိတ္ထဲမွာ လက္လက္ဆက္ဆက္ ထုတ္ယူထားတဲ့ လုူရဲ႕အသည္းနဲ႔အတူ၊ ေရာျပြန္းခ်က္ျပဳတ္ဖုိ႔အတြက္ အသင့္ယူေဆာင္လာတဲ့ စလက္ရြက္ စတဲ့ သီးႏွံေတြကုိပါ သိမ္းဆည္းႏုိင္ခဲ့ေၾကာင္း The Sun က ဆုိပါတယ္။ ထိုအသည္းကို စားဖို႔ရည္ရြယ္ထားသလားလို႔ ေမးခဲ့ရာမွာလည္း Paere က စားဖိုု႔ရည္ရြယ္ထားေၾကာင္း ဝန္ခံခဲ့ပါတယ္။

Paere ဟာ အိမ္နီးခ်င္းျဖစ္တဲ့ Tan Loon-ubon အမည္ရ အသက္ 79 ႏွစ္အရြယ္ အဖုိးအုိကုိ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာပါ။ လူသတ္မႈျဖစ္ခဲ့တဲ့ ရြာအမည္ကေတာ့ Dong Suang ျဖစ္ၿပီး ထုိင္းႏုိင္ငံအေရွ႕ေျမာက္ပုိင္း Bueng Karn Province အတြင္းမွာ တည္ရွိပါတယ္။
Paere ဟာ Tan တုိ႔အိမ္ကို ေန႔စဥ္သြားေရာက္ လည္ပတ္ စကားစျမည္ေျပာေလ့ရွိသူျဖစ္ၿပီး၊ မူးယစ္ေဆး မက္သာမဖီတမင္းေဆးျပားနဲ႔ ေဆးေျခာက္ကုိလည္း အ႐ူးအမူးသုံးစြဲသူ တစ္ေယာက္ ျဖစ္ပါတယ္။ အခင္းျဖစ္တဲ့ေန႔မွာ အဆုိပါ မူးယစ္ေဆးေတြ သုံးစြဲထားေၾကာင္းလည္း ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။

Paere ရဲ႕ အဆုိအရ Tan ဟာ Paere ရဲ႕အေဖကို သတ္ခဲ့မိတယ္လုိ႔ ခဏခဏ ထုတ္ေဖာ္၀န္ခံခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီလုိမေျပာဖုိ႔ Paere က ေတာင္းဆုိခဲ့ေပမယ့္ Tan က ဆက္ၿပီးေတာ့ သူ႕အေဖကုိ ဘယ္လုိဘယ္ပုံ သတ္ခဲ့တယ္ဆုိတာကို ၿမိန္ေရရွက္ေရ ျပန္လည္ေျပာျပေနတယ္လုိ႔ ဆုိပါတယ္။

Paere က ” သူက က်ေနာ့့္အေဖကို သတ္ခဲ့တယ္လုိ႔ ေျပာပါတယ္ … ဒါက အမွန္မျဖစ္နုိင္ပါဘူး ဒါေပမယ့္ သူက ဒါကုိပဲ ထပ္ကာထပ္ကာ ေျပာခဲ့ပါတယ္ .. က်ေနာ္ ဘာလုပ္ရမယ္ဆုိတာ မသိေတာ့ပါဘူး .. ဒီေတာ့ က်ေနာ္ သူ႕ကုိ ဓားနဲ႔ ထုိးလုိက္တယ္ … သူက ဒီေတာ့ ေတာင္းပန္တယ္ .. က်ေနာ္ သူ႕ကို ေလးႀကိမ္အထိ ေမးတယ္ … ခုနက ေျပာတာေတြက အမွန္ေတြပဲလားဆုိၿပီး … “လုိ႔ ထြက္ဆုိခဲ့ပါတယ္။

ရဲေတြရဲ႕ေျပာစကားအရ Tan ဟာ ၀မ္းဗုိက္ပြင့္ထြက္ဒဏ္ရာ လည္ပင္းကုိ ဓားနဲ႔ထုိးခံရတဲ့ ဒဏ္ရာေတြနဲ႔ ေသဆုံးေနေၾကာင္း၊ Paere ကုိ ဖမ္းမိစဥ္မွာ သူရဲ႕ ေဘာင္းဘီအိတ္ထဲမွာ ေသဆုံးသူရဲ႕ အသည္းကို ေတြ႕ရေၾကာင္း ဆုိပါတယ္။ သူဟာ အခင္းျဖစ္တဲ့ေန႔မွာ မူးယစ္ေဆးေတြကိုလည္း သုံးစြဲထားပါတယ္။ ေလာေလာဆယ္ေတာ့ အမႈကုိ ဆက္လက္ စစ္ေဆးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္
# Unicode Version ျဖင့္ ဖတ္ပါ #
Paere Jongthong လို့ အမည်ရတဲ့ အသက် 24 နှစ်အရွယ် ထိုင်းအမျိုးသားကို လူသတ်မှုအတွက် ဖမ်းဆီးစဉ်မှာ သူ့ရဲ့ ဘောင်းဘီအိတ်ထဲမှာ လက်လက်ဆက်ဆက် ထုတ်ယူထားတဲ့ လုူရဲ့အသည်းနဲ့အတူ၊ ရောပြွန်းချက်ပြုတ်ဖို့အတွက် အသင့်ယူဆောင်လာတဲ့ စလက်ရွက် စတဲ့ သီးနှံတွေကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း The Sun က ဆိုပါတယ်။ ထိုအသည်းကို စားဖို့ရည်ရွယ်ထားသလားလို့ မေးခဲ့ရာမှာလည်း Paere က စားဖိုု့ရည်ရွယ်ထားကြောင်း ဝန်ခံခဲ့ပါတယ်။

Paere ဟာ အိမ်နီးချင်းဖြစ်တဲ့ Tan Loon-ubon အမည်ရ အသက် 79 နှစ်အရွယ် အဖိုးအိုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။ လူသတ်မှုဖြစ်ခဲ့တဲ့ ရွာအမည်ကတော့ Dong Suang ဖြစ်ပြီး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Bueng Karn Province အတွင်းမှာ တည်ရှိပါတယ်။
Paere ဟာ Tan တို့အိမ်ကို နေ့စဉ်သွားရောက် လည်ပတ် စကားစမြည်ပြောလေ့ရှိသူဖြစ်ပြီး၊ မူးယစ်ဆေး မက်သာမဖီတမင်းဆေးပြားနဲ့ ဆေးခြောက်ကိုလည်း အရူးအမူးသုံးစွဲသူ တစ်ယောက် ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့မှာ အဆိုပါ မူးယစ်ဆေးတွေ သုံးစွဲထားကြောင်းလည်း ဖြောင့်ချက်ပေးခဲ့ပါတယ်။

Paere ရဲ့ အဆိုအရ Tan ဟာ Paere ရဲ့အဖေကို သတ်ခဲ့မိတယ်လို့ ခဏခဏ ထုတ်ဖော်ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမပြောဖို့ Paere က တောင်းဆိုခဲ့ပေမယ့် Tan က ဆက်ပြီးတော့ သူ့အဖေကို ဘယ်လိုဘယ်ပုံ သတ်ခဲ့တယ်ဆိုတာကို မြိန်ရေရှက်ရေ ပြန်လည်ပြောပြနေတယ်လို့ ဆိုပါတယ်။

Paere က ” သူက ကျနော့့်အဖေကို သတ်ခဲ့တယ်လို့ ပြောပါတယ် … ဒါက အမှန်မဖြစ်နိုင်ပါဘူး ဒါပေမယ့် သူက ဒါကိုပဲ ထပ်ကာထပ်ကာ ပြောခဲ့ပါတယ် .. ကျနော် ဘာလုပ်ရမယ်ဆိုတာ မသိတော့ပါဘူး .. ဒီတော့ ကျနော် သူ့ကို ဓားနဲ့ ထိုးလိုက်တယ် … သူက ဒီတော့ တောင်းပန်တယ် .. ကျနော် သူ့ကို လေးကြိမ်အထိ မေးတယ် … ခုနက ပြောတာတွေက အမှန်တွေပဲလားဆိုပြီး … “လို့ ထွက်ဆိုခဲ့ပါတယ်။

ရဲတွေရဲ့ပြောစကားအရ Tan ဟာ ၀မ်းဗိုက်ပွင့်ထွက်ဒဏ်ရာ လည်ပင်းကို ဓားနဲ့ထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း၊ Paere ကို ဖမ်းမိစဉ်မှာ သူရဲ့ ဘောင်းဘီအိတ်ထဲမှာ သေဆုံးသူရဲ့ အသည်းကို တွေ့ရကြောင်း ဆိုပါတယ်။ သူဟာ အခင်းဖြစ်တဲ့နေ့မှာ မူးယစ်ဆေးတွေကိုလည်း သုံးစွဲထားပါတယ်။ လောလောဆယ်တော့ အမှုကို ဆက်လက် စစ်ဆေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top