န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ညအိပ္ယာထဲ အထိ အြန္လိုင္းသံုးရင္ ဘယ္ေလာက္ ေၾကာက္စရာေကာင္းလဲဆိုတာ ဖတ္​ ျဖစ္ေအာင္ ဖတ္​္သြားၾကပါ

က်န္းမာေရးပါရဂူၾကီးမ်ားရဲ့ ေလ့လာေတြ့ရွိခ်က္အရ လူသားေတြအတြက္ အေကာင္းဆံုး အိပ္စက္အနားယူခ်ိန္ဟာ ည ၁၁ နာရီမွ မနက္ ၃ နာရီအတြင္းျဖစ္တယ္လို့ သိရပါတယ္။

ဒီအဆိုကို ေဆးပညာရွင္မ်ားအားလံုးနီးပါးကလည္း လက္ခံထားၾကပါတယ္။ ၁၁-၃ အတြင္း အနားမယူပဲ အလုပ္တစ္ခုခု လုပ္ေနမယ္ဆိုရင္ က်နး္မာေရးကို ထိခိုက္ေစလိမ့္မယ္။ ခ်က္ခ်င္းမဟုတ္ေပမယ့္ ေရရွည္မွာ ဆိုး၀ါးလာေစႏိုင္ပါတယ္။

အေၾကာင္းကေတာ့ လူ့ခႏၶာကိုယ္ထဲမွာ အဓိကအေရးၾကီးဆံုး အလုပ္လုပ္ေပးေနတဲ့ အသည္းဟာ ၁၁-၃ အခ်ိန္မွာ လူတို့စားသံုးထားတဲ့ အစားအစာမ်ားထဲမွ အဆိပ္အေတာက္နဲ့ မလိုအပ္တဲ့အရာမ်ားကို စစ္ထုတ္ေပးေနရလို့ပါပဲ။

အသည္းရဲ့ အလုပ္လုပ္ခ်ိန္လို့ ဆိုရင္ ပိုမွန္ပါလိမ့္မယ္။အဲဒီအခ်ိန္အတြင္း ခႏၶာကိုယ္ကို အနားေပးထားရပါတယ္။ အိပ္စက္အနားယူရပါတယ္။အနားမေပးရင္ အသည္းရဲ့ လုပ္ေဆာင္မွဳမ်ားကို ထိခိုက္ေလွ်ာ့နည္းေစျပီး အသည္းကို တေျဖးေျဖး ပ်က္စီးသြားေစပါတယ္။

အသည္းမေကာင္းေတာ့ရင္ ခႏၶာကိုယ္ဇီ၀ကမၼျဖစ္စဥ္မ်ား ပံုမွန္မလည္ပတ္ႏိုင္ေတာ့ပဲ စက္ပစၥည္းတစ္ခုခုမွာ မူလီတစ္ခု ခြ်တ္ယြင္းရင္ က်န္တဲ့အစိတ္အပိုင္းမ်ားလည္း အဆင္မေျပႏိုင္ေတာ့သလို လူ့ခႏၶာကိုယ္မွာလည္း အသည္းက အလုပ္မလုပ္ႏိုင္ေတာ့ရင္ အသည္းေရာင္အသား၀ါ B ပိုး၊ C ပိုး၊ စတဲ့ အသည္းေရာဂါမ်ားအျပင္ အျခားေရာဂါမ်ားလည္း တစ္ခုျပီးတစ္ခု ျဖစ္ေစပါတယ္။

ဒါ့ေၾကာင့္ က်န္းမာေရးေစာက္ေရွာက္မွဳ ျမင့္မားတဲ့ အခ်ိဳ့ႏိုင္ငံေတြမွာ ညဖက္အလုပ္လုပ္ရတဲ့ ၀န္ထမ္းမ်ားကို ေရရွည္မလုပ္ေစပဲ အလွည့္က် လွဲလယ္ေပးတတ္ၾကပါတယ္။

အခုေခတ္မွာ ေဖ့စ္ဘုတ္ဟာ အိပ္ခ်ိန္ကို အဓိက ဖဲ့ယူေနတဲ့အရာျဖစ္ေနတာေၾကာင့္ အသက္ကိုဉာဏ္ေစာင့္ဆိုတဲ့ စကားအတိုင္း ကိုယ့္အသက္ကို အသိဉာဏ္ျဖင့္ ဂရုျပဳႏိုင္ၾကေစရန္ က်န္းမာေရးဗဟုသုတအျဖစ္ အသိေပးလိုက္ပါတယ္။

ေဖ့စ္ဘုတ္တစ္ခုတည္းမဟုတ္ပဲ အျခား ဘာပဲလုပ္လုပ္ အဲဒီအခ်ိန္မွာ မအိပ္ရင္ အသည္းရဲ့ လုပ္ေဆာင္ခ်က္မ်ားကို ထိခိုက္ေစပါတယ္။

လူသားအားလံုး က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစ။

မိမိမွာအခ်စ္ဆံုးေလးေတြ႐ွိရင္ အသဲေလးလို႔ခ်စ္စႏိုးနဲ႔ေခၚၾကမွာပဲေနာ္ ဘာလို႔လဲဆိုရင္ အသဲဆိုတာ အသက္တမ်ွခ်စ္ျမတ္ႏိုးတယ္ဆိုတဲ့အဓိပၸါယ္ပါပဲ…အဲလိုပဲခႏၡာကိုယ္အတြက္အသက္႐ွင္မႈဆိုင္ရာလုပ္ငန္းမွာလဲအသည္းကအေရးႀကီးၿပီး ခႏၡာကိုယ္မွာ ဒုတိယအႀကီးဆံုးအဂၤါရပ္ေလးတစ္ခုပါ…

ဒါေၾကာင့္အသဲေလးေတြပဲခ်စ္ေနလို႔မၿပီးေသးဘူး..မိမိကိုယ္ရဲ႕အသည္းေလးကိုလဲခ်စ္ဖို႔လိုေသးတယ္ေနာ္….

တခ်ိဳ႕ကညဘက္ခ်စ္သူအသဲေလးနဲ႔စကားေျပာတဲ့အခါမိမိအသည္းေလးကိုေမ့ေနၾကတယ္ေလ ခႏၡာကိုယ္မွာည ၁၁နာရီေနာက္ပိုင္းဆိုအသည္းအလုပ္လုပ္ခ်ိန္မလို႔အဲဒီအခ်ိန္မအိပ္တဲ့သူေတြဟာအသည္း အဆီဖုံးတာတို႔အသဲႀကီးတာတို႔ျဖစ္တတ္ပါတယ္…

မူးယစ္ေဆးဝါး..အေနာက္တိုင္းေဆးဝါး..ဓာတုဆိုးေဆးပါတဲ့အစားအစာ..ေသာက္သံုးအခ်ိဳရည္..အဆီမ်ားေသာအစားအစာ..ကယ္လိုရီမ်ားေသာအသင့္စားအကင္..အသား..အေၾကာ္ေတြကလဲအသည္းေလးကိုဝန္တာေတြပိုေစပါတယ္..

မိမိစားေသာက္ေသာအစားအေသာက္ေတြကိုအသည္းေလးကသန္႔စင္စုပ္ယူတဲ့အတြက္ေၾကာင့္အစားအေသာက္မဆင္ျခင္္ရင္ေတာ့အသည္းေရာဂါအမ်ိဳးမ်ိဳးကိုခံစားရေစမွာပါ…

အသည္းေရာင္အသားဝါ.အသည္းေျခာက္..အသည္းေရာင္..သည္းေခ်ေက်ာက္တည္..ေရဖ်င္း..စသည္မွစ၍အသည္းကင္ဆာအထိျဖစ္ပြားႏိုင္တယ္ေလ…

အရက္ေသာက္မွအသည္းေျခာက္တာမဟုတ္ပါဖူး…ထမင္းေၾကာ္.အခ်ိဳရည္.အသားကင္..စတာေတြအလြန္အကြၽံစားျခင္းညဘက္အိပ္စက္နားယူမႈမ႐ွိျခင္းေတြကလဲအသည္းေရာဂါကိုျဖစ္ေစၿပီးအသည္းေရာဂါလကၡဏာအမ်ားစုဟာ အဆင့္၂ အဆင့္၃ ေလာက္မွ လကၡဏာျပတာမလို႔ ေဆးကုသဖို႔ေနာက္က်သြားႏိုင္ပါတယ္…

ျဖစ္ၿပီးမွကုတာထက္မျဖစ္ခင္ႀကိဳတင္ကာကြယ္ၿပီးမိမိအသည္းေလးကိုပိုခ်စ္ၾကရင္မေကာင္းဘူးလားေနာ္…

ကဲေစာေစာမအိပ္တဲ့ကိုယ္ခ်စ္ရတဲ့အသဲေလးေတြကိုလဲေျပာလိုက္ပါေနာ္..ၿပီးရင္ကို႔ အသည္းေလးကိုလဲဂ႐ုစိုက္ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original
# Unicode Version ျဖင့္ ဖတ္ပါ #
ညအိပ်ယာထဲ အထိ အွန်လိုင်းသုံးရင် ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဖတ် ဖြစ်အောင် ဖတ်သွားကြပါ

ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးပါးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။

အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။

အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။

အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါများအပြင် အခြားရောဂါများလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ဝန်ထမ်းများကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။

အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့် အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြုနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ် အသိပေးလိုက်ပါတယ်။

ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။

လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

မိမိမှာအချစ်ဆုံးလေးတွေရှိရင် အသဲလေးလို့ချစ်စနိုးနဲ့ခေါ်ကြမှာပဲနော် ဘာလို့လဲဆိုရင် အသဲဆိုတာ အသက်တမျှချစ်မြတ်နိုးတယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ…အဲလိုပဲခန္ခာကိုယ်အတွက်အသက်ရှင်မှုဆိုင်ရာလုပ်ငန်းမှာလဲအသည်းကအရေးကြီးပြီး ခန္ခာကိုယ်မှာ ဒုတိယအကြီးဆုံးအင်္ဂါရပ်လေးတစ်ခုပါ…

ဒါကြောင့်အသဲလေးတွေပဲချစ်နေလို့မပြီးသေးဘူး..မိမိကိုယ်ရဲ့အသည်းလေးကိုလဲချစ်ဖို့လိုသေးတယ်နော်….

တချို့ကညဘက်ချစ်သူအသဲလေးနဲ့စကားပြောတဲ့အခါမိမိအသည်းလေးကိုမေ့နေကြတယ်လေ ခန္ခာကိုယ်မှာည ၁၁နာရီနောက်ပိုင်းဆိုအသည်းအလုပ်လုပ်ချိန်မလို့အဲဒီအချိန်မအိပ်တဲ့သူတွေဟာအသည်း အဆီဖုံးတာတို့အသဲကြီးတာတို့ဖြစ်တတ်ပါတယ်…

မူးယစ်ဆေးဝါး..အနောက်တိုင်းဆေးဝါး..ဓာတုဆိုးဆေးပါတဲ့အစားအစာ..သောက်သုံးအချိုရည်..အဆီများသောအစားအစာ..ကယ်လိုရီများသောအသင့်စားအကင်..အသား..အကြော်တွေကလဲအသည်းလေးကိုဝန်တာတွေပိုစေပါတယ်..

မိမိစားသောက်သောအစားအသောက်တွေကိုအသည်းလေးကသန့်စင်စုပ်ယူတဲ့အတွက်ကြောင့်အစားအသောက်မဆင်ခြင်ရင်တော့အသည်းရောဂါအမျိုးမျိုးကိုခံစားရစေမှာပါ…

အသည်းရောင်အသားဝါ.အသည်းခြောက်..အသည်းရောင်..သည်းချေကျောက်တည်..ရေဖျင်း..စသည်မှစ၍အသည်းကင်ဆာအထိဖြစ်ပွားနိုင်တယ်လေ…

အရက်သောက်မှအသည်းခြောက်တာမဟုတ်ပါဖူး…ထမင်းကြော်.အချိုရည်.အသားကင်..စတာတွေအလွန်အကျွံစားခြင်းညဘက်အိပ်စက်နားယူမှုမရှိခြင်းတွေကလဲအသည်းရောဂါကိုဖြစ်စေပြီးအသည်းရောဂါလက္ခဏာအများစုဟာ အဆင့်၂ အဆင့်၃ လောက်မှ လက္ခဏာပြတာမလို့ ဆေးကုသဖို့နောက်ကျသွားနိုင်ပါတယ်…

ဖြစ်ပြီးမှကုတာထက်မဖြစ်ခင်ကြိုတင်ကာကွယ်ပြီးမိမိအသည်းလေးကိုပိုချစ်ကြရင်မကောင်းဘူးလားနော်…

ကဲစောစောမအိပ်တဲ့ကိုယ်ချစ်ရတဲ့အသဲလေးတွေကိုလဲပြောလိုက်ပါနော်..ပြီးရင်ကို့ အသည်းလေးကိုလဲဂရုစိုက်နော်

ဖိုးသူတော် (www.phothutaw.com)
Credit: Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top