ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×





Credit: luckymyanmar

#Unicode Version#


သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ အနုပညာလောကမှာ ပရိသတ်တွေ အရမ်းကိုမှ အားကျလွန်းရတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝမှာ သမီးလေးနဲ့သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ လက်တလောက ပြသသွားတဲ့ ပြေတီဦး ပါဝင်သရုပ်ဆောင်ထားတဲ့ စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်တွေကြား အလွန့်အလွန်မှ လူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။

ယခု လက်ရှိရုံတင်ပြသတော့မယ့် တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ ဇာတ်ကားမှာတော့ ပဲခူးရိုးမတောထဲမှာ သွားရိုက်ကူးထားပြီး အရမ်းခက်ခက်ခဲခဲရိုက်ခဲ့ရကြောင်းလည်း ပြေတီဦးကဆိုထားပါတယ်။

စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကြီးက သမီးလေး ပြေသုန္ဒြာ တဟားဟားနဲ့ ပထမဆုံးစကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်းကိုလည်း ပြေတီဦးက ဝမ်းသာစွာပြောပြလာတဲ့အပြင် ထိုကားထဲမှာ ပြေတီဦးရဲ့ အခြောက်ဇာတ်ရုပ်ဟာလည်း ပီပြင်လွန်းတာကြောင့် ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်ကတောင်မှ မယုံသင်္ကာဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ထိုအကြောင်းနဲ့ပတ်သက်ပြီးတော့

စိန်ယောက်မတုန်းက ကျတော်က အခြောက်ပုံစံဖြစ်တော့ အူဝဲကနေပြီးတော့ ရှင့်ဟာက တအားပီပြင်တယ်နော် ဘာညာ ဆိုတော့ တိုးကျော်မန်းရုပ်ရှင်ဇာတ်ကားမှာ ယောက်ကျားပီသတဲ့အကြောင်း ပြန်ပြထားတယ် လို့ ရယ်ပြီးပြောပြလာပါတယ်။

မှတ်ချက်-ပေါ်ပြူလာဂျာနယ်အင်တာဗျူးမှ မှီငြမ်းဖော်ပြထားခြင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: luckymyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top