ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူ ႏွစ္ဦးသားအတြက္ေတာ့ ေန႕ရက္တိုင္းဟာ အမွတ္တရေန႕ေတြပါပဲ ဆိုေပမဲ့ ႏွစ္္ဦးသား အၾကား အမွတ္တမဲ့မွ အမွတ္တရ ျဖစ္သြားတာေလးေတြ၊တိုက္ဆိုင္မႈကို တမင္ဖန္တီးယူတာေလးေတြကေန တသက္တာ မေမ့ႏိုင္ပဲ ရင္ခုန္ေပ်ာ္ရႊင္ဖြယ္ရာေကာင္းတဲ့ မိုးသည္းခ်ိန္ေလးေတြကိုလဲ အမွတ္တရ အျဖစ္ ဖန္တီးႏိုင္ပါတယ္…….

တိမ္ေတြ အံု႕ဆိုင္းလာျပီး မိုးေတြ ရြာလာတဲ႔ အခါ ခ်စ္သူ ကို လြမ္းသလိုလို၊ ေဆြးသလိုလို ဘာကို ေခါင္းစဥ္တပ္လို႕ တပ္ရမယ္ မွန္းမသိနဲ႕ အလိုမက် စိတ္ခံစားခ်က္မ်ား ျဖစ္ေပၚေလ့ ရွိပါတယ္………

ဒီလို မိုးသည္းေနခ်ိန္မွာ အိမ္ထဲမွာ ေအးေဆးေကြးမေနပဲ ခ်စ္သူနဲ႕ အတူ ဘယ္သြားျပီး ဘာထြက္လုပ္မလဲ ဆိုတဲ႔ ေမးခြန္းနဲ႕ အတူ ရူးသြပ္မႈ တစ္ခုလို႕ ထင္ရေပမဲ႔  မိုးရြာတုန္း အျပင္ထြက္ျခင္းဟာ အေတြ႕အႀကံဳ အသစ္ေတြနဲ႕ အတူ  တမူ မတူညီတဲ႔ စိတ္ေပ်ာ္ရႊင္မႈမ်ိဳးကို ရရွိေစမွာ အမွန္ပဲ ျဖစ္ပါတယ္………

အဲေတာ့ အိမ္ထဲမွာပဲ ေအာင္းေနခ်င္တာကို ေရွာင္က်ဥ္ျပီး ခ်စ္သူနဲ႕ အျပင္ထြက္ဖို႕ ခ်ိန္းဆိုလိုက္ပါ………

မိုးရြာေနတဲ႔ အခ်ိန္ ခ်စ္သူနဲ႕ အတူ ဘာေတြ ျပဳလုပ္ေဆာင္ရြက္နိုင္လဲ ဆိုတာကေတာ့………

-အရင္ဆံုး ခ်စ္သူနဲ႕ အတူ ေကာ္ဖီဆိုင္ တစ္ဆိုင္ ဆိုင္ကိုသြားပါ

အျပင္ဘက္ မိုးရြာေနတဲ႔ ျမင္ကြင္းကို ျမင္နိုင္မယ့္ စားပြဲကို ေရြးျပီး ခ်စ္သူနဲ႕ အတူ မိုးေအးေအးေလးမွာ ေကာ္ဖီ ပူပူေလး ေသာက္ရတာဟာ ႏွစ္ဦးသား အတြက္ေတာ့ အမွတ္ရစရာ ေန႕ေလး တစ္ေန႕ ျဖစ္ေနမွာပါ………
-ေကာ္ဖီေသာက္ရင္း ဘဝအနာဂတ္ အေၾကာင္းေတြ ေဆြးေႏြးပါ

ပူေလာင္ အိုက္စက္ ေနပူ လြန္းတဲ႔ အခ်ိန္မွာ ကိုယ္ ကိုယ္တိုင္ တေယာက္တည္းသာ ေနခ်င္ျပီး ဘယ္သူမွလဲ အႀကံေကာင္း ဥာဏ္ေကာင္း ထြက္မွာ မဟုတ္ပါဘူး……

မိုးေအးျပီး တေယာက္မ်က္ႏွာ တေယာက္ၾကည့္ကာ ေကာ္ဖီ ပူပူေလးေသာက္ရင္း အနာဂတ္ အစီအစဥ္ေတြကို ေခါင္းေအးေအးနဲ႕ စဥ္းစားဆံုးျဖတ္လို႕ ရပါတယ္……

ခ်စ္သက္စကားေလးေတြ ေျပာဆိုရင္း ေရွ႕ လက္ထပ္ဖို႕ အစီအစဥ္ေတြ ေရးဆြဲရင္း ၾကင္နာေႏြးေထြးမႈေတြနဲ႕ အတူ ႏွစ္ဦးသား ရင္ခုန္သံေတြဟာလည္း မိုးႀကိဳးလွ်ပ္စီးမ်ားထက္ေတာင္ ဆူညံေနေတာ့မွာ အမွန္ပါပဲ……

-ႏွစ္ေယာက္ အတူ မိုးရြာထဲ လမ္းေလွ်ာက္ မိုးေရခ်ိဳးပါ

ထီးပါလာတယ္ဆိုရင္ ေခါက္သိမ္းထားျပီး အိမ္အျပန္လမ္းကို ႏွစ္ဦးသားအတူ မိုးေရခ်ိဳးလိုက္ပါ……

မိုးရြာေနတဲ့ အခ်ိန္ခ်စ္သူနဲ႕ အတူ မိုးစက္ကေလးေတြကို ေဆာ့ကစားတာဟာ ငယ္စဥ္က လြတ္လပ္ေပါ့ပါးမႈေတြကို ျပန္လည္ ခံစားမိေစမွာ ျဖစ္သလို တစ္ဦးနဲ႕ တစ္ဦး ဂရုစိုက္ၾကင္နာမႈေတြကိုလည္း ရရွိေစမွာပါ……

-မိုးပြင့္မိုးစက္ေတြၾကားထဲ အနမ္းေလးတစ္ပြင့္ ဖူးပြင့္လိုက္ပါ…

မိုးေရေတြ စိုရႊဲေနတဲ႔အခ်ိန္ ခ်မ္းေအးေနျခင္းမ်ားကို အနမ္းတပြင့္က တိုက္ဖ်က္ေပးနိုင္ပါတယ္…

ခ်မ္းေအး စိုရႊဲေနတဲ႔ ခ်စ္သူ ကိုယ္လံုးေလးကို ရင္ခြင္ထဲ ေထြးေပြ႕ထားျပီး သူရဲ႕ မ်က္ႏွာျပင္ေပၚသို႕ အနမ္းေလးတစ္ပြင့္ ေပးေျခြလိုက္ျခင္းဟာ သူ႕အတြက္ေတာ့ အေႏြးဓာတ္ အျပည့္အဝ ရရွိေစမွာ ျဖစ္သလို ခ်စ္သူႏွစ္ဦးၾကားမွာေတာ့ ယံုၾကည္မႈေတြ ပိုမိုတိုးလို႕လာမွာ အမွန္ပါပဲ………
-အမွတ္တရ ျဖစ္ပ်က္ခဲ႔တာေလးေတြကို ျပန္ေႏႊးပါ

ဘယ္အရာ မဆို ကိုယ္ကိုတိုင္  ျပဳလုပ္ေဆာင္ရြက္ခဲ႔တုန္းက အရသာနဲ႕ ျပန္လည္ေတြးေတာ ျပန္ေျပာဆိုရျခင္းကလဲ မတူ တစ္မူထူးတဲ႔ အရသာ တမ်ိဳးပါပဲ……

အိမ္ျပန္ေရာက္ျပီဆို တေယာက္နဲ႕ တေယာက္ ျဖစ္ပ်က္ခဲ႔တာေလးေတြကို ဖုန္းဆက္သြယ္ေျပာဆိုျခင္းမျပဳပဲ စာတိုေပးပို႕ျခင္းျဖင့္ ဘယ္ေလာက္ေပ်ာ္ရႊင္ဖြယ္ေကာင္းေၾကာင္း ရင္ခုန္ဖြယ္ေကာင္းေၾကာင္း အခုလို အတူရွိေနေပးတဲ႔ အတြက္ ေက်းဇူးတင္ေၾကာင္းေတြကို ေျပာျပေပးပါ………

ဒီလို ခ်စ္သူေတြကို အမွတ္တရ အခ်ိန္ေလးျဖစ္ေအာင္ ဖန္တီးေပးတဲ႔ မိုးနတ္မင္းကို ေက်းဇူးတင္ေၾကာင္းေျပာျပီး မိမိခ်စ္သူအား ေဆးႀကိဳေသာက္ထားျပီး ေစာေစာအိပ္ဖို႕ မွာၾကားကာ မိုးတြင္း မိုးရြာ ေနခ်ိန္ ဒီလို အခ်က္ေလးေတြနဲ႕ ႏွစ္ဦးသားသံေယာဇဥ္ေတြ ခ်စ္ျခင္းေတြကို ပိုမိုခိုင္ျမဲလာေအာင္ ဖန္တီးနိုင္မွာပဲ ျဖစ္ပါတယ္………'

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူ နှစ်ဦးသားအတွက်တော့ နေ့ရက်တိုင်းဟာ အမှတ်တရနေ့တွေပါပဲ ဆိုပေမဲ့ နှစ်ဦးသား အကြား အမှတ်တမဲ့မှ အမှတ်တရ ဖြစ်သွားတာလေးတွေ၊တိုက်ဆိုင်မှုကို တမင်ဖန်တီးယူတာလေးတွေကနေ တသက်တာ မမေ့နိုင်ပဲ ရင်ခုန်ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ မိုးသည်းချိန်လေးတွေကိုလဲ အမှတ်တရ အဖြစ် ဖန်တီးနိုင်ပါတယ်…….

တိမ်တွေ အုံ့ဆိုင်းလာပြီး မိုးတွေ ရွာလာတဲ့ အခါ ချစ်သူ ကို လွမ်းသလိုလို၊ ဆွေးသလိုလို ဘာကို ခေါင်းစဉ်တပ်လို့ တပ်ရမယ် မှန်းမသိနဲ့ အလိုမကျ စိတ်ခံစားချက်များ ဖြစ်ပေါ်လေ့ ရှိပါတယ်………

ဒီလို မိုးသည်းနေချိန်မှာ အိမ်ထဲမှာ အေးဆေးကွေးမနေပဲ ချစ်သူနဲ့ အတူ ဘယ်သွားပြီး ဘာထွက်လုပ်မလဲ ဆိုတဲ့ မေးခွန်းနဲ့ အတူ ရူးသွပ်မှု တစ်ခုလို့ ထင်ရပေမဲ့  မိုးရွာတုန်း အပြင်ထွက်ခြင်းဟာ အတွေ့အကြုံ အသစ်တွေနဲ့ အတူ  တမူ မတူညီတဲ့ စိတ်ပျော်ရွှင်မှုမျိုးကို ရရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်………

အဲတော့ အိမ်ထဲမှာပဲ အောင်းနေချင်တာကို ရှောင်ကျဉ်ပြီး ချစ်သူနဲ့ အပြင်ထွက်ဖို့ ချိန်းဆိုလိုက်ပါ………

မိုးရွာနေတဲ့ အချိန် ချစ်သူနဲ့ အတူ ဘာတွေ ပြုလုပ်ဆောင်ရွက်နိုင်လဲ ဆိုတာကတော့………

-အရင်ဆုံး ချစ်သူနဲ့ အတူ ကော်ဖီဆိုင် တစ်ဆိုင် ဆိုင်ကိုသွားပါ

အပြင်ဘက် မိုးရွာနေတဲ့ မြင်ကွင်းကို မြင်နိုင်မယ့် စားပွဲကို ရွေးပြီး ချစ်သူနဲ့ အတူ မိုးအေးအေးလေးမှာ ကော်ဖီ ပူပူလေး သောက်ရတာဟာ နှစ်ဦးသား အတွက်တော့ အမှတ်ရစရာ နေ့လေး တစ်နေ့ ဖြစ်နေမှာပါ………
-ကော်ဖီသောက်ရင်း ဘဝအနာဂတ် အကြောင်းတွေ ဆွေးနွေးပါ

ပူလောင် အိုက်စက် နေပူ လွန်းတဲ့ အချိန်မှာ ကိုယ် ကိုယ်တိုင် တယောက်တည်းသာ နေချင်ပြီး ဘယ်သူမှလဲ အကြံကောင်း ဉာဏ်ကောင်း ထွက်မှာ မဟုတ်ပါဘူး……

မိုးအေးပြီး တယောက်မျက်နှာ တယောက်ကြည့်ကာ ကော်ဖီ ပူပူလေးသောက်ရင်း အနာဂတ် အစီအစဉ်တွေကို ခေါင်းအေးအေးနဲ့ စဉ်းစားဆုံးဖြတ်လို့ ရပါတယ်……

ချစ်သက်စကားလေးတွေ ပြောဆိုရင်း ရှေ့ လက်ထပ်ဖို့ အစီအစဉ်တွေ ရေးဆွဲရင်း ကြင်နာနွေးထွေးမှုတွေနဲ့ အတူ နှစ်ဦးသား ရင်ခုန်သံတွေဟာလည်း မိုးကြိုးလျှပ်စီးများထက်တောင် ဆူညံနေတော့မှာ အမှန်ပါပဲ……

-နှစ်ယောက် အတူ မိုးရွာထဲ လမ်းလျှောက် မိုးရေချိုးပါ

ထီးပါလာတယ်ဆိုရင် ခေါက်သိမ်းထားပြီး အိမ်အပြန်လမ်းကို နှစ်ဦးသားအတူ မိုးရေချိုးလိုက်ပါ……

မိုးရွာနေတဲ့ အချိန်ချစ်သူနဲ့ အတူ မိုးစက်ကလေးတွေကို ဆော့ကစားတာဟာ ငယ်စဉ်က လွတ်လပ်ပေါ့ပါးမှုတွေကို ပြန်လည် ခံစားမိစေမှာ ဖြစ်သလို တစ်ဦးနဲ့ တစ်ဦး ဂရုစိုက်ကြင်နာမှုတွေကိုလည်း ရရှိစေမှာပါ……

-မိုးပွင့်မိုးစက်တွေကြားထဲ အနမ်းလေးတစ်ပွင့် ဖူးပွင့်လိုက်ပါ…

မိုးရေတွေ စိုရွှဲနေတဲ့အချိန် ချမ်းအေးနေခြင်းများကို အနမ်းတပွင့်က တိုက်ဖျက်ပေးနိုင်ပါတယ်…

ချမ်းအေး စိုရွှဲနေတဲ့ ချစ်သူ ကိုယ်လုံးလေးကို ရင်ခွင်ထဲ ထွေးပွေ့ထားပြီး သူရဲ့ မျက်နှာပြင်ပေါ်သို့ အနမ်းလေးတစ်ပွင့် ပေးခြွေလိုက်ခြင်းဟာ သူ့အတွက်တော့ အနွေးဓာတ် အပြည့်အဝ ရရှိစေမှာ ဖြစ်သလို ချစ်သူနှစ်ဦးကြားမှာတော့ ယုံကြည်မှုတွေ ပိုမိုတိုးလို့လာမှာ အမှန်ပါပဲ………
-အမှတ်တရ ဖြစ်ပျက်ခဲ့တာလေးတွေကို ပြန်နွှေးပါ

ဘယ်အရာ မဆို ကိုယ်ကိုတိုင်  ပြုလုပ်ဆောင်ရွက်ခဲ့တုန်းက အရသာနဲ့ ပြန်လည်တွေးတော ပြန်ပြောဆိုရခြင်းကလဲ မတူ တစ်မူထူးတဲ့ အရသာ တမျိုးပါပဲ……

အိမ်ပြန်ရောက်ပြီဆို တယောက်နဲ့ တယောက် ဖြစ်ပျက်ခဲ့တာလေးတွေကို ဖုန်းဆက်သွယ်ပြောဆိုခြင်းမပြုပဲ စာတိုပေးပို့ခြင်းဖြင့် ဘယ်လောက်ပျော်ရွှင်ဖွယ်ကောင်းကြောင်း ရင်ခုန်ဖွယ်ကောင်းကြောင်း အခုလို အတူရှိနေပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်းတွေကို ပြောပြပေးပါ………

ဒီလို ချစ်သူတွေကို အမှတ်တရ အချိန်လေးဖြစ်အောင် ဖန်တီးပေးတဲ့ မိုးနတ်မင်းကို ကျေးဇူးတင်ကြောင်းပြောပြီး မိမိချစ်သူအား ဆေးကြိုသောက်ထားပြီး စောစောအိပ်ဖို့ မှာကြားကာ မိုးတွင်း မိုးရွာ နေချိန် ဒီလို အချက်လေးတွေနဲ့ နှစ်ဦးသားသံယောဇဉ်တွေ ချစ်ခြင်းတွေကို ပိုမိုခိုင်မြဲလာအောင် ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်………'

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top