ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဝါဆိုလသည္ ျမန္မာလမ်ားတြင္ စတုတၱေျမာက္လျဖစ္၍ ေႏြဥတု၊ မိုးဥတု ႏွစ္ဥတုလံုး၌ ပါဝင္သည္။ ေႏြရာသီ သက္သက္မဟုတ္၊ ေႏြတစ္ပိုင္း၊ မိုးတစ္ပိုင္းေရာေႏွာေနေသာ ရာသီျဖစ္၍ ကဆုန္၊ နယုန္လမ်ားကဲ့ သို႔ အပူရွိန္ျပင္းထန္ျခင္းမရွိေတာ့ ေပ။ ရြာသြန္းေသာမိုးေရမွာ အလြန္ ေအးျမ၏။ ‘ဝါဆိုငယ္မွဝါေခါင္၊ ေရေဖာင္ေဖာင္ႏွင့္ ရြာ့ေတာင္က ေခ်ာင္း’ဟူေသာ အိုင္ခ်င္းႏွင့္အညီ ဝါဆိုလတြင္ မိုးသည္းထန္စြာ ရြာသြန္းသျဖင့္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္မ်ား၌ ေရျပည့္လွ်ံေနသည္ကို ျမင္ရမည္။

ဝါဆိုလျပည့္ေန႔ကား ‘သေႏၶ၊ ေတာထြက္၊ ဓမၼစက္၊ တစ္ခ်က္ျပာဋိ ဟာ’ ဆိုသည့္အတိုင္း သဗၺညဳတ ဥာဏ္ရွင္ဘုရားသခင္ကို ပဋိသေႏၶ ေနေတာ္မူျခင္း၊ ဘုရားေလာင္း သိဒၶတၴ မင္းသား ေတာထြက္ေတာ္ မူျခင္း၊ တရားဦးဓမၼစၾကာကို ေဟာၾကား ေတာ္မူျခင္း၊ ေရအစံု၊ မီးအစံု တန္ခိုး ျပာဋိဟာမ်ားကို ျပသေတာ္မူျခင္း ဟူေသာ ထူးျခားသည့္ ဘာသာေရး မွတ္တိုင္ႀကီးမ်ားကို စိုက္ထူခဲ့ေသာ ေန႔ထူးေန႔ျမတ္ျဖစ္ သည္။

ထို႔အျပင္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ေန႔တြင္ ရဟန္းသံဃာမ်ား ပုရိ မဝါကပ္ဆိုေတာ္မူၾကရသည္။ ထို႔ ေၾကာင့္ ဗုဒၶဘာသာဝင္မ်ားသည္ ဝါဆိုလကို လထူးလျမတ္အျဖစ္ အေလးအျမတ္ျပဳၾကျခင္းလည္း ျဖစ္သည္။

ေရွးအခါက ‘ပၪၥင္းေတာ္ခံပြဲ’ ကို ဝါဆိုလ၏ ရာသီပြဲေတာ္အျဖစ္ ဆင္ယင္က်င္းပေလ့ရွိၾကသည္။ ပၪၥင္းခံပြဲေတာ္ကို ပုဂံေခတ္ အေနာ္ ရထာမင္းလက္ထက္၊ ေထရဝါဒ သာသနာေတာ္ ထြန္းကား၍ ရဟန္း ေတာ္မ်ား အေျမာက္အျမားရွိေနသည္ေၾကာင့္ ပုဂံေခတ္တြင္ ပၪၥင္းခံ မႈမ်ား ရွိမည္မွာ ဧကန္မလြဲေပ။ ထို႔ေၾကာင့္ ပုဂံေခတ္တြင္ ပၪၥင္းခံ ရွင္ျပဳပြဲ စတင္ခဲ့သည္ဟု ပညာရွင္အခ်ိဳ႕က မွတ္ယူၾကသည္။ အခ်ိဳ႕ ပညာရွင္မ်ားကလည္း ပထမ အင္းဝေခတ္၌ ပၪၥင္းခံ ရွင္ျပဳပြဲေတာ္ ရွိေနၿပီဟုဆိုၾကသည္။

ေရွးျမန္မာတို႔သည္ ဗုဒၶဘာသာ သာသနာေတာ္တိုးတက္ စည္ ကားျပန္႔ပြားေရးႏွင့္ ဗုဒၶယဥ္ေက်းမႈအေမြအႏွစ္မ်ားကိုရရွိေရး ဟူ ေသာ ရည္ရြယ္ခ်က္ ၂ရပ္ကို အေၾကာင္းျပဳ၍ ပၪၥင္းခံ၊ ရွင္ျပဳ ပြဲေတာ္မ်ား က်င္းပခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ဝါဆိုလ၌ ပၪၥင္းခံ၊ ရွင္ျပဳက်င္းပရျခင္းမွာလည္း ဝါဆိုလ သည္ (ဝါ) ဝါဆိုလျပည့္ေန႔သည္ ဘုရားသာသနာေတာ္တြင္ ပထမဆံုး ရဟန္းျဖစ္လာေတာ္မူေသာ ပၪၥဝဂၢီ ငါးပါး အရွင္ေကာ႑ညမေထရ္ျမတ္ ၏ ဧဟိဘိကၡဳရဟန္းျဖစ္သည့္ေန႔ ျဖစ္ျခင္း၊ ရွင္ျပဳရဟန္းခံၿပီးသည္ႏွင့္ ဝါဆိုရန္ အသင့္ျဖစ္ရျခင္း၊ နယုန္လ ဝါဆိုေတာ္ျပန္ပြဲေအာင္သူမ်ားကို ပၪၨင္းခံရွင္ျပဳရန္ အဆင္ေျပျခင္း စေသာ အေၾကာင္းတို႔ေၾကာင့္ ျဖစ္ သည္။ ထိုမွတစ္ဖန္ ထူးျမတ္လွသည့္ ဝါဆိုလျမတ္တြင္ ဘာသာေရးပြဲေတာ္ အျဖစ္ ဝါဆိုေတာ္ကို က်င္းပခဲ့သည္။

ဝါဆိုပြဲေတာ္ဆိုသည္မွာ ဝါဆိုလ၌ က်င္းပသည့္ ဘာသာေရးယဥ္ေက်းမႈ ပြဲမ်ားကို စုေပါင္းေခၚေဝၚထားျခင္း ျဖစ္သည္။ ဝါဆိုပြဲေတာ္တြင္ ပါဝင္ေသာ ပြဲေတာ္သံုးရပ္ရွိသည္-
(က) သံဃာေတာ္မ်ား ဝါဆိုပြဲ
(ခ) ဝါဆိုပန္းႏွင့္ ဝါဆိုသကၤန္းလွဴပြဲ
(ဂ) သက္ႀကီး၊ ဝါႀကီးပူေဇာ္ကန္ေတာ့ပြဲ

သံဃာေတာ္မ်ား ဝါဆိုပြဲေတာ္ သည္ ျမတ္စြာဘုရား သက္ေတာ္ ထင္ရွားရွိစဥ္ကပင္ ေပၚေပါက္ခဲ့ေသာ ပြဲေတာ္ျဖစ္သည္။ ဗုဒၶျမတ္စြာ ၏ တပည့္သာဝကမ်ားသည္ ဥတုသံုးလီ ဆယ့္ႏွစ္ရာသီ ပတ္လံုး ခရီးသြားလာေနၾကသည္။ ထိုသို႔ ေနပူမေရွာင္၊ မိုးရြာမေရွာင္ သြားလာ ေနၾကျခင္း ေၾကာင့္ ထိုခရီးသြားသံဃာေတာ္မ်ား နင္းမိသျဖင့္ စိမ္းရွင္ ေသာ ျမက္ပင္၊ စိုက္ပ်ိဳးပင္မ်ား ပ်က္စီးကုန္၏။ ပိုးမႊားစသည့္ သတၱဝါ ငယ္တို႔သည္လည္း အေျမာက္အျမား ေသေၾက ပ်က္စီးကုန္၏။ ထို အခါလူအမ်ားက ထိုရဟန္းတို႔အား ကဲ့ရဲ႕ျပစ္တင္ ဆိုၾကသည္။ ျမတ္စြာ ဘုရားရွင္သည္ ထိုအေၾကာင္းကို ၾကားသိေတာ္မူ သည့္အခါ တပည့္ သာဝကမ်ားအား ဆံုးမၾသဝါဒေပးေတာ္မူ၍ ‘ရဟန္း ေတာ္မ်ားသည္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ေန႔၌ျဖစ္ေစ၊ ဝါေခါင္လ ျပည့္ေက်ာ္ ၁ ရက္ေန႔၌ ျဖစ္ေစ ဝါဆို၊ဝါကပ္ ျပဳၾကရမည္။ ဝါတြင္း သံုးလပတ္လံုး မည္သည့္ အ ရပ္သို႔မွညအိပ္ညဥ့္ေနမသြားၾကရ’ဟု ဝါဆို ဝါကပ္ ဥပေဒကို ပညတ္ေတာ္မူ လိုက္ေပသည္။
ထိုအခ်ိန္မွစ၍ သံဃာေတာ္မ်ား ဝါဆိုပြဲေတာ္ျဖစ္ေပၚလာခဲ့ေပ သည္။ ဗုဒၶ၏ သာသနာေတာ္တစ္ရပ္လံုးရွိ သာသနာ့တာဝန္ထမ္း ရဟန္း ေတာ္မ်ားသည္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ေန႔တြင္ ဝါကပ္ျခင္းသည္ =ပုရိမဝါကပ္ျခင္းမည္၏။ အေၾကာင္း မညီၫြတ္သျဖင့္ဝါေခါင္လျပည့္ ေက်ာ္ ၁ ရက္ေန႔၌ ဝါကပ္ျခင္းကို ‘ပစၧိမဝါကပ္ျခင္း’မည္၏။

ဝါဆိုလျပည့္ေန႔၌ျဖစ္ေစ၊ လျပည့္ေက်ာ္ ၁ရက္ေန႔၌ျဖစ္ေစ ဝါဆိုလတြင္ ပြင့္ဖူးၾကသည့္ ပုန္းညက္ စပယ္ပန္းမ်ိဳးစံုတုိ႔ကို ေစတီပုထိုးမ်ား ၌ လွဴဒါန္းၾကေလ့ရွိသည္။ တခ်ိဳ႕သည္ ဝါဆိုပန္းႏွင့္ ဝါဆို ဖေယာင္း တိုင္ႀကီးမ်ားကို ဘုန္းႀကီး ေက်ာင္းမ်ား၌ လွဴဒါန္းၾကသည္။ တခ်ိဳ႕ေတာရြာ မ်ားတြင္ ကာလသား လူပ်ိဳမ်ားႏွင့္ မိန္းမပ်ိဳမ်ားသည္ အစုလိုက္ေတာထဲသို႔ ေပ်ာ္ေပ်ာ္ပါးပါး ဝါဆိုပန္းခူး ထြက္ၾကကာ သေျပပန္း၊ ပုန္းညက္ပန္းစသည့္ ပန္းမ်ိဳးစံုတို႔ကို ေစတီပုထုိးမ်ားသို႔ သြားေရာက္လွဴဒါန္းၾကသည္။ ထိုေန႔မ်ားတြင္ ရန္ကုန္ၿမိဳ႕ေရႊတိဂံုေစတီ၊ ဆူးေလေစတီ စသည့္ထင္ရွား ေသာ ေစတီပုထိုးမ်ား၌ ဝါဆိုပန္းကပ္သူမ်ား အထူး စည္ကားလွေပသည္။
သက္ႀကီးဝါႀကီး ပူေဇာ္ကန္ေတာ့ပြဲသည္ ဂါရဝမဂၤလာပူဇာစ ပူဇေနယ်ာနမဂၤလာတရားေတာ္မ်ားႏွင့္ ညီၫြတ္သည္။ ဗုဒၶဘာသာဝင္ ျမန္မာတို႔၏ ယဥ္ေက်းမႈအစဥ္အလာတစ္ခုျဖစ္ေပသည္။ ေရွးျမန္မာ ဘုရင္မ်ားလက္ထက္ကပင္ စည္ကားစြာက်င္းပခဲ့ေသာ အစဥ္အလာ အတိုင္း ျမန္မာတို႔သည္ ယခုေခတ္အထိ အသက္၊ သိကၡာ၊ ဝါႀကီးသူမ်ား အား ဝါဝင္ခါနီး၌ ပူေဇာ္ကန္ေတာ့လ်က္ရွိၾကသည္။
ဘာသာေရးေခါင္းေဆာင္မ်ား ျဖစ္ေတာ္မူၾကသည့္ ဘုန္းေတာ္ႀကီး မ်ားသည္ပင္လွ်င္ေနာက္လိုက္ေနာက္ပါတပည့္၊ ပရိသတ္အေပါင္း ၿခံရံ လ်က္ မိမိထက္သိကၡာ၊ ဝါႀကီးေတာ္မူသည့္ နီးစပ္ရာဆရာေတာ္ ႀကီးမ်ား အား ကန္ေတာ့္ပြဲမ်ားျဖင့္ ပူေဇာ္ကန္ေတာ့ၾကကာ ေထရဝါဒ ဗုဒၶဘာသာ ယဥ္ေက်းမႈအစဥ္အလာကို ထိန္းသိမ္းၾကလ်က္ရွိေပသည္။ ဤသို႔ေသာ ဗုဒၶဘာသာဝင္တုိ႔၏ အစဥ္အလာေကာင္းသည္ ကမၻာတည္သေရြ႕ တည္တံ့ေနမည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးေအးခိုင္(ဘီေအ)
အစိုးရဓမၼာစရိယႏွင့္ ေစတီယဂၤဏ (ေရႊတံဆိပ္ရ အ႒ကထာ..အေက်ာ္)
ဓမၼာစရိယ၏ ဆယ့္ႏွစ္လရာသီ ျမန္မာ့႐ိုးရာရာသီပြဲေတာ္မ်ား

#Unicode Version#

ဝါဆိုလသည် မြန်မာလများတွင် စတုတ္တမြောက်လဖြစ်၍ နွေဥတု၊ မိုးဥတု နှစ်ဥတုလုံး၌ ပါဝင်သည်။ နွေရာသီ သက်သက်မဟုတ်၊ နွေတစ်ပိုင်း၊ မိုးတစ်ပိုင်းရောနှောနေသော ရာသီဖြစ်၍ ကဆုန်၊ နယုန်လများကဲ့ သို့ အပူရှိန်ပြင်းထန်ခြင်းမရှိတော့ ပေ။ ရွာသွန်းသောမိုးရေမှာ အလွန် အေးမြ၏။ ‘ဝါဆိုငယ်မှဝါခေါင်၊ ရေဖောင်ဖောင်နှင့် ရွာ့တောင်က ချောင်း’ဟူသော အိုင်ချင်းနှင့်အညီ ဝါဆိုလတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၌ ရေပြည့်လျှံနေသည်ကို မြင်ရမည်။

ဝါဆိုလပြည့်နေ့ကား ‘သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိ ဟာ’ ဆိုသည့်အတိုင်း သဗ္ဗညုတ ဉာဏ်ရှင်ဘုရားသခင်ကို ပဋိသန္ဓေ နေတော်မူခြင်း၊ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား တောထွက်တော် မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြား တော်မူခြင်း၊ ရေအစုံ၊ မီးအစုံ တန်ခိုး ပြာဋိဟာများကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ဖြစ် သည်။

ထို့အပြင် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ရဟန်းသံဃာများ ပုရိ မဝါကပ်ဆိုတော်မူကြရသည်။ ထို့ ကြောင့် ဗုဒ္ဓဘာသာဝင်များသည် ဝါဆိုလကို လထူးလမြတ်အဖြစ် အလေးအမြတ်ပြုကြခြင်းလည်း ဖြစ်သည်။

ရှေးအခါက ‘ပဉ္စင်းတော်ခံပွဲ’ ကို ဝါဆိုလ၏ ရာသီပွဲတော်အဖြစ် ဆင်ယင်ကျင်းပလေ့ရှိကြသည်။ ပဉ္စင်းခံပွဲတော်ကို ပုဂံခေတ် အနော် ရထာမင်းလက်ထက်၊ ထေရဝါဒ သာသနာတော် ထွန်းကား၍ ရဟန်း တော်များ အမြောက်အမြားရှိနေသည်ကြောင့် ပုဂံခေတ်တွင် ပဉ္စင်းခံ မှုများ ရှိမည်မှာ ဧကန်မလွဲပေ။ ထို့ကြောင့် ပုဂံခေတ်တွင် ပဉ္စင်းခံ ရှင်ပြုပွဲ စတင်ခဲ့သည်ဟု ပညာရှင်အချို့က မှတ်ယူကြသည်။ အချို့ ပညာရှင်များကလည်း ပထမ အင်းဝခေတ်၌ ပဉ္စင်းခံ ရှင်ပြုပွဲတော် ရှိနေပြီဟုဆိုကြသည်။

ရှေးမြန်မာတို့သည် ဗုဒ္ဓဘာသာ သာသနာတော်တိုးတက် စည် ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များကိုရရှိရေး ဟူ သော ရည်ရွယ်ချက် ၂ရပ်ကို အကြောင်းပြု၍ ပဉ္စင်းခံ၊ ရှင်ပြု ပွဲတော်များ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဝါဆိုလ၌ ပဉ္စင်းခံ၊ ရှင်ပြုကျင်းပရခြင်းမှာလည်း ဝါဆိုလ သည် (ဝါ) ဝါဆိုလပြည့်နေ့သည် ဘုရားသာသနာတော်တွင် ပထမဆုံး ရဟန်းဖြစ်လာတော်မူသော ပဉ္စဝဂ္ဂီ ငါးပါး အရှင်ကောဏ္ဍညမထေရ်မြတ် ၏ ဧဟိဘိက္ခုရဟန်းဖြစ်သည့်နေ့ ဖြစ်ခြင်း၊ ရှင်ပြုရဟန်းခံပြီးသည်နှင့် ဝါဆိုရန် အသင့်ဖြစ်ရခြင်း၊ နယုန်လ ဝါဆိုတော်ပြန်ပွဲအောင်သူများကို ပဉ္ဇင်းခံရှင်ပြုရန် အဆင်ပြေခြင်း စသော အကြောင်းတို့ကြောင့် ဖြစ် သည်။ ထိုမှတစ်ဖန် ထူးမြတ်လှသည့် ဝါဆိုလမြတ်တွင် ဘာသာရေးပွဲတော် အဖြစ် ဝါဆိုတော်ကို ကျင်းပခဲ့သည်။

ဝါဆိုပွဲတော်ဆိုသည်မှာ ဝါဆိုလ၌ ကျင်းပသည့် ဘာသာရေးယဉ်ကျေးမှု ပွဲများကို စုပေါင်းခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ ဝါဆိုပွဲတော်တွင် ပါဝင်သော ပွဲတော်သုံးရပ်ရှိသည်-
(က) သံဃာတော်များ ဝါဆိုပွဲ
(ခ) ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းလှူပွဲ
(ဂ) သက်ကြီး၊ ဝါကြီးပူဇော်ကန်တော့ပွဲ

သံဃာတော်များ ဝါဆိုပွဲတော် သည် မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်ကပင် ပေါ်ပေါက်ခဲ့သော ပွဲတော်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ၏ တပည့်သာဝကများသည် ဥတုသုံးလီ ဆယ့်နှစ်ရာသီ ပတ်လုံး ခရီးသွားလာနေကြသည်။ ထိုသို့ နေပူမရှောင်၊ မိုးရွာမရှောင် သွားလာ နေကြခြင်း ကြောင့် ထိုခရီးသွားသံဃာတော်များ နင်းမိသဖြင့် စိမ်းရှင် သော မြက်ပင်၊ စိုက်ပျိုးပင်များ ပျက်စီးကုန်၏။ ပိုးမွှားစသည့် သတ္တဝါ ငယ်တို့သည်လည်း အမြောက်အမြား သေကြေ ပျက်စီးကုန်၏။ ထို အခါလူအများက ထိုရဟန်းတို့အား ကဲ့ရဲ့ပြစ်တင် ဆိုကြသည်။ မြတ်စွာ ဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူ သည့်အခါ တပည့် သာဝကများအား ဆုံးမသြဝါဒပေးတော်မူ၍ ‘ရဟန်း တော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ဖြစ်စေ၊ ဝါခေါင်လ ပြည့်ကျော် ၁ ရက်နေ့၌ ဖြစ်စေ ဝါဆို၊ဝါကပ် ပြုကြရမည်။ ဝါတွင်း သုံးလပတ်လုံး မည်သည့် အ ရပ်သို့မှညအိပ်ညဉ့်နေမသွားကြရ’ဟု ဝါဆို ဝါကပ် ဥပဒေကို ပညတ်တော်မူ လိုက်ပေသည်။
ထိုအချိန်မှစ၍ သံဃာတော်များ ဝါဆိုပွဲတော်ဖြစ်ပေါ်လာခဲ့ပေ သည်။ ဗုဒ္ဓ၏ သာသနာတော်တစ်ရပ်လုံးရှိ သာသနာ့တာဝန်ထမ်း ရဟန်း တော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် ဝါကပ်ခြင်းသည် =ပုရိမဝါကပ်ခြင်းမည်၏။ အကြောင်း မညီညွတ်သဖြင့်ဝါခေါင်လပြည့် ကျော် ၁ ရက်နေ့၌ ဝါကပ်ခြင်းကို ‘ပစ္ဆိမဝါကပ်ခြင်း’မည်၏။

ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့၌ဖြစ်စေ ဝါဆိုလတွင် ပွင့်ဖူးကြသည့် ပုန်းညက် စပယ်ပန်းမျိုးစုံတို့ကို စေတီပုထိုးများ ၌ လှူဒါန်းကြလေ့ရှိသည်။ တချို့သည် ဝါဆိုပန်းနှင့် ဝါဆို ဖယောင်း တိုင်ကြီးများကို ဘုန်းကြီး ကျောင်းများ၌ လှူဒါန်းကြသည်။ တချို့တောရွာ များတွင် ကာလသား လူပျိုများနှင့် မိန်းမပျိုများသည် အစုလိုက်တောထဲသို့ ပျော်ပျော်ပါးပါး ဝါဆိုပန်းခူး ထွက်ကြကာ သပြေပန်း၊ ပုန်းညက်ပန်းစသည့် ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့ သွားရောက်လှူဒါန်းကြသည်။ ထိုနေ့များတွင် ရန်ကုန်မြို့ရွှေတိဂုံစေတီ၊ ဆူးလေစေတီ စသည့်ထင်ရှား သော စေတီပုထိုးများ၌ ဝါဆိုပန်းကပ်သူများ အထူး စည်ကားလှပေသည်။
သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲသည် ဂါရဝမင်္ဂလာပူဇာစ ပူဇနေယျာနမင်္ဂလာတရားတော်များနှင့် ညီညွတ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်ပေသည်။ ရှေးမြန်မာ ဘုရင်များလက်ထက်ကပင် စည်ကားစွာကျင်းပခဲ့သော အစဉ်အလာ အတိုင်း မြန်မာတို့သည် ယခုခေတ်အထိ အသက်၊ သိက္ခာ၊ ဝါကြီးသူများ အား ဝါဝင်ခါနီး၌ ပူဇော်ကန်တော့လျက်ရှိကြသည်။
ဘာသာရေးခေါင်းဆောင်များ ဖြစ်တော်မူကြသည့် ဘုန်းတော်ကြီး များသည်ပင်လျှင်နောက်လိုက်နောက်ပါတပည့်၊ ပရိသတ်အပေါင်း ခြံရံ လျက် မိမိထက်သိက္ခာ၊ ဝါကြီးတော်မူသည့် နီးစပ်ရာဆရာတော် ကြီးများ အား ကန်တော့်ပွဲများဖြင့် ပူဇော်ကန်တော့ကြကာ ထေရဝါဒ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းကြလျက်ရှိပေသည်။ ဤသို့သော ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာကောင်းသည် ကမ္ဘာတည်သရွေ့ တည်တံ့နေမည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဦးအေးခိုင်(ဘီအေ)
အစိုးရဓမ္မာစရိယနှင့် စေတီယင်္ဂဏ (ရွှေတံဆိပ်ရ အဋ္ဌကထာ..အကျော်)
ဓမ္မာစရိယ၏ ဆယ့်နှစ်လရာသီ မြန်မာ့ရိုးရာရာသီပွဲတော်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top