iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်က္စတင္ဘီဘာအေနနဲ႔ ေဟလီကိုေစ့စပ္လိုက္တာေစာလြန္းတယ္လို႕ ထင္ရေပမယ့္ တကယ္တမ္းက်ေတာ့ လြန္ခဲ့တဲ့(၂၀၀၉)ခုႏွစ္ကပြဲတစ္ခုမွာ ေဟလီရဲ႕အေဖကမိတ္ဆက္ေပးလို႕ သူတို႔ႏွစ္ဦးသိခဲ့ၾကတာျဖစ္ျပီးအခုထိဆို ကိုးႏွစ္ေတာင္ရွိခဲ့တယ္လို႕ဆိုရမွာပါ။ အဲ့ဒီတုန္းက မိတ္ဆက္ေပးခဲ့တာကို မွတ္တမ္းတင္ခဲ့တဲ့သူက ကမန္းကတန္းေလးရိုက္ထားတဲ့ ဗီဒီယိုေလးအရ သူတို႕ႏွစ္ဦးရဲ႕ အခ်စ္ေတြဟာအဲ့ကတည္းကအစပ်ိဳးခဲ့တယ္ဆိုရမွာပါ။

ေနာက္ပိုင္းမွာေတာ့ ဘီဘာကဆလီနာနဲ႔ တြဲလိုက္၊ျပတ္လိုက္ျဖစ္ေနခဲ့ျပီး ေနာက္ဆံုးလမ္းခြဲခဲ့ျပီး တစ္လအၾကာအတြင္းမွာပဲ ေဟလီနဲ႕ သူ႔ရဲ႕ ရႈိးပြဲေတာ္ေတာ္မ်ားမ်ားမွာ နမ္းလိုက္၊ရႈံ႕လိုက္ေနခဲ့တာပါ။ဘာေဘးဒိုးကကမ္းေျခတစ္ခုမွာ ဘီဘာကေစ့စပ္ခြင့္ေတာင္းတာကိုလက္ခံလိုက္ျပီးေနာက္မွာေတာ့ ေတာ္ေတာ္မ်ားမ်ားအံ့အားသင့္ခဲ့ရျပီး ဘီဘာတစ္ေယာက္ဒီတစ္ခါေတာ့ အတည္ျဖစ္ျပီလို႕မွတ္ယူခဲ့ၾကပါတယ္။
justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father
ေဟလီကလည္းဘီဘာေပးတဲ့ ေစ့စပ္လက္စြပ္ေလးကို ပရိသတ္တစ္ဦးကဓာတ္ပံုရိုက္လိုက္ျပီးအြန္လိုင္းေပၚတင္လိုက္တာကို မွန္ကန္ေၾကာင္းအတည္ျပဳေပးခဲ့ပါတယ္။လြန္ခဲ့တဲ့ကိုးႏွစ္ကတည္းက သူမအေဖရဲ႕မိတ္ဆက္ေပးမႈေၾကာင့္ အခ်စ္ဌက္ကေလးေတြ ဆံုဆည္းခဲ့ၾကတာျဖစ္ျပီး အဲ့အခ်ိန္ကရိုက္ခဲ့တဲ့ ဗီဒီယိုကို ပရိသတ္တစ္ဦးက အြန္လိုင္းေပၚတင္လိုက္တဲ့အခါမွာေတာ့ဘီဘာက” HaHa Amazing ” လို႔ေရးျပီး ျပန္ရွဲခဲ့တာပါ။
justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father
ေဟလီရဲ႕အေဖကေတာ့ တြစ္တာေပၚမွာ ‘ဘုရားသခင္ရဲ႕ ခ်ီးေျမာက္မႈေတြနဲ႔အတူ ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္မိန္းမမ်က္ႏွာေပၚမွာ အျပံုးေတြေ၀ေနပါတယ္။ ဘုရားသခင္အေနနဲ႕ ေဟလီနဲ႔ ေဂ်ဘီရဲ႕ ႏွလံုးသားထဲကို၀င္ေရာက္ေနပါျပီ။ သူ႕ရဲ႕ခ်ီးေျမာက္မႈေတြျပည္႔စံုသြားေအာင္ ကၽြန္ေတာ္တို႕၀ိုင္းျပီးဆုေတာင္းေပးၾကရေအာင္။မင္းတို႔ႏွစ္ေယာက္လံုးကိုခ်စ္တယ္။”လို႕ေရးခဲ့ပါတယ္။
justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father
ဘာပဲျဖစ္ျဖစ္သူတို႕လည္းလြန္ခဲ့တဲ့ကိုးႏွစ္ကတည္းကဆံုဖူးျပီး ေစ့စပ္လိုက္တာဆိုေတာ့ MyanmarNote ပရိသတ္ၾကီးလည္းကိုယ္ခ်စ္တဲ့သူနဲ႔ ဆံုဆည္းျပီး ေပါင္းဖက္ႏိုင္ပါေစလို႕..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aung Bwa (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျက်စတင်ဘီဘာအနေနဲ့ ဟေလီကိုစေ့စပ်လိုက်တာစောလွန်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ လွန်ခဲ့တဲ့(၂၀၀၉)ခုနှစ်ကပွဲတစ်ခုမှာ ဟေလီရဲ့အဖေကမိတ်ဆက်ပေးလို့ သူတို့နှစ်ဦးသိခဲ့ကြတာဖြစ်ပြီးအခုထိဆို ကိုးနှစ်တောင်ရှိခဲ့တယ်လို့ဆိုရမှာပါ။ အဲ့ဒီတုန်းက မိတ်ဆက်ပေးခဲ့တာကို မှတ်တမ်းတင်ခဲ့တဲ့သူက ကမန်းကတန်းလေးရိုက်ထားတဲ့ ဗီဒီယိုလေးအရ သူတို့နှစ်ဦးရဲ့ အချစ်တွေဟာအဲ့ကတည်းကအစပျိုးခဲ့တယ်ဆိုရမှာပါ။

နောက်ပိုင်းမှာတော့ ဘီဘာကဆလီနာနဲ့ တွဲလိုက်၊ပြတ်လိုက်ဖြစ်နေခဲ့ပြီး နောက်ဆုံးလမ်းခွဲခဲ့ပြီး တစ်လအကြာအတွင်းမှာပဲ ဟေလီနဲ့ သူ့ရဲ့ ရှိုးပွဲတော်တော်များများမှာ နမ်းလိုက်၊ရှုံ့လိုက်နေခဲ့တာပါ။ဘာဘေးဒိုးကကမ်းခြေတစ်ခုမှာ ဘီဘာကစေ့စပ်ခွင့်တောင်းတာကိုလက်ခံလိုက်ပြီးနောက်မှာတော့ တော်တော်များများအံ့အားသင့်ခဲ့ရပြီး ဘီဘာတစ်ယောက်ဒီတစ်ခါတော့ အတည်ဖြစ်ပြီလို့မှတ်ယူခဲ့ကြပါတယ်။
justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father
ဟေလီကလည်းဘီဘာပေးတဲ့ စေ့စပ်လက်စွပ်လေးကို ပရိသတ်တစ်ဦးကဓာတ်ပုံရိုက်လိုက်ပြီးအွန်လိုင်းပေါ်တင်လိုက်တာကို မှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။လွန်ခဲ့တဲ့ကိုးနှစ်ကတည်းက သူမအဖေရဲ့မိတ်ဆက်ပေးမှုကြောင့် အချစ်ဌက်ကလေးတွေ ဆုံဆည်းခဲ့ကြတာဖြစ်ပြီး အဲ့အချိန်ကရိုက်ခဲ့တဲ့ ဗီဒီယိုကို ပရိသတ်တစ်ဦးက အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှာတော့ဘီဘာက” HaHa Amazing ” လို့ရေးပြီး ပြန်ရှဲခဲ့တာပါ။
justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father
ဟေလီရဲ့အဖေကတော့ တွစ်တာပေါ်မှာ ‘ဘုရားသခင်ရဲ့ ချီးမြောက်မှုတွေနဲ့အတူ ကျွန်တော်နဲ့ကျွန်တော့်မိန်းမမျက်နှာပေါ်မှာ အပြုံးတွေဝေနေပါတယ်။ ဘုရားသခင်အနေနဲ့ ဟေလီနဲ့ ဂျေဘီရဲ့ နှလုံးသားထဲကိုဝင်ရောက်နေပါပြီ။ သူ့ရဲ့ချီးမြောက်မှုတွေပြည့်စုံသွားအောင် ကျွန်တော်တို့ဝိုင်းပြီးဆုတောင်းပေးကြရအောင်။မင်းတို့နှစ်ယောက်လုံးကိုချစ်တယ်။”လို့ရေးခဲ့ပါတယ်။
justin-meets-haily-myanmar-past-nine-years-note-ago-by-haily's father
ဘာပဲဖြစ်ဖြစ်သူတို့လည်းလွန်ခဲ့တဲ့ကိုးနှစ်ကတည်းကဆုံဖူးပြီး စေ့စပ်လိုက်တာဆိုတော့ MyanmarNote ပရိသတ်ကြီးလည်းကိုယ်ချစ်တဲ့သူနဲ့ ဆုံဆည်းပြီး ပေါင်းဖက်နိုင်ပါစေလို့..

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Bwa (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top