iMyanmarHouse.com - Best Property Website for Myanmar
×

ဘရားဇီးႏုိင္ငံမွာ ေရွ႕ေနတစ္ဦးဟာ ဇနီး၊ သမီးငယ္ေလးနဲ႔အတူ ကားေပၚကေန ဆင္းစဥ္မွာပင္ သူ႕အသက္ကုိ လုပ္ႀကံဖုိ႔အတြက္ နဂုိကတည္းက ႀကံစည္ထားတဲ့ လူသတ္သမားက ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ ေရာက္လာခဲ့ပါေတာ့တယ္။ ေရွ႕ေန André Ribeiro (၄၆)ႏွစ္ဟာ သမီးေလးကို အရင္ေပြ႕ခ်ီၿပီး ကားထဲကေန ထြက္လာခဲ့တဲ့ CCTV မွာ ျမင္ရပါတယ္။

လူသတ္သမားဟာ အလြန္လ်င္ျမန္စြာ ေရာက္လာခဲ့ၿပီး André ကုိ ေသနတ္နဲ႔ထုိးခ်ိန္ခဲ့ပါတယ္။ လက္မရြံ႕လူသတ္သမားမွန္း ခ်က္ခ်င္းသိၿပီးေနာက္ André ဟာ အသက္ခ်မ္းသာရာ ရဖုိ႔မရွိေတာ့ဘူးဆုိတာ ခ်က္ခ်င္းတြက္ဆမိခဲ့ပုံပါဘဲ။ ဒါေၾကာင့္ ေအးေအးလူလူပဲ သမီးေလးကုိ ဇနီးသည္ထံကမ္းေပးလုိက္ၿပီး ေအးေအးေဆးေဆး အသတ္ခံခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ Permambuco ျပည္နယ္မွာ ျဖစ္ခဲ့တာပါ။ André ဟာ ဖခင္ေကာင္းတစ္ဦး ပီသစြာပင္ သမီးေလးကို ေနာက္ဆုံးေဘးကင္းလုံၿခဳံေအာင္ စီမံေပးသြားခဲ့ရွာပါတယ္။ လူသတ္သမားဟာ André ကုိ အသင့္ေစာင့္ဆုိင္းေနသူ ျဖစ္ၿပီး၊ André ကုိ ေသနတ္နဲ႔ ငါးခ်က္အထိ ပစ္ခတ္ကာ သတ္ျဖတ္ခဲ့ပါတယ္။

လူသတ္သမားဟာ André ကုိ စိတ္ရွိလက္ရွိ ပစ္ခတ္ၿပီးမွ ေနရာကေန ထြက္ေျပးသြားခဲ့ပါတယ္။ André ဟာ ေနရာမွာပင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး၊ မေသခင္ သူရဲ႕သမီးေလးက ေနာက္ဆုံးႏႈတ္ဆက္တဲ့အေနနဲ႔ လွမ္းၾကည့္လိုက္တာကို ဝမ္းနည္းဖြယ္ရာ ျမင္ေတြ႕လုိက္ရပါတယ္။

ေဒသခံသတင္းစာေတြကေတာ့ ေရွ႕ေန André ဟာ ရန္ညိႇဳးရွိသူတစ္ဦးရဲ႕ သတ္ျဖတ္လုပ္ႀကံျခင္း၊ သုိ႔မဟုတ္ သတ္ျဖတ္ရန္ ေၾကးစားလူသတ္သမားနဲ႔ ေစခုိင္းခံရျခင္းျဖစ္တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ အဆုိပါေဒသမွာ မူးယစ္ေဆးနဲ႔ ရာဇဝတ္ဂုိဏ္းေတြ ထၾကြေသာင္းက်န္ေနတဲ့ ေဒသျဖစ္ၿပီး၊ ေရွ႕ေနေတြဟာ ရာဇဝတ္ဂုိဏ္းသားေတြနဲ႔ အညႇိဳႀကီးရန္ဘက္ေတြ ျဖစ္ပါတယ္။

အခုလည္း André ကိုယ္တုိင္က သူ႕ကို ဘယ္သူေတြက ရန္ညႇိဳးထားတယ္ဆုိတာ ႀကိဳသိထားလုိ႔ ဘယ္လုိမွ မေရွာင္ကြင္းႏုိင္ေတာ့တဲ့ အေျခအေနမုိ႔သာ ေအးေအးေဆးေဆး အသတ္ခံခဲ့တာလုိ႔ ယူဆရပါတယ္။ ဒီလုိပဲ လူသတ္သမားဟာ သူ သတ္ရမယ့္သူကုိ သတ္ၿပီး တစ္ျခား ဘာပစၥည္းကိုမွ ယူေဆာင္သြားျခင္း မရွိခဲ့တာကလည္း သူ႕မွာ လူသတ္ဖုိ႔ ရည္ရြယ္ခ်က္တစ္ခုသာ ရွိတယ္လုိ႔ ဆုိရမွာပါ။ အခုအခ်ိန္ထိ လူသတ္သမားကို မဖမ္းမိေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ThutaStar
# Unicode Version ျဖင့္ ဖတ္ပါ #
ဘရားဇီးနိုင်ငံမှာ ရှေ့နေတစ်ဦးဟာ ဇနီး၊ သမီးငယ်လေးနဲ့အတူ ကားပေါ်ကနေ ဆင်းစဉ်မှာပင် သူ့အသက်ကို လုပ်ကြံဖို့အတွက် နဂိုကတည်းက ကြံစည်ထားတဲ့ လူသတ်သမားက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတော့တယ်။ ရှေ့နေ André Ribeiro (၄၆)နှစ်ဟာ သမီးလေးကို အရင်ပွေ့ချီပြီး ကားထဲကနေ ထွက်လာခဲ့တဲ့ CCTV မှာ မြင်ရပါတယ်။

လူသတ်သမားဟာ အလွန်လျင်မြန်စွာ ရောက်လာခဲ့ပြီး André ကို သေနတ်နဲ့ထိုးချိန်ခဲ့ပါတယ်။ လက်မရွံ့လူသတ်သမားမှန်း ချက်ချင်းသိပြီးနောက် André ဟာ အသက်ချမ်းသာရာ ရဖို့မရှိတော့ဘူးဆိုတာ ချက်ချင်းတွက်ဆမိခဲ့ပုံပါဘဲ။ ဒါကြောင့် အေးအေးလူလူပဲ သမီးလေးကို ဇနီးသည်ထံကမ်းပေးလိုက်ပြီး အေးအေးဆေးဆေး အသတ်ခံခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ Permambuco ပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ André ဟာ ဖခင်ကောင်းတစ်ဦး ပီသစွာပင် သမီးလေးကို နောက်ဆုံးဘေးကင်းလုံခြုံအောင် စီမံပေးသွားခဲ့ရှာပါတယ်။ လူသတ်သမားဟာ André ကို အသင့်စောင့်ဆိုင်းနေသူ ဖြစ်ပြီး၊ André ကို သေနတ်နဲ့ ငါးချက်အထိ ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ပါတယ်။

လူသတ်သမားဟာ André ကို စိတ်ရှိလက်ရှိ ပစ်ခတ်ပြီးမှ နေရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။ André ဟာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ မသေခင် သူရဲ့သမီးလေးက နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ လှမ်းကြည့်လိုက်တာကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။

ဒေသခံသတင်းစာတွေကတော့ ရှေ့နေ André ဟာ ရန်ညှိုးရှိသူတစ်ဦးရဲ့ သတ်ဖြတ်လုပ်ကြံခြင်း၊ သို့မဟုတ် သတ်ဖြတ်ရန် ကြေးစားလူသတ်သမားနဲ့ စေခိုင်းခံရခြင်းဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါဒေသမှာ မူးယစ်ဆေးနဲ့ ရာဇဝတ်ဂိုဏ်းတွေ ထကြွသောင်းကျန်နေတဲ့ ဒေသဖြစ်ပြီး၊ ရှေ့နေတွေဟာ ရာဇဝတ်ဂိုဏ်းသားတွေနဲ့ အညှိုကြီးရန်ဘက်တွေ ဖြစ်ပါတယ်။

အခုလည်း André ကိုယ်တိုင်က သူ့ကို ဘယ်သူတွေက ရန်ညှိုးထားတယ်ဆိုတာ ကြိုသိထားလို့ ဘယ်လိုမှ မရှောင်ကွင်းနိုင်တော့တဲ့ အခြေအနေမို့သာ အေးအေးဆေးဆေး အသတ်ခံခဲ့တာလို့ ယူဆရပါတယ်။ ဒီလိုပဲ လူသတ်သမားဟာ သူ သတ်ရမယ့်သူကို သတ်ပြီး တစ်ခြား ဘာပစ္စည်းကိုမှ ယူဆောင်သွားခြင်း မရှိခဲ့တာကလည်း သူ့မှာ လူသတ်ဖို့ ရည်ရွယ်ချက်တစ်ခုသာ ရှိတယ်လို့ ဆိုရမှာပါ။ အခုအချိန်ထိ လူသတ်သမားကို မဖမ်းမိသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: ThutaStar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top