×








Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
ဂျက်စတင်ဘီဘာတစ်ယောက် အခုလက်ရှိချစ်သူနဲ့ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းက လတ်တလော အွန်လိုင်းသုံးစွဲသူတွေကြားမှာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေတာပါ။ ဆယ်လီနာဘက်က စိတ်မကောင်းဖြစ်နေကြတဲ့သူတွေလဲရှိသလို ဂျက်စတင်တစ်ယောက် ချစ်ရသူနဲ့အတူ လုံခြုံနွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ရတော့မှာမို့ ဝမ်းသာနေကြတဲ့ပရိသတ်တွေလည်း မနည်းပါဘူး။

မြန်မာနိုင်ငံရဲ့ ပရိသတ်အချစ်တော်မလေးတစ်ဦးဖြစ်တဲ့ လုလုအောင်ကလည်း ဒီလိုအမျိုးအမျိုးသောသူတွေကြားထဲမှာမှ တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ်။ လုလုအောင်ကတော့ ဆယ်လီနာနဲ့ ဂျက်စတင်ဘီဘာတို့နှစ်ဦးရဲ့အကြောင်းကိုကြားပြီး သူမခံစားရတဲ့ ခံစားချက်တွေကို လူမှုကွန်ယက်မှာဝေမျှထားတာပါ။

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်ဇ်တို့ကတော့ တစ်ဦးအပေါ်တစ်ဦး ခိုင်မာတဲ့သံယောဇဉ်တွေနဲ့ ချည်နှောင်ခဲ့ကြတာမို့ ပရိသတ်တွေအရမ်းကိုချစ်ပြီး သဘောတူကြတာပဲ ဖြစ်ပါတယ်။

လုလုအောင်ကလည်း မိန်းမသားတစ်ဦးပေမို့ ဆယ်လီနာလေးဘက်ကနေခံစားပြီး ငိုချင်မိတဲ့အကြောင်းကို ရင်ဖွင့်ထားခဲ့တာပါ။

လုလုအောင်ကတော့ “ငါ့နယ် ဆလီနာကဖြင့်သွဟာသူနေနေတာကို ဂျစတင်စေ့စပ်တယ်ကြားရော ဆလီနာအစားငိုချင်နေမိ ဒါမျိုးတေမခံစားနိုင်လို့စ် အချစ်မရှာတာ ခလိန်းက ခ်ခ် “ဆိုပြီး ဆယ်လီနာ့လေးအစား ငိုချင်မိတဲ့အကြောင်းနဲ့ ဒီလိုအကြောင်းအရာတွေကို မခံစားနိုင်လို့ အချစ်ကိုမရှာတော့တာ ဆိုတဲ့အကြောင်းကို ချစ်စဖွယ်ရေးသားထားတာပါ။

ကချင်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ ခေးကြီးကတော့ အခုလတ်တလောမှာ ကြော်ငြာတွေ Photo Shooting တွေ ဆက်တိုက်ရိုက်ဖြစ်နေတာဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ပုံလေးတွေတင်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း နှလုံးသားနုတဲ့ ခေးကြီးလုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Lu Lu Aung’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top