မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဂ်ာနယ္ေက်ာ္မမေလး၏ အမည္အရင္းမွာ ေဒၚတင္လိႈင္ျဖစ္သည္။ ဂ်ာနယ္ေက်ာ္မမေလးေရးသားခဲ့ေသာ ျမက္ကေလးတစ္ပင္ ၊ ေတြးတစိမ့္စိမ့္ ၊ ေသြး ၊ မုဆိုးမ ၊ မုန္း၍မဟူ အစ႐ွိေသာ စာအုပ္မ်ားမွာ ႏိုင္ငံျခားဘာသာမ်ားသို ့ ျပန္ဆိုထုတ္ေဝထားၿပီး မုန္း၍မဟူ ဝတၱဳစာအုပ္မွာ စာေပဗိမာန္ဆု ခ်ီးျမႇင့္ခံရသည္ ။ ဂ်ာနယ္ေက်ာ္မမေလးသည္ တိုင္းရင္းေဆးဆရာအျဖစ္လည္း ထင္႐ွား၍ ေဆးပညာေဆာင္းပါးမ်ား(၁၉၆၂) ၊ [ျမန္္မာ့ေဆးပညာ-၁၉၆၇]ကို ျပဳစုခဲ့သည္ ။ စင္စစ္ ဂ်ာနယ္ေက်ာ္မမေလးသည္ စာေပေလာကအတြင္းသို႔ ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ ဝင္ေရာက္လာျခင္းကား မဟုတ္ေခ် ။ ပစ္စာတစ္ေစာင္ကို အေၾကာင္းျပဳ၍ ဝင္ေရာက္လာျခင္းျဖစ္သည္ဟု ဂ်ာနယ္ေက်ာ္မမေလး၏ ကိုယ္ေရးအတၱဳပၸတိစာအုပ္တို႔၌ေဖာ္ျပထားသည္ ။

ဧရာဝတီတိုင္း ဖ်ာပံုခ႐ိုင္ ဘိုကေလးၿမိဳ႕နယ္ ကမာကလူေက်း႐ြာ၌ မတင္လိႈင္အျဖစ္ႀကီးျပင္းခဲ့ရေသာ ဂ်ာနယ္ေက်ာ္မမေလးသည္ ေရွး႐ိုးစဥ္ဆက္ဆြဲၿမဲခဲ့ေသာ အိမ္တြင္းပုန္းမွ အမ်ိဳးသမီးေကာင္းျဖစ္ႏိုင္သည္ဆိုေသာ အယူအဆကို ႏွစ္သက္သေဘာက်ျခင္းမ႐ွိေခ် ။ မိန္းကေလးမ်ားသည္ တင္းတင္းက်ပ္က်ပ္ စည္းမ်ည္းစည္းကမ္းမ်ားျဖင့္ ေယာက္်ားသားမ်ားကဲ့သို႔ လြတ္လြတ္လပ္လပ္႐ွင္သန္ခြင့္မရျခင္းကို ဂ်ာနယ္ေက်ာ္မမေလးက လက္မခံ ။ တစ္ျခားမိန္းကေလးမ်ားလို ကႏြဲ႔ကလ်ကစားနည္းမ်ားျဖင့္ မေဆာ့တတ္ဘဲ ငယ္႐ြယ္စဥ္ကတည္းက ေယာက္်ားေလးအေပါင္းအေဖာ္မ်ားႏွင့္ သစ္ပင္အတူတက္သည္။ ကိုယ္တိုင္ ေလာ္ေဆာ္ၿပီး ေခ်ာင္းထဲမွာ ေလွအတူေလွာ္သည္။ အတူတူေထြခင္းကစားသည္ ။ ၾကက္ေတာင္ ႐ိုက္သည္ ။ စင္စစ္ ဂ်ာနယ္ေက်ာ္မမေလးသည္ ေယာက္်ားစိတ္ေပါက္ေသာ မိန္းကေလးတစ္ေယာက္ မဟုတ္ ။ ထိုသို႔ သြားအတူလာအတူ ေဆာ့ေဖာ္ေဆာ့ဖက္ ေယာက္်ားေလးမ်ားက သူမကို အခြင့္အေရးယူဖို႔ ေဝးစြ ၊ အမွန္တကယ္ ေမတၱာသက္ဝင္၍ ခ်စ္ေရးဆိုဖို႔ပင္ အခက္အခဲႀကံဳကာ ႐ိႈးတိုး႐ွန္းတန္းျဖစ္ၾကရသည္ ။

ဤသို႔ ေနထိုင္စဥ္ တစ္ေန႔၌ ‘ေယာက္်ားေလးမ်ားႏွင့္တပူးတြဲတြဲ ေနထိုင္ျခင္းသည္ ဣေျႏၵမဲ့ေသာ လုပ္ရပ္ျဖစ္သည္၊ ထိုသို႔ ဆက္လက္ျပဳမူေနပါက သတင္းစာ၌ နာမည္တပ္၍ အ႐ွက္ခြဲမည္’ ဟု အဓိပၸါယ္ရသည့္ လိ်ဳ႕ဝွက္ေသာ အမ်ိဳးသမီး ၁၅ ဦးအဖြဲ႔ထံမွ ပုဂၢိဳလ္ေရးပစ္စာတစ္ေစာင္ေရာက္လာသည္ ။ ထက္ျမက္ေသာအေတြးေခၚမ်ားႏွင့္ အတူ မဟုတ္မခံခ်င္ေသာ ညဥ္ကေလးပါတြဲပါလာေသာ ဂ်ာနယ္ေက်ာ္မမေလးသည္ အဆိုပါအဖြဲ႔အစည္းထက္ ဦးေအာင္ပင္ ျမန္မာ့အလင္းသတင္းစာတိုက္ကို ေခ်ပခ်က္ေဆာင္းပါးတစ္ေစာင္ကို ေရး၍ပို႔လိုက္ေလသည္ ။ ထိုမွတစ္ဆင့္ ျမန္မာ့အလင္းသတင္းစာတိုက္၏ အယ္ဒီတာ ဦးခ်စ္ေမာင္ႏွင့္ အေၾကာင္းကံဆံုၾကေလေတာ့သည္ ။

ဦးခ်စ္ေမာင္ ။ ‘သူ’သည္ စာေပက်မ္းဂန္ႏွံ႔စပ္သည္ ။ ႐ိုးသားေျဖာင့္မတ္သည္ ။ မိမိကိုယ္ကို ႏွိမ့္ခ်တတ္သည္ ။ အလြန္တရာ အားနာတတ္သည္ ။ တိုင္းျပည္ကို အလံုးစံုပံု၍ ခ်စ္သည္ ။ ကိုယ့္လုပ္သည့္အလုပ္ေပၚ၌ သစၥာတရားႀကီးမားသည္ ။ အသက္အ႐ြယ္ႏွင့္ မလိုက္ေသာ ဉာဏ္ပညာကို ပိုင္ဆိုင္ထားသည္ ။ အဂၤလိပ္ဘာသာစကားကို မိခင္ဘာသာစကားနီးပါး ေရလည္သည္။ အ႐ွက္ေၾကာက္ႀကီးသည္။ ေရခ်ိဳးပ်င္းသည္ ။ လက္ဘက္ရည္အလြန္ႀကိဳက္သည္ ။ ေတာက္ေတာက္ေျပာင္ေျပာင္ ဝတ္စားဆင္ယင္မႈကို မလုပ္တတ္ ။ အေပါင္းအသင္းမ်ားက ဘုန္းႀကီးရေလာက္ေအာင္ တည္ၾကည္သည္ ။ ျမန္မာအလင္းသတင္းစာတိုက္၏ အယ္ဒီတာ အျဖစ္လုပ္ကိုင္သည္ ။

ဦးခ်စ္ေမာင္ ျမန္မာ့အလင္းသတင္းစာတိုက္၏ အယ္ဒီတာတိုက္၌ လုပ္ကိုင္စဥ္ ဂ်ာနယ္ေက်ာ္မမေလး၏ ေခ်ပခ်က္ေဆာင္းပါးကို ဖတ္မိရာမွ တစ္ဦးႏွင့္တစ္ဦး စာအျပန္အလွန္ေပးပို႔ၾကရင္း ခင္မင္မိၾကသည္။ စာသမားမ်ား၏ ထံုးစံအတိုင္း စာအေၾကာင္းေျပာေဖာ္ေျပာဖက္တစ္ေယာက္ကိုသာေတြ႔ပါက ငယ္ရင္းေပါင္းေဖာ္မ်ားပမာ ႏွလံုးသားခ်င္းရင္းႏွီးတတ္္ၾကသည္ ။ အျပင္မွာတစ္ေယာက္ႏွင့္ တစ္ေယာက္ ေတြ႔ဆံုဖူးျခင္းမ႐ွိပါဘဲလ်က္ သံေယာစဥ္တြယ္ အခင္အမင္ပိုၾကသည္။ စာအဆက္အသြယ္ႏွင့္ပင္ ဦးခ်စ္ေမာင္က ဂ်ာနယ္ေက်ာ္မမေလးကို စာေပႏွင့္ပတ္သက္ေသာ အခက္အခဲမ်ားကို ရွင္းလင္းေျပာျပသည္ ။အားေပးစကားေျပာသည္ ။ တစ္ေန႔ ဂ်ာနယ္ေက်ာ္မမေလး၏ ဖခင္ႀကီးက်န္းမာေရးေၾကာင့္ ေနထိုင္ရာ ဘိုကေလးၿမိဳ႕မွ ရန္ကုန္သို႔တက္၍ ေဆးကုရေသာေၾကာင့္ သူတို႔ႏွစ္ဦး အျပင္မွာ ဆံုေတြ႔ၾကေလသည္ ။

တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္အကဲခတ္ၾကၿပီးေနာက္ ဦးခ်စ္ေမာင္၏ ထူးဆန္းေသာ အျပဳအမူမ်ားႏွင့္ ဝတ္စားဆင္ယင္မႈေၾကာင့္ ဂ်ာနယ္ေက်ာ္မမေလးမွာ အံ့အားသင့္ခဲ့ရသလို ေခတ္ေပၚအလန္းစားမိန္းမငယ္ေလး ဂ်ာနယ္ေက်ာ္မမေလးကို ၾကည့္ရင္း စာသမား ကိုလူေအးႀကီး ဦးခ်စ္ေမာင္ခမွ်ာ အေယာင္ေယာင္အမွားမွားႏွင့္ ျဖစ္ရေလသည္ ။ ထိုသို႔ အျပင္မွာေတြ႔ဆံုမိၾကရင္း တစ္ေယာက္၏ စိတ္ထား တစ္ေယာက္ နားလည္လာၾကသည္ ။ ဦးခ်စ္ေမာင္၏ အလြန္တရာ အားနာတတ္ေသာစိတ္ေၾကာင့္ ဂ်ာနယ္ေက်ာ္မမေလးမွာ အစပိုင္း၌ နားမလည္တတ္ခဲ့ေသာ္လည္း ေတြ႔ရႀကံဳရဖန္မ်ားလာေသာ အခါ က႐ုဏာသက္လာေလသည္ ။ ဦးခ်စ္ေမာင္သည္ အိမ္အလည္လာလွ်င္ ႐ိုင္းမည္ဆိုး၍ အိမ္႐ွင္က မႏွင္ဘဲ ထမျပန္ ။ ထိုအခါမိ်ဳး၌ တစ္ေယာက္က ျပန္ခြင့္ျပဳပါ ဆိုေသာ စကားကို ေစာင့္ေနတတ္၍ တစ္ေယာက္ ျပန္ရင္ျပန္ေတာ့ေလ ဆိုေသာ စကားမ်ိဳးကိုေစာင့္ၾကရင္း ႏွစ္ေယာက္သား စကားမေျပာျဖစ္ၾကဘဲ နာရီေပါင္းမ်ားစြာ ငုတ္တုတ္ႀကီး ထို္င္ေနတတ္ၾကသည္ ။ ထိုသို႔ အူလည္လည္ ျဖစ္တတ္ေသာ ဦးခ်စ္ေမာင္သည္ စာေရး၍ ေျပာလွ်င္အဆင္ေခ်ာ ေနတတ္ျပန္သည္ ။ ထိုေၾကာင့္ အရင္ေန႔က သူ၏ ေယာင္လည္လည္ျပဳခဲ့ေသာ အမွားမ်ားကို စာ ေရးၿပီး မ်က္ႏွာခ်င္းဆိုင္ ေပးဖတ္သည့္ အခါမ်ားတြင္ ဂ်ာနယ္ေက်ာ္မမေလးမွာ စာနာနားလည္ရျပန္သည္ ။

မ်က္မွန္ပါဝါအထူႀကီးတတ္ၿပီး ခပ္တည္တည္ေနတတ္ေသာ သတင္းစာတိုက္ႀကီးတစ္ခုလံုး၏ အယ္ဒီတာ ဦးခ်စ္ေမာင္မွာ အသက္ (၂၆) ႏွစ္အရြယ္သာ႐ွိေသးသည္ကို သိလိုက္ရေသာ ဂ်ာနယ္ေက်ာ္မမေလးမွာ အံ့ၾသရျပန္ေလသည္ ။ ဦးခ်စ္ေမာင္သည္ အလုပ္ကိုသာ အာရံုစိုက္၍ လုပ္သည္ ။ သူ႔အေပၚေျပာေသာ စကားမ်ားကို အေကာင္းဘက္မွ ေတြးသည္ ။ က်န္းမာေရးကို ဂ႐ုမစိုက္ ။ သပ္သပ္ရပ္ရပ္ မေနတတ္ ။ ဤအျခင္းအရာမ်ားကို ဂ်ာနယ္ေက်ာ္မမေလးက မႏွစ္သက္ ။ ျပင္ခိုင္းသည္ ။ မိန္းကေလးမ်ားႏွင့္ အလ်ဥ္းပတ္သတ္ခဲ့ဖူးျခင္းမရွိေသာ ထိုကဲ့သို႔ ျပဳျပင္ပဲ့ထိန္းစကားသံမ်ားကို မၾကားဖူးေသးေသာ ဦးခ်စ္ေမာင္မွာ ဂ်ာနယ္ေက်ာ္မမေလး၏ စကားမ်ားကို ခုန္မင္လာသည္ ။ လူ႐ိုးႀကီး၏ အသည္းႏွလံုးမွာ တစ္ခါမွ မျဖစ္စဖူး ရင္ခုန္တတ္လာသည္ ။ ဂ်ာနယ္ေက်ာ္မမေလး ရန္ကုန္တစ္ေခါက္လာတိုင္း သူတို႔ ႏွစ္ဦးေတြ႔ဆံုမိၾကရင္း တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကင္နာေတြပိုမိၾကသည္ ။ သူ႔ဘဝ၏ အရင္က မၾကားခဲ့ဖူးေသာ ဆံုးမစကားသံမ်ားေျပာတတ္ေသာ ဂ်ာနယ္ေက်ာ္မမေလးကို ဦးခ်စ္ေမာင္က ေနာက္ဆံုး၌ လက္ထပ္ခြင့္ေတာင္းခဲ့ေလသည္ ။ လူ႐ိုး လူေအး ဉာဏ္ပညာထက္ျမတ္ေသာ လူတစ္ေယာက္က လက္ထက္ခြင့္ေတာင္းလာျခင္း ျဖစ္ၿပီး သူသာ ထိန္းထိန္းသိမ္းသိမ္း ျပဳျပင္မေပးပါက ဒီလူႀကီးဘဝ အလုပ္ထဲမွာပင္နစ္မြန္းသြားမည္ကို ရိပ္စားမိၿပီး နဂို႐ွိရင္းဆြဲ ၾကည္ညိဳ သနား ေမတၱာစိတ္တို႔ႏွင့္ ေပါင္းစည္းကာ ဂ်ာနယ္ေက်ာ္မမေလးက ေခါင္းညိတ္လက္ခံခဲ့ေလသည္ ။

သို႕ေသာ္ သတင္းစာတိုက္တစ္ခုတစ္ခု၏ အယ္ဒီတာ ဦးခ်စ္ေမာင္ထံ၌ မိန္းမတင္ေတာင္းႏိုင္ဖို႔အတြက္ လံုေလာက္ေသာ ေငြေၾကးကားမ႐ွိ ။ သတင္းစာတိုက္ကိုလည္း သူမွအရင္ လခတိုးေတာင္းျခင္းမ႐ွိ ။ အေပါင္းအသင္းမ်ားသည္ ။ ရသမွ်လခႏွင့္ အခက္အခဲ႐ွိေနေသာ မိတ္္ေဆြမ်ားကို ကူညီသည္ ။ ဦးခ်စ္ေမာင္၌ အဝတ္အစား ၊ စီးစရာဖိနပ္ေကာင္းေကာင္းမ႐ွိ ။ ခံုဖိနပ္ကိုပင္ စီးခဲ့ဖူးသည္။ ဂ်ာနယ္ေက်ာ္မမေလးက ဦးခ်စ္ေမာင္အတြက္ ကတၱီပါဖိနပ္ေကာင္းေကာင္းတစ္ရံ လက္ေဆာင္ေပးသည့္အခါ မစီးတတ္ဟု အေၾကာက္အကန္ျငင္းဆိုၿပီး အျခားမိတ္ေေဆြတစ္ေယာက္ကို ျပန္၍လက္ေဆာင္ေပးလိုက္ေလ၏။ ဦးခ်စ္ေမာင္သည္ မိန္းမတင္ေတာင္းရန္အတြက္ ေငြေၾကးလံုလံုေလာက္ေလာက္ မ႐ွိခဲ့၍ ဝတၱဳစာအုပ္တစ္အုပ္ေရး၍ ပိုက္ဆံစုခဲ့ရသည္ ။ ထို စာအုပ္၏အမည္မွာ ‘သူ’ ျဖစ္ေလသည္။ ‘သူ’ ဝတၱဳေရးရင္းမွ ရလာေသာ စာမူခမ်ားကို စုေဆာင္း၍ ဂ်ာနယ္ေက်ာ္မမေလးကို လက္ထပ္ယူႏိုင္ေလသည္ ။ ထိုအေၾကာင္းကို မယူခင္ကတည္းက သိခဲ့ေသာ ဂ်ာနယ္ေက်ာ္မမေလးမွာ ဦးခ်စ္ေမာင္အေပၚ၌ လက္ေလ်ာ့ေက်ာခိုင္းခဲ့ျခင္းမ႐ွိဘဲ ဦးခ်စ္ေမာင္၏ အရည္အခ်င္းႏွင့္ လုပ္ကိုင္ႏိုင္စြမ္းကို ယံုၾကည္ခဲ့ေလသည္။ က႐ုဏာ ႀကီးမားခဲ့ေလသည္ ။ အတြယ္တာ ပိုခဲ့ေလသည္ ။

လက္ထပ္ၿပီးသည့္အခါ ဦးခ်စ္ေမာင္၏ ေကာင္းကြက္ဆိုးကြက္မ်ားကို ဂ်ာနယ္ေက်ာ္မမေလးမွာ ပို၍ သိလာသည္ ။ ဦးခ်စ္ေမာင္၏ထူးဆန္းေသာ အားနာစိတ္အေၾကာင္းကို ဂ်ာနယ္ေက်ာ္မမေလးေရးသားေသာ ‘သူလိုလူ’ စာအုပ္၌ ေဖာ္ျပထားသည္ ။ တစ္ေန႔မိုး႐ြာထဲ၌ ထီးတစ္ေခ်ာင္းႏွင့္ လမ္းေလွ်ာက္လာစဥ္ လူတစ္ေယာက္က ဦးခ်စ္ေမာင္၏ ထီးေအာက္သို႔ မိုးဝင္ခိုေလသည္ ။ ထိုမိုးဝင္ခိုေသာ လူဘက္ကိုသာ ထီးကို ပိုပိုသာသာ မိုးေပးရင္း ဦးခ်စ္ေမာင္မွာ တစ္ကိုယ္လံုး ႐ြဲစိုေနေလသည္ ။ ထိုသို႔လမ္းေလွ်ာက္ေနရင္း လူစိမ္းက ဦးခ်စ္ေမာင္၏ အိတ္ေထာင္ထဲမွ ပိုက္ဆံအိတ္ကို မသိမသာႏႈိက္ယူေလသည္ ။ ထိုအျခင္းအရာကို ရိပ္မိေသာ ဦးခ်စ္ေမာင္မွာ ထိုလူစိမ္းကို သူျမင္တာကို ျပန္ရိပ္မိစိုး၍ မ်က္ႏွာကို တစ္ျခားဘက္သို႔ လႊဲေပးရင္း ပိုက္ဆံအိတ္ကို ခိုးယူခံခဲ့ေလသည္ ။ ထိုကဲသို႔ စိတ္႐ွိေသာ ခင္ပြန္းျဖစ္သူဦးခ်စ္ေမာင္ကို ဂ်ာနယ္ေက်ာ္မမေလးက လူ႐ိုးလူဆန္းဟု အမည္ေပးထားေလသည္ ။

အယ္ဒီတာအလုပ္မွာ အိမ္၌ေကာင္းေကာင္းအနားယူရသည္မ႐ွိဘဲ သတင္းစာတိုက္၌ပင္ အခ်ိန္ကုန္ေနရသည္ ။ မနက္ကအေစာႀကီးထြက္သြားတတ္ၿပီး ထမင္းစားေရခ်ိဳးခ်ိန္သာ ျပန္ေရာက္လာတတ္သည္ ။ ညဥ့္နက္သန္းေခါင္လြန္၍ ၂ နာရီ ၃ နာရီ မွ အိမ္ျပန္ေရာက္လာသည္ ။ အိမ္ျပန္ေရာက္သည့္အခါ အနားမရဘဲ မနက္ထုတ္မည့္ သတင္းစာအတြက္ ေခါင္းႀကီးပိုင္းသတင္းမ်ားကို ေရးသားရသည္ ။ ရသမွ်လခတို႔ျဖင့္လည္း အိမ္လည္ လာသမွ် အေပါင္းအသင္း မိတ္ေဆြမ်ားကို ဧည့္ခံေကၽြးေမြးသည္ ။ အယ္ဒီတာ အလုပ္သည္ တိုင္းျပည္ကို အေရးႀကီးေသာ အခန္းက႑ကေန ကူညီေထာက္ပ့ံေပးေနသည္ဟု ယူဆလ်က္ အလုပ္အေပၚ၌ ဘဝကို ပံုေအာထားသည္ ။ ေငြေၾကးေျပလည္ေသာ မိသားစုမွ ႀကီးျပင္းလာေသာ ဂ်ာနယ္ေက်ာ္မမေလးမွာ အရင္က မၾကံဳခဲ့ဖူးသည့္ အေျခအေနေတြကို ရင္ဆိုင္ရေတာ့သည္ ။ ရသမွ်လစာမွာ မလာက္င ၊ အေပါင္းအသင္းမ်ားၿပီး ရက္ေရာတတ္ေသာ လူ႐ိုးလူေအးႀကီး ဦးခ်စ္ေမာင္မွာ အိမ္၌ မည္သို႔ အခက္အခဲ ႐ွိသည္ကို မသိေခ် ။ မိဘအိမ္၌ အဆာေျပမုန္႔႔ပဲသေရစာမ်ား လိုခ်င္သည့္အခ်ိန္မွာ အရံသင့္ စားႏိုင္ေသာ ဂ်ာနယ္ေက်ာ္မမေလးအတြက္ တစ္ခါတစ္ရံ၌ တစ္ေန႔ကုန္ ထမင္းတစ္နပ္မွ မစားခဲ့ဘဲ ေနရေလသည္ ။ဂ်ာနယ္ေက်ာ္မမေလးမွာ ဦးခ်စ္ေမာင္ အေပၚ၌ က႐ုဏာေဒါေသာႏွင့္ ေျပာမိသည္ကလြဲ၍ မည္သို႔မွ် စိတ္ဆိုးစိတ္မကြက္ခဲ့ေခ် ။

အကယ္၍ ဂ်ာနယ္ေက်ာ္မမေလးႏွင့္ ဆံုစည္းခြင့္မရခဲ့ပါက ဦးခ်စ္ေမာင္ ဘဝမွာ အယ္ဒီတာအလုပ္ကို လုပ္ကိုင္ရင္း ဝင္ေငြအနည္းအက်ဥ္းေလာက္ႏွင့္ပင္ အဆံုးသတ္သြားေပမည္ ။ ျမန္မာ့အလင္း သတင္းစာတိုက္ပိုင္႐ွင္ႏွင့္ သတင္းကိစၥတစ္ခုႏွင့္ အယူအဆကြဲလြဲ၍ ဦးခ်စ္ေမာင္ကို ဂ်ာနယ္မမေလးက အလုပ္ထြက္ေစခ်င္ေသာ္လည္း အလုပ္႐ွင္မွ မထုတ္မခ်င္း သစၥာေစာင့္သိလ်က္ ေပကပ္ေနသည္ ။ အလုပ္ထုတ္ခံရေသာ စာရမွ ဦးခ်စ္ေမာင္က အလုပ္က ထြက္သည္ ။ ဂ်ာနယ္ေက်ာ္ ဂ်ာနယ္တိုက္ ကို ဦးစီးလုပ္ကိုင္ၾကရင္း လုပ္အားႏွင့္ ဝင္ေငြမွ်တလာကာ အတန္အသင့္ေျပလည္ လာသည္ ။

ဂ်ပန္ဝင္ေရာက္လာၿပီး တိုင္းျပည္မၿငိမ္မသက္ျဖစ္စဥ္ကာလမ်ားမွာ ဂ်ာနယ္တိုက္ကို ဆက္လက္လုပ္ကိုင္မရ၍ ေခတၱပိတ္ထားသည့္ ကာလမ်ားတြင္လည္း ဦးခ်စ္ေမာင္က ႏိုင္ငံေရးေလာကထဲသို႔ ဝင္၍ ထဲထဲဝင္ဝင္ ပတ္သက္သည္ ။ ဗိုလ္လက္်ာ၏ ထံတြင္ သူလွ်ိဳအလုပ္ကို တိတ္တဆိတ္္ တာဝန္ထမ္းေဆာင္သည္ ။ အနယ္အနယ္အရပ္ရပ္မွ သတင္းေပးသူမ်ားကို ဗိုလ္လက္်ာထံမွေထာက္ပံ့ေသာ ပိုက္ဆံႏွင့္သာမက သူ႔ထံမွ အိတ္္စိုက္၍ပင္ လုပ္ခမ်ား႐ွင္းေပးသည္ ။ ထိုသို႔ တိုင္းျပည္အတြက္ အပတ္တကုတ္ ႀကိဳးပမ္းေနျခင္းကို ဂ်ာနယ္ေက်ာ္မမေလးမွာ ဦခ်စ္ေမာင္၏ က်န္းမာေရးကိစၥမွလြဲ၍ တားဆီးပိတ္ပင္ျခင္းမ႐ွိဘဲ ႐ွိသမွ် ပစၥည္းေရာင္းခ်၍ ပံ့ပိုးေပးခဲ့သည္ ။ စစ္အတြင္း၌ သူတို႔ေနထိုင္သည့္ အိမ္မ်ားကို ဂ်ပန္စစ္တပ္က စစ္စခန္းအျဖစ္ အသံုးျပဳလို၍ အိမ္အမ်ိဳးမိ်ဳးကို လွည့္ပတ္ေနထိုင္ခဲ့ရေလသည္ ။ စစ္အတြင္း၌ ဘိုကေလးသို႔ စစ္ေ႐ွာင္ၾကရန္အတြက္ ဦးခ်စ္ေမာင္က ဂ်ာနယ္ေက်ာ္မမေလးကို ျပန္လိုက္ပို႔သည္ ။ တစ္ရက္သာေနထိုင္ၿပီး ဦးခ်စ္ေမာင္က ဝတၱရားအရ ရန္ကုန္ျပန္တက္ဖို႔ အေၾကာင္းဖန္လာေသာအခါ ခင္ပြန္းျဖစ္သူကို စိတ္မခ်ေသာ ဂ်ာနယ္ေက်ာ္မမေလးမွာ ကိုယ္ဝန္လြယ္ထားလ်က္ႏွင့္ပင္ ရန္ကုန္သို႔ ျပန္လိုက္ပါလာျပန္ေလသည္ ။

ထိုသို႔တိုင္းျပည္ႏွင့္ အလုပ္ေပၚတြင္ ဘဝကို ပံုေအာထားခဲ့ၿပီး စားခ်ိန္အိပ္ခ်ိန္မသိ ၊ က်န္းမာေရးေကာင္းေကာင္းမလိုက္စားခဲ့ေသာ ဦးခ်စ္ေမာင္မွာ ဂ်ာနယ္ေက်ာ္မမေလး သတိေပးထားခဲ့သည္အတိုင္း တစ္ခါျဖစ္လိုက္လွ်င္ဗံုးဗံုးလဲက်ပါေလေတာ့သည္ ။ ေပခဲ့ေတခဲ့ေသာ ဒဏ္မ်ား၊ထိုေခတ္၏ ေဆးဝါးျပႆနာ႐ွားပါးမႈႏွင့္အတူ (၁၉၄၆) ခုႏွစ္ ဧၿပီလ (၃) ရက္ေန႔တြင္ ဦးခ်စ္ေမာင္သည္ သူခ်စ္ေသာတိုင္းျပည္ ၊ သူခ်စ္ေသာ အလုပ္ ၊ သူခ်စ္ေသာ မိသားစုကို ခ်န္ထားခဲ့ရင္း ကြယ္လြန္ခဲ့ေလသည္ ။ ဦးခ်စ္ေမာင္ ကြယ္လြန္ခ်ိန္၌ ဂ်ာနယ္ေက်ာ္မမေလး၏ အသက္မွာ (၂၈) သာ႐ွိေသးသည္ ။ သားသမီး သံုးဦးထြန္းကားခဲ့၍ (ေဒၚ)မခင္ေလးျမင့္ ၊ (ဦး)ေမာင္သိန္းတန္ ၊ (ဦး)ေမာင္မိုးဟိန္းတို႔ျဖစ္သည္ ။ ဦးခ်စ္ေမာင္၏စ်ာပနတြင္ “သူမ်ားႏိုင္ငံေတြလို မလြတ္လပ္လို႔၊ ေဆးဘက္မွာ အဆင့္အတန္းမမီဘဲ မတိုးတက္ထြန္းကားရတာေၾကာင့္ ဒီလို ပုဂၢိဳလ္ႀကီးေသရတယ္”ဟု ဗိုလ္ခ်ဳပ္ေအာင္ဆန္းက တရားေဟာခဲ့ေလသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aerial (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျာနယ်ကျော်မမလေး၏ အမည်အရင်းမှာ ဒေါ်တင်လှိုင်ဖြစ်သည်။ ဂျာနယ်ကျော်မမလေးရေးသားခဲ့သော မြက်ကလေးတစ်ပင် ၊ တွေးတစိမ့်စိမ့် ၊ သွေး ၊ မုဆိုးမ ၊ မုန်း၍မဟူ အစရှိသော စာအုပ်များမှာ နိုင်ငံခြားဘာသာများသို့ ပြန်ဆိုထုတ်ဝေထားပြီး မုန်း၍မဟူ ဝတ္တုစာအုပ်မှာ စာပေဗိမာန်ဆု ချီးမြှင့်ခံရသည် ။ ဂျာနယ်ကျော်မမလေးသည် တိုင်းရင်းဆေးဆရာအဖြစ်လည်း ထင်ရှား၍ ဆေးပညာဆောင်းပါးများ(၁၉၆၂) ၊ [မြန်မာ့ဆေးပညာ-၁၉၆၇]ကို ပြုစုခဲ့သည် ။ စင်စစ် ဂျာနယ်ကျော်မမလေးသည် စာပေလောကအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်ရောက်လာခြင်းကား မဟုတ်ချေ ။ ပစ်စာတစ်စောင်ကို အကြောင်းပြု၍ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဂျာနယ်ကျော်မမလေး၏ ကိုယ်ရေးအတ္တုပ္ပတိစာအုပ်တို့၌ဖော်ပြထားသည် ။

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကမာကလူကျေးရွာ၌ မတင်လှိုင်အဖြစ်ကြီးပြင်းခဲ့ရသော ဂျာနယ်ကျော်မမလေးသည် ရှေးရိုးစဉ်ဆက်ဆွဲမြဲခဲ့သော အိမ်တွင်းပုန်းမှ အမျိုးသမီးကောင်းဖြစ်နိုင်သည်ဆိုသော အယူအဆကို နှစ်သက်သဘောကျခြင်းမရှိချေ ။ မိန်းကလေးများသည် တင်းတင်းကျပ်ကျပ် စည်းမျည်းစည်းကမ်းများဖြင့် ယောက်ျားသားများကဲ့သို့ လွတ်လွတ်လပ်လပ်ရှင်သန်ခွင့်မရခြင်းကို ဂျာနယ်ကျော်မမလေးက လက်မခံ ။ တစ်ခြားမိန်းကလေးများလို ကနွဲ့ကလျကစားနည်းများဖြင့် မဆော့တတ်ဘဲ ငယ်ရွယ်စဉ်ကတည်းက ယောက်ျားလေးအပေါင်းအဖော်များနှင့် သစ်ပင်အတူတက်သည်။ ကိုယ်တိုင် လော်ဆော်ပြီး ချောင်းထဲမှာ လှေအတူလှော်သည်။ အတူတူထွေခင်းကစားသည် ။ ကြက်တောင် ရိုက်သည် ။ စင်စစ် ဂျာနယ်ကျော်မမလေးသည် ယောက်ျားစိတ်ပေါက်သော မိန်းကလေးတစ်ယောက် မဟုတ် ။ ထိုသို့ သွားအတူလာအတူ ဆော့ဖော်ဆော့ဖက် ယောက်ျားလေးများက သူမကို အခွင့်အရေးယူဖို့ ဝေးစွ ၊ အမှန်တကယ် မေတ္တာသက်ဝင်၍ ချစ်ရေးဆိုဖို့ပင် အခက်အခဲကြုံကာ ရှိုးတိုးရှန်းတန်းဖြစ်ကြရသည် ။

ဤသို့ နေထိုင်စဉ် တစ်နေ့၌ ‘ယောက်ျားလေးများနှင့်တပူးတွဲတွဲ နေထိုင်ခြင်းသည် ဣန္ဒြေမဲ့သော လုပ်ရပ်ဖြစ်သည်၊ ထိုသို့ ဆက်လက်ပြုမူနေပါက သတင်းစာ၌ နာမည်တပ်၍ အရှက်ခွဲမည်’ ဟု အဓိပ္ပါယ်ရသည့် လျို့ဝှက်သော အမျိုးသမီး ၁၅ ဦးအဖွဲ့ထံမှ ပုဂ္ဂိုလ်ရေးပစ်စာတစ်စောင်ရောက်လာသည် ။ ထက်မြက်သောအတွေးခေါ်များနှင့် အတူ မဟုတ်မခံချင်သော ညဉ်ကလေးပါတွဲပါလာသော ဂျာနယ်ကျော်မမလေးသည် အဆိုပါအဖွဲ့အစည်းထက် ဦးအောင်ပင် မြန်မာ့အလင်းသတင်းစာတိုက်ကို ချေပချက်ဆောင်းပါးတစ်စောင်ကို ရေး၍ပို့လိုက်လေသည် ။ ထိုမှတစ်ဆင့် မြန်မာ့အလင်းသတင်းစာတိုက်၏ အယ်ဒီတာ ဦးချစ်မောင်နှင့် အကြောင်းကံဆုံကြလေတော့သည် ။

ဦးချစ်မောင် ။ ‘သူ’သည် စာပေကျမ်းဂန်နှံ့စပ်သည် ။ ရိုးသားဖြောင့်မတ်သည် ။ မိမိကိုယ်ကို နှိမ့်ချတတ်သည် ။ အလွန်တရာ အားနာတတ်သည် ။ တိုင်းပြည်ကို အလုံးစုံပုံ၍ ချစ်သည် ။ ကိုယ့်လုပ်သည့်အလုပ်ပေါ်၌ သစ္စာတရားကြီးမားသည် ။ အသက်အရွယ်နှင့် မလိုက်သော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည် ။ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားနီးပါး ရေလည်သည်။ အရှက်ကြောက်ကြီးသည်။ ရေချိုးပျင်းသည် ။ လက်ဘက်ရည်အလွန်ကြိုက်သည် ။ တောက်တောက်ပြောင်ပြောင် ဝတ်စားဆင်ယင်မှုကို မလုပ်တတ် ။ အပေါင်းအသင်းများက ဘုန်းကြီးရလောက်အောင် တည်ကြည်သည် ။ မြန်မာအလင်းသတင်းစာတိုက်၏ အယ်ဒီတာ အဖြစ်လုပ်ကိုင်သည် ။

ဦးချစ်မောင် မြန်မာ့အလင်းသတင်းစာတိုက်၏ အယ်ဒီတာတိုက်၌ လုပ်ကိုင်စဉ် ဂျာနယ်ကျော်မမလေး၏ ချေပချက်ဆောင်းပါးကို ဖတ်မိရာမှ တစ်ဦးနှင့်တစ်ဦး စာအပြန်အလှန်ပေးပို့ကြရင်း ခင်မင်မိကြသည်။ စာသမားများ၏ ထုံးစံအတိုင်း စာအကြောင်းပြောဖော်ပြောဖက်တစ်ယောက်ကိုသာတွေ့ပါက ငယ်ရင်းပေါင်းဖော်များပမာ နှလုံးသားချင်းရင်းနှီးတတ်ကြသည် ။ အပြင်မှာတစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံဖူးခြင်းမရှိပါဘဲလျက် သံယောစဉ်တွယ် အခင်အမင်ပိုကြသည်။ စာအဆက်အသွယ်နှင့်ပင် ဦးချစ်မောင်က ဂျာနယ်ကျော်မမလေးကို စာပေနှင့်ပတ်သက်သော အခက်အခဲများကို ရှင်းလင်းပြောပြသည် ။အားပေးစကားပြောသည် ။ တစ်နေ့ ဂျာနယ်ကျော်မမလေး၏ ဖခင်ကြီးကျန်းမာရေးကြောင့် နေထိုင်ရာ ဘိုကလေးမြို့မှ ရန်ကုန်သို့တက်၍ ဆေးကုရသောကြောင့် သူတို့နှစ်ဦး အပြင်မှာ ဆုံတွေ့ကြလေသည် ။

တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်အကဲခတ်ကြပြီးနောက် ဦးချစ်မောင်၏ ထူးဆန်းသော အပြုအမူများနှင့် ဝတ်စားဆင်ယင်မှုကြောင့် ဂျာနယ်ကျော်မမလေးမှာ အံ့အားသင့်ခဲ့ရသလို ခေတ်ပေါ်အလန်းစားမိန်းမငယ်လေး ဂျာနယ်ကျော်မမလေးကို ကြည့်ရင်း စာသမား ကိုလူအေးကြီး ဦးချစ်မောင်ခမျှာ အယောင်ယောင်အမှားမှားနှင့် ဖြစ်ရလေသည် ။ ထိုသို့ အပြင်မှာတွေ့ဆုံမိကြရင်း တစ်ယောက်၏ စိတ်ထား တစ်ယောက် နားလည်လာကြသည် ။ ဦးချစ်မောင်၏ အလွန်တရာ အားနာတတ်သောစိတ်ကြောင့် ဂျာနယ်ကျော်မမလေးမှာ အစပိုင်း၌ နားမလည်တတ်ခဲ့သော်လည်း တွေ့ရကြုံရဖန်များလာသော အခါ ကရုဏာသက်လာလေသည် ။ ဦးချစ်မောင်သည် အိမ်အလည်လာလျှင် ရိုင်းမည်ဆိုး၍ အိမ်ရှင်က မနှင်ဘဲ ထမပြန် ။ ထိုအခါမျိုး၌ တစ်ယောက်က ပြန်ခွင့်ပြုပါ ဆိုသော စကားကို စောင့်နေတတ်၍ တစ်ယောက် ပြန်ရင်ပြန်တော့လေ ဆိုသော စကားမျိုးကိုစောင့်ကြရင်း နှစ်ယောက်သား စကားမပြောဖြစ်ကြဘဲ နာရီပေါင်းများစွာ ငုတ်တုတ်ကြီး ထိုင်နေတတ်ကြသည် ။ ထိုသို့ အူလည်လည် ဖြစ်တတ်သော ဦးချစ်မောင်သည် စာရေး၍ ပြောလျှင်အဆင်ချော နေတတ်ပြန်သည် ။ ထိုကြောင့် အရင်နေ့က သူ၏ ယောင်လည်လည်ပြုခဲ့သော အမှားများကို စာ ရေးပြီး မျက်နှာချင်းဆိုင် ပေးဖတ်သည့် အခါများတွင် ဂျာနယ်ကျော်မမလေးမှာ စာနာနားလည်ရပြန်သည် ။

မျက်မှန်ပါဝါအထူကြီးတတ်ပြီး ခပ်တည်တည်နေတတ်သော သတင်းစာတိုက်ကြီးတစ်ခုလုံး၏ အယ်ဒီတာ ဦးချစ်မောင်မှာ အသက် (၂၆) နှစ်အရွယ်သာရှိသေးသည်ကို သိလိုက်ရသော ဂျာနယ်ကျော်မမလေးမှာ အံ့သြရပြန်လေသည် ။ ဦးချစ်မောင်သည် အလုပ်ကိုသာ အာရုံစိုက်၍ လုပ်သည် ။ သူ့အပေါ်ပြောသော စကားများကို အကောင်းဘက်မှ တွေးသည် ။ ကျန်းမာရေးကို ဂရုမစိုက် ။ သပ်သပ်ရပ်ရပ် မနေတတ် ။ ဤအခြင်းအရာများကို ဂျာနယ်ကျော်မမလေးက မနှစ်သက် ။ ပြင်ခိုင်းသည် ။ မိန်းကလေးများနှင့် အလျဉ်းပတ်သတ်ခဲ့ဖူးခြင်းမရှိသော ထိုကဲ့သို့ ပြုပြင်ပဲ့ထိန်းစကားသံများကို မကြားဖူးသေးသော ဦးချစ်မောင်မှာ ဂျာနယ်ကျော်မမလေး၏ စကားများကို ခုန်မင်လာသည် ။ လူရိုးကြီး၏ အသည်းနှလုံးမှာ တစ်ခါမှ မဖြစ်စဖူး ရင်ခုန်တတ်လာသည် ။ ဂျာနယ်ကျော်မမလေး ရန်ကုန်တစ်ခေါက်လာတိုင်း သူတို့ နှစ်ဦးတွေ့ဆုံမိကြရင်း တစ်ယောက်နှင့်တစ်ယောက် အကြင်နာတွေပိုမိကြသည် ။ သူ့ဘဝ၏ အရင်က မကြားခဲ့ဖူးသော ဆုံးမစကားသံများပြောတတ်သော ဂျာနယ်ကျော်မမလေးကို ဦးချစ်မောင်က နောက်ဆုံး၌ လက်ထပ်ခွင့်တောင်းခဲ့လေသည် ။ လူရိုး လူအေး ဉာဏ်ပညာထက်မြတ်သော လူတစ်ယောက်က လက်ထက်ခွင့်တောင်းလာခြင်း ဖြစ်ပြီး သူသာ ထိန်းထိန်းသိမ်းသိမ်း ပြုပြင်မပေးပါက ဒီလူကြီးဘဝ အလုပ်ထဲမှာပင်နစ်မွန်းသွားမည်ကို ရိပ်စားမိပြီး နဂိုရှိရင်းဆွဲ ကြည်ညို သနား မေတ္တာစိတ်တို့နှင့် ပေါင်းစည်းကာ ဂျာနယ်ကျော်မမလေးက ခေါင်းညိတ်လက်ခံခဲ့လေသည် ။

သို့သော် သတင်းစာတိုက်တစ်ခုတစ်ခု၏ အယ်ဒီတာ ဦးချစ်မောင်ထံ၌ မိန်းမတင်တောင်းနိုင်ဖို့အတွက် လုံလောက်သော ငွေကြေးကားမရှိ ။ သတင်းစာတိုက်ကိုလည်း သူမှအရင် လခတိုးတောင်းခြင်းမရှိ ။ အပေါင်းအသင်းများသည် ။ ရသမျှလခနှင့် အခက်အခဲရှိနေသော မိတ်ဆွေများကို ကူညီသည် ။ ဦးချစ်မောင်၌ အဝတ်အစား ၊ စီးစရာဖိနပ်ကောင်းကောင်းမရှိ ။ ခုံဖိနပ်ကိုပင် စီးခဲ့ဖူးသည်။ ဂျာနယ်ကျော်မမလေးက ဦးချစ်မောင်အတွက် ကတ္တီပါဖိနပ်ကောင်းကောင်းတစ်ရံ လက်ဆောင်ပေးသည့်အခါ မစီးတတ်ဟု အကြောက်အကန်ငြင်းဆိုပြီး အခြားမိတ်ေဆွေတစ်ယောက်ကို ပြန်၍လက်ဆောင်ပေးလိုက်လေ၏။ ဦးချစ်မောင်သည် မိန်းမတင်တောင်းရန်အတွက် ငွေကြေးလုံလုံလောက်လောက် မရှိခဲ့၍ ဝတ္တုစာအုပ်တစ်အုပ်ရေး၍ ပိုက်ဆံစုခဲ့ရသည် ။ ထို စာအုပ်၏အမည်မှာ ‘သူ’ ဖြစ်လေသည်။ ‘သူ’ ဝတ္တုရေးရင်းမှ ရလာသော စာမူခများကို စုဆောင်း၍ ဂျာနယ်ကျော်မမလေးကို လက်ထပ်ယူနိုင်လေသည် ။ ထိုအကြောင်းကို မယူခင်ကတည်းက သိခဲ့သော ဂျာနယ်ကျော်မမလေးမှာ ဦးချစ်မောင်အပေါ်၌ လက်လျော့ကျောခိုင်းခဲ့ခြင်းမရှိဘဲ ဦးချစ်မောင်၏ အရည်အချင်းနှင့် လုပ်ကိုင်နိုင်စွမ်းကို ယုံကြည်ခဲ့လေသည်။ ကရုဏာ ကြီးမားခဲ့လေသည် ။ အတွယ်တာ ပိုခဲ့လေသည် ။

လက်ထပ်ပြီးသည့်အခါ ဦးချစ်မောင်၏ ကောင်းကွက်ဆိုးကွက်များကို ဂျာနယ်ကျော်မမလေးမှာ ပို၍ သိလာသည် ။ ဦးချစ်မောင်၏ထူးဆန်းသော အားနာစိတ်အကြောင်းကို ဂျာနယ်ကျော်မမလေးရေးသားသော ‘သူလိုလူ’ စာအုပ်၌ ဖော်ပြထားသည် ။ တစ်နေ့မိုးရွာထဲ၌ ထီးတစ်ချောင်းနှင့် လမ်းလျှောက်လာစဉ် လူတစ်ယောက်က ဦးချစ်မောင်၏ ထီးအောက်သို့ မိုးဝင်ခိုလေသည် ။ ထိုမိုးဝင်ခိုသော လူဘက်ကိုသာ ထီးကို ပိုပိုသာသာ မိုးပေးရင်း ဦးချစ်မောင်မှာ တစ်ကိုယ်လုံး ရွဲစိုနေလေသည် ။ ထိုသို့လမ်းလျှောက်နေရင်း လူစိမ်းက ဦးချစ်မောင်၏ အိတ်ထောင်ထဲမှ ပိုက်ဆံအိတ်ကို မသိမသာနှိုက်ယူလေသည် ။ ထိုအခြင်းအရာကို ရိပ်မိသော ဦးချစ်မောင်မှာ ထိုလူစိမ်းကို သူမြင်တာကို ပြန်ရိပ်မိစိုး၍ မျက်နှာကို တစ်ခြားဘက်သို့ လွှဲပေးရင်း ပိုက်ဆံအိတ်ကို ခိုးယူခံခဲ့လေသည် ။ ထိုကဲသို့ စိတ်ရှိသော ခင်ပွန်းဖြစ်သူဦးချစ်မောင်ကို ဂျာနယ်ကျော်မမလေးက လူရိုးလူဆန်းဟု အမည်ပေးထားလေသည် ။

အယ်ဒီတာအလုပ်မှာ အိမ်၌ကောင်းကောင်းအနားယူရသည်မရှိဘဲ သတင်းစာတိုက်၌ပင် အချိန်ကုန်နေရသည် ။ မနက်ကအစောကြီးထွက်သွားတတ်ပြီး ထမင်းစားရေချိုးချိန်သာ ပြန်ရောက်လာတတ်သည် ။ ညဉ့်နက်သန်းခေါင်လွန်၍ ၂ နာရီ ၃ နာရီ မှ အိမ်ပြန်ရောက်လာသည် ။ အိမ်ပြန်ရောက်သည့်အခါ အနားမရဘဲ မနက်ထုတ်မည့် သတင်းစာအတွက် ခေါင်းကြီးပိုင်းသတင်းများကို ရေးသားရသည် ။ ရသမျှလခတို့ဖြင့်လည်း အိမ်လည် လာသမျှ အပေါင်းအသင်း မိတ်ဆွေများကို ဧည့်ခံကျွေးမွေးသည် ။ အယ်ဒီတာ အလုပ်သည် တိုင်းပြည်ကို အရေးကြီးသော အခန်းကဏ္ဍကနေ ကူညီထောက်ပံ့ပေးနေသည်ဟု ယူဆလျက် အလုပ်အပေါ်၌ ဘဝကို ပုံအောထားသည် ။ ငွေကြေးပြေလည်သော မိသားစုမှ ကြီးပြင်းလာသော ဂျာနယ်ကျော်မမလေးမှာ အရင်က မကြုံခဲ့ဖူးသည့် အခြေအနေတွေကို ရင်ဆိုင်ရတော့သည် ။ ရသမျှလစာမှာ မလာက်င ၊ အပေါင်းအသင်းများပြီး ရက်ရောတတ်သော လူရိုးလူအေးကြီး ဦးချစ်မောင်မှာ အိမ်၌ မည်သို့ အခက်အခဲ ရှိသည်ကို မသိချေ ။ မိဘအိမ်၌ အဆာပြေမုန့့်ပဲသရေစာများ လိုချင်သည့်အချိန်မှာ အရံသင့် စားနိုင်သော ဂျာနယ်ကျော်မမလေးအတွက် တစ်ခါတစ်ရံ၌ တစ်နေ့ကုန် ထမင်းတစ်နပ်မှ မစားခဲ့ဘဲ နေရလေသည် ။ဂျာနယ်ကျော်မမလေးမှာ ဦးချစ်မောင် အပေါ်၌ ကရုဏာဒေါသောနှင့် ပြောမိသည်ကလွဲ၍ မည်သို့မျှ စိတ်ဆိုးစိတ်မကွက်ခဲ့ချေ ။

အကယ်၍ ဂျာနယ်ကျော်မမလေးနှင့် ဆုံစည်းခွင့်မရခဲ့ပါက ဦးချစ်မောင် ဘဝမှာ အယ်ဒီတာအလုပ်ကို လုပ်ကိုင်ရင်း ဝင်ငွေအနည်းအကျဉ်းလောက်နှင့်ပင် အဆုံးသတ်သွားပေမည် ။ မြန်မာ့အလင်း သတင်းစာတိုက်ပိုင်ရှင်နှင့် သတင်းကိစ္စတစ်ခုနှင့် အယူအဆကွဲလွဲ၍ ဦးချစ်မောင်ကို ဂျာနယ်မမလေးက အလုပ်ထွက်စေချင်သော်လည်း အလုပ်ရှင်မှ မထုတ်မချင်း သစ္စာစောင့်သိလျက် ပေကပ်နေသည် ။ အလုပ်ထုတ်ခံရသော စာရမှ ဦးချစ်မောင်က အလုပ်က ထွက်သည် ။ ဂျာနယ်ကျော် ဂျာနယ်တိုက် ကို ဦးစီးလုပ်ကိုင်ကြရင်း လုပ်အားနှင့် ဝင်ငွေမျှတလာကာ အတန်အသင့်ပြေလည် လာသည် ။

ဂျပန်ဝင်ရောက်လာပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စဉ်ကာလများမှာ ဂျာနယ်တိုက်ကို ဆက်လက်လုပ်ကိုင်မရ၍ ခေတ္တပိတ်ထားသည့် ကာလများတွင်လည်း ဦးချစ်မောင်က နိုင်ငံရေးလောကထဲသို့ ဝင်၍ ထဲထဲဝင်ဝင် ပတ်သက်သည် ။ ဗိုလ်လက်ျာ၏ ထံတွင် သူလျှိုအလုပ်ကို တိတ်တဆိတ် တာဝန်ထမ်းဆောင်သည် ။ အနယ်အနယ်အရပ်ရပ်မှ သတင်းပေးသူများကို ဗိုလ်လက်ျာထံမှထောက်ပံ့သော ပိုက်ဆံနှင့်သာမက သူ့ထံမှ အိတ်စိုက်၍ပင် လုပ်ခများရှင်းပေးသည် ။ ထိုသို့ တိုင်းပြည်အတွက် အပတ်တကုတ် ကြိုးပမ်းနေခြင်းကို ဂျာနယ်ကျော်မမလေးမှာ ဦချစ်မောင်၏ ကျန်းမာရေးကိစ္စမှလွဲ၍ တားဆီးပိတ်ပင်ခြင်းမရှိဘဲ ရှိသမျှ ပစ္စည်းရောင်းချ၍ ပံ့ပိုးပေးခဲ့သည် ။ စစ်အတွင်း၌ သူတို့နေထိုင်သည့် အိမ်များကို ဂျပန်စစ်တပ်က စစ်စခန်းအဖြစ် အသုံးပြုလို၍ အိမ်အမျိုးမျိုးကို လှည့်ပတ်နေထိုင်ခဲ့ရလေသည် ။ စစ်အတွင်း၌ ဘိုကလေးသို့ စစ်ရှောင်ကြရန်အတွက် ဦးချစ်မောင်က ဂျာနယ်ကျော်မမလေးကို ပြန်လိုက်ပို့သည် ။ တစ်ရက်သာနေထိုင်ပြီး ဦးချစ်မောင်က ဝတ္တရားအရ ရန်ကုန်ပြန်တက်ဖို့ အကြောင်းဖန်လာသောအခါ ခင်ပွန်းဖြစ်သူကို စိတ်မချသော ဂျာနယ်ကျော်မမလေးမှာ ကိုယ်ဝန်လွယ်ထားလျက်နှင့်ပင် ရန်ကုန်သို့ ပြန်လိုက်ပါလာပြန်လေသည် ။

ထိုသို့တိုင်းပြည်နှင့် အလုပ်ပေါ်တွင် ဘဝကို ပုံအောထားခဲ့ပြီး စားချိန်အိပ်ချိန်မသိ ၊ ကျန်းမာရေးကောင်းကောင်းမလိုက်စားခဲ့သော ဦးချစ်မောင်မှာ ဂျာနယ်ကျော်မမလေး သတိပေးထားခဲ့သည်အတိုင်း တစ်ခါဖြစ်လိုက်လျှင်ဗုံးဗုံးလဲကျပါလေတော့သည် ။ ပေခဲ့တေခဲ့သော ဒဏ်များ၊ထိုခေတ်၏ ဆေးဝါးပြဿနာရှားပါးမှုနှင့်အတူ (၁၉၄၆) ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ဦးချစ်မောင်သည် သူချစ်သောတိုင်းပြည် ၊ သူချစ်သော အလုပ် ၊ သူချစ်သော မိသားစုကို ချန်ထားခဲ့ရင်း ကွယ်လွန်ခဲ့လေသည် ။ ဦးချစ်မောင် ကွယ်လွန်ချိန်၌ ဂျာနယ်ကျော်မမလေး၏ အသက်မှာ (၂၈) သာရှိသေးသည် ။ သားသမီး သုံးဦးထွန်းကားခဲ့၍ (ဒေါ်)မခင်လေးမြင့် ၊ (ဦး)မောင်သိန်းတန် ၊ (ဦး)မောင်မိုးဟိန်းတို့ဖြစ်သည် ။ ဦးချစ်မောင်၏ဈာပနတွင် “သူများနိုင်ငံတွေလို မလွတ်လပ်လို့၊ ဆေးဘက်မှာ အဆင့်အတန်းမမီဘဲ မတိုးတက်ထွန်းကားရတာကြောင့် ဒီလို ပုဂ္ဂိုလ်ကြီးသေရတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းက တရားဟောခဲ့လေသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: Aerial (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top