×

အဂၤလန္ႏိုင္ငံက အသက္ (၂၉) ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဂၽြန္နသန္ ဘင့္စ္ ဆုိတဲ့ အမ်ိဳးသားကေတာ့ သူတြဲခဲ့တဲ့ ခ်စ္သူတုိင္းကုိ ႏွိပ္စက္ခဲ့တဲ့သူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႔လုပ္ရပ္ေၾကာင့္ ေထာင္ဒဏ္အျပစ္ေပးျခင္းကုိ ခံလုိက္ရပါတယ္။

ဘင့္ခ္ဟာ သူ႔ရဲ႕ေနာက္ဆုံးတြဲခဲ့တဲ့ ခ်စ္သူ ခလုိ၀ီ ဘတ္ခ္ကုိ ခ်စ္သူသက္တမ္း (၄) ႏွစ္တာကာလအတြင္း နည္းမ်ိဳးစုံနဲ႔ ႏွိပ္စက္ခဲ့တာပါ။ အသက္ (၂၂) ႏွစ္အရြယ္သာရွိေသးတဲ့ ခလုိ၀ီ ဟာ ခ်စ္သူသက္တမ္းၾကာလာခဲ့တာနဲ႔အမွ် ဘင့္စ္ ဆီကေန ပုိၿပီးဆုိးရြားတဲ့ ႏွိပ္စက္မႈမ်ိဳးေတြကုိ ခံစားလာရၿပီး ေနာက္ဆုံးမွာေတာ့ ရဲစခန္းကုိ အေၾကာင္းၾကားခဲ့ရတဲ့အထိ ျဖစ္လာခဲ့တာပါ။

သူမရဲ႕ေျပာျပခ်က္အရ ဘင့္စ္အေနနဲ႔ သူမကုိ ေခါင္းနဲ႔ေဆာင့္တုိက္ခဲ့တာ၊ ခႏၶာကုိယ္ကုိ ရုိက္ႏွက္ခဲ့တာေတြအျပင္၊ အိမ္သုတ္ေဆးေတြနဲ႔ေလာင္းခ်ခဲ့ဖူးတာ စတာေတြကုိ ျပဳလုပ္ခဲ့ဖူးတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။

ဘင့္စ္နဲ႔ ခလုိ၀ီ တုိ႔ဟာ (၂၀၁၄) ခုႏွစ္္ စက္တင္ဘာလက စတင္တြဲခဲ့ၾကတာျဖစ္ၿပီး Facebook ကတစ္ဆင့္ စတင္သိခဲ့ၾကတာပါ။

အစပုိင္းႏွစ္ေတြတုန္းက ဘင့္စ္ ဆီကေန ပုိ႔စ္ကတ္ေတြ၊ ႏွင္းဆီပန္းေတြ၊ ဂရုစုိက္မႈေတြရရွိခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ ဘင့္စ္ရဲ႕အျပဳအမူေတြက ေျပာင္းလဲသြားခဲ့တာပါ။

ခလုိ၀ီ အေနနဲ႔ ဘင့္စ္ရဲ႕ ကုိယ္၀န္ကုိလြယ္ထားရတဲ့အခ်ိန္ကစလုိ႔ သူ႕ရဲ႕ပုံစံက ေျပာင္းလဲသြားခဲ့တာျဖစ္ၿပီး ခလုိ၀ီရဲ႕ ကုိယ္၀န္ဟာ သူနဲ႔ရတာဟုတ္ရဲ႕လားလုိ႔ အၿမဲလုိလုိ သံသယရွိေနခဲ့ပါတယ္။

ခလုိ၀ီရဲ႕ ပထမကုိယ္၀န္ဟာ ဘင့္စ္ေၾကာင့္ ပ်က္က်ခဲ့ရတာျဖစ္ၿပီး ကုိယ္၀န္ေျခာက္ပတ္ရွိေနခ်ိန္မွာ ဗုိက္ကုိ ကန္ခဲ့တာေၾကာင့္ပါ။ ဒုတိယေျမာက္ကုိယ္၀န္ရခဲ့ခ်ိန္မွာလည္း သူမအေနနဲ႔ ဒီကုိယ္၀န္ကုိ မဖ်က္္ခ်ဘူးဆုိရင္ ေလွကားေပၚကေန တြန္းခ်မယ္လုိ႔ ဘင့္စ္က ၿခိမ္းေျခာက္ခဲ့တာပါ။

ရဲတပ္ဖြဲ႕ရဲ႕ စစ္ေဆးမႈေတြအၿပီးမွာေတာ့ ဘင့္စ္တစ္ေယာက္ ေထာင္ဒဏ္အျဖစ္ ရက္သတၱပတ္ (၄၀) က်ခံရဖုိ႔ ဆုံးျဖတ္ခံခဲ့ရၿပီး ဘင့္စ္အေနနဲ႔ ခလုိ၀ီ တစ္ေယာက္တည္းကုိသာ အဲဒီလုိ ႏွိပ္စက္ခဲ့တာမဟုတ္ဘူးလုိ႔လည္း ေတြ႕ရွိခဲ့ၾကပါတယ္။

ဘင့္စ္ဟာ ခလုိ၀ီနဲ႔မတြဲခင္တုန္းက ခ်စ္သူႏွစ္ေယာက္ထားခဲ့ဖူးၿပီး အဲဒီႏွစ္ေယာက္စလုံးကုိလည္း အလားတူ အျပဳအမူမ်ိဳးေတြ က်ဳးလြန္ခဲ့တာပါ။

အဲဒီတုန္းကလည္း ဒီလုိမ်ိဳး တုိင္ၾကားမႈေတြကုိ ရဲတပ္ဖြဲ႕က လက္ခံရရွိခဲ့ၿပီး ဘင့္စ္ ဟာ ပထမဆုံးရည္းစားကုိ ႏွိပ္စက္ခဲ့မႈမွာ ေထာင္ဒဏ္ (၁၆) ပတ္ အျပစ္ေပးခံခဲ့ရသလုိ ၊ ဒုတိယရည္းစားကုိ ႏွိပ္စက္ခဲ့တာေၾကာင့္ ေထာင္ဒဏ္ (၈) ပတ္ အျပစ္ေပးခံခဲ့ရဖူးပါတယ္။

ေနာက္ဆုံးမွာေတာ့ ရဲတပ္ဖြဲ႕အေနနဲ႔ ဘင့္စ္အတြက္ အထူးဆုံးျဖတ္ခ်က္တစ္ရပ္ ခ်မွတ္ခဲ့ရၿပီး ဘင့္စ္အေနနဲ႔ ေနာက္ထပ္ ရည္းစားတစ္ေယာက္ ထပ္ထားခဲ့တယ္ဆုိရင္ ႏွစ္ပတ္္အတြင္း ရဲစခန္းကုိ အေၾကာင္းၾကားဖုိ႔ အမိန္႔ခ်ခဲ့တာပါ။ တာ၀န္ရွိသူေတြကို အေၾကာင္းမၾကားပဲ ဘင့္စ္က ရည္းစားအသစ္နဲ႔ တိတ္တိတ္ေလး တြဲေနတာကို ရဲစခန္းက သိသြားခဲ့ရင္ေတာ့ ေထာင္ဒဏ္ အနည္းဆံုး(၂)ႏွစ္ ခ်မွတ္သြားမယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: metro
# Unicode Version ျဖင့္ ဖတ္ပါ #
အင်္ဂလန်နိုင်ငံက အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွန်နသန် ဘင့်စ် ဆိုတဲ့ အမျိုးသားကတော့ သူတွဲခဲ့တဲ့ ချစ်သူတိုင်းကို နှိပ်စက်ခဲ့တဲ့သူဖြစ်ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့လုပ်ရပ်ကြောင့် ထောင်ဒဏ်အပြစ်ပေးခြင်းကို ခံလိုက်ရပါတယ်။

ဘင့်ခ်ဟာ သူ့ရဲ့နောက်ဆုံးတွဲခဲ့တဲ့ ချစ်သူ ခလိုဝီ ဘတ်ခ်ကို ချစ်သူသက်တမ်း (၄) နှစ်တာကာလအတွင်း နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တာပါ။ အသက် (၂၂) နှစ်အရွယ်သာရှိသေးတဲ့ ခလိုဝီ ဟာ ချစ်သူသက်တမ်းကြာလာခဲ့တာနဲ့အမျှ ဘင့်စ် ဆီကနေ ပိုပြီးဆိုးရွားတဲ့ နှိပ်စက်မှုမျိုးတွေကို ခံစားလာရပြီး နောက်ဆုံးမှာတော့ ရဲစခန်းကို အကြောင်းကြားခဲ့ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

သူမရဲ့ပြောပြချက်အရ ဘင့်စ်အနေနဲ့ သူမကို ခေါင်းနဲ့ဆောင့်တိုက်ခဲ့တာ၊ ခန္ဓာကိုယ်ကို ရိုက်နှက်ခဲ့တာတွေအပြင်၊ အိမ်သုတ်ဆေးတွေနဲ့လောင်းချခဲ့ဖူးတာ စတာတွေကို ပြုလုပ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘင့်စ်နဲ့ ခလိုဝီ တို့ဟာ (၂၀၁၄) ခုနှစ် စက်တင်ဘာလက စတင်တွဲခဲ့ကြတာဖြစ်ပြီး Facebook ကတစ်ဆင့် စတင်သိခဲ့ကြတာပါ။

အစပိုင်းနှစ်တွေတုန်းက ဘင့်စ် ဆီကနေ ပို့စ်ကတ်တွေ၊ နှင်းဆီပန်းတွေ၊ ဂရုစိုက်မှုတွေရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘင့်စ်ရဲ့အပြုအမူတွေက ပြောင်းလဲသွားခဲ့တာပါ။

ခလိုဝီ အနေနဲ့ ဘင့်စ်ရဲ့ ကိုယ်ဝန်ကိုလွယ်ထားရတဲ့အချိန်ကစလို့ သူ့ရဲ့ပုံစံက ပြောင်းလဲသွားခဲ့တာဖြစ်ပြီး ခလိုဝီရဲ့ ကိုယ်ဝန်ဟာ သူနဲ့ရတာဟုတ်ရဲ့လားလို့ အမြဲလိုလို သံသယရှိနေခဲ့ပါတယ်။

ခလိုဝီရဲ့ ပထမကိုယ်ဝန်ဟာ ဘင့်စ်ကြောင့် ပျက်ကျခဲ့ရတာဖြစ်ပြီး ကိုယ်ဝန်ခြောက်ပတ်ရှိနေချိန်မှာ ဗိုက်ကို ကန်ခဲ့တာကြောင့်ပါ။ ဒုတိယမြောက်ကိုယ်ဝန်ရခဲ့ချိန်မှာလည်း သူမအနေနဲ့ ဒီကိုယ်ဝန်ကို မဖျက်ချဘူးဆိုရင် လှေကားပေါ်ကနေ တွန်းချမယ်လို့ ဘင့်စ်က ခြိမ်းခြောက်ခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေအပြီးမှာတော့ ဘင့်စ်တစ်ယောက် ထောင်ဒဏ်အဖြစ် ရက်သတ္တပတ် (၄၀) ကျခံရဖို့ ဆုံးဖြတ်ခံခဲ့ရပြီး ဘင့်စ်အနေနဲ့ ခလိုဝီ တစ်ယောက်တည်းကိုသာ အဲဒီလို နှိပ်စက်ခဲ့တာမဟုတ်ဘူးလို့လည်း တွေ့ရှိခဲ့ကြပါတယ်။

ဘင့်စ်ဟာ ခလိုဝီနဲ့မတွဲခင်တုန်းက ချစ်သူနှစ်ယောက်ထားခဲ့ဖူးပြီး အဲဒီနှစ်ယောက်စလုံးကိုလည်း အလားတူ အပြုအမူမျိုးတွေ ကျုးလွန်ခဲ့တာပါ။

အဲဒီတုန်းကလည်း ဒီလိုမျိုး တိုင်ကြားမှုတွေကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီး ဘင့်စ် ဟာ ပထမဆုံးရည်းစားကို နှိပ်စက်ခဲ့မှုမှာ ထောင်ဒဏ် (၁၆) ပတ် အပြစ်ပေးခံခဲ့ရသလို ၊ ဒုတိယရည်းစားကို နှိပ်စက်ခဲ့တာကြောင့် ထောင်ဒဏ် (၈) ပတ် အပြစ်ပေးခံခဲ့ရဖူးပါတယ်။

နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့အနေနဲ့ ဘင့်စ်အတွက် အထူးဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ရပြီး ဘင့်စ်အနေနဲ့ နောက်ထပ် ရည်းစားတစ်ယောက် ထပ်ထားခဲ့တယ်ဆိုရင် နှစ်ပတ်အတွင်း ရဲစခန်းကို အကြောင်းကြားဖို့ အမိန့်ချခဲ့တာပါ။ တာဝန်ရှိသူတွေကို အကြောင်းမကြားပဲ ဘင့်စ်က ရည်းစားအသစ်နဲ့ တိတ်တိတ်လေး တွဲနေတာကို ရဲစခန်းက သိသွားခဲ့ရင်တော့ ထောင်ဒဏ် အနည်းဆုံး(၂)နှစ် ချမှတ်သွားမယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: metro
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top