×

ဒီမနက္ မိတ္ေဆြအမ်ိဳးသမီးတစ္ေယာက္ ေတာင္ငူကေန ရန္ကုန္ကို ဂႏၱဝင္ဆိုတဲ့ ကားဂိတ္နဲ႔ ျပန္လာတယ္။

လမ္းမွာ သူ႔ထိုင္ခံုေနာက္က ေယာက်္ား တစ္ေယာက္က ထိုင္ခံုေအာက္ေျခက ဟေနတဲ့ ၾကားထဲကေန သူ႔တင္ပါးကို ေျခ ေထာက္နဲ႔ ထိုးၿပီး ကိုယ္ထိလက္ေရာက္ ေစာ္ကားေနတယ္။

ေနာက္ျပန္လွည့္ၾကည့္ၿပီး ဒီလိုမလုပ္ဖို႔ ေျပာေတာ့ ေအာ္ႀကီးဟစ္က်ယ္ ျပန္ဆဲဆို တယ္။

ဒါက ရဲတိုင္လို႔ရတယ္။ ဒါကို တိုင္ခ်င္ရာတိုင္ လို႔ျပန္ေျပာတယ္။ ကားသမားကို ရဲစခန္းေမာင္းခိုင္းေတာ့ မေမာင္းေပးႏိုင္ဘူးလို႔ျပန္ေျပာတယ္။ ရႈပ္ရႈပ္ယွက္ယွက္လို႔ ေတြးရင္ေတြးမွာေပါ့။

ကိုယ့္မ်က္စိေရွ႕မွာ(ခရီးသည္ေတြလည္း အမ်ားႀကီးပါရဲ႕သားနဲ႔) အမ်ိဳးသမီး တစ္ေယာက္ ကိုယ္ထိလက္ေရာက္ ေစာ္ကားခံေနရတာကို ကူညီေပးႏိုင္တဲ့ လုပ္ပိုင္ခြင့္ရွိရက္နဲ႔ ကားသမားက ျငင္း တယ္။

ဒါကိုသူက ကားေပၚကေနပဲ FB ေပၚ တင္ၿပီး မိတ္ေဆြေတြကို အကူအညီ တာင္းတယ္။ လိုင္းေပၚမွာရွိတဲ့ မိတ္ေဆြေတြက သူေရာက္ေနတဲ့ မိုင္တိုင္၊ ကားနံပတ္ေတာင္းၿပီး အျမန္လမ္း တေလွ်ာက္က ရဲစခန္းေတြဆီ ဖုန္းလွမ္း ဆက္ၾကတယ္။

အျမန္လမ္းရဲက လမ္းကေစာင့္ၿပီး ကားတား၊ ရဲစခန္းထဲေမာင္း၊ အခု က်ဴးလြန္သူကို အေရးယူေနၿပီ။

ဒါဟာ ..ခုခံတြန္းလွန္ရဲတဲ့ အမ်ိဳးသမီးေတြ အတြက္ ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈ တစ္ခု ပဲ။

မလိုအပ္ဘဲ အရွက္အေၾကာက္ႀကီးၿပီး မေျပာရဲမဆိုရဲတဲ့ အမ်ိဳးသမီးငယ္ေတြ အတြက္ အတုယူရမယ့္ သင္ခန္းစာေကာင္းတစ္ခုပါပဲ။

ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္စြမ္းရွိတဲ့ ကာယကံရွင္ မသဲကို Darli Thae Ko ေရာ၊ ဝိုင္းဝန္းကူညီေပးၾကတဲ့ သူ႔မိတ္ေဆြေတြအားလံုးကိုေရာ၊ ကူညီေပးတဲ့ ရဲတပ္ဖြဲ႕ကိုေရာ ဒီပို႔စ္နဲ႔ ဂုဏ္ျပဳပါတယ္။

#လုပ္ႏုိင္စြမ္းရွိသေလာက္ #ျပန္လည္ခုခံတြန္းလွန္ပါ #ၿငိမ္မခံပါနဲ႔ #ဒီလိုၾကံဳရသူကိုဝိုင္းဝန္းကူညီပါ

ျပစ္မူ႔က်ဴးလြန္ခံရသူ ကာယကံရွင္ရဲ႕link ပါ

https://m.facebook.com/story.php?story_fbid=1606918236103590&id=100003562879212

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myat Mon

#Unicode Version#


ဒီမနက် မိတ်ဆွေအမျိုးသမီးတစ်ယောက် တောင်ငူကနေ ရန်ကုန်ကို ဂန္တဝင်ဆိုတဲ့ ကားဂိတ်နဲ့ ပြန်လာတယ်။

လမ်းမှာ သူ့ထိုင်ခုံနောက်က ယောကျ်ား တစ်ယောက်က ထိုင်ခုံအောက်ခြေက ဟနေတဲ့ ကြားထဲကနေ သူ့တင်ပါးကို ခြေ ထောက်နဲ့ ထိုးပြီး ကိုယ်ထိလက်ရောက် စော်ကားနေတယ်။

နောက်ပြန်လှည့်ကြည့်ပြီး ဒီလိုမလုပ်ဖို့ ပြောတော့ အော်ကြီးဟစ်ကျယ် ပြန်ဆဲဆို တယ်။

ဒါက ရဲတိုင်လို့ရတယ်။ ဒါကို တိုင်ချင်ရာတိုင် လို့ပြန်ပြောတယ်။ ကားသမားကို ရဲစခန်းမောင်းခိုင်းတော့ မမောင်းပေးနိုင်ဘူးလို့ပြန်ပြောတယ်။ ရှုပ်ရှုပ်ယှက်ယှက်လို့ တွေးရင်တွေးမှာပေါ့။

ကိုယ့်မျက်စိရှေ့မှာ(ခရီးသည်တွေလည်း အများကြီးပါရဲ့သားနဲ့) အမျိုးသမီး တစ်ယောက် ကိုယ်ထိလက်ရောက် စော်ကားခံနေရတာကို ကူညီပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိရက်နဲ့ ကားသမားက ငြင်း တယ်။

ဒါကိုသူက ကားပေါ်ကနေပဲ FB ပေါ် တင်ပြီး မိတ်ဆွေတွေကို အကူအညီ တာင်းတယ်။ လိုင်းပေါ်မှာရှိတဲ့ မိတ်ဆွေတွေက သူရောက်နေတဲ့ မိုင်တိုင်၊ ကားနံပတ်တောင်းပြီး အမြန်လမ်း တလျှောက်က ရဲစခန်းတွေဆီ ဖုန်းလှမ်း ဆက်ကြတယ်။

အမြန်လမ်းရဲက လမ်းကစောင့်ပြီး ကားတား၊ ရဲစခန်းထဲမောင်း၊ အခု ကျူးလွန်သူကို အရေးယူနေပြီ။

ဒါဟာ ..ခုခံတွန်းလှန်ရဲတဲ့ အမျိုးသမီးတွေ အတွက် ကြီးကျယ်တဲ့ အောင်မြင်မှု တစ်ခု ပဲ။

မလိုအပ်ဘဲ အရှက်အကြောက်ကြီးပြီး မပြောရဲမဆိုရဲတဲ့ အမျိုးသမီးငယ်တွေ အတွက် အတုယူရမယ့် သင်ခန်းစာကောင်းတစ်ခုပါပဲ။

ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ ကာယကံရှင် မသဲကို Darli Thae Ko ရော၊ ဝိုင်းဝန်းကူညီပေးကြတဲ့ သူ့မိတ်ဆွေတွေအားလုံးကိုရော၊ ကူညီပေးတဲ့ ရဲတပ်ဖွဲ့ကိုရော ဒီပို့စ်နဲ့ ဂုဏ်ပြုပါတယ်။

#လုပ်နိုင်စွမ်းရှိသလောက် #ပြန်လည်ခုခံတွန်းလှန်ပါ #ငြိမ်မခံပါနဲ့ #ဒီလိုကြုံရသူကိုဝိုင်းဝန်းကူညီပါ

ပြစ်မူ့ကျူးလွန်ခံရသူ ကာယကံရှင်ရဲ့link ပါ

https://m.facebook.com/story.php?story_fbid=1606918236103590&id=100003562879212


ဖိုးသူတော် (www.phothutaw.com)
Credit: Myat Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top