ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ့္အိမ္မွာ၊ ကိုယ့္႐ံုးမွာ အိမ္သာထက္ အဆမ်ားစြာ ပိုညစ္ပတ္တဲ့ ေရာဂါပိုးေတြ စုေနတဲ့ အဓိကေသာ့ခ်က္ ေနရာတစ္ခု ရွိပါသတဲ့။

          အဲဒီေနရာကေတာ့ ကြနိပ်ဴတာကီးဘုတ္ပါတဲ့။

          ကြန္ပ်ဳတာကီးဘုတ္တစ္ခုမွာ ေရာဂါပိုးေပါင္း 3295 ခုကို ေတြ႕ရွိထားပါတယ္။

          အဲဒီထဲမွာ -

●        ဟယ္လီကိုဘက္တာပိုင္ေလာရီ ဘက္တီးရီးယား (H pylori)

●        စတက္ဖလိုေကာကတ္စ္ ဘက္တီးရီးယား (Staphylococus aureus)

●        အီးကိုလိုင္ပိုး (Ecoli)

●        ဆူဒိုမိုးနား အရီဂ်ီႏိုစာ (Psedomonas Aeruginosa) ပိုးေတြ ထိပ္ဆံုးက ပါဝင္ေနပါတယ္။

          ေရာဂါပိုးေပါင္းစံု တြယ္ၿငိေနတဲ့ သံေယာဇဥ္ကီးဘုတ္ေလးကို သန္႔ရွင္းေရး လုပ္ၾကရေအာင္...။

●        အရင္ဆံုး မီးခလုပ္ကိုပိတ္၊ ပါဝါကို ျဖဳတ္လိုက္ေနာ္။ ပိုးေၾကာင့္မေသခင္ အရင္ ဓာတ္လိုက္မွာစိုုးလိုု႔။

●        ကီးဘုတ္ကို ပိုးသတ္ေဆးေတြ မဖ်န္းလိုက္ပါနဲ႔။ အေပါက္ေတြထဲ ဝင္သြားရင္ ႐ွိစုမဲ့စု ဝယ္ထားတဲ့ ကြန္ပ်ဴတာေလး လစ္သြားမယ္ေလ။

●        အရက္ျပန္လား? ဂြမ္းလား? ခဏေစာင့္ပါ။ စႏိုးတာဝါသန္႔သန္႔ေလးနဲ႔သာ အရင္ဆံုး အသာ ပြတ္တိုက္ သန္႔စင္ပါ။

●        အဝတ္သန္႔ေလးမွာ အရက္ျပန္ေလး ဆြတ္ပါ။ ကီးဘုတ္ခလုတ္ေတြရဲ႕ ထိပ္ကိုသာ သန္႔စင္ပါ။ အရည္ ညႇစ္မခ်ပါနဲ႔။ သတိေပးထားပါတယ္။ ပ်က္ရင္ တာဝန္မယူႏိုင္ပါ။

●        ကီးဘုတ္သန္႔ေနတုန္း ေဘးမွာ ပန္ကာ ဖြင့္ထာားပါ။ ခ်က္ခ်င္း ေျခာက္ေသြ႕သြားေအာင္ရယ္၊ ဖုန္ေတြ လြင့္ပါးသြားေအာင္ရယ္ ျဖစ္ပါတယ္။

●        ခလုတ္ေတြကို မခြာတတ္ရင္ မစမ္းပါနဲ႔။ ခြာနည္း ရွိေပမယ့္ မကြၽမ္းက်င္ဘဲ မစမ္းေစလိုပါ။

●        ခလုတ္ေလးေတြကို ဖိလိုက္၊ လႊတ္လို္က္လုပ္ၿပီး ၾကားေတြကို သန္႔စင္ပါ။

●        ခလုတ္ေတြ အျပင္ေဘးပတ္လည္က ဝိုင္းထားတဲ့ ကာဘာကိုပါ သန္႔ပါ။ ခလုတ္ကို အရင္သန္႔ၿပီးမွ ေဘးကို သြားသန္႔စင္ပါ။ ေဘးကို သုတ္ၿပီးမွ အလယ္ကို မလာပါနဲ႔။ ခလုတ္ၿပီးမွ ေဘးကို လွည့္သုတ္ပါ။

●        ခဏ အေျခာက္ခံပါ။

●        တန္း မသံုးပါနဲ႔။ ပါဝါေတြ အကုန္ပိတ္ထားပါဦး။ ပန္ကာ ဆက္ဖြင့္ထားေပးပါ။

●        လံုးဝ ေသြ႕ေျခာက္တာ ေသခ်ာမွ ျပန္လည္အသံုးျပဳပါ။

          အဏုဇီဝ ပိုးမႊားပညာရွင္ေတြကေတာ့ တစ္ပတ္ကို တစ္ခါခန္႔ ကြန္ပ်ဳတာကီးဘုတ္ကို သန္႔စင္ေပးဖို႔ အႀကံျပဳထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

#Unicode Version#
          ကိုယ့်အိမ်မှာ၊ ကိုယ့်ရုံးမှာ အိမ်သာထက် အဆများစွာ ပိုညစ်ပတ်တဲ့ ရောဂါပိုးတွေ စုနေတဲ့ အဓိကသော့ချက် နေရာတစ်ခု ရှိပါသတဲ့။

          အဲဒီနေရာကတော့ ကွနိပျူတာကီးဘုတ်ပါတဲ့။

          ကွန်ပျုတာကီးဘုတ်တစ်ခုမှာ ရောဂါပိုးပေါင်း 3295 ခုကို တွေ့ရှိထားပါတယ်။

          အဲဒီထဲမှာ -

●        ဟယ်လီကိုဘက်တာပိုင်လောရီ ဘက်တီးရီးယား (H pylori)

●        စတက်ဖလိုကောကတ်စ် ဘက်တီးရီးယား (Staphylococus aureus)

●        အီးကိုလိုင်ပိုး (Ecoli)

●        ဆူဒိုမိုးနား အရီဂျီနိုစာ (Psedomonas Aeruginosa) ပိုးတွေ ထိပ်ဆုံးက ပါဝင်နေပါတယ်။

          ရောဂါပိုးပေါင်းစုံ တွယ်ငြိနေတဲ့ သံယောဇဉ်ကီးဘုတ်လေးကို သန့်ရှင်းရေး လုပ်ကြရအောင်...။

●        အရင်ဆုံး မီးခလုပ်ကိုပိတ်၊ ပါဝါကို ဖြုတ်လိုက်နော်။ ပိုးကြောင့်မသေခင် အရင် ဓာတ်လိုက်မှာစိုးလို့။

●        ကီးဘုတ်ကို ပိုးသတ်ဆေးတွေ မဖျန်းလိုက်ပါနဲ့။ အပေါက်တွေထဲ ဝင်သွားရင် ရှိစုမဲ့စု ဝယ်ထားတဲ့ ကွန်ပျူတာလေး လစ်သွားမယ်လေ။

●        အရက်ပြန်လား? ဂွမ်းလား? ခဏစောင့်ပါ။ စနိုးတာဝါသန့်သန့်လေးနဲ့သာ အရင်ဆုံး အသာ ပွတ်တိုက် သန့်စင်ပါ။

●        အဝတ်သန့်လေးမှာ အရက်ပြန်လေး ဆွတ်ပါ။ ကီးဘုတ်ခလုတ်တွေရဲ့ ထိပ်ကိုသာ သန့်စင်ပါ။ အရည် ညှစ်မချပါနဲ့။ သတိပေးထားပါတယ်။ ပျက်ရင် တာဝန်မယူနိုင်ပါ။

●        ကီးဘုတ်သန့်နေတုန်း ဘေးမှာ ပန်ကာ ဖွင့်ထာားပါ။ ချက်ချင်း ခြောက်သွေ့သွားအောင်ရယ်၊ ဖုန်တွေ လွင့်ပါးသွားအောင်ရယ် ဖြစ်ပါတယ်။

●        ခလုတ်တွေကို မခွာတတ်ရင် မစမ်းပါနဲ့။ ခွာနည်း ရှိပေမယ့် မကျွမ်းကျင်ဘဲ မစမ်းစေလိုပါ။

●        ခလုတ်လေးတွေကို ဖိလိုက်၊ လွှတ်လိုက်လုပ်ပြီး ကြားတွေကို သန့်စင်ပါ။

●        ခလုတ်တွေ အပြင်ဘေးပတ်လည်က ဝိုင်းထားတဲ့ ကာဘာကိုပါ သန့်ပါ။ ခလုတ်ကို အရင်သန့်ပြီးမှ ဘေးကို သွားသန့်စင်ပါ။ ဘေးကို သုတ်ပြီးမှ အလယ်ကို မလာပါနဲ့။ ခလုတ်ပြီးမှ ဘေးကို လှည့်သုတ်ပါ။

●        ခဏ အခြောက်ခံပါ။

●        တန်း မသုံးပါနဲ့။ ပါဝါတွေ အကုန်ပိတ်ထားပါဦး။ ပန်ကာ ဆက်ဖွင့်ထားပေးပါ။

●        လုံးဝ သွေ့ခြောက်တာ သေချာမှ ပြန်လည်အသုံးပြုပါ။

          အဏုဇီဝ ပိုးမွှားပညာရှင်တွေကတော့ တစ်ပတ်ကို တစ်ခါခန့် ကွန်ပျုတာကီးဘုတ်ကို သန့်စင်ပေးဖို့ အကြံပြုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top