ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သူငယ္ခ်င္း တေယာက္ ရွမ္းမေလး တေယာက္ နဲ႔ အေၾကာင္း ပါတယ္ …
သူတို႔ ႏွစ္ေယာက္ လက္ထပ္ၿပီးေတာ့ ဒီေကာင္က ရွမ္းမေလး အိမ္မွာပဲ လိုက္ေန ရတယ္ …

လက္ထပ္ျပီးလို႔ တပတ္ ဆယ္ရက္ေလာက္ အၾကာမွာ ဒီေကာင္နဲ႔ ျပန္ေတြ႔ေတာ့ …
ႏွစ္ေယာက္သား ဝမ္းသာ အားရ အလႅာပ သလႅာပ ေျပာၾက ဆိုၾကရင္း သူက ရင္ဖြင့္ ပါေတာ့တယ္ ။

” သူငယ္ခ်င္းရာ… ငါေလ ရွမ္းမေလး ကုိ ယူမိတာ ငါးပါးကုိ ေမွာက္ေတာ့တာ ပါပဲကြာ ”

” ဟာ ဘယ္လုိျဖစ္လုိ႔လဲဟ ”

” ဘာျဖစ္ရမွာလဲ ကြာ ”

” ငါ ရွမ္းမကို ယူမိလုိက္မွ ေခြးလုံးလုံး ျဖစ္ရေတာ့တာ ပါပဲကြာ ”

” ဟာ ဒါေတာ့ မျဖစ္ႏုိင္ပါဘူးကြာ.. အဓိပၸါယ္မွ မရွိတာ.. ေျပာစမ္းပါဦး မင္း အျဖစ္ကို ”

” ေအးကြာ … ငါ့မိန္းမ အမ်ဳိးေတြ ေပါ႔ကြာ တေယာက္က လာၿပီး ငါ့ကုိ ” ပီေခြး ” လို႔ ေခၚတယ္
ဒါနဲ႔ တင္ မၿပီးေသးဘူး.. ေနာက္တေယာက္က ” ေနာင္ေခြး ” တဲ့ကြာ
ေနာက္တေယာက္က က်ျပန္ေတာ့ ” အာ့ေခြး ” တဲ့ကြာ
ငါ႔လခြမ္းတဲ့ မွပဲ ေခြး ခ်ည္း ပဲ ေခၚခံေနရေတာ႔တာပဲ
အဲ႔ဒီထဲမွာ ငါ႔မိန္းမရဲ႕ အဖုိးက ေခၚတဲ့ ေခြးဟာ အဆိုးဆံုး ပဲေဟ့ ”

” ဘယ္လိုမ်ား ေခၚလို႔လဲဟ ”

” ….. ” လမ္းေခြး ” တဲ့ကြာ
အဲ႔ဒီ လမ္းေခြး လို႔ ေခၚခံရတိုင္း ငါ ေတာ္ေတာ္ ေဒါသ ျဖစ္ရတယ္ သူငယ္ခ်င္းရာ ”

” တိန္ ”

( ပီေခြး = အမ၏ ေယာက်္ား
ေနာင္ေခြး = ညီမ၏ ေယာက်္ား
နာေခြး = အေမ့ညီမ၏ ေယာက်္ား
အာ့ေခြး = အေဖ့ညီမ၏ ေယာက်္ား
လုတ္ေခြး = သမီး၏ ေယာက်္ား
လမ္းေခြး = ေျမးမ၏ ေယာက်္ား )

ေခြး လို႔ အေခၚခံႏိုင္မွ ရွမ္းမကို ယူပါ …..

photo Credit Pan Pan

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
# Unicode Version ျဖင့္ ဖတ္ပါ #
သူငယ်ချင်း တယောက် ရှမ်းမလေး တယောက် နဲ့ အကြောင်း ပါတယ် …
သူတို့ နှစ်ယောက် လက်ထပ်ပြီးတော့ ဒီကောင်က ရှမ်းမလေး အိမ်မှာပဲ လိုက်နေ ရတယ် …

လက်ထပ်ပြီးလို့ တပတ် ဆယ်ရက်လောက် အကြာမှာ ဒီကောင်နဲ့ ပြန်တွေ့တော့ …
နှစ်ယောက်သား ဝမ်းသာ အားရ အလ္လာပ သလ္လာပ ပြောကြ ဆိုကြရင်း သူက ရင်ဖွင့် ပါတော့တယ် ။

” သူငယ်ချင်းရာ… ငါလေ ရှမ်းမလေး ကို ယူမိတာ ငါးပါးကို မှောက်တော့တာ ပါပဲကွာ ”

” ဟာ ဘယ်လိုဖြစ်လို့လဲဟ ”

” ဘာဖြစ်ရမှာလဲ ကွာ ”

” ငါ ရှမ်းမကို ယူမိလိုက်မှ ခွေးလုံးလုံး ဖြစ်ရတော့တာ ပါပဲကွာ ”

” ဟာ ဒါတော့ မဖြစ်နိုင်ပါဘူးကွာ.. အဓိပ္ပါယ်မှ မရှိတာ.. ပြောစမ်းပါဦး မင်း အဖြစ်ကို ”

” အေးကွာ … ငါ့မိန်းမ အမျိုးတွေ ပေါ့ကွာ တယောက်က လာပြီး ငါ့ကို ” ပီခွေး ” လို့ ခေါ်တယ်
ဒါနဲ့ တင် မပြီးသေးဘူး.. နောက်တယောက်က ” နောင်ခွေး ” တဲ့ကွာ
နောက်တယောက်က ကျပြန်တော့ ” အာ့ခွေး ” တဲ့ကွာ
ငါ့လခွမ်းတဲ့ မှပဲ ခွေး ချည်း ပဲ ခေါ်ခံနေရတော့တာပဲ
အဲ့ဒီထဲမှာ ငါ့မိန်းမရဲ့ အဖိုးက ခေါ်တဲ့ ခွေးဟာ အဆိုးဆုံး ပဲဟေ့ ”

” ဘယ်လိုများ ခေါ်လို့လဲဟ ”

” ….. ” လမ်းခွေး ” တဲ့ကွာ
အဲ့ဒီ လမ်းခွေး လို့ ခေါ်ခံရတိုင်း ငါ တော်တော် ဒေါသ ဖြစ်ရတယ် သူငယ်ချင်းရာ ”

” တိန် ”

( ပီခွေး = အမ၏ ယောကျ်ား
နောင်ခွေး = ညီမ၏ ယောကျ်ား
နာခွေး = အမေ့ညီမ၏ ယောကျ်ား
အာ့ခွေး = အဖေ့ညီမ၏ ယောကျ်ား
လုတ်ခွေး = သမီး၏ ယောကျ်ား
လမ်းခွေး = မြေးမ၏ ယောကျ်ား )

ခွေး လို့ အခေါ်ခံနိုင်မှ ရှမ်းမကို ယူပါ …..

photo Credit Pan Pan

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top