ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ယူကရိန္းမွာ တူးေဖာ္ေတြ႕ရွိခဲ့တဲ့ အရိုးစုစံုတြဲ ဟာ ေရွးေခတ္လူမ်ိဳးစုေတြရဲ့ အခ်စ္ၾကီးပံုေတြကို သက္ေသျပလုိ႕ေနပါတယ္။ ေတြ႕ရွိခဲ့တာကေတာ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီး အရိုးစုႏွစ္ခုပါ။

ကြ်မ္းက်င္ပညာရွင္ေတြရဲ့ အဆိုအရ ေရွးေခတ္အမ်ိဳးသမီးတစ္ေယာက္ဟာ သူတို႕ခ်စ္ရတဲ့ အမ်ိဳးသားနဲ႕ ေနာင္ဘ၀ဆက္တုိင္း ခ်င္ခင္ေပါင္းသင္းႏိုင္ဖို႕ ထိုအမ်ိဳးသားေသဆံုးခ်ိန္မွာ အတူတူေျမျမွဳပ္ခံခဲ့ၾကတာပါတဲ့။ ယခုပံုမွာ အရိုးစုႏွစ္ခုဟာ ေပြ႕ဖက္လ်က္သားေတြ႕ရမွာပါ။

ထိုထူးဆန္းတဲ့အရိုးစုဟာ ေၾကးေခတ္က စံုတြဲတစ္တြဲရဲ့ အရိုးစုျဖစ္ႏိုင္တယ္လို႕ ယူဆေနၾကပါတယ္။ ထိုအရိုးစုကို ယူကရိန္းႏိုင္ငံအေနာက္ပိုင္းမွာရွိတဲ့ Ternopil ျမိဳ႕ေတာင္ဘက္ Petrykiv အမည္ရွိတဲ့ရြာမွာ တူးေဖာ္ေတြ႕ရွိခဲ့တာပါ။ နွစ္ဦးသားေပြ႕ဖက္ပီး နွဖူးခ်င္းထိေနကာ အၾကည့္ခ်င္းဆံုေနတဲ့ထုိအရိုးစုကို ပါေမကၡ Mykola Bandrivsky က “ အခ်စ္တစ္စံုျမဳပ္ႏွံျခင္း” လို႕အမည္ေပးထားပါတယ္။

အေသးစိတ္ပံုေဖာ္ၾကည့္တဲ့အခါမွာေတာ့ “ အမ်ိဳးသမီးရဲ့ ညာဘက္လက္နဲ႕ အမ်ိဳးသားကို ဖက္ထားပီး သူမရဲ့ ေျခေထာက္က အမ်ိဳးသားရဲ့ေျခေထာက္ေပၚမွာေကြးပီးတင္ထား တဲ့ပံုျဖစ္ေနပါတယ္။ ၀တ္စားဆင္ယင္ပံုေတြကေတာ့ ေၾကးေခတ္ပံုစံျဖစ္ပီး ေျမနဲ႕လုပ္ထားတဲ့ အသံုးအေဆာင္ေတြကိုပါ ပူးတြဲေတြ႕ရွိခဲ့ရပါတယ္။”

ေဆးပညာရွင္ေတြရဲ့ေလ့လာခ်က္ေတြအရ ေသဆံုးပီးသားအမ်ိဳးသမီးတစ္ေယာက္ကို ယခုပံုစံမ်ိုဳးေနရာခ်ဖို႕မျဖစ္ႏိုင္ေၾကာင္းေသခ်ာတဲ့အတြက္ အမ်ိဳးသမီးဟာ ရွင္ရက္နဲ႕ ေျမျမွဳပ္ခံခဲ့တာေသခ်ာေနခဲ့ပါတယ္။

ေနာက္တစ္ခုကေတာ့ အမ်ိဳးသမီးဟာ အဆိပ္ေသာက္သံုးခဲ့တယ္ဆိုတဲ့ ယူဆခ်က္ပါ။ အမ်ိဳးသမီးဟာ အခ်ိန္အတိုင္းအတာတစ္ခုအထိအစြမ္းမျပတဲ့ အဆိပ္တစ္မ်ိဳးကိုေသာက္သံုးပီး ဂူထဲ၀င္ခဲ့တယ္ဆိုတာပါပဲ။ အမ်ိဳးသမီးဟာ သူရဲ႕ ခ်စ္သူအေပၚသစၥာမပ်က္ခ်င္တာေၾကာင့္ ေနာက္ဘ၀မွာအတူတူျပန္လည္ေပါင္းဖက္ႏိုင္ဖို႕ ရည္ရြယ္လုပ္ေဆာင္ခဲ့တာ ေသခ်ာသေလာက္ပါပဲ။

Vysotskaya ယဥ္ေက်းမႈမွာ ထိုကဲ့သို႕အတူတကြေသဆံုးရမယ္လို႕ျပဌာန္းထားေပမဲ့ ထုိလုပ္ရပ္ေတြတိုင္းဟာ ကာယကံရွင္အမ်ိဳးသမီးေတြရဲ့ လုိလုိလားလားရွိတဲ့ ဆႏၵအရသာ ထုိလုပ္ရပ္မ်ိဳးကိုလုပ္ေဆာင္တာပါလုိ႕ ေလ့လာေတြ႕ရွိရပါတယ္။ ထုိေခတ္အခါက လူေတြဟာ ေနာက္ဘ၀ကို ယံုၾကည္ၾကသူေတြလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စပြန္႕ (Daily Hot News)

#Unicode Version#
ယူကရိန်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုစုံတွဲ ဟာ ရှေးခေတ်လူမျိုးစုတွေရဲ့ အချစ်ကြီးပုံတွေကို သက်သေပြလို့နေပါတယ်။ တွေ့ရှိခဲ့တာကတော့ အမျိုးသားနဲ့ အမျိုးသမီး အရိုးစုနှစ်ခုပါ။

ကျွမ်းကျင်ပညာရှင်တွေရဲ့ အဆိုအရ ရှေးခေတ်အမျိုးသမီးတစ်ယောက်ဟာ သူတို့ချစ်ရတဲ့ အမျိုးသားနဲ့ နောင်ဘဝဆက်တိုင်း ချင်ခင်ပေါင်းသင်းနိုင်ဖို့ ထိုအမျိုးသားသေဆုံးချိန်မှာ အတူတူမြေမြှုပ်ခံခဲ့ကြတာပါတဲ့။ ယခုပုံမှာ အရိုးစုနှစ်ခုဟာ ပွေ့ဖက်လျက်သားတွေ့ရမှာပါ။

ထိုထူးဆန်းတဲ့အရိုးစုဟာ ကြေးခေတ်က စုံတွဲတစ်တွဲရဲ့ အရိုးစုဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ထိုအရိုးစုကို ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ternopil မြို့တောင်ဘက် Petrykiv အမည်ရှိတဲ့ရွာမှာ တူးဖော်တွေ့ရှိခဲ့တာပါ။ နှစ်ဦးသားပွေ့ဖက်ပီး နှဖူးချင်းထိနေကာ အကြည့်ချင်းဆုံနေတဲ့ထိုအရိုးစုကို ပါမေက္ခ Mykola Bandrivsky က “ အချစ်တစ်စုံမြုပ်နှံခြင်း” လို့အမည်ပေးထားပါတယ်။

အသေးစိတ်ပုံဖော်ကြည့်တဲ့အခါမှာတော့ “ အမျိုးသမီးရဲ့ ညာဘက်လက်နဲ့ အမျိုးသားကို ဖက်ထားပီး သူမရဲ့ ခြေထောက်က အမျိုးသားရဲ့ခြေထောက်ပေါ်မှာကွေးပီးတင်ထား တဲ့ပုံဖြစ်နေပါတယ်။ ဝတ်စားဆင်ယင်ပုံတွေကတော့ ကြေးခေတ်ပုံစံဖြစ်ပီး မြေနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကိုပါ ပူးတွဲတွေ့ရှိခဲ့ရပါတယ်။”

ဆေးပညာရှင်တွေရဲ့လေ့လာချက်တွေအရ သေဆုံးပီးသားအမျိုးသမီးတစ်ယောက်ကို ယခုပုံစံမျိုုးနေရာချဖို့မဖြစ်နိုင်ကြောင်းသေချာတဲ့အတွက် အမျိုးသမီးဟာ ရှင်ရက်နဲ့ မြေမြှုပ်ခံခဲ့တာသေချာနေခဲ့ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီးဟာ အဆိပ်သောက်သုံးခဲ့တယ်ဆိုတဲ့ ယူဆချက်ပါ။ အမျိုးသမီးဟာ အချိန်အတိုင်းအတာတစ်ခုအထိအစွမ်းမပြတဲ့ အဆိပ်တစ်မျိုးကိုသောက်သုံးပီး ဂူထဲဝင်ခဲ့တယ်ဆိုတာပါပဲ။ အမျိုးသမီးဟာ သူရဲ့ ချစ်သူအပေါ်သစ္စာမပျက်ချင်တာကြောင့် နောက်ဘဝမှာအတူတူပြန်လည်ပေါင်းဖက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ သေချာသလောက်ပါပဲ။

Vysotskaya ယဉ်ကျေးမှုမှာ ထိုကဲ့သို့အတူတကွသေဆုံးရမယ်လို့ပြဌာန်းထားပေမဲ့ ထိုလုပ်ရပ်တွေတိုင်းဟာ ကာယကံရှင်အမျိုးသမီးတွေရဲ့ လိုလိုလားလားရှိတဲ့ ဆန္ဒအရသာ ထိုလုပ်ရပ်မျိုးကိုလုပ်ဆောင်တာပါလို့ လေ့လာတွေ့ရှိရပါတယ်။ ထိုခေတ်အခါက လူတွေဟာ နောက်ဘဝကို ယုံကြည်ကြသူတွေလည်းဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: စပွန့် (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top