×

တာ၀န္၀တၱရား နဲ ့ယွဥ္လာလို ့ ဥပကၡာ ၿပဳခဲ့မိတာ ရွိလိမ့္မယ္
စိတ္ထဲက ပါလို ့မဟုတ္ပါဘူး
ဒါေပမယ့္ မသိစိတ္ ကေတာ့ မင္းကို အၿမဲ ဦးစားေပးေနၿမဲ ပါ…….

အလုပ္ေတြမ်ားေနတဲ့ အခ်ိန္မွာ ဂရုမစိုက္ခဲ့မိတာရွိလိမ့္မယ္
ဦးေနွာက္ ထဲ ထည့္မထားတာ မဟုတ္ပါဘူး
ဒါေပမယ့္ မွတ္ညာဏ္ေတြ ထဲေတာ့ မွာ မင္းပံုရိပ္ေတြၾကည့္ပါ…….

စစ္ေၿမၿပင္မွာ ၾကီးၿပင္းခဲ့ရလို ့ နွလံုးသားေတြ ခက္ထန္ေနခဲ့ လိမ့္မယ္
အသဲမာတာေတာ့မဟုတ္ပါဘူး
ဒါေပမယ့္ ရင္ထဲက တစ္ေထာင့္တစ္ေနရာ မွာ မင္းအတြက္ ထာ၀ရပါ………

တုိင္းၿပည္နဲ ့လူမ်ိဳးအတြက္ ေၿခဖ်ားကေန ဆံဖ်ားထိအသက္ပါ ေပးထားခဲ့လိမ့္မယ္
မင္းအတြက္ေပးစရာ ဘာမွ မရွိေတာ့ပါဘူး
ဒါေပမယ့္ စစ္သားတစ္ေယာက္ရဲ ့ပါရမီ ၿဖည့္ဘက္ဆိုတဲ့ ဂုဏ္ တစ္ခုေတာ့ ရမွာပါ…..

နုညံ့သိမ္ေမြ ့စြာၾကီးၿပင္းလာတဲ့ မိန္းကေလးတစ္ေယာက္ရဲ ့ နွလံုးသားတစ္စံုနဲ ့
ဗံုးသံ အေၿမာက္သံၾကားမွာ ၾကီးၿပင္းလာတဲ့ စစ္သားတစ္ေယာက္ရဲ ့နွလံုးသားတစ္စံု
ရင္ခုန္ သံခ်င္းထပ္တူက် နုိင္ဖို ့မ၀ံ့မရဲ ဆုေတာင္းမိပါတယ္္……

တကယ္ေတာ့………..
စစ္သားဆိုတာ နွလံုးသားမရွိတဲ့ ေက်ာက္ရုပ္မဟုတ္ေပမယ့္
ေက်ာက္ရုပ္ ၿဖစ္ေနခဲ့ တဲ့နွလံုးသား မွာ ပိုင္ဆိုင္သမ်ွအရာရာကိုစြန္ ့လြတ္ရလို ့၀မ္းမနည္းတတ္ဘူး
ဒါေပမယ့္ ဘ၀မွာ မင္းတစ္ေယာက္ကို စြန္ ့လြတ္ခဲ့ရရင္ေတာ့
မ်က္ရည္ လြယ္တဲ့ စစ္သားဆိုၿပီး သမိုင္းတြင္ ေနမွာပါ……….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Waihin Thu Ye
# Unicode Version ျဖင့္ ဖတ္ပါ #
တာဝန်ဝတ္တရား နဲ့ယှဉ်လာလို့ ဥပက္ခာ ပြုခဲ့မိတာ ရှိလိမ့်မယ်
စိတ်ထဲက ပါလို့မဟုတ်ပါဘူး
ဒါပေမယ့် မသိစိတ် ကတော့ မင်းကို အမြဲ ဦးစားပေးနေမြဲ ပါ…….

အလုပ်တွေများနေတဲ့ အချိန်မှာ ဂရုမစိုက်ခဲ့မိတာရှိလိမ့်မယ်
ဦးနှောက် ထဲ ထည့်မထားတာ မဟုတ်ပါဘူး
ဒါပေမယ့် မှတ်ညာဏ်တွေ ထဲတော့ မှာ မင်းပုံရိပ်တွေကြည့်ပါ…….

စစ်မြေပြင်မှာ ကြီးပြင်းခဲ့ရလို့ နှလုံးသားတွေ ခက်ထန်နေခဲ့ လိမ့်မယ်
အသဲမာတာတော့မဟုတ်ပါဘူး
ဒါပေမယ့် ရင်ထဲက တစ်ထောင့်တစ်နေရာ မှာ မင်းအတွက် ထာဝရပါ………

တိုင်းပြည်နဲ့လူမျိုးအတွက် ခြေဖျားကနေ ဆံဖျားထိအသက်ပါ ပေးထားခဲ့လိမ့်မယ်
မင်းအတွက်ပေးစရာ ဘာမှ မရှိတော့ပါဘူး
ဒါပေမယ့် စစ်သားတစ်ယောက်ရဲ့ပါရမီ ဖြည့်ဘက်ဆိုတဲ့ ဂုဏ် တစ်ခုတော့ ရမှာပါ…..

နုညံ့သိမ်မွေ့စွာကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားတစ်စုံနဲ့
ဗုံးသံ အမြောက်သံကြားမှာ ကြီးပြင်းလာတဲ့ စစ်သားတစ်ယောက်ရဲ့နှလုံးသားတစ်စုံ
ရင်ခုန် သံချင်းထပ်တူကျ နိုင်ဖို့မဝံ့မရဲ ဆုတောင်းမိပါတယ်……

တကယ်တော့………..
စစ်သားဆိုတာ နှလုံးသားမရှိတဲ့ ကျောက်ရုပ်မဟုတ်ပေမယ့်
ကျောက်ရုပ် ဖြစ်နေခဲ့ တဲ့နှလုံးသား မှာ ပိုင်ဆိုင်သမျှအရာရာကိုစွန့်လွတ်ရလို့ဝမ်းမနည်းတတ်ဘူး
ဒါပေမယ့် ဘဝမှာ မင်းတစ်ယောက်ကို စွန့်လွတ်ခဲ့ရရင်တော့
မျက်ရည် လွယ်တဲ့ စစ်သားဆိုပြီး သမိုင်းတွင် နေမှာပါ……….

ဖိုးသူတော် (www.phothutaw.com)
Credit: Waihin Thu Ye
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top