(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းစတင္ခဲ့တဲ့ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းစဥ္ဟာ ဒီေန႔ ဇူလိုင္လ(၂)ရက္ေန႔မွာ (၁၀)ရက္ေျမာက္ေန႔ျဖစ္ၿပီး ခန္႔မွန္းထားတဲ့ေနရာမ်ားကို အနီးဆံုးေရာက္ရွိေနတာကေတာ့ ဂူအတြင္းထဲက လမ္းေၾကာင္းလို႔ သိရပါတယ္။

လက္ရွိမွာ ေရငုပ္အဖြဲ႔ေတြ သြားေနလွ်က္ရွိၿပီး၊ ဒီေန႔မွာ ခန္႔မွန္းေနရာကို ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔ အေရာက္သြားၾကမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဂူထဲမွာ ေရငုပ္အဖြဲ႔မ်ားအေနနဲ႔ သြားလာရ ၾကာျမင့္ေနရျခင္းမွာ သူတို႔ေတြဟာ အလြတ္သြားတာမဟုတ္ဘဲ၊ ေအာက္စီဂ်င္ဗူးမ်ားကို ေက်ာပိုးသြားရသလို၊ အပိုပစၥည္းမ်ားလည္း ယူေဆာင္သြားရသလို အခ်ဳိ႕ေနရာမ်ားမွာ ထင္သေလာက္ သြားလာရ အဆင္မေျပတာေတြရွိတယ္လို႔ သိရပါတယ္။ ( ေရတပ္အဖြဲ႔ေခါင္းေဆာင္ရဲ႕ ေျပာျပခ်က္အရ )

အဲ့လိုပဲ ဂူအျပင္ဘက္ ေတာေတာင္ေတြကေနလည္း ေတြ႔ရွိထားတဲ့ လူ၀င္ဂူေပါက္ေတြကေန တဆင့္ သြားေရာက္ကယ္ဆယ္ေရးေတြ လုပ္ႏိုင္ရန္အတြက္ကိုလည္း အေမရိကန္အဖြဲ႔၊ တရုတ္အဖြဲ႔၊ လာအိုအဖြဲ႔နဲ႔ ထိုင္းႏိုင္ငံအတြင္းက ရွာေဖြကယ္ဆယ္ေရးအဖြဲ႔မ်ားကေတာ့ အုပ္စုမ်ားခြဲကာ ႀကိဳးစားေနလွ်က္ရွိပါတယ္။

(၉)ရက္ေျမာက္ေန႔ ညပိုင္းက ဂူထဲ၀င္ေရာက္သြားၿပီး ေရတပ္သားမ်ားနဲ႔အတူ လိုက္ပါသြားတဲ့ ၾသစေတးလ် အထူးကယ္ဆယ္ေရးအဖြဲ႔ဟာ ထိုင္းစံေတာ္ခ်ိန္ (၇)နာရီ၀န္းက်င္မွာ ဂူထဲက ထြက္ပါတယ္။ မီဒီယာမ်ားက အေျခအေနမ်ားကို ေမးတဲ့အခါမွာ “very hard work”လို႔ ေျပာသြားပါတယ္။

ေလာေလာဆယ္မွာ လူငယ္(၁၃)ဦးကို ရွာေဖြေတြ႔ရွိရျခင္း မရွိေသးပါဘူး။ ခန္႔မွန္းေနရာကို သြားေနၾကဆဲျဖစ္ပါတယ္။

ျမန္မာ – ထိုင္းနယ္စပ္၊ ထိုင္းႏိုင္ငံ(ေျမာက္ပိုင္း)၊ ခ်င္း႐ိုင္းခ႐ိုင္၊ မယ္ဆိုင္ၿမိဳ႕၊ ပုံဖာရပ္ကြက္ရွိ ဒြိဳင္းနန္းႏြန္းေတာင္ေျခ အနီး ဇြန္လ (၂၃)ရက္ေန႔ ကတည္းက လူငယ္(၁၃)ဦး ပိတ္မိေနသည့္ ဂူအတြင္း ရွာေဖြကယ္ဆယ္မႈ လုပ္ငန္းမ်ားကို နည္းလမ္းမ်ိဳးစံုျဖင့္ ဇြန္လ(၂၃)ရက္ေန႔ ညပိုင္းကတည္းကစ၍ ယေန႔ ဇူလိုင္လ(၂)ရက္ေန႔ အထိ ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

Photo crd; ภาพ”ทีมเนชั่น”
ဖိုးသူေတာ္ (www.phothutaw.com)
Credit: TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate

#Unicode Version#
ဇွန်လ(၂၃)ရက်နေ့ ညပိုင်းစတင်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ဟာ ဒီနေ့ ဇူလိုင်လ(၂)ရက်နေ့မှာ (၁၀)ရက်မြောက်နေ့ဖြစ်ပြီး ခန့်မှန်းထားတဲ့နေရာများကို အနီးဆုံးရောက်ရှိနေတာကတော့ ဂူအတွင်းထဲက လမ်းကြောင်းလို့ သိရပါတယ်။

လက်ရှိမှာ ရေငုပ်အဖွဲ့တွေ သွားနေလျှက်ရှိပြီး၊ ဒီနေ့မှာ ခန့်မှန်းနေရာကို မျှော်လင့်ချက်များစွာနဲ့ အရောက်သွားကြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂူထဲမှာ ရေငုပ်အဖွဲ့များအနေနဲ့ သွားလာရ ကြာမြင့်နေရခြင်းမှာ သူတို့တွေဟာ အလွတ်သွားတာမဟုတ်ဘဲ၊ အောက်စီဂျင်ဗူးများကို ကျောပိုးသွားရသလို၊ အပိုပစ္စည်းများလည်း ယူဆောင်သွားရသလို အချို့နေရာများမှာ ထင်သလောက် သွားလာရ အဆင်မပြေတာတွေရှိတယ်လို့ သိရပါတယ်။ ( ရေတပ်အဖွဲ့ခေါင်းဆောင်ရဲ့ ပြောပြချက်အရ )

အဲ့လိုပဲ ဂူအပြင်ဘက် တောတောင်တွေကနေလည်း တွေ့ရှိထားတဲ့ လူဝင်ဂူပေါက်တွေကနေ တဆင့် သွားရောက်ကယ်ဆယ်ရေးတွေ လုပ်နိုင်ရန်အတွက်ကိုလည်း အမေရိကန်အဖွဲ့၊ တရုတ်အဖွဲ့၊ လာအိုအဖွဲ့နဲ့ ထိုင်းနိုင်ငံအတွင်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကတော့ အုပ်စုများခွဲကာ ကြိုးစားနေလျှက်ရှိပါတယ်။

(၉)ရက်မြောက်နေ့ ညပိုင်းက ဂူထဲဝင်ရောက်သွားပြီး ရေတပ်သားများနဲ့အတူ လိုက်ပါသွားတဲ့ သြစတေးလျ အထူးကယ်ဆယ်ရေးအဖွဲ့ဟာ ထိုင်းစံတော်ချိန် (၇)နာရီဝန်းကျင်မှာ ဂူထဲက ထွက်ပါတယ်။ မီဒီယာများက အခြေအနေများကို မေးတဲ့အခါမှာ “very hard work”လို့ ပြောသွားပါတယ်။

လောလောဆယ်မှာ လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိရခြင်း မရှိသေးပါဘူး။ ခန့်မှန်းနေရာကို သွားနေကြဆဲဖြစ်ပါတယ်။

မြန်မာ – ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံ(မြောက်ပိုင်း)၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ပုံဖာရပ်ကွက်ရှိ ဒွိုင်းနန်းနွန်းတောင်ခြေ အနီး ဇွန်လ (၂၃)ရက်နေ့ ကတည်းက လူငယ်(၁၃)ဦး ပိတ်မိနေသည့် ဂူအတွင်း ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဇွန်လ(၂၃)ရက်နေ့ ညပိုင်းကတည်းကစ၍ ယနေ့ ဇူလိုင်လ(၂)ရက်နေ့ အထိ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

Photo crd; ภาพ”ทีมเนชั่น”

ဖိုးသူတော် (www.phothutaw.com)
Credit: TachileikNewsAgency #TachileikNewsAgencyUpdate #TNAUpdate
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top