မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×




Credit: Paing Takhon
# Unicode Version ဖြင့် ဖတ်ပါ #
မော်ဒယ်တစ်ယောက်အဖြစ်သာမက မင်းသားတစ်ယောက်အဖြစ်ပါ အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးတတ်တဲ့ ပိုင်တံခွန်ကတော့ ဒီကနေ့မှာလည်း သူရဲ့ အနုပညာလှုပ်ရှားမှု အသစ်တစ်ခုနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကို ဖွင့်ဟပြောဆိုလာပါတယ်။

ပိုင်တံခွန်ကတော့ “ဒီကိုးရီးယားမလေးနဲ့ ရိုက်ကူးဖို့ ကျနော့်ကို ရုပ်ရှင်ကားကြီးတကား ကမ်းလှမ်းထားပါတယ်သူမရဲ့ မြန်မာနာမည်က ခင်ကံ့ကော် တဲ့” လို့ရေးပြီး ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကိုတော့ ကိုရီးယားနိုင်ငံမှာပါ အသေးစိတသွားရောက်ရိုက်ကူးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရုပ်ရှင်ကားကြီး အသစ်အတွက် ပြင်ဆင်နေတဲ့ ပိုင်တံခွန်အတွက် အားပေးစကားလေးပြောလိုက်ပါဦးနော်.. ပရိသတ်ကြီးရေ။ ကိုရီးယားသူလေးနဲ့ ပိုင်တံခွန်တို့ အတူရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးကို ပရိသတ်တွေလည်း အခုကတည်းက စောင့်မျှော်နေကြပြီမလား။

ဖိုးသူတော် (www.phothutaw.com)
Credit: Paing Takhon
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top