×

ပိုသာလြန္တဲ့ဘဝျဖစ္ေအာင္ႀကိဳးစားရမယ္

မင္းတို႔ရဲ႕သားသမီးေတြကို မင္းတို႔ဘဝေတြထက္ပိုၿပီး
ေကာင္းမြန္ေအာင္စြမ္းေဆာင္ေပးရမယ္

“အခ်ိန္ဆိုတာ ဘဝ”

မင္းအသက္ ၃၀ ငါ့အသက္ ၈၆
ဒါအခ်ိန္ပဲ
အခ်ိန္ကဘဝပဲ

အခ်ိန္မပါဘဲ ဘဝကိုဖြဲ႔စည္းလို႔မရဘူး
မင္းဘဝကိုတန္ဖိုးထားရင္
မင္းရဲ႕အခ်ိန္ကိုလည္း တန္ဖိုးထားရလိမ့္မယ္

” ႏွလုံးသားလွဖို႔လိုတယ္ ”

ကဗ်ာ႐ူးရယ္ စာ႐ူးရယ္ အခ်စ္႐ူးရယ္
ငါအခ်စ္ဆုံးပဲ
သူတို႔ကႏွလုံးသား႐ွိလို႔
ဥစၥာ႐ူးရယ္ အာဏာ႐ူးရယ္ ငါအမုန္းဆုံး
သူတို႔ကႏွလုံးသားမ႐ွိလို႔

” အားခဲထားႏိုင္ရမယ္ ”

စိတ္ပ်က္လက္ပ်က္ဆိုတာမ်ဴိးမျဖစ္ေစနဲ႔
စိတ္ပ်က္ခ်င္ပ်က္ လက္ေတာ႔မပ်က္နဲ႔
ဆိုလိုတာက
ေလ့က်င့္ႀကိဳးပမ္းမႈကိုမေလ်ာ့လိုက္နဲ႔

” အက်င့္ ”

လူေတြက
မေကာင္းတာလုပ္ျဖစ္ရင္
မေကာင္းအက်င့္ပါသြားမွာက်သိၾကတယ္
ငါေျပာမယ္
မေကာင္းတာအက်င့္လုပ္ရင္

မေကာင္းက်င့္ပါသြားမွာပဲ
အဲ့ဒီလိုပဲ
ေကာင္းတာကိုလည္း
အက်င့္လုပ္ရင္
ေကာင္းတဲ့အက်င့္ျဖစ္သြားမွာပဲ

” ရခဲမွရတနာ”

ေအာက္တန္းက်ဖို႔ဆိုတာ
ႀကိဳးစားေနဖို႔မလိုဘူး
တစ္ေန႔
ငါေအာက္တန္းက်ရမယ္လို႔
အဓိ႒ာန္ျပဳေနဖို႔မလိုဘူး

ေအာက္တန္းက်တာရဲ႕ ဆန္႔က်င္ဘက္ျဖစ္တဲ့
အထက္တန္းစားစိတ္ဓာတ္ျဖစ္ဖို႔က်
ခဲယဥ္းသြားၿပီ

” သတိမမူရင္ ဂူမျမင္ဘူး ”

လူေတြက
သူမ်ားထီေပါက္ရင္သာ
ငါလည္း ထီေပါက္ႏိုင္တယ္လို႔ ေတြးတတ္ၾကတာ
သူမ်ားကားတိုက္ရင္

ငါလည္း ကားတိုက္ခံရႏိုင္တယ္လို႔
မေတြးၾကဘူး
သူမ်ားေအာင္ျမင္ရင္သာ

ငါလည္းေအာင္ျမင္မယ္လို႔သာ ေတြးၾကတာ
သူမ်ားက်႐ႈံးရင္
ငါလည္း က်႐ႈံးႏိုင္တယ္လို႔မေတြးၾကဘူး

သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ္မ႐ွိဘူး

” အခိုက္အတန္႔ ”

လူေတြက
ခ်မ္းသာျခင္းသာ
သခၤါရလို႔ထင္တယ္
တစ္ကယ္ေတာ့

ဆင္းရဲျခင္းလည္း သခၤါရပဲ
မင္းႀကိဳးစားေနသမ်ွကာလပတ္လုံး
အဆင္မေျပျခင္းက သခၤါရ
မင္း မႀကိဳးစားပဲ

ေရသာခို အေခ်ာင္ေနေနသေရြ႔
မင္းအတြက္ဆင္းရဲျခင္းက
ထာဝရပဲ

” ေတာင္းမွာအကြပ္ ”

အသိပညာရိွေသာသူ၊ ဆံုးမထိုက္ေသာသူ၊ ဆံုးမရန္ ဝတၱရားရိွေသာသူေတြကိုက
ပစ္ပယ္လိုက္ၿပီဆိုရင္ေတာ့
အဲ့ဒီေကာင္ဘဝ ေသၿပီလို႔မွတ္လိုက္ေတာ့.

“စာနာမႈ”

“ကိုယ့္အတြက္ခ်ည္းပဲ မၾကည့္ဘဲ သူမ်ားအတြက္လည္း ၾကည့္ေပးႏိုင္တာကလည္း
ယဥ္ေက်းမႈပဲ”

“႐ိုးသားပါ ”

ကိုယ္မရသင့္တာကို မယူခ်င္ပါနဲ႔..
ကိုယ္မရသင့္တာကို ယူလိုက္မိရင္
ကိုယ္မလိုခ်င္တာေတြကိုပါ လက္ခံရတတ္တယ္

” လူမုိက္ႏွင့္ လူလိမၼာ ”

လူလိမၼာတုိ႔သည္ တစ္ပါးသူ၏ အမွားမွ သင္ခန္းစာကုိ ယူတတ္ၾကတယ္
လူမုိက္တုိ႔သည္ ကုိယ္တုိင္မွားမွ သင္ခန္းစာရၾကတယ္
ပုိ၍ မုိက္မဲေသာသူတုိ႔ကား
ကုိယ္တုိင္ မွားပါလ်က္ ႏွင့္ပင္
သင္ခန္းစာ မယူတတ္ၾကကုန္တဲ့

“ရင္ဆိုင္ပါယွဥ္ျပိဴင္ပါ ”

တညည္းညည္း တညဴညဴနဲ႔
“ငါေတာ့ ကံဆိုးတာပဲလို႔
ေအာက္ေမ့ေနရင္
အဲဒီလူ တစ္ကယ္ကံဆိုးသြားၿပီလို႔သာ ေအာက္ေမ့ေပေတာ့..

ေလာကႀကီးမွာ ရံႈးလို႔ထြက္ေျပးရင္ တစ္သက္လုံးေျပးေပေတာ့..
ေအာင္ျမင္မႈ ဘယ္ေတာ့မွ မရဘူး..
ထြက္ေျပးတဲ့ေကာင္ ဘယ္ေတာ့မွနိုင္ရိုးမရွိဘူး..
ရင္ဆိုင္ႏိုင္တဲ့ေကာင္မွ ႏိုင္တာ..

………………………&…………..:………

ဆက္လက္တင္ျပပါမည္

ဆရာႀကီးအားေလးစားလ်က္.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: HlaMoeKhing
# Unicode Version ျဖင့္ ဖတ္ပါ #
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်

မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ

“အချိန်ဆိုတာ ဘဝ”

မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ

အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်

” နှလုံးသားလှဖို့လိုတယ် ”

ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့

” အားခဲထားနိုင်ရမယ် ”

စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့

” အကျင့် ”

လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်

မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ

” ရခဲမှရတနာ”

အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး

အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ

” သတိမမူရင် ဂူမမြင်ဘူး ”

လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်

ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ

ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး

သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး

” အခိုက်အတန့် ”

လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့

ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ

ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ

” တောင်းမှာအကွပ် ”

အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန် ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.

“စာနာမှု”

“ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ”

“ရိုးသားပါ ”

ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်

” လူမိုက်နှင့် လူလိမ္မာ ”

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

“ရင်ဆိုင်ပါယှဉ်ပြိူင်ပါ ”

တညည်းညည်း တညူညူနဲ့
“ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ အောက်မေ့ပေတော့..

လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင် တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..

………………………&…………..:………

ဆက်လက်တင်ပြပါမည်

ဆရာကြီးအားလေးစားလျက်.

ဖိုးသူတော် (www.phothutaw.com)
Credit: HlaMoeKhing
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top