မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ယခုႏွစ္ ျမန္မာသကၠရာဇ္ ၁၃၈၀ သည္ ေသာၾကာေန႔ဖြား အမ်ားစုအတြက္ ကံေကာင္းမႈ ျဖစ္တည္လာႏုိင္ေသာ နွစ္မ်ဳိးလုိ႔ ဆုိရပါမယ္။

အားလုံး မျဖစ္နုိင္ေသာ္လည္း ကံေကာင္းမႈ အခြင့္အလမ္းကေတာ့ အားလုံးမွာ ေပၚေပါက္လာႏုိင္ပါတယ္။ အခြင့္အလမ္းေတြကို ယူႏုိင္သူ၊ မယူႏုိင္သူ၊ မုခ်ၾကံဳရသူနဲ႔ေပၚလာေသာ္လည္း အက်ဳိးမခံစားရဘဲ အေဟာသိကံ ျဖစ္သြားရသူ စသည္ျဖင့္ေတာ့ ကြာဟႏုိင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ၁၃၈၀ ခုႏွစ္သည္ ေသာၾကာေန႔ဖြား မ်ားစြာအတြက္ ကံအခြင့္အလမ္းေကာင္းကုိ ေမွ်ာ္မွန္းခြင့္ အားသာၾကမည့္ ႏွစ္သစ္တစ္ခုသာ ျဖစ္ပါတယ္ခင္ဗ်ား။

အလုပ္အကုိင္

အလုပ္အကုိင္ တုိးတက္ျခင္း ၊ အက်ဳိးစီးပြား ရွာေဖြရ လြယ္ကူေခ်ာေမြ႕လာေစတတ္ျခင္း၊ ခ်စ္ခင္သျဖင့္ ေပးေသာ အက်ဳိးစီးပြားမ်ဳိးကုိ ပုိမုိ ရရွိလြယ္ေစတတ္ျခင္း ရွိႏုိင္မည့္ ႏွစ္သစ္ ျဖစ္ပါတယ္။ အထူးသျဖင့္ ေဝးေျမရပ္ျခားႏွင့္ ျဖစ္ေစ၊ ႏုိင္ငံရပ္ျခား၊ လူမ်ဳိးကြဲမ်ားနွင့္ ဆက္ႏြယ္၍ ျဖစ္ေစ အက်ဳိးစီးပြား ပုိမုိရရွိလြယ္ေသာ ကာလပဲ ျဖစ္ပါတယ္။

ေမတၱာေရး

ဒီႏွစ္ ေမတၱာေရးကေတာ့ အႏႈတ္လကၡဏာေဆာင္မယ့္ ႏွစ္ပါပဲ။ ကြဲစရာအေၾကာင္း ခုိင္လုံလာသည့္ အသက္အရြယ္ အခ်ိန္အခါ  မူလအေၾကာင္းတရား ရွိေနေသာ ေသာၾကာေန႔ဖြားေတြအတြက္ကေတာ့ ဒီႏွစ္ထဲမွာ ေမတၱာေရး ကံေချခင္း၊ အဆုံးသတ္ရျခင္းေတြ က်ေရာက္လာႏုိင္ပါတယ္။

အမ်ားစုေသာၾကာမ်ားအဖုိ႔ကေတာ့ ဒီတစ္ႏွစ္ မခ်စ္သင့္ မျမတ္နုိးသင့္သူကုိ ပုိမို တြယ္တာမိေစတတ္ပါတယ္။

အနည္းစုေသာ ေသာၾကာအခ်ဳိ႕ကေတာ့ ရပ္ေဝးမွ သုိ႔မဟုတ္ လူမ်ဳိးမတူ ဘာသာမတူ အေျခအေနမတူ ကြာျခားလွသည္ျဖစ္ေသာ ထူးဆန္းသည့္ ေမတၱာေရး အေျခအေနမ်ဳိးကုိ ႀကံဳရတတ္ပါတယ္။

ပညာေရး

ပညာသင္ဆု၊ ပညာေရးဆုိင္ရာ အေထာက္အပံ႔ေတြကုိ ရရွိလုိေသာ လူငယ္တုိ႔အဖုိ႔ေတာ့ ဒီႏွစ္ထဲမွာ အထူး အခြင့္သာတတ္ပါတယ္။ အမ်ားစုေသာ ေသာၾကာေန႔ဖြားေတြအဖုိ႔ ပညာေရးဆုိင္ရာ အေထာက္အပံ႔ကံ ရရွိတတ္ခ်ိန္ ျဖစ္ေနျခင္းေၾကာင့္ပါပဲ။  ပညာေရး ေအာင္ျမင္မႈအတြက္ ႀကိဳးပမ္းေနၾကရတဲ့ ေသာၾကာေန႔ဖြားေတြ အဖုိ႔ ဒီႏွစ္မွာ အစိမ္းေရာင္ကုိ အနည္းငယ္ ေလွ်ာ့သံုးသင့္ၿပီး နံ႔သာေရာင္နဲ႔ ဝါညိဳေရာင္ကုိ ေဆာင္သင့္ပါတယ္။

က်န္းမာေရး

ဆီး၀မ္းေသြးေလ မညီညြတ္ျခင္း၊ အညစ္ေၾကးစြန္႔ အဂၤါအစိတ္အပုိင္းႏွင့္ ပတ္သက္ေသာ ေရာဂါဘယ ျဖစ္ပြားလြယ္ျခင္း ရွိတတ္ေသာ ကာလပါ။ က်န္းမာေရးအညံ႔ ၾကံဳေနသူမ်ား လိေမၼာ္ေရာင္ကုိ တစ္ႏွစ္လုး ေလ်ာ႔ၿပီး သုံးစြဲသင့္လွပါတယ္။

အနွစ္ခ်ဳပ္သုံးသပ္ခ်က္

ဒီတစ္ႏွစ္သည္ ေသာၾကာေန႔ဖြား အေျမာက္အမ်ား ကံေကာင္းမႈ ၾကံဳႀကိဳက္ႏုိင္ေသာ ကာလ အမွန္ ျဖစ္ပါတယ္။ အခက္အခဲေတြ ႀကံဳေနပါေစ တစ္ခ်က္ခ်က္မွာ ဝင္လာမယ့္ ကံေကာင္းမႈ အရိပ္လကၡဏာေလးေတြကုိလည္း (ကံဆုိးေနသူေတြအခ်ဳိ႕ေသာ္မွ) ျမင္ေတြ႕ေနရတတ္သည့္ ကာလမ်ဳိးလုိ႔ ေျပာရပါမယ္။

ကံေကာင္းမႈ ပုိမုိ လုိလားေတြ႕ႀကံဳခ်င္သူမ်ားအဖုိ႔ ျမင္းခြာပုံသံလုိက္တုံးေလးတစ္တုံးကုိ ခရမ္းျပာေရာင္ ကတၱီပါစေလးနဲ႔ ပတ္ၿပီး မိမိကုိယ္ေပၚမွာ ၊ လက္ကုိင္အိတ္ထဲမွာ စသည္ျဖင့္ ေဆာင္ထားသင့္လွပါတယ္။

ဒီတစ္ႏွစ္အဖုိ႔ ေသာၾကာေန႔ဖြား အမ်ားစုအဖုိ႔ အဓိက ၾကံဳေတြ႕ရမယ့္ အခက္အခဲကေတာ့ ေမတၱာေရး အခက္အခဲမ်ားနဲ႔ ဆက္သြယ္ေရးဆုိင္ရာ အဆက္အသြယ္ ျပတ္ေတာက္မႈ အခက္အခဲမ်ား ျဖစ္ပါတယ္။

ေလးစားစြာျဖင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကုိဖုန္း / သုေတသီ ေဝသာလီေမာင္ဖုန္း / ကုိစုိးမုိးထြန္း (ေဗဒင္ပညာသုေတသီ)
09 789 333 791, 09 318 17 287

ေဟာခန္းလိပ္စာ – တုိက္ 6 ၊ အခန္း 3 ၊ ေျမညီထပ္ ၊ ျမကန္သာအိမ္ယာ၊ ျမကန္သာလမ္း ၊ ကမာရြတ္ျမိဳ႕နယ္ ၊ ရန္ကုန္။ အနီးဆုံး မွတ္တုိင္ – ဆင္ေရတြင္းမွတ္တုိင္
#Unicode Version#
ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၀ သည် သောကြာနေ့ဖွား အများစုအတွက် ကံကောင်းမှု ဖြစ်တည်လာနိုင်သော နှစ်မျိုးလို့ ဆိုရပါမယ်။

အားလုံး မဖြစ်နိုင်သော်လည်း ကံကောင်းမှု အခွင့်အလမ်းကတော့ အားလုံးမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ အခွင့်အလမ်းတွေကို ယူနိုင်သူ၊ မယူနိုင်သူ၊ မုချကြုံရသူနဲ့ပေါ်လာသော်လည်း အကျိုးမခံစားရဘဲ အဟောသိကံ ဖြစ်သွားရသူ စသည်ဖြင့်တော့ ကွာဟနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ၁၃၈၀ ခုနှစ်သည် သောကြာနေ့ဖွား များစွာအတွက် ကံအခွင့်အလမ်းကောင်းကို မျှော်မှန်းခွင့် အားသာကြမည့် နှစ်သစ်တစ်ခုသာ ဖြစ်ပါတယ်ခင်ဗျား။

အလုပ်အကိုင်

အလုပ်အကိုင် တိုးတက်ခြင်း ၊ အကျိုးစီးပွား ရှာဖွေရ လွယ်ကူချောမွေ့လာစေတတ်ခြင်း၊ ချစ်ခင်သဖြင့် ပေးသော အကျိုးစီးပွားမျိုးကို ပိုမို ရရှိလွယ်စေတတ်ခြင်း ရှိနိုင်မည့် နှစ်သစ် ဖြစ်ပါတယ်။ အထူးသဖြင့် ဝေးမြေရပ်ခြားနှင့် ဖြစ်စေ၊ နိုင်ငံရပ်ခြား၊ လူမျိုးကွဲများနှင့် ဆက်နွယ်၍ ဖြစ်စေ အကျိုးစီးပွား ပိုမိုရရှိလွယ်သော ကာလပဲ ဖြစ်ပါတယ်။

မေတ္တာရေး

ဒီနှစ် မေတ္တာရေးကတော့ အနှုတ်လက္ခဏာဆောင်မယ့် နှစ်ပါပဲ။ ကွဲစရာအကြောင်း ခိုင်လုံလာသည့် အသက်အရွယ် အချိန်အခါ  မူလအကြောင်းတရား ရှိနေသော သောကြာနေ့ဖွားတွေအတွက်ကတော့ ဒီနှစ်ထဲမှာ မေတ္တာရေး ကံခေခြင်း၊ အဆုံးသတ်ရခြင်းတွေ ကျရောက်လာနိုင်ပါတယ်။

အများစုသောကြာများအဖို့ကတော့ ဒီတစ်နှစ် မချစ်သင့် မမြတ်နိုးသင့်သူကို ပိုမို တွယ်တာမိစေတတ်ပါတယ်။

အနည်းစုသော သောကြာအချို့ကတော့ ရပ်ဝေးမှ သို့မဟုတ် လူမျိုးမတူ ဘာသာမတူ အခြေအနေမတူ ကွာခြားလှသည်ဖြစ်သော ထူးဆန်းသည့် မေတ္တာရေး အခြေအနေမျိုးကို ကြုံရတတ်ပါတယ်။

ပညာရေး

ပညာသင်ဆု၊ ပညာရေးဆိုင်ရာ အထောက်အပံ့တွေကို ရရှိလိုသော လူငယ်တို့အဖို့တော့ ဒီနှစ်ထဲမှာ အထူး အခွင့်သာတတ်ပါတယ်။ အများစုသော သောကြာနေ့ဖွားတွေအဖို့ ပညာရေးဆိုင်ရာ အထောက်အပံ့ကံ ရရှိတတ်ချိန် ဖြစ်နေခြင်းကြောင့်ပါပဲ။  ပညာရေး အောင်မြင်မှုအတွက် ကြိုးပမ်းနေကြရတဲ့ သောကြာနေ့ဖွားတွေ အဖို့ ဒီနှစ်မှာ အစိမ်းရောင်ကို အနည်းငယ် လျှော့သုံးသင့်ပြီး နံ့သာရောင်နဲ့ ဝါညိုရောင်ကို ဆောင်သင့်ပါတယ်။

ကျန်းမာရေး

ဆီးဝမ်းသွေးလေ မညီညွတ်ခြင်း၊ အညစ်ကြေးစွန့် အင်္ဂါအစိတ်အပိုင်းနှင့် ပတ်သက်သော ရောဂါဘယ ဖြစ်ပွားလွယ်ခြင်း ရှိတတ်သော ကာလပါ။ ကျန်းမာရေးအညံ့ ကြုံနေသူများ လိမ္မော်ရောင်ကို တစ်နှစ်လုး လျော့ပြီး သုံးစွဲသင့်လှပါတယ်။

အနှစ်ချုပ်သုံးသပ်ချက်

ဒီတစ်နှစ်သည် သောကြာနေ့ဖွား အမြောက်အများ ကံကောင်းမှု ကြုံကြိုက်နိုင်သော ကာလ အမှန် ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံနေပါစေ တစ်ချက်ချက်မှာ ဝင်လာမယ့် ကံကောင်းမှု အရိပ်လက္ခဏာလေးတွေကိုလည်း (ကံဆိုးနေသူတွေအချို့သော်မှ) မြင်တွေ့နေရတတ်သည့် ကာလမျိုးလို့ ပြောရပါမယ်။

ကံကောင်းမှု ပိုမို လိုလားတွေ့ကြုံချင်သူများအဖို့ မြင်းခွာပုံသံလိုက်တုံးလေးတစ်တုံးကို ခရမ်းပြာရောင် ကတ္တီပါစလေးနဲ့ ပတ်ပြီး မိမိကိုယ်ပေါ်မှာ ၊ လက်ကိုင်အိတ်ထဲမှာ စသည်ဖြင့် ဆောင်ထားသင့်လှပါတယ်။

ဒီတစ်နှစ်အဖို့ သောကြာနေ့ဖွား အများစုအဖို့ အဓိက ကြုံတွေ့ရမယ့် အခက်အခဲကတော့ မေတ္တာရေး အခက်အခဲများနဲ့ ဆက်သွယ်ရေးဆိုင်ရာ အဆက်အသွယ် ပြတ်တောက်မှု အခက်အခဲများ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုဖုန်း / သုတေသီ ဝေသာလီမောင်ဖုန်း / ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287

ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top