iMyanmarHouse.com - Best Property Website for Myanmar
×

လူငယ္မ်ား ပိတ္မိေနသည့္ ဂူအနက္ပိုင္းတြင္ အေျခစိုက္စခန္းတစ္ခု တည္ႏိုင္ခဲ့

ထိုင္းဂူထဲ၌ လူငယ္ ၁၃ ဦးကို အင္အား အလံုးအရင္းႏွင့္ ရွာေဖြေနမႈမ်ားအား ဦးေဆာင္ေနသည့္ ထိုင္းအရာရွိမ်ားက ထိုဂူလမ္းေၾကာင္းအနက္ပိုင္းတြင္ အေျခစိုက္စခန္းတစ္ခု တည္ထားလိုက္ၿပီျဖစ္သည္ဟု ဇူလိုင္ ၁ ရက္က ေျပာၾကားခဲ့ၾကသည္။ တစ္ခ်ိန္တည္းမွာပင္ ရာသီဥတုမွာလည္း အနည္းငယ္ ျပန္လည္ေကာင္းမြန္လာသျဖင့္ အေကာင္းျမင္မႈမ်ား ထြက္ေပၚလာၾကၿပီ ျဖစ္သည္။

အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္ၾကားရွိ ကေလးမ်ားႏွင့္ လက္ေထာက္ေဘာလံုးနည္းျပတစ္ဦးတို႔ကို ဇြန္ ၂၃ ရက္က ထိုင္းေျမာက္ပိုင္းရွိ Tham Luang ဂူထဲသို႔ ၀င္သြားခဲ့ၿပီး ေနာက္ပိုင္း အဆက္အသြယ္မရေတာ့ျခင္း ျဖစ္သည္။ ယင္းလူငယ္မ်ားအား အျပင္းအထန္ ရွာေဖြမႈမ်ားသည္ သည္းထန္စြာ ရြာသြန္းေနေသာ မုတ္သံုမိုးမ်ားေၾကာင့္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ်ားျဖစ္ေပၚခဲ့ရသည္။

သို႔ေသာ္ မိုးစဲသြားျခင္းႏွင့္ ႐ႈပ္ေထြးလွေသာ ဂူကြန္ရက္ထဲတြင္ လုပ္ငန္းအေျခစိုက္စခန္းတစ္ခု တည္ႏိုင္ျခင္းတို႔ေၾကာင့္ လူငယ္ ၁၃ ဦးအား မၾကာမီ ျပန္ေတြ႕ရန္ ေမွ်ာ္လင့္ခ်က္မ်ားကိုျမင့္တက္လာေစသည္။

“ကြၽန္ေတာ္တို႔ ဒီေန႔ လုပ္ရမွာကေတာ့ ကေလးေတြဆီ အျမန္သြားဖို႔ပါပဲ” ဟု ထိုင္း Navy Seal မွ ကြပ္ကဲေရးမွဴး ေရတပ္ဗိုလ္ခ်ဳပ္ အပါကြန္ယိုကြန္ေကာက ထိုေနရာတြင္ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

Tham Luang ဂူထဲရွိ ပတၱရားကမ္းေျခ ဟုေခၚေသာ ေလ၀င္ေလထြက္ရွိသည့္လိုဏ္ခန္းထဲ၌ လူငယ္မ်ား ရွိေနႏိုင္သည္ဟု ယူဆေနၾကသည္။ ကယ္ဆယ္ေရးသမားမ်ားက ထိုေနရာသို႔သြားႏိုင္ရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ဂူနံရံမ်ားတြင္ ေအာက္ဆီဂ်င္ဘူးမ်ား ထားရွိျခင္း၊ မီးမ်ားထြန္းျခင္းတို႔ကို လုပ္ေဆာင္လ်က္ ရွိၾကသည္။

ယခု တည္လိုက္သည္ဆိုေသာ အေျခစိုက္စခန္းသည္ ကယ္ဆယ္ေရးသမားမ်ားက လူငယ္မ်ားအား ေတြ႕ၿပီးေနာက္ အျပင္ထုတ္ရန္ ႀကိဳးပမ္းရာတြင္ ကူညီေပးျခင္း၊ လူငယ္မ်ားကို အစားအစာႏွင့္ ေဆးဘက္ဆိုင္ရာ ပံ့ပိုးေပးျခင္းတို႔ကို ခ်က္ခ်င္း လုပ္ေဆာင္ေပးႏိုင္မည္ျဖစ္သည္။

“ကယ္ဆယ္ၿပီးရင္ ဘာေတြလုပ္ဖို႔၊ ကုသမႈေတြကို ဘယ္လိုလုပ္ဖို႔ ကြၽန္ေတာ္တို႔မွာ အစီအစဥ္ေတြ ရွိပါတယ္” ဟု ခ်င္း႐ိုင္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး နာရြန္ဆက္အို ေဆာတန္နာခြန္က ေျပာၾကားခဲ့သည္။ ဂူ၏အေပၚမွ အေပါက္ေဖာက္ၿပီး ဂူထဲသို႔၀င္ရန္လည္း ႀကိဳးပမ္းေနသည့္ အေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔က ဂူကို ေဒါင္လိုက္ေဖာက္မွာ မဟုတ္ဘဲ ေစာင္းၿပီးေဖာက္မွ ျဖစ္တဲ့အတြက္ အခက္အခဲေတြရွိမယ္လုိ႔ေတာ့ ေမွ်ာ္မွန္းထားပါတယ္” ဟု ပထ၀ီနည္းပညာဆိုင္ရာ အင္ဂ်င္နီယာ ဆူသီဆက္ဆိုရာလပ္ကေျပာၾကားခဲ့သည္။

ဂူ၏ပင္မေပါက္၀ အျပင္ဘက္တြင္မူ အျခားအဖြဲ႕မ်ားသည္ ဂူ၏ ေဒါင္လိုက္ေျမာင္းမ်ားမွတစ္ဆင့္ ဂူထဲသို႔၀င္ရန္ နည္းလမ္းရွာေနၾကသည္။ ကယ္ဆယ္ေရးသမားမ်ားကလည္း လူငယ္မ်ားကိုေတြ႕လွ်င္ ေဆး႐ံုသို႔ အျမန္ေခၚေဆာင္သြားေရးအတြက္ ႀကိဳတင္ ေလ့က်င့္မႈမ်ားအား လုပ္ေဆာင္လ်က္ရွိသည္။ ထိုေဒသမွ ေရမ်ားကို စုပ္ထုတ္ေရးအတြက္ အနီးအနားရွိေက်းရြာတစ္ခုတြင္လည္း ေရစုပ္စက္ႀကီးမ်ားကို တပ္ဆင္ထားၾကသည္။

ထိုင္းႏိုင္ငံ၏ အရွည္လ်ားဆံုးဂူတစ္ဂူျဖစ္ေသာ Tham Luang သည္ သြားလာရန္ အခက္ခဲဆံုး ဂူတစ္ဂူလည္းျဖစ္သည္။ သို႔ေသာ္ ထိုထံုးေက်ာက္ဂူ၏ ပံုစံအရ အေပါက္မ်ားစြာ၊ ၀င္ေပါက္မ်ားစြာ ရွိေနႏိုင္သျဖင့္ ယင္းတို႔ကို ကင္မရာျဖင့္ ရွာေဖြႏိုင္ရန္ ကြၽမ္းက်င္သူမ်ားက ေမွ်ာ္မွန္းေနၾကသည္။

“အလားအလာေကာင္းေတြ အမ်ားႀကီးပါပဲ။ ဘယ္တုန္းကမွ ကြၽန္ေတာ္ မေပ်ာ္ခဲ့ရသလိုမ်ဳိး အခု ေပ်ာ္ေနပါတယ္” ဟု ထိုလူငယ္ေဘာလံုးအသင္း၏ နည္းျပခ်ဳပ္ ႏိုဘာရက္ခန္သာဗြန္က ဇူလိုင္ ၁ ရက္တြင္ ေျပာၾကားခဲ့သည္။

Ref: AFP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
လူငယ်များ ပိတ်မိနေသည့် ဂူအနက်ပိုင်းတွင် အခြေစိုက်စခန်းတစ်ခု တည်နိုင်ခဲ့

ထိုင်းဂူထဲ၌ လူငယ် ၁၃ ဦးကို အင်အား အလုံးအရင်းနှင့် ရှာဖွေနေမှုများအား ဦးဆောင်နေသည့် ထိုင်းအရာရှိများက ထိုဂူလမ်းကြောင်းအနက်ပိုင်းတွင် အခြေစိုက်စခန်းတစ်ခု တည်ထားလိုက်ပြီဖြစ်သည်ဟု ဇူလိုင် ၁ ရက်က ပြောကြားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ရာသီဥတုမှာလည်း အနည်းငယ် ပြန်လည်ကောင်းမွန်လာသဖြင့် အကောင်းမြင်မှုများ ထွက်ပေါ်လာကြပြီ ဖြစ်သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားရှိ ကလေးများနှင့် လက်ထောက်ဘောလုံးနည်းပြတစ်ဦးတို့ကို ဇွန် ၂၃ ရက်က ထိုင်းမြောက်ပိုင်းရှိ Tham Luang ဂူထဲသို့ ဝင်သွားခဲ့ပြီး နောက်ပိုင်း အဆက်အသွယ်မရတော့ခြင်း ဖြစ်သည်။ ယင်းလူငယ်များအား အပြင်းအထန် ရှာဖွေမှုများသည် သည်းထန်စွာ ရွာသွန်းနေသော မုတ်သုံမိုးများကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရသည်။

သို့သော် မိုးစဲသွားခြင်းနှင့် ရှုပ်ထွေးလှသော ဂူကွန်ရက်ထဲတွင် လုပ်ငန်းအခြေစိုက်စခန်းတစ်ခု တည်နိုင်ခြင်းတို့ကြောင့် လူငယ် ၁၃ ဦးအား မကြာမီ ပြန်တွေ့ရန် မျှော်လင့်ချက်များကိုမြင့်တက်လာစေသည်။

“ကျွန်တော်တို့ ဒီနေ့ လုပ်ရမှာကတော့ ကလေးတွေဆီ အမြန်သွားဖို့ပါပဲ” ဟု ထိုင်း Navy Seal မှ ကွပ်ကဲရေးမှူး ရေတပ်ဗိုလ်ချုပ် အပါကွန်ယိုကွန်ကောက ထိုနေရာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Tham Luang ဂူထဲရှိ ပတ္တရားကမ်းခြေ ဟုခေါ်သော လေဝင်လေထွက်ရှိသည့်လိုဏ်ခန်းထဲ၌ လူငယ်များ ရှိနေနိုင်သည်ဟု ယူဆနေကြသည်။ ကယ်ဆယ်ရေးသမားများက ထိုနေရာသို့သွားနိုင်ရန် မျှော်လင့်ချက်ဖြင့် ဂူနံရံများတွင် အောက်ဆီဂျင်ဘူးများ ထားရှိခြင်း၊ မီးများထွန်းခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြသည်။

ယခု တည်လိုက်သည်ဆိုသော အခြေစိုက်စခန်းသည် ကယ်ဆယ်ရေးသမားများက လူငယ်များအား တွေ့ပြီးနောက် အပြင်ထုတ်ရန် ကြိုးပမ်းရာတွင် ကူညီပေးခြင်း၊ လူငယ်များကို အစားအစာနှင့် ဆေးဘက်ဆိုင်ရာ ပံ့ပိုးပေးခြင်းတို့ကို ချက်ချင်း လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

“ကယ်ဆယ်ပြီးရင် ဘာတွေလုပ်ဖို့၊ ကုသမှုတွေကို ဘယ်လိုလုပ်ဖို့ ကျွန်တော်တို့မှာ အစီအစဉ်တွေ ရှိပါတယ်” ဟု ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး နာရွန်ဆက်အို ဆောတန်နာခွန်က ပြောကြားခဲ့သည်။ ဂူ၏အပေါ်မှ အပေါက်ဖောက်ပြီး ဂူထဲသို့ဝင်ရန်လည်း ကြိုးပမ်းနေသည့် အကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဂူကို ဒေါင်လိုက်ဖောက်မှာ မဟုတ်ဘဲ စောင်းပြီးဖောက်မှ ဖြစ်တဲ့အတွက် အခက်အခဲတွေရှိမယ်လို့တော့ မျှော်မှန်းထားပါတယ်” ဟု ပထဝီနည်းပညာဆိုင်ရာ အင်ဂျင်နီယာ ဆူသီဆက်ဆိုရာလပ်ကပြောကြားခဲ့သည်။

ဂူ၏ပင်မပေါက်၀ အပြင်ဘက်တွင်မူ အခြားအဖွဲ့များသည် ဂူ၏ ဒေါင်လိုက်မြောင်းများမှတစ်ဆင့် ဂူထဲသို့ဝင်ရန် နည်းလမ်းရှာနေကြသည်။ ကယ်ဆယ်ရေးသမားများကလည်း လူငယ်များကိုတွေ့လျှင် ဆေးရုံသို့ အမြန်ခေါ်ဆောင်သွားရေးအတွက် ကြိုတင် လေ့ကျင့်မှုများအား လုပ်ဆောင်လျက်ရှိသည်။ ထိုဒေသမှ ရေများကို စုပ်ထုတ်ရေးအတွက် အနီးအနားရှိကျေးရွာတစ်ခုတွင်လည်း ရေစုပ်စက်ကြီးများကို တပ်ဆင်ထားကြသည်။

ထိုင်းနိုင်ငံ၏ အရှည်လျားဆုံးဂူတစ်ဂူဖြစ်သော Tham Luang သည် သွားလာရန် အခက်ခဲဆုံး ဂူတစ်ဂူလည်းဖြစ်သည်။ သို့သော် ထိုထုံးကျောက်ဂူ၏ ပုံစံအရ အပေါက်များစွာ၊ ဝင်ပေါက်များစွာ ရှိနေနိုင်သဖြင့် ယင်းတို့ကို ကင်မရာဖြင့် ရှာဖွေနိုင်ရန် ကျွမ်းကျင်သူများက မျှော်မှန်းနေကြသည်။

“အလားအလာကောင်းတွေ အများကြီးပါပဲ။ ဘယ်တုန်းကမှ ကျွန်တော် မပျော်ခဲ့ရသလိုမျိုး အခု ပျော်နေပါတယ်” ဟု ထိုလူငယ်ဘောလုံးအသင်း၏ နည်းပြချုပ် နိုဘာရက်ခန်သာဗွန်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top