×




Credit: tinlayzaw 5,7,18
# Unicode Version ဖြင့် ဖတ်ပါ #
၁၀.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီ ခွဲအချိန် သထုံမြို့နယ် ×××× ရပ်ကွက် နေထိုင်သူ ဦး××××× ၄၅ နှစ်အား သိမ်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးက ၎င်းအိမ်တွင် လာရောက် ခေါ်၍ သွားခဲ့ရာသမီး ဖြစ်သူ မ×××××၁၅ နှစ် ကျောင်းသူနှင့် အုပ်ချုပ်ရေးမှုးရုံးတွင် တွေ့ပြီး ဖြစ်စဉ်အား မေးမြန်း စုံစမ်း ကြည့်ရာ ဖခင်၏ညီဖြစ်သူ ဦးလေးတော်စပ်သူ အောင်မျိုးမင်း ၄၁ နှစ် နှင့်လွန်ခဲ့သည့် ၄ လခန့်ကခြင်ထောင် ခြင်း ကပ်လျက် ယှဉ်၍ အိပ်ခဲ့ရာ ဦးလေးဖြစ်သူက ၎င်း၏ ခြင်ထောင် အတွင်းဆွဲသွင်း၍ ချုပ်နှောင် ကာ ပါးစပ်ကို ပိတ်ပြီး “မအော်နဲ ..သတ်ပစ်မယ်၊ပြောဆိုပြီး သားမယားအဖြစ် ပြုကျင့်ရာ ယခုအချိန်ထိ ၁၀ ကြိမ် ဖြစ်ကြောင်း ပြောပြသည်။

မ×××××သည် ရန်ကုန်မြို့ နေ အဒေါ်ဖြစ်သူ ဒေါ်×××× နှင့် သွားရောက်နေထိုင်ပြီး ၉.၆.၂၀၁၈ နေ့တွင် ရန်ကုန်မှ နေအိမ်သို့ ပြန်ရောက်ပြီး ၁၀.၆.၂၀၁၈ည သန်းခေါင် အချိန် အဖွားဖြစ်သူနှင့်အတူ အိပ်နေစဉ် အောင်မျိုးမင်း ကခြေထောက် ကို ဆွဲသဖြင့် ရုန်းကန်ခဲ့ရာ နံနက် ပိုင်းတွင် အောင်မျိုးမင်း မှလိုက်လံ ရိုက်နှက် ခဲ့ရာ ထွက်ပြေး ပြီးရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး သို့ ယခုလိုလာရောက် တိုင်ကြား ရခြင်းဖြစ်ကြောင်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ မ×××××၏ ဖခင်ဖြစ်သူ က ဥပဒေ အရ အရေးယူပေးရန် သိမ်ဆိပ် နယ်မြေ ရဲစခန်း သို့ တရားလိုပြုလုပ်ပြီး တိုင်ကြားရာ ရဲစခန်းမှ ပုဒ်မ ၃၇၆ အရ အမှု့ဖွင့် စစ်ဆေး နေကြောင်း ဂျာနယ် တွင် ရေးသားဖော်ပြ ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: tinlayzaw 5,7,18
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top