ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဇြန္လ ၁၁ ရက္ေန႔က YBS ယာဥ္လိုင္းအမွတ္ ၈၃ ကို စီနင္းလိုက္ပါခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးကို ခရီးသည္အျပည့္ပါတဲ့ ယာဥ္ေပၚမွာ အသက္အႏၲရာယ္ၿခိမ္းေျခာက္ၿပီး ကိုယ္ထိလက္ေရာက္ေစာ္ကားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပ်က္ခဲ့တယ္လို႔ ကာယကံရွင္ အမ်ိဳးသမီးက သူမရဲ့ လူမွုကြန္ယက္ေပၚမွာ ဓါတ္ပုံမ်ားနဲ႔တစ္ကြ ေရးသားခဲ့ၿပီး ျပန္လည္မၽွေဝသူ၊ ေဒါသထြက္ ေဝဖန္သူေတြ မ်ားျပားခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ႀကီးမွာ ရဲတပ္ဖြဲဝင္ေတြကလည္း ေနရာမလပ္ အခ်ိန္မနား လုံျခဳံေရးအတြက္ တာဝန္ထမ္းေဆာင္ေနၾကေပမယ့္ ျပည္သူေတြ က်င္လည္က်က္စားတဲ့ ေနရာေတြမွာ ခန႔္မွန္းလို႔မရတဲ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ မိုက္ေၾကးခြဲ၊ ေစာ္ကားရန္ျပဳေနတဲ့ ဒုစရိုက္မွာ ေပ်ာ္ေမြ႕သူေတြကလည္း စိမ့္ဝင္ေနလၽွက္ လစ္ရင္လစ္သလို ရန္ျပဳေစာ္ကားေနၾကဆဲျဖစ္ပါတယ္။

ကာယကံရွင္မိန္းကေလး ကိုယ္တိုင္ၾကဳံေတြခဲ့ရတဲ့ အျဖစ္ပ်က္မ်ိဳးဟာ ပတ္ဝန္းက်င္က ျပည္သူအခ်င္ခ်င္း တာဝန္သိစိတ္နဲ႔ ပူးေပါင္းေျဖရွင္းမွသာ ဒီလိုရိုင္းစိုင္းၿပီး လူမွုပတ္ဝန္းက်င္ကို မထီမဲ့ျမင္ျပဳသူေတြကို ပေပ်ာက္ေစမွာသာျဖစ္ပါတယ္။

May Phoo Ngone Tun အေကာင့္ပိုင္ရွင္ မိန္းကေလးက ကိုယ္တိုင္ၾကဳံေတြ႕ခဲ့တဲ့ အျဖစ္ပ်က္ေတြကို မူရင္းအတိုင္း ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။


**********************


ယ​ေန႔ YBS ၈၃ ​ေပၚမွ ၿခိမ္း​ေျခာက္​ခံရ​ေသာအျဖစ္​အပ်က္​ ( 4:30 - 5:00 pm ခန႔္)

ဒီ​ေန႔ ည​ေန 4:30 ​ေလာက္​မွာ ရွစ္​မိုင္​( Junction 8 ) မွတ္​တိုင္​​က​ေန YBS 83 စီးပါတယ္​။ ကား​ေပၚ​ေရာက္​​​ေတာ့ ထိုင္​ခုံႏွစ္​​ေနရာရွိပါတယ္​။

တစ္​​ေနရာက ေနာက္​ဆုံးတန္းရဲ့​အ​ေရွ႕ ဘယ္​ဘက္ျခမ္းက လူသြားလမ္း ကပ္​ရပ္​​ေနရာပါ။ ​ေနာက္​တစ္​​ေနရာက ​ ​​ေနာက္​ဆုံးတန္း(၅​ေယာက္​တန္း)က အလယ္​​ေနရာ။ ​ေနာက္​ဆုံးတန္းမွာ ​ေယာက္​က်ား​ေလး​ေတြခ်ည္းပဲမို႔ ​ေနာက္​ဆုံးတန္းရဲ့ အ​ေရွ႕ခုံမွာ ထိုင္​ဖို႔ၾကည့္လိုက္​​ေတာ့ ​ေနာက္​ဆုံးတန္းမွာ ထိုင္​​ေနတဲ့လူက အဲဒီခုံရဲ့​ေခါင္းမွီတဲ့​ေနရာကို ​ေျခ​ေထာက္​တင္​ထားပါတယ္​။

အဲဒါနဲ႔ ​ကၽြန္​မထိုင္​လိုက္​ရင္​ ​ေခါင္းနဲ႔ထိ​ေနမွာစိုးလို႔​ ေျခ​ေထာက္​​ဖယ္​​ေပးဖို႔ ​​ေကာင္းေကာင္းမြန္​မြန္​​ေျပာပါတယ္​။ ကၽြန္​မကို မၾကည္​ၾကည့္နဲ႔ၾကည့္ၿပီး ​ေျခ​ေထာက္​ကို​ ေအာက္​ခ်လိုက္​ပါတယ္​။ ကၽြန္​မအဲဒီခုံမွာထိုင္​ၿပီး ခဏ​ေန​ေတာ့ ကြမ္းတံ​ေတြး တဗ်စ္​ဗ်စ္​​ေထြးသံၾကားပါတယ္​ (အိတ္​ထဲ​ေထြးသလား ဘယ္​​ေထြးသလဲ​ေတာ့မျမင္​ရ​ေတာ့မသိပါဘူး)။ အဲဒါနဲ႔ ​ေဘးက အန္​တီႀကီးက ကၽြန္​မ​ေခါင္းကို ကြမ္းတံ​ေတြးစင္​မွာဆိုးလို႔လားမသိ ကၽြန္​မကို အ​ေရွ႕နည္းနည္းဆြဲလိုက္​ပါတယ္​။

ခဏ​ေန​ေတာ့ ကၽြန္​မလွည့္ၾကည့္ေတာ့ ​ေျခ​ေထာက္​ကို နဂိုပုံစံအတိုင္း(ကၽြန္​မ​ေခါင္းနားကို)ျပန္​တင္​ထားပါတယ္​။ ကၽြန္​မလဲ​ ​"ေျခ​ေထာက္​ကိုဖယ္​​ေပးပါ" လို႔​ေျပာ​ေတာ့ ဘာမွမ​ေျပာပဲ ကၽြန္​မကို​ေသခ်ာၾကည့္ေနပါတယ္​။ ကၽြန္​မလဲစိတ္​မရွည္​​ေတာ့လို႔​ -

"​ေျပာ​ေနတာမၾကားဘူးလား၊ ျမန္​မာစကား နားမလည္​ဘူးလား" လို႔​ေျပာ​ေတာ့ " ဒီကားကိုမင္းပိုင္​လို႔လား ငါ့ဟာငါ​​ေနခ်င္​သလို​ေနမယ္​တဲ့ " "အသက္​ရွည္​ခ်င္​ရင္​​ေအး​ေဆး​ေန" " အသက္​မ​ေသခ်င္​ရင္​​ေအး​ေဆး​ေန" " လွိုင္​သာယာသား​ေတြ ဘာမွတ္​​ေနလဲ" လို႔​ ကၽြန္​မကို ၿခိမ္း​ေျခာက္​ပါတယ္​။

ကၽြန္​မလဲ စိတ္​တိုၿပီးဘာလုပ္​ရင္​​ေကာင္းမလဲ စဥ္းစား​ေနတုန္း ​ေဘးကအန္​တီႀကီးက "သမီးရယ္​ ​ေျပာမ​ေနပါနဲ႔​ေတာ့ သူက ​0 level ​ေလ ။ အ​ေရွ႕ကခုံမွာပဲ လြတ္​ရင္​​ေရႊ႕ထိုင္​လိုက္​" လို႔ ​ေျပာလို႔ ကၽြန္​မလဲ ဘာမွထပ္​မ​ေျပာပဲ ဒီတိုင္းဆက္​​ထိုင္​​ေနပါတယ္​။

ခဏ​ေန​ေတာ့ ​ေရွ႕တစ္​ခုံ​ေက်ာ္​​ေလာက္​ဆင္းသြားလို႔ အဲဒီမွာ​ေျပာင္းထိုင္​လိုက္​ပါတယ္​ (လူသြားလမ္းကပ္​ရပ္​ပါပဲ)။ အဲလိုပဲလိုက္​လာခဲ့တာ ဗိုလ္​ခ်ဳပ္​မွတ္​တိုင္​နား​ေရာက္​​ေတာ့ ကၽြန္​မ​ေခါင္းကို လူတစ္​​ေယာက္​ရိုက္​လိုက္​လို႔ ၾကည့္လိုက္​​ေတာ့ ခုနက အဲဒီလူပါပဲ။ တမင္​ရိုက္​ၿပီး ကားတံခါးနားကိုသြားပါတယ္​။ ကၽြန္​မလဲ "ကို security ​ေရ ကၽြန္​မ​ေခါင္းကို ရိုက္​သြားလို႔ပါလို႔​ ေအာ္​​ေတာ့ အဲဒီလူကလွည့္ၾကည့္ၿပီး ဘယ္​မွာရိုက္​လို႔လဲ လို႔​ေျပာ​ေတာ့ ခင္​ဗ်ား ကၽြန္​မ​ေခါင္းကို ရိုက္​သြားတယ္​​ေလ မဟုတ္​ဘူးလားလို႔​ေမး​ေတာ့ ကၽြန္​မကို​ေသခ်ာၾကည့္ၿပီး ဟိုဘက္​လွည့္သြားပါတယ္​။ ဗိုလ္​ခ်ဳပ္​မွတ္​တိုင္​မွာ ဆင္းသြားပါတယ္​။ (security အစ္​ကိုႀကီးက​ေတာ့ အ​ေရွ႕ကျဖစ္​တဲ့ျပသနာကို မသိ​ေတာ့ မ​ေတာ္​တဆျဖစ္​တယ္​ ထင္​သြားပါတယ္​)။

Bus ​ေပၚမွာ ထိုင္​ခုံအျပည့္ လူပါပါတယ္​ ။ မတ္​တပ္​​ေတာင္​ နည္းနည္းပါ​ေသးတယ္​။ ဒီ​ေလာက္​လူမ်ားတဲ့ ​ေနရာမွာ​ေတာင္​ အသက္​အႏၲရာယ္​ကို ၿခိမ္းေျခာက္​ရဲတဲ့အ​ေျခအ​ေန ျဖစ္​​ေနၿပီလား..? သူတို႔ကအဲလိုၿခိမ္း​ေျခာက္​ရင္​​ေရာ မိန္းက​ေလးမို႔​ေၾကာက္​ၿပီး ၿငိမ္​​ေနရ​ေတာ့မွာလား..? ကိုယ္​မွန္​​ေနရင္​​ေတာင္​ မိန္းက​ေလးမို႔​ေၾကာက္​ၿပီး သူတို႔​ေျပာသလို​ ေနလိုက္​ရ​ေတာ့မွာလား..?  အဲဒီလိုသာဆို ဒီလိုလူ​ေတြက ပိုၿပီး​ေတာ့​ေတာင္​ အတင့္ရဲလာၾကဦးမွာမဟုတ္​လား။
အဲဒီလူဆင္းခါနီး ဓာတ္​ပုံရိုက္​ထားဖို႔သတိရလို႔ ရိုက္​လိုက္​​ေပမယ့္ မ်က္​ႏွာမျမင္​ရဘူး။ သူကိုရိုက္​မွန္းသိလို႔ တမင္​ကြယ္​လိုက္​တာ။

ကိုယ့္ေရွ႕မွာ မိန္းက​ေလးတစ္​​ေယာက္​ အဲလိုျဖစ္​​ေနရင္​ အတတ္​နိုင္​ဆုံး ရိုင္းပင္းကူညီ​ေပးၾကဖို႔လဲ ​ေမတၱာရပ္​ခံခ်င္​ပါတယ္​။

Edit :
ကားဂိတ္​ထိလိုက္​ၿပီး cctv record ရမလားလို႔သြား​ေမး​ပါတယ္​ ဒီတိုင္း​ေတာ့ cctv ကို ျပန္​ျပခြင့္မရွိဘူး ရဲတိုင္​ၿပီး ရဲပါလာရင္​​ေတာ့ သူတို႔​ ​ေပးလိုက္​လို႔ရတယ္။ ကားနံပါတ္​နဲ႔ အခ်ိန္​မွတ္​ထားၿပီး အခ်ိန္​မ​ေရြးလာယူလို႔ရတယ္​​ ေျပာပါတယ္​။ security အစ္​ကိုႀကီးကလဲ စျဖစ္​ကတည္းက ​လာေျပာရင္​ သူတို႔တစ္​ခုခုလုပ္​​ေပးလို႔ရ​ေၾကာင္းေတာ့​ ေျပာပါတယ္​။

မိန္းက​ေလးမ်ား အဲလိုလူ​ေတြကို သတိထားၾကဖို႔ ၊ ​​ေယာက္က်ား​ေလးမ်ား ျဖစ္​နိုင္​ရင္​ ကူညီ​ေပးၾကဖို႔​ ေျပာခ်င္​တာပါ (​ေယာက္က်ား​ေလးအခ်င္းခ်င္းဆို စကားဝင္​​ေျပာလိုက္​ရင္​ကို ရွိန္​ပါတယ္​)

*******************

ဒီအေၾကာင္းအရာကို ဖတ္ၿပီးတဲ့အဆုံးမွာ မိတ္ေဆြဆိုရင္ေရာ ဘယ္လို ေျဖရွင္းမလဲဆိုတဲ့ အႀကံျပဳခ်က္ ကြန္မန႔္ေလး တစ္ေၾကာင္းတစ္ေလက ျပည္သူေတြအားလုံးကို အက်ိဳးျပဳေစနိုင္မွာမို႔ မန႔္ခဲၾကပါဦးလို႔ ေမတၱာရပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ဇွန်လ ၁၁ ရက်နေ့က YBS ယာဉ်လိုင်းအမှတ် ၈၃ ကို စီနင်းလိုက်ပါခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ခရီးသည်အပြည့်ပါတဲ့ ယာဉ်ပေါ်မှာ အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ကိုယ်ထိလက်ရောက်စော်ကားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ဓါတ်ပုံများနဲ့တစ်ကွ ရေးသားခဲ့ပြီး ပြန်လည်မျှဝေသူ၊ ဒေါသထွက် ဝေဖန်သူတွေ များပြားခဲ့ပါတယ်။

ရန်ကုန်မြို့ကြီးမှာ ရဲတပ်ဖွဲဝင်တွေကလည်း နေရာမလပ် အချိန်မနား လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြပေမယ့် ပြည်သူတွေ ကျင်လည်ကျက်စားတဲ့ နေရာတွေမှာ ခန့်မှန်းလို့မရတဲ့ ပုံစံအမျိုးမျိုးနဲ့ မိုက်ကြေးခွဲ၊ စော်ကားရန်ပြုနေတဲ့ ဒုစရိုက်မှာ ပျော်မွေ့သူတွေကလည်း စိမ့်ဝင်နေလျှက် လစ်ရင်လစ်သလို ရန်ပြုစော်ကားနေကြဆဲဖြစ်ပါတယ်။

ကာယကံရှင်မိန်းကလေး ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့ အဖြစ်ပျက်မျိုးဟာ ပတ်ဝန်းကျင်က ပြည်သူအချင်ချင်း တာဝန်သိစိတ်နဲ့ ပူးပေါင်းဖြေရှင်းမှသာ ဒီလိုရိုင်းစိုင်းပြီး လူမှုပတ်ဝန်းကျင်ကို မထီမဲ့မြင်ပြုသူတွေကို ပပျောက်စေမှာသာဖြစ်ပါတယ်။

May Phoo Ngone Tun အကောင့်ပိုင်ရှင် မိန်းကလေးက ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အဖြစ်ပျက်တွေကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

**********************
ယနေ့ YBS ၈၃ ပေါ်မှ ခြိမ်းခြောက်ခံရသောအဖြစ်အပျက် ( 4:30 - 5:00 pm ခန့်)

ဒီနေ့ ညနေ 4:30 လောက်မှာ ရှစ်မိုင်( Junction 8 ) မှတ်တိုင်ကနေ YBS 83 စီးပါတယ်။ ကားပေါ်ရောက်တော့ ထိုင်ခုံနှစ်နေရာရှိပါတယ်။

တစ်နေရာက နောက်ဆုံးတန်းရဲ့အရှေ့ ဘယ်ဘက်ခြမ်းက လူသွားလမ်း ကပ်ရပ်နေရာပါ။ နောက်တစ်နေရာက  နောက်ဆုံးတန်း(၅ယောက်တန်း)က အလယ်နေရာ။ နောက်ဆုံးတန်းမှာ ယောက်ကျားလေးတွေချည်းပဲမို့ နောက်ဆုံးတန်းရဲ့ အရှေ့ခုံမှာ ထိုင်ဖို့ကြည့်လိုက်တော့ နောက်ဆုံးတန်းမှာ ထိုင်နေတဲ့လူက အဲဒီခုံရဲ့ခေါင်းမှီတဲ့နေရာကို ခြေထောက်တင်ထားပါတယ်။

အဲဒါနဲ့ ကျွန်မထိုင်လိုက်ရင် ခေါင်းနဲ့ထိနေမှာစိုးလို့ ခြေထောက်ဖယ်ပေးဖို့ ကောင်းကောင်းမွန်မွန်ပြောပါတယ်။ ကျွန်မကို မကြည်ကြည့်နဲ့ကြည့်ပြီး ခြေထောက်ကို အောက်ချလိုက်ပါတယ်။ ကျွန်မအဲဒီခုံမှာထိုင်ပြီး ခဏနေတော့ ကွမ်းတံတွေး တဗျစ်ဗျစ်ထွေးသံကြားပါတယ် (အိတ်ထဲထွေးသလား ဘယ်ထွေးသလဲတော့မမြင်ရတော့မသိပါဘူး)။ အဲဒါနဲ့ ဘေးက အန်တီကြီးက ကျွန်မခေါင်းကို ကွမ်းတံတွေးစင်မှာဆိုးလို့လားမသိ ကျွန်မကို အရှေ့နည်းနည်းဆွဲလိုက်ပါတယ်။

ခဏနေတော့ ကျွန်မလှည့်ကြည့်တော့ ခြေထောက်ကို နဂိုပုံစံအတိုင်း(ကျွန်မခေါင်းနားကို)ပြန်တင်ထားပါတယ်။ ကျွန်မလဲ "ခြေထောက်ကိုဖယ်ပေးပါ" လို့ပြောတော့ ဘာမှမပြောပဲ ကျွန်မကိုသေချာကြည့်နေပါတယ်။ ကျွန်မလဲစိတ်မရှည်တော့လို့ -

"ပြောနေတာမကြားဘူးလား၊ မြန်မာစကား နားမလည်ဘူးလား" လို့ပြောတော့ " ဒီကားကိုမင်းပိုင်လို့လား ငါ့ဟာငါနေချင်သလိုနေမယ်တဲ့ " "အသက်ရှည်ချင်ရင်အေးဆေးနေ" " အသက်မသေချင်ရင်အေးဆေးနေ" " လှိုင်သာယာသားတွေ ဘာမှတ်နေလဲ" လို့ ကျွန်မကို ခြိမ်းခြောက်ပါတယ်။

ကျွန်မလဲ စိတ်တိုပြီးဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်း ဘေးကအန်တီကြီးက "သမီးရယ် ပြောမနေပါနဲ့တော့ သူက 0 level လေ ။ အရှေ့ကခုံမှာပဲ လွတ်ရင်ရွှေ့ထိုင်လိုက်" လို့ ပြောလို့ ကျွန်မလဲ ဘာမှထပ်မပြောပဲ ဒီတိုင်းဆက်ထိုင်နေပါတယ်။

ခဏနေတော့ ရှေ့တစ်ခုံကျော်လောက်ဆင်းသွားလို့ အဲဒီမှာပြောင်းထိုင်လိုက်ပါတယ် (လူသွားလမ်းကပ်ရပ်ပါပဲ)။ အဲလိုပဲလိုက်လာခဲ့တာ ဗိုလ်ချုပ်မှတ်တိုင်နားရောက်တော့ ကျွန်မခေါင်းကို လူတစ်ယောက်ရိုက်လိုက်လို့ ကြည့်လိုက်တော့ ခုနက အဲဒီလူပါပဲ။ တမင်ရိုက်ပြီး ကားတံခါးနားကိုသွားပါတယ်။ ကျွန်မလဲ "ကို security ရေ ကျွန်မခေါင်းကို ရိုက်သွားလို့ပါလို့ အော်တော့ အဲဒီလူကလှည့်ကြည့်ပြီး ဘယ်မှာရိုက်လို့လဲ လို့ပြောတော့ ခင်ဗျား ကျွန်မခေါင်းကို ရိုက်သွားတယ်လေ မဟုတ်ဘူးလားလို့မေးတော့ ကျွန်မကိုသေချာကြည့်ပြီး ဟိုဘက်လှည့်သွားပါတယ်။ ဗိုလ်ချုပ်မှတ်တိုင်မှာ ဆင်းသွားပါတယ်။ (security အစ်ကိုကြီးကတော့ အရှေ့ကဖြစ်တဲ့ပြသနာကို မသိတော့ မတော်တဆဖြစ်တယ် ထင်သွားပါတယ်)။

Bus ပေါ်မှာ ထိုင်ခုံအပြည့် လူပါပါတယ် ။ မတ်တပ်တောင် နည်းနည်းပါသေးတယ်။ ဒီလောက်လူများတဲ့ နေရာမှာတောင် အသက်အန္တရာယ်ကို ခြိမ်းခြောက်ရဲတဲ့အခြေအနေ ဖြစ်နေပြီလား..? သူတို့ကအဲလိုခြိမ်းခြောက်ရင်ရော မိန်းကလေးမို့ကြောက်ပြီး ငြိမ်နေရတော့မှာလား..? ကိုယ်မှန်နေရင်တောင် မိန်းကလေးမို့ကြောက်ပြီး သူတို့ပြောသလို နေလိုက်ရတော့မှာလား..?  အဲဒီလိုသာဆို ဒီလိုလူတွေက ပိုပြီးတော့တောင် အတင့်ရဲလာကြဦးမှာမဟုတ်လား။
အဲဒီလူဆင်းခါနီး ဓာတ်ပုံရိုက်ထားဖို့သတိရလို့ ရိုက်လိုက်ပေမယ့် မျက်နှာမမြင်ရဘူး။ သူကိုရိုက်မှန်းသိလို့ တမင်ကွယ်လိုက်တာ။

ကိုယ့်ရှေ့မှာ မိန်းကလေးတစ်ယောက် အဲလိုဖြစ်နေရင် အတတ်နိုင်ဆုံး ရိုင်းပင်းကူညီပေးကြဖို့လဲ မေတ္တာရပ်ခံချင်ပါတယ်။

Edit :
ကားဂိတ်ထိလိုက်ပြီး cctv record ရမလားလို့သွားမေးပါတယ် ဒီတိုင်းတော့ cctv ကို ပြန်ပြခွင့်မရှိဘူး ရဲတိုင်ပြီး ရဲပါလာရင်တော့ သူတို့ ပေးလိုက်လို့ရတယ်။ ကားနံပါတ်နဲ့ အချိန်မှတ်ထားပြီး အချိန်မရွေးလာယူလို့ရတယ် ပြောပါတယ်။ security အစ်ကိုကြီးကလဲ စဖြစ်ကတည်းက လာပြောရင် သူတို့တစ်ခုခုလုပ်ပေးလို့ရကြောင်းတော့ ပြောပါတယ်။

မိန်းကလေးများ အဲလိုလူတွေကို သတိထားကြဖို့ ၊ ယောက်ကျားလေးများ ဖြစ်နိုင်ရင် ကူညီပေးကြဖို့ ပြောချင်တာပါ (ယောက်ကျားလေးအချင်းချင်းဆို စကားဝင်ပြောလိုက်ရင်ကို ရှိန်ပါတယ်)

*******************

ဒီအကြောင်းအရာကို ဖတ်ပြီးတဲ့အဆုံးမှာ မိတ်ဆွေဆိုရင်ရော ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အကြံပြုချက် ကွန်မန့်လေး တစ်ကြောင်းတစ်လေက ပြည်သူတွေအားလုံးကို အကျိုးပြုစေနိုင်မှာမို့ မန့်ခဲကြပါဦးလို့ မေတ္တာရပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top