ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ရန္ကုန္မွ သံလၽွင္သို႔ေျပးဆြဲသည့္ YBS ၉၅ ယာဥ္လိုင္းမွ ယာဥ္ေမာင္းအား လမ္းေၾကာင္း (တစ္စိတ္တစ္ပိုင္း)တူေျပးဆြဲသည့္ YBS ၇၆ ယာဥ္လိုင္းမွ ယာဥ္ေမာင္းႏွင့္ အမ်ိဳးသား ၅ ဦးတို႔က လမ္းတြင္ ပိတ္ဆို႔ရပ္တန႔္ကာ ေမာ္ေတာ္ယာဥ္ေပၚတက္ၿပီး ထိုးႀကိတ္မွု ဇြန္လ ၇ ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ဇြန္လ(၇)ရက္ေန႔ ည(၉:၃၀) အခ်ိန္ခန႔္တြင္ YBS ၉၅ ယာဥ္လိုင္းမွ ယာဥ္ေမာင္း ဦးထြန္းထြန္းနိုင္ ေမာင္းႏွင္ေသာ ယာဥ္အမွတ္ 9N/---------- ယာဥ္သည္ ဂိတ္မွူးဦးနိုင္လင္း အပါအဝင္ ခရီးသည္မ်ားတင္ေဆာင္၍ လမ္းေၾကာင္းအတိုင္း တာေမြၿမိဳ႕နယ္ မွ ေက်ာက္တန္းၿမိဳ႕သို႔ ထြက္ခြာခဲ့ရာ တာေမြဗလီမွတ္တိုင္မွစ၍ YBS ၇၆ ယာဥ္လိုင္း ႏွင့္ လမ္းေၾကာင္းတူ ေမာင္းႏွင္လာခဲ့သည္။

သန္လ်င္ၿမိဳ႕နယ္ ပ်ဥ္ေထာင္ေက်ာင္းေက်းရြာ သန္လ်င္/ေက်ာက္တန္းလမ္း ဆက္သြယ္ေရးဂိတ္ဝ မွတ္တိုင္ အေရာက္တြင္ YBS ၇၆ ယာဥ္လိုင္းမွ ယာဥ္အမွတ္ 5L/-------- ယာဥ္သည္ YBS ၉၅ ယာဥ္လိုင္း ဦးထြန္းထြန္းနိုင္ ေမာင္းႏွင္ေသာ 9N/-------- ယာဥ္အား ေက်ာ္တက္၍ ကန႔္လန႔္ပိတ္ရပ္ကာ YBS ၇၆ မွ ယာဥ္ေမာင္းပါ အမည္မသိအမ်ိဳးသား ၆ ဦးသည္ YBS ၉၅ ယာဥ္ေပၚသိုတက္လာၿပီး -

"မင္းတို႔ကားေတြဒီအခ်ိန္ထိဆြဲတုန္းလား” ဟု ေျပာဆိုကာ ယာဥ္ေမာင္း ဦးထြန္းထြန္နိုင္ အားဝိုင္းဝန္း ထိုးႀကိတ္ခဲ့ၾကသည္။ ထိုးႀကိတ္ခံရမွုေၾကာင့္ ဦးထြန္းထြန္းနိုင္တြင္ ဦးေခါင္းနာက်င္ဒဏ္ရာ၊ ဝဲမ်က္လုံးဖူးေရာင္ဒဏ္ရာ၊ ေအာက္ႏွုတ္ခမ္းေပါက္ျပဲဒဏ္ရာ၊ လည္ပင္းနာက်င္ဒဏ္ရာမ်ား ရရွိသျဖင့္ သန္လ်င္ေဆး႐ုံတြင္ အတြင္းလူနာ(မစိုးရိမ္ရ) ျဖင့္ တင္ပို႔ကုသခဲ့သည္။

အဆိုပါျဖစ္စဥ္ကို YBS - ၉၅ ယာဥ္ေမာင္း ဦးထြန္းထြန္းနိုင္ မွ သန္လ်င္ၿမိဳ႕မရဲစခန္းသို တရားလိုလုပ္ တိုင္ၾကားသျဖင့္အမွုစစ္ ဒုရဲအုပ္ မ်ိဳးျမင့္သူ မွ ယာဥ္အမွတ္ 5L/---------- ယာဥ္ေမာင္းပါ အမည္မသိ အမ်ိဳးသား(၆)ဦးအား (ပ)၁၆၄၈/၂၀၁၈-ပုဒ္မ ၃၄၁/၃၂၅/၁၁၄ တို႔ျဖင့္ အမွုဖြင့္လွစ္ၿပီး ျပစ္မွုက်ဴးလြန္သူမ်ားကို အျမန္ဆုံးဖမ္းဆီးနိုင္ေရးအတြက္ စုံစမ္းစစ္ေဆးေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေက်ာ္ေက်ာ္(သန္လ်င္)

#Unicode Version#
ရန်ကုန်မှ သံလျှင်သို့ပြေးဆွဲသည့် YBS ၉၅ ယာဉ်လိုင်းမှ ယာဉ်မောင်းအား လမ်းကြောင်း (တစ်စိတ်တစ်ပိုင်း)တူပြေးဆွဲသည့် YBS ၇၆ ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် အမျိုးသား ၅ ဦးတို့က လမ်းတွင် ပိတ်ဆို့ရပ်တန့်ကာ မော်တော်ယာဉ်ပေါ်တက်ပြီး ထိုးကြိတ်မှု ဇွန်လ ၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ(၇)ရက်နေ့ ည(၉:၃၀) အချိန်ခန့်တွင် YBS ၉၅ ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးထွန်းထွန်းနိုင် မောင်းနှင်သော ယာဉ်အမှတ် 9N/---------- ယာဉ်သည် ဂိတ်မှူးဦးနိုင်လင်း အပါအဝင် ခရီးသည်များတင်ဆောင်၍ လမ်းကြောင်းအတိုင်း တာမွေမြို့နယ် မှ ကျောက်တန်းမြို့သို့ ထွက်ခွာခဲ့ရာ တာမွေဗလီမှတ်တိုင်မှစ၍ YBS ၇၆ ယာဉ်လိုင်း နှင့် လမ်းကြောင်းတူ မောင်းနှင်လာခဲ့သည်။

သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းကျေးရွာ သန်လျင်/ကျောက်တန်းလမ်း ဆက်သွယ်ရေးဂိတ်ဝ မှတ်တိုင် အရောက်တွင် YBS ၇၆ ယာဉ်လိုင်းမှ ယာဉ်အမှတ် 5L/-------- ယာဉ်သည် YBS ၉၅ ယာဉ်လိုင်း ဦးထွန်းထွန်းနိုင် မောင်းနှင်သော 9N/-------- ယာဉ်အား ကျော်တက်၍ ကန့်လန့်ပိတ်ရပ်ကာ YBS ၇၆ မှ ယာဉ်မောင်းပါ အမည်မသိအမျိုးသား ၆ ဦးသည် YBS ၉၅ ယာဉ်ပေါ်သိုတက်လာပြီး -

"မင်းတို့ကားတွေဒီအချိန်ထိဆွဲတုန်းလား” ဟု ပြောဆိုကာ ယာဉ်မောင်း ဦးထွန်းထွန်နိုင် အားဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြသည်။ ထိုးကြိတ်ခံရမှုကြောင့် ဦးထွန်းထွန်းနိုင်တွင် ဦးခေါင်းနာကျင်ဒဏ်ရာ၊ ဝဲမျက်လုံးဖူးရောင်ဒဏ်ရာ၊ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ လည်ပင်းနာကျင်ဒဏ်ရာများ ရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ) ဖြင့် တင်ပို့ကုသခဲ့သည်။

အဆိုပါဖြစ်စဉ်ကို YBS - ၉၅ ယာဉ်မောင်း ဦးထွန်းထွန်းနိုင် မှ သန်လျင်မြို့မရဲစခန်းသို တရားလိုလုပ် တိုင်ကြားသဖြင့်အမှုစစ် ဒုရဲအုပ် မျိုးမြင့်သူ မှ ယာဉ်အမှတ် 5L/---------- ယာဉ်မောင်းပါ အမည်မသိ အမျိုးသား(၆)ဦးအား (ပ)၁၆၄၈/၂၀၁၈-ပုဒ်မ ၃၄၁/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ကျော်ကျော်(သန်လျင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top