န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဖီဖာအသိအမွတ္ျပဳ ၿပိဳင္ပြဲမဟုတ္ေပမယ့္လည္း POLICE TERO အသင္းကေစလႊတ္ေပးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

လာမယ့္ ၾသဂုတ္လအတြင္းက်င္းပမယ့္ ေလးႏိုင္ငံဖိတ္ေခၚဖလားၿပိဳင္ပြဲနဲ႔ အာရွအားကစားပြဲေတာ္ကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာ့လက္ေ႐ြးစင္ ယူ-၂၃ အသင္းမွာ အဓိက တိုက္စစ္မႉး ေအာင္သူ ပါဝင္လာမယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဥိးကိုကိုသန္းက ေျပာပါတယ္။

ေလးႏိုင္ငံ ဖိတ္ေခၚဖလားၿပိဳင္ပြဲကို လာမယ့္ ၾသဂုတ္လ ၁ ရက္ေန႔ကေန ၅ ရက္ေန႔အထိ မႏၲေလးၿမိဳ႕မွာ က်င္းပသြားမွာ ျဖစ္ၿပီး ျမန္မာ၊ဘာရိန္း၊ထိုင္းတို႔မွ ယူ-၂၃ အသင္းမွာ ပါဝင္မွာျဖစ္ၿပီး ေတာင္ကိုရီးယား ယူ-၁၉ အသင္းကိုလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။

” ေလးႏိုင္ငံဖိတ္ေခၚဖလားကေတာ့ အာရွအားကစားပြဲေတာ္အတြက္ ရည္႐ြယ္ျပင္ဆင္တဲ့အေနနဲ႔ ကစားတာပါ။ ဖီဖာ အသိအမွတ္ျပဳ မဟုတ္ေပမယ့္ Police Tero အသင္းနဲ႔ ညႇိဳႏႈိင္းမႈ အဆင္ေျပတာေၾကာင့္ ေအာင္သူ႔ကို ေခၚႏိုင္ခဲ့ပါတယ္။ဒါေပမယ့္လည္း ၾသဂုတ္ ၅ ရက္ေန႔မွာ သူတို႔က ပြဲကစားဖို႔ရွိတယ္လို႔ေတာ့သိထားရၿပီး ေလးႏိုင္ငံပြဲမွာေတာ့ေအာင္သူ႔အေနနဲ႔ တစ္ပြဲေလာက္သာ ေကာင္းေကာင္းပါဝင္ႏိုမယ့္အေနအ ထားမွာရွိပါေသးတယ္။” လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဥိးကိုကိုသိန္းက ေျပာပါတယ္။

ဆက္လက္ၿပီး ျမန္မာအသင္းအေနနဲ႔ အင္ဒိုနီးရွားႏိုင္ငံမွာက်င္းပမယ့္ အာရွ အားကစားပြဲေတာ္ကို ပထမဆုံးအႀကိမ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး အဆိုပါ ၿပိဳင္ပြဲမွာလည္း ဖီဖာအသိအမွတ္ျပဳ ၿပိဳင္ပြဲမဟုတ္တာေၾကာင့္ ကလပ္အသင္းေတြအေနနဲ႔ ကစားသမားေတြကို ႏိုင္ငံအသင္းကို မေစလႊတ္ႏိုင္ပါက မေစလႊတ္ခြင့္ရွိေနတာျဖစ္ပါတယ္။

” ကြၽန္ေတာ္တို႔အေနနဲ႔ ဒီလိုအေျခအေနမွာ ညႇိႏႈိင္းခဲ့ရေပမယ့္ Police Tero အသင္းရဲ႕ နားလည္မႈေၾကာင့္ ေအာင္သူ႔ကို အာရွအားကစားပြဲေတာ္ အတြက္ ေခၚယူႏိုင္ခဲ့ပါၿပီ။ဒါေၾကာင့္ အာရွအားကစားပြဲေတာ္ ပါဝင္မယ့္ ျမန္မာ ယူ-၂၃ အသင္းမွာ ေအာင္သူ ပါဝင္လာမွာပါ။ေလးႏိုင္ငံ ဖိတ္ေခၚ ပြဲမွာ ပြဲျပည့္ကစားရဖို႔ မေသခ်ာေပမယ့္ အာရွအားကစားပြဲေတာ္အတြက္ကေတာ့ ေသခ်ာခဲ့ပါၿပီ။” လို႔ ဦးကိုကိုသိန္းက ဆက္လက္ေျပာပါတယ္။

Image result for ေအာင္သူ

ယခုလို ေခၚယူႏိုင္ခဲ့တဲ့အေပၚမွာ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ ေအာင္သူအတြက္ သြားလာစရိတ္အကုန္လုံးကို က်ခံသြားရမွာျဖစ္ၿပီး ၿပိဳင္ပြဲအတြင္း ဒဏ္ရာ အနာတရ ျဖစ္ေပၚခဲ့ပါကလည္ းအဖြဲ႕ခ်ဳပ္ဖက္က က်ခံသြားရမွာလို႔သိရပါတယ္။

ယခုကစားမယ့္ အာရွအားကစားပြဲေတာ္မွာ ဖီဖာအသိအမွတ္ျပဳ ၿပိဳင္ပြဲမဟုတ္တာေၾကာင့္ ေတာင္ကိုရီးယား အသင္းမွ စပါးအသင္း တိုက္စစ္မႉး ဆြန္ေဟာင္မင္အေနနဲ႔လည္း ၿပီးခဲ့တဲ့ တစ္ေခါက္ ဆိုးလ္ၿပိဳင္ပြဲမွာ အသင္းက ေစလႊတ္ျခင္းမရွိခဲ့လို႔ ဝင္ေရာက္ဆင္ႏႊဲခြင့္မရခဲ့တဲ့အျဖစ္မ်ိဳးနဲ႔ ႀကဳံခဲ့ ဖူးပါတယ္။

အဆိုပါ ႏွစ္တုန္းက ေတာင္ကိုရီးယားအသင္းက ခ်န္ပီယံျဖစ္ခဲ့ၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ဥပေဒအရ အိုလံပစ္ၿပိဳင္ပြဲမွာ ဆုတံဆိပ္တစ္ခုုခု ဆြတ္ခူးႏိုင္တဲ့ကစားသမားနဲ႔ အာရွအဆင့္ၿပိဳင္ပြဲမွာေ႐ႊဆုယူေပးႏိုင္တဲ့ ကစားသမားတို႔ဟာ စစ္မႈထမ္းခြင့္ ကင္းလြတ္ခြင့္ရမွာ ျဖစ္တာေၾကာင့္ အဆိုပါ အခြင့္အေရးကို ဆြန္ေဟာင္မင္ လက္လႊတ္ဆုံးရႈံးခဲ့ရဖူးပါတယ္။

ျမန္မာအသင္းကိုေတာ့ လက္ရွိမွာ ဂ်ာမန္ လူမ်ိဳး နည္းျပ အန္တိုနီေဟး တာဝန္ယူကိုင္တြယ္ေနၿပီး ျမန္မာ့လက္ေ႐ြးစင္အသင္းကို ပထမဆုံး စ တင္တာဝန္ယူခ်ိန္မွာေတာ့ အာရွအင္အားႀကီး တ႐ုတ္အသင္းနဲ႔ ေျခစမ္းပြဲစဥ္မွာ ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#

ဖီဖာအသိအမှတ်ပြု ပြိုင်ပွဲမဟုတ်ပေမယ့်လည်း POLICE TERO အသင်းကစေလွှတ်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လအတွင်းကျင်းပမယ့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲနဲ့ အာရှအားကစားပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းမှာ အဓိက တိုက်စစ်မှူး အောင်သူ ပါဝင်လာမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဥိးကိုကိုသန်းက ပြောပါတယ်။

လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ၊ဘာရိန်း၊ထိုင်းတို့မှ ယူ-၂၃ အသင်းမှာ ပါဝင်မှာဖြစ်ပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းကိုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

” လေးနိုင်ငံဖိတ်ခေါ်ဖလားကတော့ အာရှအားကစားပွဲတော်အတွက် ရည်ရွယ်ပြင်ဆင်တဲ့အနေနဲ့ ကစားတာပါ။ ဖီဖာ အသိအမှတ်ပြု မဟုတ်ပေမယ့် Police Tero အသင်းနဲ့ ညှိုနှိုင်းမှု အဆင်ပြေတာကြောင့် အောင်သူ့ကို ခေါ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း သြဂုတ် ၅ ရက်နေ့မှာ သူတို့က ပွဲကစားဖို့ရှိတယ်လို့တော့သိထားရပြီး လေးနိုင်ငံပွဲမှာတော့အောင်သူ့အနေနဲ့ တစ်ပွဲလောက်သာ ကောင်းကောင်းပါဝင်နိုမယ့်အနေအ ထားမှာရှိပါသေးတယ်။” လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဥိးကိုကိုသိန်းက ပြောပါတယ်။

ဆက်လက်ပြီး မြန်မာအသင်းအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် အာရှ အားကစားပွဲတော်ကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲမှာလည်း ဖီဖာအသိအမှတ်ပြု ပြိုင်ပွဲမဟုတ်တာကြောင့် ကလပ်အသင်းတွေအနေနဲ့ ကစားသမားတွေကို နိုင်ငံအသင်းကို မစေလွှတ်နိုင်ပါက မစေလွှတ်ခွင့်ရှိနေတာဖြစ်ပါတယ်။

” ကျွန်တော်တို့အနေနဲ့ ဒီလိုအခြေအနေမှာ ညှိနှိုင်းခဲ့ရပေမယ့် Police Tero အသင်းရဲ့ နားလည်မှုကြောင့် အောင်သူ့ကို အာရှအားကစားပွဲတော် အတွက် ခေါ်ယူနိုင်ခဲ့ပါပြီ။ဒါကြောင့် အာရှအားကစားပွဲတော် ပါဝင်မယ့် မြန်မာ ယူ-၂၃ အသင်းမှာ အောင်သူ ပါဝင်လာမှာပါ။လေးနိုင်ငံ ဖိတ်ခေါ် ပွဲမှာ ပွဲပြည့်ကစားရဖို့ မသေချာပေမယ့် အာရှအားကစားပွဲတော်အတွက်ကတော့ သေချာခဲ့ပါပြီ။” လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

Image result for ေအာင္သူ

ယခုလို ခေါ်ယူနိုင်ခဲ့တဲ့အပေါ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အောင်သူအတွက် သွားလာစရိတ်အကုန်လုံးကို ကျခံသွားရမှာဖြစ်ပြီး ပြိုင်ပွဲအတွင်း ဒဏ်ရာ အနာတရ ဖြစ်ပေါ်ခဲ့ပါကလည် းအဖွဲ့ချုပ်ဖက်က ကျခံသွားရမှာလို့သိရပါတယ်။

ယခုကစားမယ့် အာရှအားကစားပွဲတော်မှာ ဖီဖာအသိအမှတ်ပြု ပြိုင်ပွဲမဟုတ်တာကြောင့် တောင်ကိုရီးယား အသင်းမှ စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်အနေနဲ့လည်း ပြီးခဲ့တဲ့ တစ်ခေါက် ဆိုးလ်ပြိုင်ပွဲမှာ အသင်းက စေလွှတ်ခြင်းမရှိခဲ့လို့ ဝင်ရောက်ဆင်နွှဲခွင့်မရခဲ့တဲ့အဖြစ်မျိုးနဲ့ ကြုံခဲ့ ဖူးပါတယ်။

အဆိုပါ နှစ်တုန်းက တောင်ကိုရီးယားအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်တစ်ခုုခု ဆွတ်ခူးနိုင်တဲ့ကစားသမားနဲ့ အာရှအဆင့်ပြိုင်ပွဲမှာရွှေဆုယူပေးနိုင်တဲ့ ကစားသမားတို့ဟာ စစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်ရမှာ ဖြစ်တာကြောင့် အဆိုပါ အခွင့်အရေးကို ဆွန်ဟောင်မင် လက်လွှတ်ဆုံးရှုံးခဲ့ရဖူးပါတယ်။

မြန်မာအသင်းကိုတော့ လက်ရှိမှာ ဂျာမန် လူမျိုး နည်းပြ အန်တိုနီဟေး တာဝန်ယူကိုင်တွယ်နေပြီး မြန်မာ့လက်ရွေးစင်အသင်းကို ပထမဆုံး စ တင်တာဝန်ယူချိန်မှာတော့ အာရှအင်အားကြီး တရုတ်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top