ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

“ဧျငိမ္းျဖဴတင္သမွ်post ေတြကိုမျမင္ခ်င္ေယာင္သာ ေဆာင္ထားလိုက္ပါ” လို႕ေျပာလာတဲ့ ရဲရင့္ေအာင္ –
အတြဲညီတဲ့ ခ်စ္သူ စံုတြဲ ေတြမွာ အဖုအထစ္ေလးေတြကေတာ့ရွိစျမဲပါပဲ။ စိတ္ေကာက္လိုက္ ျပန္ေခ်ာ့လိုက္ ဆိုေပမဲ့ ဒါမ်ိဳး အႏုပညာရွင္စံုတြဲေတြမွာျဖစ္ရင္ေတာ့ ပရိသတ္ေတြက အထူးတလည္စိတ္ဝင္စားၾကပါတယ္။

ေျပာခ်င္လြန္းလို႕က ေန ေျပာျပေပးမွာ က ရဲရင့္ေအာင္နဲ႕ ဧျငိမ္းျဖဴတို႕ စံုတြဲ အေၾကာင္းပါ။ ခ်စ္သူဧျငိမ္းျဖဴကို “My Queen” ဆိုျပီး တယုတယခ်စ္တတ္သူက ရဲရင့္ေအာင္ပါ။

မၾကာေသးခင္ကမွ ဧျငိမ္းျဖဴက သူမရဲ႕ ေဖ့ဘြစ္ စာမ်က္ႏွာေပၚမွာ “We Broke Up” ဆိုျပီး ေရးသားထားပါတယ္။ ပရိသတ္ေတြက စိုးရိမ္ၾကေပမဲ့ ရဲရင့္ေအာင္ကေတာ့ ခ်စ္သူေလးရဲ႕ ပို႕စ္ေအာက္မွာ “ကစားခ်င္ရင္ အရုပ္ဝယ္ထား အခ်ိန္လာမျဖဳန္းနဲ႕” ဆိုျပီး ျပန္လည္ ေရးသားတာေတြ႕ရပါတယ္။ ဒီလိုဆိုေတာ့ သူတို႕အခ်စ္ေရးက ဘယ္လိုလဲ ေဝခြဲမရျဖစ္ေနပါတယ္။ MC နဲ႕ အင္တာဗ်ဴး တစ္ခုမွာ ရဲရင့္ေအာင္က သူတို႕အခ်စ္ေရးကို ခုလိုေျပာလာပါတယ္။

“ မ်ားေသာ အားျဖင့္ ကၽြန္ေတာ္က ေခ်ာ့တယ္ဆိုတာရွားပါတယ္။ ကၽြန္ေတာ္ကသိပ္မေခ်ာ့တတ္ဘူး။ နားလည္ျပီး အေျခအေနကို သိလာေအာင္ သူ႕ကို ေျပာျပတယ္။ ျပသနာတစ္ခုျဖစ္ျပီဆိုရင္ သူ႕ဘက္ ၊ ကၽြန္ေတာ့္ဘက္ ၊ အမွန္တရားဘက္ဆိုျပီး သံုးဘက္ ရွိတယ္။ ကၽြန္ေတာ္တို႕ႏွစ္ေယာက္ဘက္မွာျဖစ္ခဲ့တာနဲ႕ မတူတဲ့ အမွန္တရား အျဖစ္အပ်က္ ကရွိေသးတယ္။ အဲ့ဒါကို သူနားလည္ ေအာင္ရွင္းျပတယ္။”

“ကၽြန္ေတာ္မၾကိဳက္တာ ေတာ္ေတာ္မ်ားမ်ားကို သူ ဆင္ျခင္ေပးတယ္။ တစ္ခုခု ျဖစ္တိုင္း ေဖ့ဘြတ္စ္ ေပၚတင္တာေတာ့ ကၽြန္ေတာ္ မၾကိဳက္ဘူး။ ဒါေပမဲ့ သူတစ္ခါတစ္ေလ စိတ္လြတ္သြားတယ္ ထင္ပါတယ္။”

“ကၽြန္ေတာ္နဲ႕ သူနဲ႕ ဆက္ဆံေရးမွာ ကၽြန္ေတာ့္ အတြက္ အရမ္းၾကိဳးစားျပီး လုပ္ယူရတာက စိတ္ရွည္ဖို႕ဗ်။ ကၽြန္ေတာ္က စိတ္နဲ႕ အလုပ္လုပ္ရတဲ့ သူဆိုေတာ့ ကၽြန္ေတာ့္စိတ္က ဘယ္အရာကိုမွစိတ္မရွည္ဘူး။ ကၽြန္ေတာ္လံုးဝ မရဘူး။ ဒါေပမဲ့ ကၽြန္ေတာ္သူ႕အေပၚမွာ အရမ္းစိတ္ရွည္တယ္။ အဲ့ဒါေတာင္ သူ႕အတြက္ မလံုေလာက္ဘူးဗ်ာ။”

“တစ္ခါတေလ သူနဲ႕ပတ္သက္ေနတဲ့ အခ်ိန္မွာ ကၽြန္ေတာ့္ မိဘေတြ ကၽြန္ေတာ္နဲ႕ ပတ္သက္ျပီး စိတ္ထဲမွာ ဘယ္ေလာက္ထိ ခံစားရမယ္ဆိုတာ နားလည္လာတယ္။ သူ႕ကို ခ်စ္ေနရတာ ကၽြန္ေတာ့္ ကေလး ဘဝကို ျပန္ျမင္ေနရသလို မ်ိဳးပဲ။ ကၽြန္ေတာ္ နားလည္တယ္ သူ႕ေနရာကို လည္း ။ ကၽြန္ေတာ္ အဲ့ဒီဘဝမ်ိဳး အဲ့ဒီ အေျခအေနမ်ိဳး ျဖတ္သန္းခဲ့ဖူးတယ္။”

“ကၽြန္ေတာ္က သဝန္ပိုတိုတယ္။ သဝန္တိုတာၾကီးကိုလည္း ကၽြန္ေတာ္က ေပၚတင္ၾကီး ထုတ္ထုတ္ျပတာ မ်ားတယ္။အတို ၊ အျပတ္ ၊ရင္ဟုိက္တာေတြမဝတ္ဖို႕ ကၽြန္ေတာ္အျမဲေျပာတယ္။ အဲ့ဒါနဲ႕ပတ္သက္ျပီး ေျပာရင္ေတာ့ နည္းနည္းေတာ့ နားေထာင္တယ္ေပါ့ေနာ္။ ျပန္ခံေျပာတာမ်ိဳးေတာ့ မရွိဘူး။”

“ဧျငိမ္းျဖဴတင္သမွ်postေတြကိုမျမင္ခ်င္ေယာင္သာ ေဆာင္ထားလိုက္ပါေတာ့ ။ ေနာက္လည္း တင္ေနဦးမွာပဲ။ ဘာမွမျဖစ္ပါဘူး။” ဆိုျပီး အခ်စ္ေရး အိုေခေၾကာင္းေျပာျပသြားပါတယ္။

သူတို႕စံုတြဲကို စိတ္ပူေပးေနၾကတဲ့ ပရိသတ္ေတြလည္း ခုေလာက္ဆို သက္ျပင္းခ်လို႕ ရျပီထင္ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
“ဧငြိမ်းဖြူတင်သမျှpost တွေကိုမမြင်ချင်ယောင်သာ ဆောင်ထားလိုက်ပါ” လို့ပြောလာတဲ့ ရဲရင့်အောင် –
အတွဲညီတဲ့ ချစ်သူ စုံတွဲ တွေမှာ အဖုအထစ်လေးတွေကတော့ရှိစမြဲပါပဲ။ စိတ်ကောက်လိုက် ပြန်ချော့လိုက် ဆိုပေမဲ့ ဒါမျိုး အနုပညာရှင်စုံတွဲတွေမှာဖြစ်ရင်တော့ ပရိသတ်တွေက အထူးတလည်စိတ်ဝင်စားကြပါတယ်။

ပြောချင်လွန်းလို့က နေ ပြောပြပေးမှာ က ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ စုံတွဲ အကြောင်းပါ။ ချစ်သူဧငြိမ်းဖြူကို “My Queen” ဆိုပြီး တယုတယချစ်တတ်သူက ရဲရင့်အောင်ပါ။

မကြာသေးခင်ကမှ ဧငြိမ်းဖြူက သူမရဲ့ ဖေ့ဘွစ် စာမျက်နှာပေါ်မှာ “We Broke Up” ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေက စိုးရိမ်ကြပေမဲ့ ရဲရင့်အောင်ကတော့ ချစ်သူလေးရဲ့ ပို့စ်အောက်မှာ “ကစားချင်ရင် အရုပ်ဝယ်ထား အချိန်လာမဖြုန်းနဲ့” ဆိုပြီး ပြန်လည် ရေးသားတာတွေ့ရပါတယ်။ ဒီလိုဆိုတော့ သူတို့အချစ်ရေးက ဘယ်လိုလဲ ဝေခွဲမရဖြစ်နေပါတယ်။ MC နဲ့ အင်တာဗျူး တစ်ခုမှာ ရဲရင့်အောင်က သူတို့အချစ်ရေးကို ခုလိုပြောလာပါတယ်။

“ များသော အားဖြင့် ကျွန်တော်က ချော့တယ်ဆိုတာရှားပါတယ်။ ကျွန်တော်ကသိပ်မချော့တတ်ဘူး။ နားလည်ပြီး အခြေအနေကို သိလာအောင် သူ့ကို ပြောပြတယ်။ ပြသနာတစ်ခုဖြစ်ပြီဆိုရင် သူ့ဘက် ၊ ကျွန်တော့်ဘက် ၊ အမှန်တရားဘက်ဆိုပြီး သုံးဘက် ရှိတယ်။ ကျွန်တော်တို့နှစ်ယောက်ဘက်မှာဖြစ်ခဲ့တာနဲ့ မတူတဲ့ အမှန်တရား အဖြစ်အပျက် ကရှိသေးတယ်။ အဲ့ဒါကို သူနားလည် အောင်ရှင်းပြတယ်။”

“ကျွန်တော်မကြိုက်တာ တော်တော်များများကို သူ ဆင်ခြင်ပေးတယ်။ တစ်ခုခု ဖြစ်တိုင်း ဖေ့ဘွတ်စ် ပေါ်တင်တာတော့ ကျွန်တော် မကြိုက်ဘူး။ ဒါပေမဲ့ သူတစ်ခါတစ်လေ စိတ်လွတ်သွားတယ် ထင်ပါတယ်။”

“ကျွန်တော်နဲ့ သူနဲ့ ဆက်ဆံရေးမှာ ကျွန်တော့် အတွက် အရမ်းကြိုးစားပြီး လုပ်ယူရတာက စိတ်ရှည်ဖို့ဗျ။ ကျွန်တော်က စိတ်နဲ့ အလုပ်လုပ်ရတဲ့ သူဆိုတော့ ကျွန်တော့်စိတ်က ဘယ်အရာကိုမှစိတ်မရှည်ဘူး။ ကျွန်တော်လုံးဝ မရဘူး။ ဒါပေမဲ့ ကျွန်တော်သူ့အပေါ်မှာ အရမ်းစိတ်ရှည်တယ်။ အဲ့ဒါတောင် သူ့အတွက် မလုံလောက်ဘူးဗျာ။”

“တစ်ခါတလေ သူနဲ့ပတ်သက်နေတဲ့ အချိန်မှာ ကျွန်တော့် မိဘတွေ ကျွန်တော်နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်လောက်ထိ ခံစားရမယ်ဆိုတာ နားလည်လာတယ်။ သူ့ကို ချစ်နေရတာ ကျွန်တော့် ကလေး ဘဝကို ပြန်မြင်နေရသလို မျိုးပဲ။ ကျွန်တော် နားလည်တယ် သူ့နေရာကို လည်း ။ ကျွန်တော် အဲ့ဒီဘဝမျိုး အဲ့ဒီ အခြေအနေမျိုး ဖြတ်သန်းခဲ့ဖူးတယ်။”

“ကျွန်တော်က သဝန်ပိုတိုတယ်။ သဝန်တိုတာကြီးကိုလည်း ကျွန်တော်က ပေါ်တင်ကြီး ထုတ်ထုတ်ပြတာ များတယ်။အတို ၊ အပြတ် ၊ရင်ဟိုက်တာတွေမဝတ်ဖို့ ကျွန်တော်အမြဲပြောတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောရင်တော့ နည်းနည်းတော့ နားထောင်တယ်ပေါ့နော်။ ပြန်ခံပြောတာမျိုးတော့ မရှိဘူး။”

“ဧငြိမ်းဖြူတင်သမျှpostတွေကိုမမြင်ချင်ယောင်သာ ဆောင်ထားလိုက်ပါတော့ ။ နောက်လည်း တင်နေဦးမှာပဲ။ ဘာမှမဖြစ်ပါဘူး။” ဆိုပြီး အချစ်ရေး အိုခေကြောင်းပြောပြသွားပါတယ်။

သူတို့စုံတွဲကို စိတ်ပူပေးနေကြတဲ့ ပရိသတ်တွေလည်း ခုလောက်ဆို သက်ပြင်းချလို့ ရပြီထင်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top