န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကြၽန္​​ေတာ္​တုိ႔ ဘဝမွာ အဆင္​မ​ေျပမႈ​ေတြႀကံလာတုိင္​း…

အိမ္​မွာ ဟင္​းမ​ေကာင္​းဘူး မစားခ်င္​ဘူးလုိ႔ ကြၽန္​​ေတာ္​တုိ႔ ေရ႐ြတ္​လုိက္​ခ်ိန္​ လမ္​းမ​ေပၚက ​ေျခသလုံးအိမ္​တုိင္​ ၾကဳံသလုိ​ေန ျဖစ္​သလုိဘဝကုိျဖတ္​သန္​း​ေနၾကၿပီး အမႈိက္​ပုံးထဲကရွာ​ေဖြစား​ေသာက္​​​ေန​ေပမယ္​့ဗိုက္​မျပည္​့လုိ႔ဆာ​ေလာင္​မြတ္​သိမ္​့​ေနတဲ့ ​က​ေလး​ေလး​​ေတြကုိသတိရ​ေပးပါ…

တစ္​ဖန္​ ယာယီဒုကၡသည္​စစ္​စခန္​း​ေတြမွာ ဌက္​​ေပ်ာ႐ြက္​​ထဲကုိထမင္​း​ေလးထည္​့ ၾကဳံသလုိ ရွိတဲ့ဟာနဲ႔စား​ေနရတဲ့စစ္​​ေက်းကြၽန္​က​ေလး​ေတြကုိ ျမင္​ၾကည္​့​ေပးပါ…

ဒီဖိနပ္​ႀကီးကစုတ္​​ေနၿပီ၊မစီးခ်င္​​ေတာ့ဘူးလုိ႔ ကြၽန္​​ေတာ္​တုိ႔​ေအာင္​့အင္​း​ေျပာဆုိ​ေနခ်ိန္​ ႏုနယ္​တဲ့ ​ေျခ​ေထာက္​​ေလးတစ္​စုံမွာ​ေပ​ေရ​ေရ အညစ္​​ေၾကး​ေတြနဲ႔ ​ေနပူပူ လမ္​းမ​ေပၚ ​ေျခဗလာနဲ႔ လႈပ္​ရွား ျဖတ္​သန္​း​ေနၾကရတဲ့ က​ေလး​ေလး​ေတြကုိ ျမင္​​ေယာင္​​ေပးပါ..

တစ္​ဖန္​…ကြၽန္​​ေတာ္​တုိ႔ ဖိနပ္​ကုိ တစ္​ခါတုိက္​ခြၽတ္​​ေပးမွထမင္​းတစ္​လုပ္​ပါးစပ္​ထဲထည္​့ရသူ​ေတြရွိ​ေနတယ္​ဆုိတာ သိထား​ေပးပါ…

ကြၽန္​​ေတာ္​တုိ႔ ​ေျခလက္​အဂၤါစုံလင္​စြာနဲ႔ သြာလာ​ေနခ်ိန္​ လ​ူ​ေရွ႕သူ​ေရွ႕ ထြက္​ရမွာ ​ေသမ​ေလာက္​​ေၾကာက္​​ေနၿပီးအားနည္​းခ်က္​ရွိ​​ေနတဲ့ က​ေလး​ေတြကုိျမင္​​ေယာင္​ၾကည္​့​ေပးပါ…

ကြၽန္​​ေတာ္​တုိ႔က မိဘ​ေတြရဲ႕ အသင္​့ခူးခပ္​​ေကြၽးတာကုိ စား​ေနရခ်ိန္​ လက္​ဖက္​ရည္​ဆုိင္​မွာ က်ဆိမ္​့တစ္​ခြက္​၊မုန္​႔ဟင္​းခါးတစ္​ပြဲလုိ႔ေအာက္​ဟစ္​ၿပီးလူ​ေတြကုိ ခူးခပ္​​ေကြၽးၿပီးမွ ကုိယ္​့ဝမ္​းစာအတြက္​ရွာ​ေဖြ​ေနရတဲ့ညီငယ္​အ႐ြယ္​ စားပြဲထုိး​ေလး​ေတြ ရွိ​ေနတယ္​ဆုိ သိထား​ေပးပါ…

ကြၽန္​​ေတာ္​တုိ႔ စာသင္​ခန္​းထဲမွာ ​ေကာင္​းမြန္​စြာ စာသင္​ၾကား​ေနရခ်ိန္​စာသင္​​ေက်ာင္​းဆုိတာသူတုိ႔နဲ႔ မသက္​ဆုိင္​တဲ့ ​ေနရာလုိ႔ ခြဲျခားျခင္​းခံထားရတဲ့ က​ေလး​ေတြ ရွိ​ေနတယ္​ဆုိတာ အမွတ္​ရ​ေပးပါ…

တစ္​ဖန္​ စစ္​ျဖစ္​ရာအရပ္​က စာသင္​ခန္​း​ေလး​ေတြမွာတဒုိင္​းဒုိင္​း​ေသနတ္​သံ​ေတြ​ေၾကာင္​့ခုံေအာက္​မွာ ​ေၾကာက္​လန္​႔တၾကား ပုန္​းခုိရင္​း “ဘုရားသခင္​ကယ္​​ေတာ္​မႈပါ”လုိ႔ တုန္​ရီစြာ ဆု​ေတာင္​းသံ​ေလး​ေတြခံစားခ်က္​ျဖင္​့နား​ေထာင္​​ေပးပါ..

ကြၽန္​​ေတာ္​တုိ႔ အင္​းတာနက္​​ေပၚ ပုံ​ေတြတင္​ၿပီး စမီးလွလား..အ​ေနာ္​လွလားလုိ႔ ​ေမး​ေနခ်ိန္​ အင္​းတာနက္​ဆုိဘာမွန္​းမသိ​ေဖ့စ္​ဘုတ္​ဆုိတာ ၾကား​ေတာင္​မၾကားဖူးတဲ့ က​ေလး​ေတြရွိ​ေနတယ္​ဆုိတာသိထား​ေပးပါ…

ကြၽန္​​ေတာ္​တုိ႔ ​ေအးခ်မ္​းတဲ့​ေဒသမွာ ၿငိမ္​းခ်မ္​းစြာ ရွင္​သန္​​ေနရခ်ိန္​ ေသနတ္​သံ​ေတြၾကား ​ေၾကာက္​႐ြ႕ံစြာရွင္​သန္​ၿပီး အ႐ြယ္​နဲ႔မမ်ွ​ေအာင္​စိတ္​​ဒဏ္​ရာ​ေတြအမ်ားရွိ​ေနတဲ့ က​ေလး​ေတြကုိ သတိရ​ေပးပါ….

ကြၽန္​​ေတာ္​တုိ႔ ရုပ္​​ေလးက မလွဘူးလုိ႔ မွန္​ထဲၾကည္​့ စိတ္​ညစ္​​ေနခ်ိန္​အဲ့မွန္​ကုိ​ေတာင္​ ျမင္​့ခြင္​့မရရွာတဲ့ မ်က္​မျမင္​ က​ေလး​ေလး​ေတြ ရွိတယ္​ဆုိတာသိထား​ေပးပါ…

ကြၽန္​​ေတာ္​တုိ႔အမ်ားႀကီးကံ​ေကာင္​းပါတယ္​…နာရီစကၠန္​႔​ေတြတုိင္​းမွာ လူတစ္​ခ်ဳိ႕ ​ေသဆုံး​ေနၾက​ေပမယ္​့ အခုထိ ကြၽန္​​ေတာ္​တုိ႔အသက္​ရွင္​​ေနႏုိင္​​ေသးတယ္​​ေလ…

ကြၽန္​​ေတာ္​တုိ႔အျမင္​့ကုိ​ေမာ့ၾကည္​့​ေနခ်ိန္​​ေညာင္​းလာတဲ့ အခါ ​ေအာက္​ကုိငုံၾကည္​့​ေပးပါ.ကြၽန္​​ေတာ္​တုိ႔ထက္​ဆုိးတဲ့ ဘဝ​ေတြ အမ်ားျကီးပါ..ကူညီပါ စာနာပါ ​ေမတၲာကုိျပသၾကပါ…

တစ္​​ေယာက္​ခ်င္​းစီက ကုိယ္​ခ်င္​းစာ​ေဖးမမႈနဲ႔ ရွင္​သန္​​ေနထုိင္​ၾကရင္​ကမာၻႀကီးက​ေန​ေပ်ာ္​လာပါလိမ္​့မယ္​..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္​းသုခ(min thu kha)

#Unicode Version#

ကျွန်တော်တို့ ဘဝမှာ အဆင်မပြေမှုတွေကြံလာတိုင်း…

အိမ်မှာ ဟင်းမကောင်းဘူး မစားချင်ဘူးလို့ ကျွန်တော်တို့ ရေရွတ်လိုက်ချိန် လမ်းမပေါ်က ခြေသလုံးအိမ်တိုင် ကြုံသလိုနေ ဖြစ်သလိုဘဝကိုဖြတ်သန်းနေကြပြီး အမှိုက်ပုံးထဲကရှာဖွေစားသောက်နေပေမယ့်ဗိုက်မပြည့်လို့ဆာလောင်မွတ်သိမ့်နေတဲ့ ကလေးလေးတွေကိုသတိရပေးပါ…

တစ်ဖန် ယာယီဒုက္ခသည်စစ်စခန်းတွေမှာ ဌက်ပျောရွက်ထဲကိုထမင်းလေးထည့် ကြုံသလို ရှိတဲ့ဟာနဲ့စားနေရတဲ့စစ်ကျေးကျွန်ကလေးတွေကို မြင်ကြည့်ပေးပါ…

ဒီဖိနပ်ကြီးကစုတ်နေပြီ၊မစီးချင်တော့ဘူးလို့ ကျွန်တော်တို့အောင့်အင်းပြောဆိုနေချိန် နုနယ်တဲ့ ခြေထောက်လေးတစ်စုံမှာပေရေရေ အညစ်ကြေးတွေနဲ့ နေပူပူ လမ်းမပေါ် ခြေဗလာနဲ့ လှုပ်ရှား ဖြတ်သန်းနေကြရတဲ့ ကလေးလေးတွေကို မြင်ယောင်ပေးပါ..

တစ်ဖန်…ကျွန်တော်တို့ ဖိနပ်ကို တစ်ခါတိုက်ချွတ်ပေးမှထမင်းတစ်လုပ်ပါးစပ်ထဲထည့်ရသူတွေရှိနေတယ်ဆိုတာ သိထားပေးပါ…

ကျွန်တော်တို့ ခြေလက်အင်္ဂါစုံလင်စွာနဲ့ သွာလာနေချိန် လူရှေ့သူရှေ့ ထွက်ရမှာ သေမလောက်ကြောက်နေပြီးအားနည်းချက်ရှိနေတဲ့ ကလေးတွေကိုမြင်ယောင်ကြည့်ပေးပါ…

ကျွန်တော်တို့က မိဘတွေရဲ့ အသင့်ခူးခပ်ကျွေးတာကို စားနေရချိန် လက်ဖက်ရည်ဆိုင်မှာ ကျဆိမ့်တစ်ခွက်၊မုန့်ဟင်းခါးတစ်ပွဲလို့အောက်ဟစ်ပြီးလူတွေကို ခူးခပ်ကျွေးပြီးမှ ကိုယ့်ဝမ်းစာအတွက်ရှာဖွေနေရတဲ့ညီငယ်အရွယ် စားပွဲထိုးလေးတွေ ရှိနေတယ်ဆို သိထားပေးပါ…

ကျွန်တော်တို့ စာသင်ခန်းထဲမှာ ကောင်းမွန်စွာ စာသင်ကြားနေရချိန်စာသင်ကျောင်းဆိုတာသူတို့နဲ့ မသက်ဆိုင်တဲ့ နေရာလို့ ခွဲခြားခြင်းခံထားရတဲ့ ကလေးတွေ ရှိနေတယ်ဆိုတာ အမှတ်ရပေးပါ…

တစ်ဖန် စစ်ဖြစ်ရာအရပ်က စာသင်ခန်းလေးတွေမှာတဒိုင်းဒိုင်းသေနတ်သံတွေကြောင့်ခုံအောက်မှာ ကြောက်လန့်တကြား ပုန်းခိုရင်း “ဘုရားသခင်ကယ်တော်မှုပါ”လို့ တုန်ရီစွာ ဆုတောင်းသံလေးတွေခံစားချက်ဖြင့်နားထောင်ပေးပါ..

ကျွန်တော်တို့ အင်းတာနက်ပေါ် ပုံတွေတင်ပြီး စမီးလှလား..အနော်လှလားလို့ မေးနေချိန် အင်းတာနက်ဆိုဘာမှန်းမသိဖေ့စ်ဘုတ်ဆိုတာ ကြားတောင်မကြားဖူးတဲ့ ကလေးတွေရှိနေတယ်ဆိုတာသိထားပေးပါ…

ကျွန်တော်တို့ အေးချမ်းတဲ့ဒေသမှာ ငြိမ်းချမ်းစွာ ရှင်သန်နေရချိန် သေနတ်သံတွေကြား ကြောက်ရွံ့စွာရှင်သန်ပြီး အရွယ်နဲ့မမျှအောင်စိတ်ဒဏ်ရာတွေအများရှိနေတဲ့ ကလေးတွေကို သတိရပေးပါ….

ကျွန်တော်တို့ ရုပ်လေးက မလှဘူးလို့ မှန်ထဲကြည့် စိတ်ညစ်နေချိန်အဲ့မှန်ကိုတောင် မြင့်ခွင့်မရရှာတဲ့ မျက်မမြင် ကလေးလေးတွေ ရှိတယ်ဆိုတာသိထားပေးပါ…

ကျွန်တော်တို့အများကြီးကံကောင်းပါတယ်…နာရီစက္ကန့်တွေတိုင်းမှာ လူတစ်ချို့ သေဆုံးနေကြပေမယ့် အခုထိ ကျွန်တော်တို့အသက်ရှင်နေနိုင်သေးတယ်လေ…

ကျွန်တော်တို့အမြင့်ကိုမော့ကြည့်နေချိန်ညောင်းလာတဲ့ အခါ အောက်ကိုငုံကြည့်ပေးပါ.ကျွန်တော်တို့ထက်ဆိုးတဲ့ ဘဝတွေ အများကြီးပါ..ကူညီပါ စာနာပါ မေတ္တာကိုပြသကြပါ…

တစ်ယောက်ချင်းစီက ကိုယ်ချင်းစာဖေးမမှုနဲ့ ရှင်သန်နေထိုင်ကြရင်ကမ္ဘာကြီးကနေပျော်လာပါလိမ့်မယ်..


ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသုခ(min thu kha)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top