iMyanmarHouse.com - Best Property Website for Myanmar
×
ဆယ်နှစ်တာကာလ
#ငါကွ၂၀၁၈
အခု..
#ကြိုးစားအားထုတ်မှု၊
Credit: luckymyanmar
#Unicode Version#
ဆယ်နှစ်တာကာလ
ဦးကျော်ဟိန်းပြောခဲ့တဲ့စကား…၁၀နှစ်တဲ့….
#၂၀၀၈ခုနှစ်က_ကိုယ်ပိုင်ပိုက်ဆံနဲ့ပထမဆုံးကျွန်တော်ပိုင်ဆိုင်ခဲ့တဲ့ကားလေးကတော့_စက်မှုဇုံထုတ်
#light_Truckကားလေးပါ(ကျွန်တော်ကိုအများကြီးအကျိုးပြုခဲ့တဲ့ကားလေးပေါ့)။ဇနီးသည်ရဲ့ပထမဦးဆုံးသမီးကြီးမွေးဖို့ ရန်ကုန် SSCဆေးရုံ ကိုလိုက်ပို့ပေးခဲ့တာလည်း ဒီကားလေးပဲလေ။ဆိုင်အတွက်လိုအပ်တဲ့နေရာမှန်သမျှကိုလည်းဒီးကားလေးကပဲသယ်ယူပို့ဆောင်ပေးခဲ့တာ။မှတ်မှတ်ရရတစ်ခုက
လွန်ခဲ့တဲ့၁၀နှစ်အချိန် ဒါရိုက်ဘာနဲ့အတူနှစ်ယောက်ထဲ လာရင်း အဲဒီကားလေး တောင်ငူ ၆လမ်းထိပ်မှာရပ်ထားတုန်း ကုန်ကြွေးရှင်းရမယ့် ကျွန်တော်ပိုက်ဆံ သိန်း၄၀ ပျောက်ခဲ့ဘူးသေးတယ်။
အမှုတောင်ခုထိမရုပ်သိမ်းရသေးဘူး။(နှမြောလိုက်တာ အဲ့ခေတ် သိန်း၄၀ဆိုတာ နည်းတာမှမဟုတ်တာ)။
အဲဒီအချိန်ကစပြီး ကျွန်တော် အိပ်ကပ်ထဲတောင် ဘာပိုက်ဆံမှမထည့်တော့တာ အခုချိန်ထိပဲဗျ။(ပိုက်ဆံထွက်တာလည်းတော်တော်သက်သာသွားတယ်၊ကျွန်တော်ကလက်ဖွာတတ်လို့လေ…)
နောက်ပိုင်းကားနဲ့ပစ္စည်းမဆန့်တော့တာနဲ့ဒီကားလေးကိုရောင်းပြီး ၁၄ပေကင်တာ(စက်မှုဇုံ)ကားကိုငွေထပ်စိုက်ပြီးဝယ်လိုက်တယ်။
ဒီလိုနဲ့တစ်စီးပြီးတစ်စီးဂျပန်ကျကားလေးတွေကြီးပဲပြောင်းစီးခဲ့ရတယ်။အလုပ်လုပ်နေတဲ့အချိန်မှာကျွန်တော်တို့အတွက်ဇိမ်ခံစီးဖို့ကားမလိုသေးဘူးလေ။
ဒီလိုနဲ့ မိသားစုစီးဖို့ဇိမ်ခံကားကို….၂၀၁၀၊၁၁၊၁၂၊၁၃၊မှသည် ၂၀၁၈ မတိုင်မီအထိ သူများနိုင်ငံအသုံးမလို ကိုယ့်နိုင်ငံမှာ သူများမစီးတော့တဲ့အချိန်မှ ရှိတဲ့ပိုက်ဆံစုပြီးဝယ်စီးဖြစ်ခဲ့တာပါ။
#ငါကွ၂၀၁၈
၂၀၁၈ မှာတော့ အရာရာပြောင်းလဲခဲ့ပါပြီ။ပထမဆုံး Zero Km 3P/8881 (2018-FORD) ကားကိုဝယ်စီးဖြစ်ခဲ့သလို၊သမီးကျောင်းကားအတွက် Zero Km Toyota Fortuner-2018 ကိုမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးနိုင်ခဲ့ပါတယ်။
(ကျွန်တော်ရဲ့နံပါတ်ဖြစ်တဲ့ 9P/ 8881 ကို မရသေးတဲ့အတွက် သမီးကားကိုတော့မထုတ်ရသေးပါဘူး။)
အခု..
ကျွန်တော်လိုချင်ဆုံးသော (၁.၁.၂၀၁၈)ထုတ် Zero Km 7P/8881 Toyota LAND CRUISER ကားကိုပိုင်ဆိုင်နိုင်ခဲ့ပြီပေါ့ဗျာ။ဒါတွေကို
လွယ်လွယ်နဲ့ပိုင်ဆိုင်ခဲ့တာမဟုတ်ပါဘူး၊ကြိုးစားခြင်း၊ရိုးသားခြင်းရဲ့ရလဒ်ကြောင့်သာပိုင်ဆိုင်နိုင်ခဲ့တာပါ။#ဒီလိုပိုင်ဆိုင်နိုင်ဖို့အတွက်ပေးဆပ်ခဲ့ရတာတွေလည်းအများကြီးပါ။
ကျွန်တော်ပြောချင်တဲ့ #message က…..
ကျွန်တော်သည် ဒီအချိန်မှာအခုလိုဖြစ်လာလိမ့်မယ်လို့မမျှော်မှန်းထားခဲ့ပေမယ် ကျွန်တော်တို့နှစ်ယောက်ရဲ့
#ကြိုးစားအားထုတ်မှု၊
#ကံအကျိုးပေးသာနေတဲ့အချိန်မှာဉာဏ်နဲ့ဝရိယကိုအချိန်ကိုက်သုံးစွဲသွားတတ်ခဲ့မိတာကြောင့်အခုလို ဘဝမျိုးကိုပိုင်ဆိုင်ခွင့်ရခဲ့တာပါ။
#မယုံရင်ပုံပြင်လို့မှတ်ပါ….
အခုကျွန်တော်ပိုင် နောက်ဆုံးပေါ် SCANIA Express ကားတွေအပါအဝင် Express ကားအစီးပေါင်း၂၀ကျော်အထိ ပိုင်ဆိုင်နေတဲ့ ကားအုံနာတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။
#အဲဒီအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။
ပြောချင်တာက #လူကိုလူကလုပ်တာပါ။
ကိုယ်ရဲ့စွမ်းအားတိုးတက်မှုကိုလည်းကိုတိုင်ရှာဖွေကြိုးစားမှကောင်းကြိုးခံစားနိုင်မှာဖြစ်သလိုကိုယ်ကိုတိုင်မလုပ်ပဲကံကိုချည်းပဲလည်းပုံမချကြပါနဲ့
ဘဝမှာသင့်အတွက် အနည်းဆုံးတစ်ကြိမ်တော့ကံကောင်းမှုပေးပါလိမ့်မယ်……
ဇော်မိုး ပိုင်အိုးနီးယား ၁၁၅
ဖိုးသူတော် (www.phothutaw.com)
Credit: luckymyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top