မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×




# Unicode Version ဖြင့် ဖတ်ပါ #
Miss Jewel of The World 2018 ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အလှမယ် ချစ်မြတ်နိုးထိုက်သည် ဆုသုံးဆုရရှိခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြန်မာ ကိုယ်စားပြုအလှမယ် ချစ်မြတ်နိုးထိုက် အား စာနယ်ဇင်းအပ်နှံပွဲအခမ်းအနားကို ဇွန် ၁၃ ရက် City Star Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

“နိုးက ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ရပေမယ့် ပင်ကိုယ့် Talent ပိုင်းဖြစ်တဲ့ ရုပ်သေးပဲရှိပါတယ်။ နိုးက မြန်မာ့ရိုးရာ ရုပ်သေးအကနဲ့ ပြသခဲ့တယ်။ အဲ့ဒီအကကိုလည်း ငယ်ငယ်လေးကတည်းက သင်ကြားလာတာပါ၊ National Costume အနေနဲ့ အမရပူရခေတ် အိမ်ရှေ့စံရိုးရာဝတ်စုံနဲ့ ယှဉ်ပြိုင်ပြသခဲ့ပါတယ်။နိုးကို သာသနာ့ရေးနဲ့ ယဉ်ကျေးမှုဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မြင့်မြင့် ဌေး က ရုပ်သေးအကကို သင်ကြားပေးခဲ့ပါ တယ်။ ” ဟု အလှမယ် ချစ်မြတ်နိုးထိုက်က ပြောသည်။

အဆိုပါMiss Jewel of The World 2018 ပြိုင်ပွဲအား မြန်မာကိုယ်စားပြုအနေဖြင့် ရွေးချယ် စေလွှတ်ခဲ့သည်မှာ အလှမယ် ပန်းသွေးဖြစ်ပြီး သူမသည် ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ချစ်မြတ်နိုးထိုက် အား လူစားထိုးစေလွှတ်ခဲ့ ကြောင်း သိရှိရသည်။ ယင်း Miss Jewel of The World 2018 ပြိုင်ပွဲအား ဇွန် ၁၆ ရက်မှ ၂၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သောပွဖြစ် ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် အလှမယ် ချစ်မြတ်နိုးထိုက်သည် Best Talent Award ၊ Darling of the Press နှင့် Queen Universe of the Day ဆု ၃ ခုဆွတ်ခူးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရှိုင်းလေး (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top