န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
Credit: လပ်ကီးမြန်မာ
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာသံဝဲဝဲလေးနဲ့ နှုတ်ခမ်းနီမလေးတွေကြားမှာအရမ်းကိုရေပန်းစားနေတဲ့ ဂျာမနီနိုင်ငံသားအဆိုတော် Mikis ကိုမိတ်ဆက်ပေးစရာမလိုအောင်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ Mikis ကတော့ မြန်မာနိုင်ငံစွန့်စွန့် စားစားတစ်ကိုယ်တည်း ရောက်လာပြီး အနုပညာလုပ်ငန်းတွေကို ရူးသွပ်စွာလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာဘာသာစကား အစားအသောက်နဲ့ ရိုးရာဓလေ့တွေကိုအရမ်းကို နှစ်သက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
မြန်မာနိုုင်ငံကိုချစ်မြတ်နိုးတဲ့ Mikis တစ်ယောက် မြန်မာမလေးတွေကို သဘောကျရဲ့လား ဆိုတာကလည်း ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်လေးတစ်ခုဖြစ်ပါတယ်။မီဒီယာအင်တာဗျူးတွေတော်တော်များများမှာလည်း Mikisရဲ့ အချစ်ရေးပတ်သတ်ပြီး မေးခွန်းလေး တွေအမြဲမေးလေ့ရှိပြီး သူချစ်သူထားမယ်ဆိုရင်လည်း မြန်မာမလေး တွေကိုပဲ ရွေးချယ်မယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေအားလုံးစိတ်ဝင်စားနေတဲ့ သူရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါပြီ။
Mikis တစ်ယောက်ကတော့ ဖူးစာဆုံမှတ်စွာနဲ့ပဲ သူချစ်မြတ်နိုးတဲ့ မြန်မာနိုင်ငံမှာ အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။ချစ်သူရှိနေပြီး ဖြစ် ကြောင်းကိုလည်း မီဒီယာအင်တာဗျုးတစ်ခုမှ ပွင့်ပွင့်လင်းလင်း ပြောပြ လာခဲ့ပြီး ပရိသတ်တွေ အရင်တိုင်း ဆက်လက်အားပေးကြပါ Mikis Single ဖြစ်တာကို အားမပေးပဲ Mikis ရဲ့ အနုပညာကိုပဲ အရင်ကအတိုင်းဆက်လက်အားပေးပါလို့ တောင်းဆိုပါတယ်။Mikis ကတော့ သူအပေါ် အရမ်းချစ်အရမ်းဂရုစိုက်ပြီး လိုအပ်တာမှန်သမျှကူညီဖြည့်ဆည်းပေးနေတဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားရတာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး သူမကိုလည်းအရမ်းချစ်တယ် သူမရှိနေလို့လည်း သူ့အတွက်အားတွေပိုရှိလာစေပါတယ်လို့ဆိုပါတယ်။အရမ်းကိုလိုက်ဖက်တဲ့ Mikis တို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတစ်ချို့ကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ချစ်သူရသွားလည်း အားပေးအုန်းမှာမလားပရိသတ်ကြီး?။
သတင်းအရင်းအမြစ် – Mikis Weber
ဖိုးသူတော် (www.phothutaw.com)
Credit: လပ်ကီးမြန်မာ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top