×
from မေမြင့်မိုရ်
Credit: thadinnoo
# Unicode Version ဖြင့် ဖတ်ပါ #
MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြား နာမည်ကြီးလာသူတွေထဲမှာ မေမြင့်မိုရ်လည်း တစ်ယောက် အပါအဝင်ပါ။ “ပန်းနုသွေး” ဆိုတဲ့ နာမည်လေးနဲ့ ပရိသတ်တွေကြား လူသိများလာခဲ့တာပါ။ လတ်တလော ပြသနေတဲ့ ” အရိပ် ” ဇာတ်လမ်းတွဲမှာလည်း သူမက စုစုလှိုင်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။
ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အခုဆိုရင် LG Brand Ambassador 2018 အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။ သူမကို Brand Ambassador အဖြစ် ခန့်အပ်တဲ့ ပွဲလေးကိုတော့ fb မှာ Live လွှင့်ခဲ့ပါတယ်။
ဒီပွဲကိုတော့ မေမြင့်မိုရ်က အနီရောင် ဂါဝန်ရှည်လေးကို ဝတ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။ ဂါဝန်က fit ဖြစ်တဲ့ ဂါဝန်ရှည်မျိုး ဖြစ်တာကြောင့် လှပကျော့ရှင်းတဲ့ Body အလှကိုလည်း အထင်းသား ပေါ်လွင်နေပါတယ်။ မိတ်ကပ်ကိုတော့ မိတ်ကပ်ပညာရှင် လင်းလင်းက ပြင်ဆင်ပေးထားပါတယ်။ စုစုလှိိုင်(မေမြင့်မိုရ်) လေးရဲ့ ပွဲတက် ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
from မေမြင့်မိုရ်
ဖိုးသူတော် (www.phothutaw.com)
Credit: thadinnoo
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top