×

အဆိုတော်မျိုးကြီးက ရန်ကုန်ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ IC Show ပွဲကြီးကို ပြုလုပ်မယ်လို့ ဆိုပါတယ်။ ရှိုးပွဲပြုလုပ်မယ့် အချိန်နဲ့ နေရာလည်း အတည်ပြုပြီးသွားပါပြီ။

'' ဇွန် ၁၆ ရက်နေ့မှာ ကျွန်တော်တို့ IC Show ပွဲရှိပါတယ်။ မင်းဓမ္မလမ်း MEP မှာလုပ်မှာပါ။ ဒီပွဲကတော့ မိုးရာသီလည်း ဖြစ်တဲ့အတွက် Indoor ပေါ့နော်။ Indoor ဆိုတော် တစ်မျိုးလေး ပျော်စရာကောင်းမှာပါ။ ရန်ကုန်မှာ မလုပ်ဖြစ်တာ တော်တော်ကြာသွားပြီ။ နယ်မှာ လုပ်ဖြစ်တာက များနေတယ်။ ရန်ကုန်က ပရိသတ်တွေနဲ့ မတွေ့တာကြာတော့လည်း လွမ်းနေပြီ။ ကျွန်တော်တို့ အနေနဲ့ RC ခေါင်းစဉ်အောက်ကပဲ လုပ်မှာပါ။ RC IC ပေါ့'' လို့ မျိုးကြီးက မေလ ၃၀ ရက်နေ့မှာ OPPO F7 & F7 Youth မိတ်ဆက်ပွဲကို တက်ရောက်လာရင်းနဲ့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

IC Show ပွဲတချို့မှာတော့ မျိုးဆက်သစ် ဂီတဝါသနာရှင်တွေကို ထည့်သွင်းသီဆိုလေ့ရှိပြီး အများအားဖြင့်တော့ IC အဖွဲ့ချည်းပဲ သီးသန့် သီဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။

'' တစ်ကိုယ်တော်ကတော့ မလုပ်ဖြစ်သေးဘူး လိုပါသေးတယ်။ နည်းနည်းတော့ ကြာဦးမယ်။ တစ်ခါတလေ မျိုးဆက်သစ်တွေနဲ့လည်း ကျွန်တော်တို့ ပရိသတ်တွေ ရိုးအီမသွားအောင် ကျွန်တော်တို့ ပွဲတိုင်းမှာလည်း မျိုးဆက်သစ်တွေက မပါဖြစ်ဘူးလေ။ မျိုးဆက်သစ် တွေ ပါတော့လည်း ပျော်စရာကောင်းပါတယ်။ ကလေးတွေက ဆိုနိုင်၊ တီးနိုင်ကြတယ်'' လို့ ဆိုပါတယ်။

အဆိုတော်မျိုးကြီးရဲ့ တေးသီချင်းတွေကတော့ လူငယ်တွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ '' မင်းရှိတဲ့ မြို့ ၊ ယူလိုက်၊ အရင်းနှီးဆုံး'' စတဲ့ သီချင်းတွေကလည်း လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းတွေလည်းဖြစ်ပါတယ်။ မျိုးကြီးဟာ Iron Cross Music Band (IC) ရဲ့ အဖွဲ့ ဝင်တစ်ဦးဖြစ်ပါတယ်။ IC ဟာလည်း မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ဒီနေ့အချိန်ထိ ပရိသတ်အားပေးမှု အများဆုံး နေရာမှာရှိနေတုန်းပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit: DUWUN

#Unicode Version#

အဆုိေတာ္မ်ဳိးႀကီးက ရန္ကုန္ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ IC Show ပြဲႀကီးကုိ ျပဳလုပ္မယ္လို႔ ဆုိပါတယ္။ ႐ႈိးပြဲျပဳလုပ္မယ့္ အခ်ိန္နဲ႔ ေနရာလည္း အတည္ျပဳၿပီးသြားပါၿပီ။

'' ဇြန္ ၁၆ ရက္ေန႔မွာ ကၽြန္ေတာ္တုိ႔ IC Show ပြဲရွိပါတယ္။ မင္းဓမၼလမ္း MEP မွာလုပ္မွာပါ။ ဒီပြဲကေတာ့ မုိးရာသီလည္း ျဖစ္တဲ့အတြက္ Indoor ေပါ့ေနာ္။ Indoor ဆုိေတာ္ တစ္မ်ဳိးေလး ေပ်ာ္စရာေကာင္းမွာပါ။ ရန္ကုန္မွာ မလုပ္ျဖစ္တာ ေတာ္ေတာ္ၾကာသြားၿပီ။ နယ္မွာ လုပ္ျဖစ္တာက မ်ားေနတယ္။ ရန္ကုန္က ပရိသတ္ေတြနဲ႔ မေတြ႔တာၾကာေတာ့လည္း လြမ္းေနၿပီ။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ RC ေခါင္းစဥ္ေအာက္ကပဲ လုပ္မွာပါ။ RC IC ေပါ့'' လုိ႔ မ်ဳိးႀကီးက ေမလ ၃၀ ရက္ေန႔မွာ OPPO F7 & F7 Youth မိတ္ဆက္ပြဲကို တက္ေရာက္လာရင္းနဲ႔ မီဒီယာေတြကို ေျဖၾကားခဲ့ပါတယ္။

IC Show ပြဲတခ်ဳိ႔မွာေတာ့ မ်ဳိးဆက္သစ္ ဂီတဝါသနာရွင္ေတြကုိ ထည့္သြင္းသီဆုိေလ့ရွိၿပီး အမ်ားအားျဖင့္ေတာ့ IC အဖြဲ႕ခ်ည္းပဲ သီးသန္႔ သီဆုိေလ့ရွိတယ္လုိ႔ ဆုိပါတယ္။

'' တစ္ကုိယ္ေတာ္ကေတာ့ မလုပ္ျဖစ္ေသးဘူး လုိပါေသးတယ္။ နည္းနည္းေတာ့ ၾကာဦးမယ္။ တစ္ခါတေလ မ်ဳိးဆက္သစ္ေတြနဲ႔လည္း ကၽြန္ေတာ္တုိ႔ ပရိသတ္ေတြ ရုိးအီမသြားေအာင္ ကၽြန္ေတာ္တုိ႔ ပြဲတုိင္းမွာလည္း မ်ဳိးဆက္သစ္ေတြက မပါျဖစ္ဘူးေလ။ မ်ဳိးဆက္သစ္ ေတြ ပါေတာ့လည္း ေပ်ာ္စရာေကာင္းပါတယ္။ ကေလးေတြက ဆုိႏိုင္၊ တီးႏုိင္ၾကတယ္'' လုိ႔ ဆုိပါတယ္။

အဆိုေတာ္မ်ဳိးႀကီးရဲ႕ ေတးသီခ်င္းေတြကေတာ့ လူငယ္ေတြၾကားမွာ ေရပန္းစားလွ်က္ရွိပါတယ္။ '' မင္းရွိတဲ့ ၿမိဳ႕ ၊ ယူလုိက္၊ အရင္းႏွီးဆုံး'' စတဲ့ သီခ်င္းေတြကလည္း လူငယ္ပရိသတ္ေတြရဲ႕ ခံစားခ်က္နဲ႔ ထပ္တူက်ခဲ့တဲ့ သီခ်င္းေတြလည္းျဖစ္ပါတယ္။ မ်ဳိးႀကီးဟာ Iron Cross Music Band (IC) ရဲ႕ အဖြဲ႕ ဝင္တစ္ဦးျဖစ္ပါတယ္။ IC ဟာလည္း ျမန္မာႏုိင္ငံရဲ႕ ဂီတေလာကမွာ ဒီေန႔အခ်ိန္ထိ ပရိသတ္အားေပးမႈ အမ်ားဆုံး ေနရာမွာရွိေနတုန္းပါပဲ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: DUWUN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top